Friday, 15 March 2013

ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူး

ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူး







၁၃၆ ဂရမ် (၄ ဒသမ ၈အောင်စ) မျှ အလေးချိန် ရှိသည့် ကျဉ်ခြောက်တောင့် ထည့်သွင်း ပစ်ခတ်၍ ရသော ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူး ဆုံလည် သေနတ်ကြီးကို ပိုလန်နိုင်ငံတွင် ရိုင်ဆက်တိုဘီ ဆိုသူက စတင်တီ ထွင်လိုက်ပါပြီ။ အဆိုပါဆုံလည် ခြောက်လုံးပြူးဖြင့် ပစ်လျှင် ၁၆၄ပေ (၅၀မီတာ) အကွာမှ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည်။ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူးကြီးကို ရီမင်တန် မော်ဒယ်အမှတ် ၁၈၅၈ ပုံစံအတိုင်း ထုတ်လုပ်ထား ခြင်းဖြစ်သည်။ ယင်းလက်နက်ကြီးကို တည်ဆောက်ရန် နာရီပေါင်း ၂၅၀၀ ကြာမျှ အချိန်ကုန်ခဲ့ရပြီး သေနတ် အစိတ်အပိုင်း အများစုကို လက်ချဉ်းသက်သက် တည်ဆောက်ခဲ့ ရသည်ဟု မစ္စတာတိုဘီက ရှင်းပြသည်။ အဆိုပါ သေနတ်ကြီးသည် ၉၉ ဒသမ ၂ ပေါင် (၄၅ ကီလိုဂရမ်မျှ ) အလေးချိန်ရှိပြီး အလျား လေးပေကျော် (၁ ဒသမ ၂၆ မီတာ)၊ အမြင့် တစ်ပေကျော် (၄၀ စင်တီမီတာ) မျှရှိသည်။
 Pyi Myanmar

No comments:

Post a Comment