သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 29 June 2012

ကွန်ပျုတာစက်အား မလေးစေပဲ ကွန်ပျုတာအား ပုံမှန်လည်ပါတ်စေပြီး ကြာရှည်ခံ အသုံြး့ပု၍ မှားနေသော ဖိုင်များ ပြန်စီနည်း


အင်မတန်လွယ်ကူပြီး ကွန်ပျုတာကို ဘာဆော့ ဖ်ဝဲလ်မှ မလိုပဲ မူယင်းအတိုင်း ပေါ့ ပါးစေသော နည်းပါ ။မိတ်ဆွေတို့  ကွန်ပျုတာ တာဘယ်လောက်ပဲအရည်သွေးကောင်းပါစေ ဘယ်လောက်ပဲ မြန်ဆန်ပါစေ ကွန်ပျုတာ ကိုစတင်ပါဝါဖွင့် မယ်ကီးဘုတ်ပေါ်လက် စတင်တင်လိုက်တာနဲ့  တစ်ခုမဟုတ်တစ်ခု အမှားယွင်းဖြစ် လာတာစမ်းသပ် တွေ့ ရှိရပါတယ်အင်မတန်အရည်သွေး ကောင်းတဲ့  Apple –Dell- Asus ကွန်ပျူတာတွေလည်း မီးနစ်နဲ့  စက္ကန့် အမျှ အမှားဝင်လာတာပဲ ။အင်တာနက်တပ်လိုက်တော့ ပို ဆိုးလာပါတယ်
တစ်ချို့ ကပြောကြပါတယ် 

 
… ငါတို့ စက်ကVirus –Trojan တွေကာကွယ်ဘို့ အင်မတန်ဈေး
ကြီးတဲ့ အွန်လိုင်းကစောင့် ရှောက်ပေးတဲ့  အာမခံဆော့ ဖ်ဝဲလ်တွေ တနှစ်စာ တန်သည် ။၂နှစ်စာတန်သည် ငွေးပေးထည့် ထားပါတယ်တဲ့ ။သူကဗိုင်းယက်စ် တစ်ခုပဲ ကာကွယ်ပေးတာပါ ။ကျန်တဲ့ အပိုင်းဘာမှတာဝန်ယူ တာမဟုတ်ပါဘူး၊
နောက်တစ်ခုက မိတ်ဆွေကွန်ပျုတာသမားဟာ အင်တာနက်တော့ လုံးဝမသုံးပါဘူး တစ်ခြားလုပ်ငန်းပိုင်း ဆိုင်ရာတွေပဲ သုံးတယ် ၊ဘာဖြစ်လည်းဆိုတော့  ပိုတောင်စက်လေးလာသေးတယ် ….
သဘောကတော့ မြင်းတစ်ကောင်းကို စီးနင်းတယ် ပြီးတော့ အစာမှန်မှန်ကျွေးပါတယ် ကောင်းကောင်းမွန်စနစ်တစ်ကျ ထားပါတယ် ဒါပေမဲ့ ရည်ရှည်အသုံးမခံပဲ အိုမင်းကျဆင်း သေဆုံးရတဲ့  ဘဝရောက်ရတာပဲ…
ယနေ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ ကျနော်နဲ့ ထပ်တူမျှ ကွန်ပျုတာကိုအင်မတန်
နှစ်သက်ဝါသနာပါ ကြတယ် ၊ဒါပေမဲ့ မိမိလက်ထဲမှာကွန်ပျုတာ တစ်လုံး ပိုင်ဆိုင်ဘို့ ဆိုတာ
မလွယ်လှပါဘူး ငွေကြေးတပ်နိုင်တဲ့ လူတွေက အဓိကမဟုတ်ပေမဲ့  သာမာန်လူတစ်ဦး နဲ့ 
ဝန်ထမ်းလခစား တစ်ဦးတွက် အင်မတန်ကို အိမ်မက်ပမာ အတွင်တွင်မက် ရမှာအမှန်မလွဲပါ
ဂေါ်လီတို့ တောင် ကံကောင်းထောက်မလို့  နိုင်ငံခြားရောက်မှ လုပ်ခငွေလေးစုပြီးဝယ်နိုင်တာပါ ဒီမှာကတော့ ၂လလောက်စုယင် ဒုတိယတန်းစား ဝယ်နိုင်တာပေါ့ လေ (မလေးရှားပါ) ဘယ်လိုပဲဝယ် ။အလကားပဲရရ၊ခိုးလို့ ပဲရရ၊ ပစ္စည်းတစ်ခု
ဟာနည်းစနစ်တစ်ကျ သုံးတပ်ယင် အမှုန်းကိုင်လို့ တယ်ဆိုတာ(ရေရှည်)ဂေါ်လီတင်ပြလိုက်ပါတယ် …
ကောင်းပြီ စမယ်ဘယ်လိုလုပ်ရမလည်းဆိုတာ …အင်မတန်လွယ်တယ်နော်…စက်ဖွင့် ပြီးဆက်တိုက် သုံးနေတိုင်း ၃နာရီတစ်ကြိမ်လုပ်ပါ တစ်မီးနစ်မကြာပါဘူး ….
စက်လည်းပုံမှန်လည်ပါတ်နေမယ် လေးလည်းမလေးဘူး…စက်အလုပ်လုပ်နေယင်းတန်းလန်း
ကြီးလည်းလုပ်လို့ ရတယ် ။ဝင်းဒိုး အတု တင်ထားတဲ့ စက်ပဲ ဖြစ်ဖြစ်၊ပူပူနွေးနွေး လိုင်စင်ပါတဲ့ စက်ပဲ ဖြစ်ဖြစ် ၊ဒက်စတော့ (သံပုံးကြီး) မကလို့ လက်တော့ ပဲဖြစ်ဖြစ် အကုန်ရတယ်
ကွန်ပျုတာမှာ မန်နေဂျာတစ်ခါးပေါက်ကြီး - run -ဘောက်ဆိုတာရှိပါတယ် အဲဒါကိုခေါ်မယ်
၁=Xp စက်မှာဆိုယင် Start ကိုမောက်နဲ့ နိပ်တာနဲ့ တွေ့ မယ်
7စက်မှာဆိုယင် Start> All Programs >Accessries>လိုက်ရှာ Run တွေ့ မယ်
မတွေ့ ဘူး ရှာရတာကြာတယ်။ဆိုယင် ကီးဘုတ်မှ ကွန်ထရိုး(Ctrl) ဘေးနားက Logo လိုဂို လို့ ခေါ်တဲ့  ဝင်းဒိုးသင်္ကေတ အလံပုံလေး တွေ့ မှာပါ
အဲဒီ Logo လေးကိုဖိပြီး ကီးဘုတ်မှ R တွဲနိပ်လိုက်ပါ Logo+R…..Run
Run ဘောက်တွေ့ လာပါမယ် အဲဒီဘောက်ကလေးထဲမှာ ဒီစာလေးကို ရိုက်ထည့် လိုက်ပါ
Prefetch  ပြီးယင်ကီးဘုတ်မှ Enter သို့  မောက်နဲ့ ok ပေးလိုက်ပါ သင်လုပ်သမျှအမှာေးတွ
အကုန်တွေ့ လာပါမယ် အကုန်ဒလိလုပ်ပြစ်ပါ-ပြီးယင်ပြန်ထွက် ဒက်စတော့ ကိုသွား အမှိုက်ခြင်းထဲရောက်နေမယ် အကုန်ဖွင့် ဒလိလုပ်ပြစ်ပါ ၊


၂=နောက်တစ်ခါ run ဘောက်ကိုထပ်သွားပါ ဒီစာရိုက်ထည့် ပါ %temp% ပြီးယင်ကီးဘုတ်မှ Enter သို့  မောက်နဲ့ ok ပေးလိုက်ပါ သင်လုပ်သမျှအမှာေးတွ
အကုန်တွေ့ လာပါမယ် အကုန်ဒလိလုပ်ပြစ်ပါ-ပြီးယင်ပြန်ထွက် ဒက်စတော့ ကိုသွား အမှိုက်ခြင်းထဲရောက်နေမယ် အကုန်ဖွင့် ဒလိလုပ်ပြစ်ပါ ၊
နံ့ပါတ်၂မှာတစ်ခုရှိတာက ဖျက်လို့ ရတာ အကုန်ဖျက် မရတာထားခဲ့ ကျော်ခဲ့ ပါ မရတာတွေဟာ လက်အလုပ်လုပ်နေတဲ့  သက်ဆိုင်ယာ Program တွေဖြစ်ပါတယ် 
 
၃=နောက်တစ်ခုက မိမိစက်ကို ၃ ရက်တစ်ခါ Start>MyComputer>LocalDisck(C) >Properties>ပေါ်လာမယ်အပေါ်မှ Tools ဆိုတဲ့ စာကို ကလစ်လုပ်ပါ>DefragmentNow
စာကို ကလစ်လုပ်ပါ>Local Disck ( C ) တွေ့ ပါလိမ့် မယ် ထိုစာ Local Disck ( C )နေရာပေါ် မောက်နဲ့ ကလစ်လုပ်ပါ hight light ရွေးတဲ့ သဘောပါပဲ အဲဒီမှပဲ သင်ကွန်ပျူတာထဲက သင်ကလိထားသမျှ တွေ ဖိုင်တွေနေရာ တော်များများလွဲ နေတာ အနီရောင်မျဉ်းတွေတွေ့ ရပါမယ် အနီများလေ ပိုဆိုးလေ စက်လည်းပိုလေးလေပေါ့ 
မှုလပုံမှန်တိုင်း ပြန်ဖြစ်ဘို့  အတွက်.. အောက်မှာပဲ Analize ဆိုသောစာနှင့် Defragment
စာနှစ်ခုမှ့ Defragment စာကိုရွှေးချယ်ပြီး မောက်နဲ့ ကလစ်ပေးလိုက်ပါ သူ့ဘာသာ အော်တို ဖိုင်တွေ ပြန်စီနေတာတွေ့ ရပါလိမ့် မယ် အနီရောင်မျဉ်းတွေ လျော့ပါးသွားပြီး ပြီးဆုံးသောအခါ နောက်ဆုံးအဆင့် စက်က အော်တိုAuto မေးလာပါမယ် View Report and Close မေးလာယင် Close ကိုနိပ်ပြီး ok ပေးပြီးထွက်လိုက်ပါ-
အတွေ့ ကြုံအရ ပြောရယင် ဂေါ်လီကိုင်သော Xp စက်သည် ဝယ်စဉ်တည်းက ဝင်းဒိုးအတု(တရုပ်မိတ် မားသားဘုတ်ကြီး)
တင်ထားသောစက်ဖြစ်ပြီး ယခုလက်ရှိသက်တမ်3းနှစ်ကျော်ပါပြီ
ရံဖန်ခါ ဂိန်းစစ်ပွဲတွေလည်းဆော့ တယ်။ ရုပ်ရှင်တည်းဖြတ်လည်းလုပ်တယ်၊အခွေလည်းကူးတယ်၊ဘလောက်လည်းရေးတယ်၊အင်တာနက် ကိုပါက်ပါက်စက်စက် မညှာမတာသုံးတယ်၊ပိုတို့ ရှော့ လည်းဆွဲတယ်၊တွေ့ သမျှဆော့ ဝဲလ်တွေ ။အကုန်တင်ပြီး လိုက်ကလိတယ်။မလိုယင်ဒလိလုပ်တယ် ခုချိန်ထိဘာတစ်ခုမှ
ချို့ ယွင်းချက်မရှိသေးပါဘူး တစ်နေ့ မြန်မာပြည်ပြန်ယင်လည်း ဝန်ဆောင်မှု့ ကျဉ်းအောင်
အထဲက ကရိယာတွေ အကုန်ဖြုတ်ပြီး ထုတ်ပိုး ဘော်ဒီအိမ်သံပုံးကြီးကို လွှင့် ပြစ်ခဲ့ ပြီး
မြန်မာပြည်ရောက်ယင် သစ်သားပုံးကြီးနဲ့  အိမ်အခွံဆောက်ပြီး ဆက်သုံးအုန်းမှာဗျ…
စာဖတ်သူတို့ အနေနဲ့ တပ်သွားယင်တော့ လွယ်နေပေမဲ့  မသိသေးတဲ့ အခါမှာ ခက်ခဲမှာပါ
ဘာဖြစ်ဖြစ် အသိပညာတစ်ခုဆိုတာ တန်ဘိုးထားပြီးဝေမျှသင့် ပါတယ်..
ပုံကတော့ ဆွဲပြီးတင်ပြမလို့ ပါ လုပ်ရတာအင်မတန်လွယ်ကူပြီး ဒီစာဖတ်တာနဲ့  သဘောက်ပေါက်လိမ့်မယ် ယူဆမိလို့  မတင်ပြတော့ ပါဘူး
အကယ်၍ကြည့် ချင်တယ် ဆိုယင် ကွန် မက်သော်၎င်း စီဘောက်မှာသော်၎င်း
စာလေး ပြောပြထားခဲ့ ပါ တင်ပြပေးပါ့ မယ်။ ကိုဂေါ်လီ..

3 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ဆရာမ စမ်းကြည့်တာ “အိုကေ“ တယ် သားရေ -
    ဒါပေမဲ့ ၃- ရက်တစ်ခါ လုပ်ရမယ့်အစီအစဉ်ကိုစမ်းတာမရဘူး -
    start ကိုနှိပ်လိုက်တယ် os (c) ပဲ ပေါ်လို. ကလစ်လိုက်တော့ -
    these files are hidden တဲ့ -
    ဆရာမ ဘာဆက်လုပ်ရပါ့ကွယ်
    ကျေးဇူးတင်တယ်နော်-
    အားလုံးရွှင်လန်းချမ်ေးမြ့ကြပါစေ

    ReplyDelete
  3. ဝင်းဒိုး7စက်ထင်ပါရဲ့ လွယ်ပါတယ်လုပ်နည်းကတော့ အတူတူပါပဲမော်နီတာဒက်
    စတော့ကြီးပေါ်မှာကွန်ပျုတာပုံအိုင်ကွန်(Icom)ပုံအရုပ်ကလေးတွေ့ မယ်-My Computerလို့ စာလေးရေးထားမယ်-အဲဒီအပေါ်မောက်နဲ့ သွားပြီးမြန်ုမြန်ကလေး၂ချက်နိပ်လိုက်ပါ-Local Disck(C)နဲ့ Local Disck(D)တွေ့ မယ်-တစ်လက်စထဲပြောရင်(C)
    သည်လက်ရှိ-ကွန်ပျုတာလည်ပါတ်နေသော ပရိုဂရမ်များထားရှိရာနေရာဖြစ်ပြီး
    (D)သည်။မိမိဒေတာများ သိမ်းဆည်းထားသော Store ဂိုထောင်ကြီးတစ်ခုပါလိုယင်ထုတ်သုံးပေါ့-ထို့ ကြောင့်ကွန်ပျုတာတိုင်းပြသနာတက်နေတာဟာ(C)နေရာမှာပါ-အဲဒီ(C)ဟတ်ဒစ်ပုံလေးပေါ်ညာကလစ်ထောက်ပါ-စာကွက်လေးပေါ်လာမယ်
    အောက်ဆုံးမှာProperties ဆိုတဲ့စာလေးတွေ့ မယ်-ဘယ်ကလစ်ထောက်ပါ-နောက်ထပ်ဘောက်တစ်ခုတွေ့ လာမယ်-တွေ့ လာယင်-(C)ရေးထားတဲ့အကွက်လေးပေါ်မှာကလစ်
    တစ်ချက်တောက်လိုက်ပါ-ပြီးယင်အောက်မှာDefragmentဆိုတဲ့အကွက်
    လေးပေါ်မှာ-ကလစ်တစ်ချက်တောက်လိုက်ပါ-သူ့ ဘာသာဖိုင်တွေစီနေပါပြီ
    သူကတော့ Xpစက်လိုမျဉ်းတွေအနီတို့  အပြာတို့ အစိမ်းတို့ -မတွေ့ ရပဲ
    %နဲ့ ဂဏန်းတွေပြနေပါပြီ ဖိုင်စီနေတာပါ-သူ့ ဘာသာစီလို့ ပြီးသွားယင်-View Reportနဲ့ Closeစာပေါ်လာမယ်-Closeပဲလုပ်ထွက်OKပေးလိုက်ပေါ့-
    ၂ခါလောက်လုပ်ကြည့် လိုက်ယင်အလွတ်ရသွားမှာပါ-

    ReplyDelete

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်