၁၅-ဝ၃-၂၀၀၃ ဖတ်ရန်သတင်းတိုများ
မစိုးရိမ် ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ပျံလွန်တော်။
မစိုးရိမ် တိုက်သစ်ကြီး ၃ တိုက်၏ အဓိပတိ မဟာနာယက ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
သည် ကင်ဆာ ရောဂါဖြင့် မန္တလေး ဆေးရုံကြီး တွင် ယမန် နေ့က
ပျံလွန်တော်မူသွားသည်။ ဆရာတော်ကြီး ပျံလွန်တော် မူချိန်တွင် သက်တော် ၈၀၊
ဝါတော် ၆၀ ရှိပြီဖြစ်သည်။ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိ ဈာပန သဘင်ကို လာမည့်
မတ်လ ၂၈ ရက်နေ့တွင် ဆင်ယင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာ့ အလင်း သတင်းစာ၌
ပါရှိသည်။
==================================================
ဝန်ထမ်းများ လစာ တိုးမည်
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးမည်
ဖြစ်ကြောင်း သိရသည်။ လာမည့် ဧပြီလမှ စ၍ ဝန်ထမ်းများကို တလလျှင် ကျပ်
နှစ်သောင်း နှုန်း တိုးမြှင့်ပေးမည် ဖြစ်ပြီး နေ့စား ၀န်ထမ်းများကို ကျပ်
၇၀၀၀ စီ တိုးပေးသွားမည်ဟု ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌
ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က
ပြောကြားသည်။
=================================================
ပြည်ပထွက်ခွာသူများ အခွန်ကင်းရှင်းကြောင်း လက်မှတ်ယူရန်မလိုတော့
ြ မန်မာနိုင်ငံသားများ ပြည်ပသို့ ထွက်ခွာရာတွင် ပြည်တွင်း အခွန်များ
ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း ယူရသည့် ပုံစံ(ဂ) သက် သေခံ လက်မှတ်ကို
မတ်လ ၁၅ ရက်မှ စ၍ ယူရန် မလိုအပ်တော့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက
ထုတ်ပြန်သည်။ ယင်းလက်မှတ် ရယူရာတွင် အချိန်ကြန့်ကြာမှု၊ ငွေကြေးကုန်ကျမှု
များကြောင့် ပြည်သူလူထု၏ အခက်အခဲ အတားအဆီးများကို ဖြေလျှော့
ဆောင်ရွက်ပေးသည့် အနေဖြင့် ပြည်ပထွက်ခွာမည့်သူများ အားလုံး(အခွန်ကြွေးကျန်
ရှိသူများမှအပ) အခွန်ကင်းရှင်း ကြောင်း သက်သေခံလက်မှတ် ယူရသည့် စနစ်ကို
မထားခြင်းဖြစ်သည်ဟု သိရသည်။
===================================================
နယ်ကျော် ဘင်္ဂလားဒေ့ရှ် ရဲ ၃ ဦးနှင့် အရပ်သား တဦးကို မြန်မာ နစက ဖမ်းဆီး
ဘင်္ဂလားဒေ့ခ်ျ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား တဦးကို မတ်လ ၁၃ ရက်နေ့က
မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) က ဖမ်းဆီးထားကြောင်း
သတင်းရရှိသည်။ ၎င်းတို့ ၄ ဦးသည် မောင်တောမြို့နယ်၊ တောင်ပြိုမြို့နယ်ခွဲ
နယ်မြေအတွင်း ဝင်ရောက်လာသဖြင့် မြန်မာ နစကများက ဖမ်းဆီးခြင်းဖြစ်ကြောင်း
သိရသည်။ ဘင်္ဂလားဒေ့ရှ် ရဲ ၃ ဦးမှာ ကောက်စ်ဘဇား မြို့နယ် ရေဒီယိုစခန်းတွင်
တာဝမ်ဆောင်းဆောင်သူများ ဖြစ်ပြီး အရပ်သားမှာ ကူတူပါလန် ကျေးရွာမှ
ဖြစ်ကြောင်း၊ ဖမ်းဆီးထားမှုကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့
အကြောင်းကြားထားကြောင်း သိရသည်။ ယခုလ ၂ ရက်နေ့ကလည်း မြန်မာ နစက ၄ ဦး
ဘင်္ဂလားဒေ့ရှ် ပိုက်နက်ထဲသို့ ကျူးကျော် ဝင်ရောက်လာသည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်
နယ်ခြားစောင့်တပ်က မြန်မာဘက်သို့ စာပို့ ကန့်ကွက်ခဲ့သေးသည်။
=============================================
ဘင်္ဂလားဒေ့ရှ် သို့ ဧရာဝတီတိုင်းမှ ရေချိုငါးများ တင်ပို့
ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ ရေချိုငါးများ နယ်စပ်ကုန်သွယ်ရေးမှ တဆင့်
ပြီးခဲ့သည့် ရက်ပိုင်းက တင်ပို့ကြောင်း သိရသည်။ မတ် ၁၂ ရက်နေ့က
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရေချိုငါးများ တင်ဆောင်လာသည့် အဏ္ဏ၀ါစိုး
သဘောင်္ဆိုက်ကပ်လာကြောင်း၊ ယင်း သဘောင်္မှ ရေချိုငါးများသည် ဧရာဝတီတိုင်း
ဒေသကြီး ငါးမွေးကန်များမှ ငါးမြစ်ချင်းနှင့် ငါးခေါင်းပွ ဖြစ်ပြီး ၄၈ တန်
ရှိကြောင်း၊ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၈၅၂၁၅ ခန့် ရှိပြီး ရွှေရီမင်း
ကုမ္ပဏီပိုင် ဖြစ်ကြောင်း မြန်မာ့ အလင်း သတင်းစာတွင် ပါရှိသည်။
====================================================
ပြည်ပထွက်ခွာသူများ အခွန်ကင်းရှင်းကြောင်း လက်မှတ်ယူရန်မလိုတော့
မြန်မာနိုင်ငံသားများ ပြည်ပသို့ ထွက်ခွာရာတွင် ပြည်တွင်း အခွန်များ
ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း ယူရသည့် ပုံစံ(ဂ) သက် သေခံ လက်မှတ်ကို
မတ်လ ၁၅ ရက်မှ စ၍ ယူရန် မလိုအပ်တော့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက
ထုတ်ပြန်သည်။ ယင်းလက်မှတ် ရယူရာတွင် အချိန်ကြန့်ကြာမှု၊ ငွေကြေးကုန်ကျမှု
များကြောင့် ပြည်သူလူထု၏ အခက်အခဲ အတားအဆီးများကို ဖြေလျှော့
ဆောင်ရွက်ပေးသည့် အနေဖြင့် ပြည်ပထွက်ခွာမည့်သူများ အားလုံး(အခွန်ကြွေးကျန်
ရှိသူများမှအပ) အခွန်ကင်းရှင်း ကြောင်း သက်သေခံလက်မှတ် ယူရသည့် စနစ်ကို
မထားခြင်းဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment