ဒါကတော့  ဘလောက်ဂါသမားများအတွက် လိုခြင်သူကူးယူပါ
ဖိုင်ဆိုဒ်ဝိတ်ကတော့  1200x300ပါ..
ဒါကတော့ ဖေ့စ်ဘုတ်ဝါသနာရှင်များအတွက် နောက်ခံဝေါလ်မှာ ထည့်လို့ ရပါတယ်
တစ်ခါတည်း ချိန်ဆပြီးဆွဲပေးထားပါတယ်...လိုခြင်သူကူးယူပါ...
ဒီနှစ်သင်္ကြန်အား ဒီပညာကလေးဖြင့်  လက်ဆောင်ဖြစ်ဖြန့် ဝေပေးပါတယ်..
နောက်နေ့ တွေ အားယင်လည်းဆွဲတင်ထားပေးပါ့ မယ်..မိတ်ဆွေတို့ နှစ်သက်ရာလိုခြင်လည်း
စီဘောက်သို့  ကွန့် မက်မှာ လိပ်စာလေးရေးပေးခဲ့ပါ..
အလင်းရောင်ကြယ်မှ...
အတာတန်ခူး နှစ်ဦးသင်္ကြန်မှာ...
သိကြားမင်းဆင်းကာ...လင်းလက်ကြယ်များ
တောက်ပစွာဖြင့် ....ပြည်မြန်မာ...
ဆထက်တန်ခိုး.. တိုးပွားစွာနိုင်အောင်...
ဆုတောင်းလည်းဝေ....ပိတောက်တွေနှင့် 
မြန်မာပြည်ကြီး ဘေးမသီရန်မခ..
ဧချမ်းစွာဖြင့် ....ဥမကွဲသိုက်မပျက်
လူမျိုးဘာသာ...မခွဲခြားကာ...
သွေးရင်းပမာ...တူညီစွာ
ညီညာလက်တွဲ...အမှားတွေဖယ်၍...
ဝိုင်းဝန်းဆောင်ရွက်...ရှေ့သို့ ချီတက်..
ပြည်မြန်မာကြီး...တိုးတက်ပါစေသတည်း...
( အလင်းရောင်ကြယ်)
ယခုရန်ကုန်မြို့အပါအ၀င်
အခြားမြို့ကြီးများပေါ်သို့ ကျရောက်နေသော ခရမ်းလွန်ရောင်ခြည်သည်
လူတို့အားအန္တရာယ်ဖြစ်စေသည့် ပမာဏထက် များပြားနေသည်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(၈) နှင့်အထက်သည် လူ့အသက်အန္တရာယ်ဖြစ်စေသည့် အဆင့်အဖြစ်သတ်မှတ်ထားပြီး ယခုအချို့နေရာများတွင် ကျရောက်နေသော ခရမ်းလွန်ရောင်ခြည်သည်အဆင့် ၁၃ ကျော်တွင် ရှိနေသည်။
ယခုနှစ် ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် ရန်ကုန်မြို့၌ ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးအမှတ် ၁၂ ဒသမ ၈ အထိကျရောက်ခဲ့ပြီး ကော့သောင်း၊ ထားဝယ်၊ ပုသိမ်မြို့များတွင် ၁၃ ကျော်၊ မော်လမြိုင်၊ ဘားအံ၊ တောင်ကြီး၊ လွိုင်ကော်မြို့များတွင် ၁၂ ကျော်နှင့် နေပြည်တော်တွင် ၁၁ ဒသမ ၇ အထိသက်ရောက်မှုရှိခဲ့သည်။