
ဘဲငါးရာတောင်
ရန်ကုန်၊ ဇွန် ၉-  ရခိုင်ပြည်နယ် ဘဲငါးရာ တောင်အနီးမြှုပ်နှံထားသော ဘုရင့်ရတနာ သိုက်ကို  ခေတ်မီ High Tech (NASA-Technology Digital Image)နည်းဖြင့် ရှာ ဖွေတွေ့ရှိနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
     မြှုပ်နှံထားသောနေရာကို  High Tech Geology (NASA ထုတ်ထားသော  ဂြိုဟ်တု Lan-dsat-7 ETM+(2000) Digital Image Data ရှိ Spectrum  လိုင်းများကို အထူးပြုလေ့လာခြင်း ဖြင့် ၎င်းရတနာ သိုက်များမြှုပ်နှံထားသည့်  နေရာရှစ်နေရာတွေ့ရှိရသည်ဟု Global 9 Education  မှသိရ သည်။ ထို့ပြင် ယင်း  နေရာများကို ကွင်းဆင်းတိုင်းတာပြီးမှ မြှုပ်နှံ သည့်နေရာကို အတည်  ပြုထားခြင်းဖြစ် ကြောင်း သိရသည်။ 
    ''ဒီရှေးဟောင်းဘုရားတွေမြှုပ်  နှံထားတဲ့နေရာကို တရားဝင်တူးဖော်ချင်ရင် နိုင်ငံတော်ကနေ  တရားဝင်ခွင့်ပြုမိန့်တောင်း ခံရမယ်။ ပြီးရင် အဲဒီနေရာတွေကိုကွင်းဆင်း  အသေးစိတ်တိုင်းထွာပြီးမှ စနစ်တကျတူးဖော်သင့်ပါတယ်။ ရှေးဘုရင်  တွေမြှုပ်နှံထားတဲ့ ရတနာသိုက်တကယ်ရှိပြီ ဆိုတာကိုတော့  အတည်ပြုလို့ရပါပြီ''ဟု ဒဂုံ တက္ကသိုလ်ဘူမိဗေဒဌာနမှအငြိမ်းစား ပါ မောက္ခ  ဦးစိုးသိန်းက ပြောသည်။ ယင်းရတနာသိုက်နေရာအား လွန်ခဲ့သည့်ငါးလလောက် က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
       ဘဲငါးရာတောင်သည် ရခိုင် ပြည်နယ်ပုဏ္ဏားကျွန်းမြို့၏မြောက်ဘက် ၁၆  မိုင်အကွာကုလားတန်မြစ် အနောက် ဘက်ကမ်း ယိုးတရုတ်စံပြကျေးရွာကြီးအနီး  စစ်တွေ-ရန်ကုန်ကားလမ်းမကြီး၏ အနောက်ဘက်တစ်မိုင်ခန့် အကွာတွင်  တည်ရှိသည်။  တောင်ထိပ်၏ အမြင့်မှာ ပေ ၁၃၆၀ခန့်မြင့်မားပြီး အရှည် ၅၆၃ ပေ နှင့် အကျယ်  ၄၆ပေရှိကာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၏ဗဟိုချက်မတွင် တည် ရှိကြောင်း  သိရသည်။
    အဆိုပါတောင်တန်း၏ အနီး ၀န်းကျင်တွင် မြတ်စွာဘုရား၏ဓာတ်တော်၊  မွေတော်များဌာပနာသော သမိုင်းဝင်စေတီ တော်များတည်ရှိကာ ဤဘဲငါးရာတောင်  ပေါ်တွင် ဘဲများနေထိုင်ကျက်စားခဲ့ဖူးကြောင်း၊  ယင်းကိုအစွဲပြု၍ဘဲငါးရာတောင်ဟုအမည် တွင်လာခြင်းဖြစ်ကြောင်းသိရသည်။ ရှေး  ရခိုင်ဘုရင်များ သည် စစ်ရှုံး၍ဘေးလွတ်ရာ သို့ထွက်ပြေးသောအခါ  ၎င်းတို့သယ်ဆောင် နိုင်သော အဖိုးတန် ရတနာပစ္စည်းများပါတစ် ပါတည်းသယ်၍  ဘေးလွတ်ရာသို့ပြေးလေ့ရှိ သည်ဟု ဆိုသည်။ အေဒီ ၆၃၈ခုနှစ်တွင် နတ် ရွာစံ  သောဝေသာလီခေတ်စန္ဒြားမင်းဆက် ကိုးဆက်မြောက်စူလစန္ဒြားမင်းနတ်ရွာစံစဉ်  မိဖုရားကြီးစန္ဒာဒေ၀ီ၏သားတော် မှ ထွက်ပြေးတိမ်းရှောင်စဉ်ပါ  လာသော နန်းစဉ်ရတနာရွှေ၊ ငွေကျောက် သံပတ္တမြားတို့ကို ရန်သူ၏လက်မှလွတ်ကင်း  စေရန်ဘဲငါးရာ  တောင်ထိပ်ရှိ အနောက် တောင်ဘက်တွင် ယန္တရားအစီအမံများဖြင့်  တွင်းတူးကာမြှုပ်နှံခဲ့ခြင်းဖြစ်သည်။
    ထို့နောက် အဆိုပါရတနာသိုက်  မပျက်စီးမဆုံးရှုံးရအောင် ဘဲငါးရာရှင်မနှင့် နတ်ကောင်းနတ်မြတ်တို့အား  ကူညီစောင့် ရှောက်ပေးတော်မူပါဟု တိုင်တည်ကာ အဓိ ဋ္ဌာန်ပြုထားခဲ့သည်ဟု ဆိုသည်။ အဆိုပါရတနာသိုက်အား မက် မောသော ပုဂံမင်းစောမွန်နစ်မှာစုံစမ်းရှာ ဖွေရင်း  စမ်းမတွိမြို့ကို တိုက်ခိုက်ခဲ့ပြန်သည်။ ဘုရင်သက်မင်းငအောင်လာသည်လည်း  မြှုပ် နှံထားခဲ့သည့်ရတနာတို့ကို မယူနိုင်တော့ဘဲ ဘင်္ဂလားဒေ့ရှ်သို့  ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်၌ပင် နတ်ရွာစံခဲ့သည်ဟု  ဆိုသည်။
     (စမ်းမတွိ-ကုလားတန်မြစ် လက်တက်တစ်ခုဖြစ်သော  စမ်းမတွိချောင်း၊ ထိုနေရာတွင် နန်းမြို့တည်ခဲ့ခြင်းဖြစ်သည်)  ပုဂံမင်းဘုရင်စောမွန်နစ်မှာလည်း အဆိုပါ ရွှေ၊ ငွေ၊ ရတနာများကို  ရှာမတွေ့ခဲ့ဘဲ နောက်ပြန်လှည့်သွားခဲ့ရသည်ဟုဆိုသည်။ ဘဲငါးရာတောင်တွင်  ရတနာ သိုက်ရှိသည်ဟု လူအများသိရှိလာသည့် အခါသိုက်တူးသမားများ မကြာခဏ လာ  ရောက်ခဲ့ကြပြီး ရတနာသိုက်ရယူရန် ကြိုး စားခဲ့ကြသော်လည်း အကြောင်းတစ်ခုခု  ကြောင့် အစီအစဉ်ပျက်သွားတတ်သည်ဟု ဘဲငါးရာတောင် မှ ရှေးလူကြီးများက ပြော  ကြသည်။ 
    ထို့ပြင် ဘဲငါးရာတောင်ရိပ်ထိုး သော  ပတ်ဝန်းကျင်ကျေးရွာဒေသများတွင် ဘဲမွေးကာ စားသောက်ခြင်း၊ ဘဲဥစားခြင်း  မရှိရဆိုသည့် အယူအဆမှာ ၎င်းဒေသရှိ ရှေးဘိုးဘေးစဉ်ဆက်ကပင် ယုံကြည်ကျင့်  သုံးလာခဲ့ကြသည်မှာ ဤတောင်၏ထူးခြား ချက်ပင်ဖြစ်ကြောင်းသိရသည်။ ယင်းတောင်  တွင် နှစ်စဉ်တန်ဆောင်မုန်း လပြည့်နေ့ည ၌ အတ္တလောက၊ ပရလောက သားတို့လာ  ရောက်ဆေးပေါင်းလေ့ရှိသည်ဟု ဒေသခံ များက ယုံကြည်နေကြဆဲပင်ဖြစ်သည်။
    ''ပြီးခဲ့တဲ့ငါးလလောက်က ဖလား ၀ါးနယူးစ်ဂျာနယ်မှာ အခန်းဆက်ပါခဲ့တဲ့  ဦးထွန်းကျော်ရီ(စစ်တွေ)ရဲ့ ဆောင်းပါးကို ဖတ်ပြီး နှစ်ပတ်အတွင်းမှာပဲ   ဒီရှေးဟောင်း ရတနာတွေ မြှုပ်နှံထားတဲ့နေရာကို ရှာခဲ့ တယ်။  အဲဒီနှစ်ပတ်အတွင်းမှာပဲ ရှာတွေ့ခဲ့ တာပါ။ အဲဒီနောက်ပိုင်း သတင်းထုတ်ပြန်  ဖို့ တော်တော်လေး စဉ်းစားနေခဲ့ရတယ်။ မတော်လောဘသမားတွေနဲ့ မသမာသူတွေ  သိသွားမှာစိုးတယ်။ သမိုင်းဝင်လဲ ဖြစ်တာ ကြောင့် အစိုးရခွင့်ပြုချက်နဲ့မှ  တူးခွင့်ရမှာ မို့လို့ပေါ့'' ဟု ဦးစိုးသိန်းက ဆက်လက်ပြော ပြခဲ့သည်။
     အထက်ဖော်ပြပါသတင်းဆောင်း ပါးအား ဦးထွန်းကျော်ရီ(စစ်တွေ)၏ ဖလား  ၀ါးနယူးစ်ဂျာနယ်အတွဲ(၆)၊ အမှတ်-၄၉နှင့် ၅၀တို့တွင်  နှစ်ပတ်ဆက်တိုက်ဆောင်းပါး အဖြစ်ဖော်ပြခဲ့သည့် ကုလားတန်မြစ်အနောက် ဘက်ကမ်းမှ  သမိုင်းဝင်ဘဲငါးရာတောင်နှင့် ထူးခြားသောဖြစ်ရပ်များဆောင်းပါးအား ကိုးကား၍  ပြန် လည်ဖော်ပြထားခြင်းဖြစ်ပါ သည်။ 
Credit : Yangon Media Group 
No comments:
Post a Comment