From:Say Nyon Thu
 ကေတီဗွီတစ်ခုရဲ့ တစ်ည၀င်ငွေဟာ သာမန်ဝန်ထမ်းတစ်ယောက်ရဲ့ တစ်နှစ်စာနဲ့ ညီမျှပါတယ်။
 တ၇ားဝင် ပြည့်တန်ဆာတန်း ရဲ့တစ်ည၀င်ငွေဆိုရင်………..။
 တိုးတက်တာလား လူမှုဘ၀တွေ ပျက်စီးတာလား၊ မိသားစုရဲ့မျက်ရည်တွေ 
ထည့်တွက်ကြည့်ပါ။ ယခင်က ရိုးသားတဲ့ တောင်သူလယ်သမားတွေ ဘာကြောင့် 
“နားပေါက်နဲ့ ခလောက်” ပဲကျန်တော့တာလည်း…?
တရားဝင်
 ပြည့်တန်ဆာတန်း ရှိသင့် မရှိသင့်………….
ကျွန်တော်ရေးချင်နေတာ တော်တော်ကြာပါပြီ။ အခုတော့ တရားဝင်
 ပြည့်တန်ဆာတန်း 
ဖွင့်ခွင့်တောင်းဆိုမယ်လို့ သတင်းဖတ်ရလို့ မြန်မြန်ရေးဖြစ်ဖို့ 
အကြောင်းဖန်လာပါတယ်။
 
 ဖောက်သည်မျှော်နေတဲ့ ကေတီဗွီမယ်လေး
 ကျွန်တော် မန္တလေးမှာမွေးဖွား ကြီးပြင်းခဲ့လို့ မြန်မာမှု ဓလေ့စရိုက်၊ 
ဘာသာတရား ကိုင်းရှိုင်းမှု၊
 မြန်မာ့ယဉ်ကျေးမှု ပတ်ဝန်းကျင်နဲ့ 
ကြီးပြင်းလာခဲ့တယ်။ ဆယ်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့တဲ့အတွက် 
အောက်မြန်မာပြည် ယဉ်ကျေးမှုကိုလည်း ကြုံဆုံခဲ့တယ်။ မိခင်ဇာတိဖြစ်တဲ့ 
ယခုနေပြည်တော်မှာ အခြေချတော့ မြန်မာပြည် အလယ်ပိုင်းရဲ့
 မြန်မာ့ဓလေ့ 
ရိုးရာယဉ်ကျေးမှုကို ဆက်လက်တွေ့ကြုံ
 လေ့လာမိပြန်တယ်။
မြန်မာပြည် တစ်နံတစ်လျားမှာ မြန်မာ့ယဉ်ကျေးမှု၊ တိုင်းရင်းသား ယဉ်ကျေးမှု 
ဆိုတာ သူ့အ၇ပ်နဲ့ သူ့ဇာတ် ဆိုသလို ရှိကြပေမဲ့ ဗုဒ္ဓဘာသာမှ ဆင်းသက်လာတဲ့ 
ယဉ်ကျေးမှု
 ဖြစ်လို့ ဘာသာတရား အယူဝါဒအောက်က သွေဖယ်ဆန့်ကျင်တဲ့ ယဉ်ကျေးမှု 
ဓလေ့စရိုက်တော့ မရှိဘူး။
ယခင်
 မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်လို့ သတ်မှတ်ခဲ့တဲ့ မန္တလေးမြို့ဟာ 
လူမျိုးခြားတွေရဲ့ ယဉ်ကျေးမှုတွေ တစ်စတစ်စ ဖုံးလွှမ်းလို့ လာနေပြီ။ ကိုယ့်မြေ
 ကိုယ့်ယဉ်ကျေးမှုကို မကာကွယ်နိုင်တာ ကိုယ်ညံ့လို့ပါ။
 မြန်မာနိုင်ငံ ကြီး ဆင်းရဲပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေနည်းပါးပါတယ် 
ဆိုတဲ့ကြားက လူမျိုးခြားတွေက ဘာကြောင့်
 မြန်မာနိုင်ငံမှာ အခြေချ 
နေထိုင်လာကြလည်း? လုပ်သလောက် အကျိုးခံစားခွင့် မရရင် ဘာကြောင့် 
သူတို့ဇာတိကို စွန့်ပြီး သူများတိုင်းပြည်မှာ အခြေချနေထိုင်နိုင်ကြသလည်း?
 ဘယ်လို နေကြပြီး ဘာတွေလုပ်ကြ သလည်း? 
ယှဉ်ကြည့်ကြပါ။ မြန်မာနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ
 ဖြစ်တဲ့အတွက် ယောင်္ကျား 
မိန်းမ တန်းတူ အခွင့်အရေးရှိပါတယ်။ အခြားသော မဟာယန၊
 ဗြဟ္မဏ၊ ဇင် 
ဗုဒ္ဓဘာသာများလို မဟာဖိုဝါဒ( ယောင်္ကျားသာ အမြတ်ဆုံး) ဆိုတာ မရှိပါဘူး။ 
ဒါကြောင့် အမျိုးသမီးတွေကို ၁၉ ရာစုက ကျွန်တွေလို စင်ပေါ်တင်ပြီး 
ဈေးခေါ်ရာင်းသလို ခိုင်းမစားကြပါဘူး။ မြန်မာ့ ယဉ်ကျေးမှုအရပဲ ကြည့်ကြည့် 
ဘာသာရေး 
ရှုထောင့်ကပဲ ကြည့်ကြည့် အမျိုးသမီးတွေကို လိင်အလုပ်သမားအဖြစ် 
လုပ်ကိုင်ခြင်းရော ခိုင်းစေခြင်းကိုပါ ဘယ်ခေတ် အခါကမှ အားမပေးခဲ့ပါဘူး။ 
အမေလို နှမလို စောင့်ေ၇ှာက် အလေးထားခဲ့ကြတဲ့ ယဉ်ကျေးမှု အားနွဲ့တဲ့ 
 မိန်းမသား ဆိုပြီး အထူးကာကွယ်ပေးခဲ့ကြပါတယ်။ ကိုယ့်အမျိုးသားချင်း 
လမ်းမှားရောက်နေရင်တောင် ကယ်တင်ကြတယ်။
လူမှုဘ၀တွေမှာလည်း မိန်းမကောင်းတစ်ယောက်နဲ့ မိန်းမပျက်တစ်ယောက် ကိုဘယ်သူ 
အရေးတယူ ဆက်ဆံ မလည်း။ အဆင့်အတန်းဆိုတာ ခွဲစရာမလိုပါဘူး သူ့အလိုလို 
ကွဲသွားတာပါ။ အညာဒေသ
 မြန်မာလူမျိုးတွေရဲ့ စည်းလုံးတဲ့ ကိုယ့်အမျိုးကိုယ် 
ချစ်တဲ့စိတ်ကြောင့် အညာဓလေ့ ဆိုတဲ့ စကားပဲ ရှိပါတယ်။ အကြေဓလေ့ ဆိုတာ 
မရှိပါဘူး။ 
 အခု
 မြန်မာပြည် အလယ်ပိုင်း နေပြည်တော် ဆိုပြီး မြန်မာနိုင်ငံရဲ့ 
ရုံးပေါင်းစုံဆိုက်ရာ
 မြို့တော်ကြီး ပေါ်လာတော့ ရုပ်ဝတ္ထုအဆောက်အဦတွေနဲ့ 
အပြိုင် ယခင်မရှိခဲ့ဘူးတဲ့ ကေတီဗွီ၊ စင်တင်၊ မာဆတ် တွေ 
 အများအပြားပေါ်ထွန်းလာတော့ ဒေသခံတွေ မမြင်ဘူး မူးမြစ်ထင်ပြီး လယ်ရော်ကြေးရတဲ့ငွေတွေ အိမ်ဝိုင်း အစားရတဲ့ မြေကွက်ကလေးတွေ ရောင်းချပြီး ကဲလိုက်ကြတာ 
အခုဆိုရင် အိမ်ထောင်ရေး အကွဲအပြဲဇာတ်လမ်း တွေဟာ ယခင်နှစ်များထက် 
ဘယ်လောက်ရာခိုင်နှုံး တက်သွားပြီလဲ? နေပြည်တော်က ဒေသခံတွေ 
မှာ 
 လုပ်စားစရာလည်း လယ်မြေ မရှိတော့ဘူး။ ရော်ကြေးရတဲ့မြေကွက်ရောင်းရငွေတွေလည်း သုံးပစ်လို့ ကုန်ပြီ။ အိမ်ထောင်တွေ ပျက်စီး သားသမီးတွေ စာရိတ္တတွေပျက်၊ အရင်ကောက်စိုက် သမလေးတွေက
 ကေတီဗွီမှာ အလုပ်ဆင်း၊ နေစရာအိမ်လေးတွေပဲ ကျန်တော့တယ်။
 
“ေ၇ွှကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်” ဘ၀တွေပါ။ 
နေပြည်တော်က လယ်သမားတွေဘ၀ဟာ ဒီလို ကေတီဗွီ၊ စင်တင်၊ မာဆတ် အမည်ခံ 
ပြည့်တန်ဆာလုပ်ငန်းတွေ ခေတ်စားလာတော့ တိုင်းပြည်ရဲ့ အမြတ်တော်ခွန်သာ 
တိုးမလာတာ သူတို့မှာတော့ “နားပေါက်နဲ့ ခလောက်” ပဲ ကျန်ပါတော့တယ်။ နားမှာ 
နားကပ်မရှိတော့ နားပေါက်ဟောင်းလောင်းနဲ့ လယ်လုပ်ဖို့ နွားတွေ မရှိတော့ 
နွားဆွဲ တဲ့ ခလောက်ပဲ ကျန်တော့တယ်။ ဘ၀ပေါင်းများစွာ စတေး၇တာပါ။ 
ဘာသာရေးအ၇လည်း သူများ အသိုက်အမြုံကို ဖျက်ရင် အင်မတန် ငရဲကြီးပါတယ်။ 
ပျက်စီးကုန်တဲ့ မိသားစုပေါင်းများစွာဘ၀ကို ကိုယ်ချင်းစာသင့်ပါတယ်။
No comments:
Post a Comment