မုံရွာ - ခင်ဦး လူစီးရတား လမ်းချော်၍ တွဲများတိမ်းစောင်း
သတင်း+ ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း)
 မုံရွာ၊ မတ် ၂၁
                 မုံရွာ - ခင်ဦး နေ့စဉ်ပြေးဆွဲလျက်ရှိသော ခရီးသည်တင် 
လူစီးရထား အမှတ်(၆၀) အစုန်ရထားကြီး သည် ယနေ့ မနက် ၁၀ နာရီအချိန်ခန့်က 
မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပဇ္ဇောတာရုံကျောင်းတိုက်အနီး မိုင်တိုင်အမှတ် ၄၅၈/ ၂၁ - ၂၂ အကြားတွင် လမ်းချော်၍ တွဲများတိမ်းစောင်းခဲ့ကြောင်း သိရသည်။
         အဆိ
ုပါ
 မီးရထားသည် စက်ခေါင်းမှုး ဦးမျိုးနိုင်၊ ရထားထိန်း ဦးကျော်ဆန်းဝင်း၊ 
တို့မှ ယနေ့မနက်တွင် ခင်ဦး မြို့မှ မုံရွာမြို့သို့ စက်ခေါင်းအမှတ် DD 
-950 ဖြင့် ခုတ်မောင်းလာခဲ့ရာ လမ်းချော်၍ လူစီးတွဲအမှတ်(၁) ၊တွဲအမျိုးအစား 
GBDT – 4030 သည် လမ်း၏ အရှေ့ဘက်သို့ ၄၅ဒီဂရီခန့်တိမ်းစောင်းသွားခြင်းဖြစ်သည်။
         လမ်းချော်၍ မီးရထားတိမ်းစောင်မှုကြောင့်
 စီးနင်းလိုက်ပါသော ခရီးသည်များ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမှ မရရှိကြသော်လည်း
 အကြောက်လွန်၍ အထိတ်တလန့်ဖြစ်ပွားကာ အော်ဟစ်ဆူညံမှုများရှိခဲ့ကြောင်းသိရသည်။ ၎င်း မီးရထားတိမ်းစောင်းရာ နေရာသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်များမှ  သက်ဆိုင်ရာတာဝန် ရှိသူများ အချိန်မီရောက်ရှိလာပြီး လိုအပ်သောအထောက်အပံ့များ ကူညီပေးခဲ့ကြောင်းသိရှိရသည်။
 
 
 
          
      
 
 
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
  
No comments:
Post a Comment