၂၄-၁၁-၂၀၁၂
 မြန်မာ့အလင်းသတင်းစာတွင် ကောင်းကင်ထက်မှ အမျိုးအမည်မသိ အရာဝတ္တုများ သံဖြူ 
ဇရပ် မြို့နယ် အတွင်း ကျရောက် ဆိုသည့် သတင်းအား ဖော်ပြခဲ့ပါသည်။ အဆိုပါ 
သတင်းအား မြ၀တီ ၀က်ဆိုဒ် တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။
 
သံဖြူဇရပ်တွင် ကျခဲ့သည့် ဓာတ်လုံး 
၂၀၁၂
 ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ ၆ နာရီ ၃၀ မိနစ် ချိန်ခန့်တွင် သံဖြူ 
ဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဦးပန်း(၆၂)၊(ဘ) ဦးသောင်းဖေ၏ ရာဘာခြံ 
အတွင်းသို့ ကောင်းကင်ပေါ်မှ အလျား ၂ ပေ ၆လက်မ၊ အနံ ၆ လက်မ၊ အလေးချိန် ၄ 
ပေါင်ခန့်ရှိ သည့် သတ္တု(သံကျွတ်) အပိုင်းအစ ၁ ခု သည် မြည်ဟီးသံနှင့် 
အတူကျလာ ခဲ့ကြောင်းနှင့် အလားတူ နိုဝင်ဘာလ ၂၂၁၃၀၀ ချိန်တွင် 
သံဖြူဇရပ်မြို့နယ်၊ ဘုရားလေးဆူ ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ 
ကျုံကန်ချောင်းစပ် သို့ ဘောလုံး သဏ္ဍာန်ရှိ သတ္တုလုံး (သံကျွတ်) လုံးပတ် ၄၂ 
လက်မ၊ အချင်း ၁၅ လက်မ ဘေးတစ်ဖက် တစ်ချက်တွင် မူလီ ၄ လုံးစီပါ ရှိသည့် 
သတ္တုလုံးတစ်ခု ကျရောက်ခဲ့ကြောင်း ကို ဝဲကလိ ကျေးရွာနေ ဦးနေဝင်းဇော်နှင့် 
ဦးရှိန်တို့ ၂ ဦး မှ တွေ့ရှိခဲ့ သည်ဟု သတင်းရရှိပါသည်။
တဖန်
 သံဖြူဇရပ်မြို့နယ်၊ ဝါးဘိုးတောင်ကျေးရွာ အရှေ့ဖက် ၄ ဖာလုံခန့် အကွာရှိ 
ဦးစံသိန်း (၄၂)နှစ် (ဘ) ဦးအောင်ပိုင်၏ ရာဘာခြံအတွင်း ပေါက်ပြား သဏ္ဍာန်ရှိ 
အလျား ၈လက်မ အနံ ၆.၅ လက်မ၊ အလေး ချိန် ၄၀ ဂရမ်ရှိ အပေါက်ငယ် ၄ 
ပေါက်ပါသတ္တုပြား ၁ ပြားအား ခြံအလုပ်သမား ဦးစံငြိမ်း မှ တွေ့ရှိ ခဲ့ကြောင်း
 ထပ်မံ သတင်း ရရှိပါသည်။
 
Namibian နိုင်ငံတွင် ကျခဲ့သည့် ဓာတ်လုံး
အဆိုပါ
 ဓာတ်လုံးကြီး မျိုးအား အာဖရိကတိုက် Namibian နိုင်ငံတွင် လွန်ခဲ့ သည့်နှစ်
 နိုဝင်ဘာ လ အလယ်ပိုင်း အတွင်း ကလည်း ပြုတ် ကျခဲ့ဖူးကြောင်း သိရသည်။ 
ထိုသို့ ပြုတ် ကျခဲ့စဉ်က  အဆိုပါ ဓာတ် လုံးကြီး မှာ နာဆာဂြိုဟ်တု တစ်လုံး၏ အစိတ်အပိုင်း ဖြစ်ကြောင်း ဒီစာမျက်နှာ တွင် ဖော်ပြခဲ့ပါသည်။
OppositEyEမှဖြစ်ပါတယ်
No comments:
Post a Comment