အမေရိကန်သည် ပြီးခဲ့သည့် သတင်းပတ် အတွင်းဘီ ၅၂ နှင့် ၂ ဗုံးကြဲလေယာဉ် များကို ပေးပို့ခဲပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယား၏ လင်းယုန်သားလောင်း Foal Eagle စစ်ရေး လေ့ကျင့်မှု ပိုမို အဆင့်မြှင့် နိုင်စေရန်အတွက် ထိုသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ပြီးခဲ့သည့် လပိုင်းအတွင်း
ကုလသမ္မ၏ မြောက်ကိုရီးယားအပေါ် စီးပွားရေးဒဏ် ခတ်ပိတ်ဆို့မှုနှင့် ပက်သက်၍ အမေရိကန် ၊တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား တင်းမာမှု အရှိုန်အဟုန် မြင့်တက် လာခဲ့ ရခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ် ဒေသအတွင်း လေကြောင်း စစ်ဆင်ရေး ပိုမို အင်းအား တောင့်တင်း လာစေရန် ၊ တောင်ကိုရီးယား နိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ အပြည့်အဝ ကာကွယ် ပေးလျက် ရှိကြောင်း ပြသလို၍ ယင်းသို့ ထောက်ပံ့ ခဲ့ခြင်း ဖြစ်သည်။
ဘိုးအင်းမှ အမေရိကန် လေတပ် အတွက် အဆင့်မြင့် နည်းပညာ များအဖြစ် ဒီဇိုင်းရေးဆွဲ ထုတ်လုပ် ထားသော လင်းယုန် အက်ဖ် ၂၂ ဗုံးကြဲလေယာဉ်များသည် မြေပြင်စစ်ရေးရေး နျူကလီးယား စစ်ဆင်ရေးများတွင် တစ်ကိုယ်တော် အစွမ်းပြနိုင်မည့် အမေရိကန် လေတပ်၏ အားအထားရဆုံး တိုက်လေယာဉ်များ ဖြစ်သည်။
ကိုစိုး
No comments:
Post a Comment