သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Saturday, 4 May 2013
72-ဖေ့စ်ဘုတ်(ခ)ဖွဘုတ်မှ မဟုတ်ထာ-ဟုတ်ထာ ဖျီးဖျန်း-မှန်ကန်သော သတင်းတိုစများဖတ်ရန်
ယနေ့  နည်းပညာတိုးတက်လာသည်နှင့် အမျှ ဖုန်းတွေ ကွန်ပျူတာတွေ အင်တာနက်တွေ ပလူပျံလာသည် သည်နှင့် အမျှ ထင်ရာရေးတင် ဟုတ်သော်ရှိ ။မဟုတ်သော်ရှိ ။ယုံတဲ့ လူကယုံ။ပြသနာတွေ အလီလီတက်ကြ
ရှိကြပေသည်၊အကြောင်းမှာ ဖေ့စ်ဘုတ်သည်
 အကောင့် လုပ်ရထာလွယ်ကူခြင်း လျှပ်တစ်ပျက်တွင်း မဟုတ်ထာရော ဟုတ်ထာတွေရော ထွေလီကာလီ လိုက်လုပ်ကြ ရှယ်ကြ ရန်ဖြစ်ကြ ဆဲကြဆိုကြ မစားရဝခမန်းလိလိ ချက်တင်လုပ်ကြ မြင်တွေ့ နေရပါတယ်၊
တစ်ကယ်တော့  Google ကြီးထဲမှာ ဖေ့စ်ဘုတ်တီထွင် လိုက်ထာဟာ သတင်း။ စာပေ။ပညာရေး။နည်းပညာ ။မေးလ်များအတွက်
တိုးတက်စေသော နည်းကောင်းလမ်းကောင်း အသုံးချရန် တီထွင်ပေးလိုက်ထာပါ၊အခုလို အချိန်မှာမြန်မာပြည်မှာ
အင်တာနက် လွတ်လပ်ခွင့် ရသွားပြီး မိုဘိုင်းဖုန်းတွေ ပလူပျံလာတော့  ပိုဆိုးလာချေရဲ့ တစ်ကယ်တော့  ဝမ်းနည်းစရာတစ်ခုက ။အင်တာနက်ကိုင်ဆောင်အသုံးချပြီး။ဖေ့စ်ဘုတ်မှာပဲ ပျော်မွှေ့ စိတ်အာသာဖြေပြီး ။ဘာနည်းပညာတစ်ခု မှသိမတပ်မြောက်သေးတာတွေ မြင်ရတော့  စိတ်ထဲမကောင်းမိပါဘူး။
 **********
ဒီမှာနမှုနာအဖြစ် ဟုတ်ထာတွေ မဟုတ်ထာတွေ တင်ထား လာရှယ်ထားတာတွေကို ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြလိုက်ပါတယ်..နာမည်တော့ ချန်ထားခဲ့ ပါတယ်၊
------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စ ယင်းလတ်တို့ ပြောတဲ့ ဒီမိုကရေစီ
Saturday,May4,2013
မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၃၀ ကျော်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့ ဒီမိုကရေစီ အသိုက်အ၀န်း ညီလာခံကြီးမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း ၀န်ကြီးချုပ် မစ္စ ယင်းလတ် ရှင်နာဝပ်တို့ဟာ ဒီမိုကရေစီ နှုန်းစံတွေနဲ့ ပတ်သက်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတွေနဲ့ ပတ်သက်တာတွေ ပြောဆိုခဲ့ကြပါတယ်။
----------------------------------------
MPT ငွေဖြည့်ကတ် ပြသနာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီညနေ ၆းဝဝ ထိုးလောက်က ဖြစ်တဲ့ အရာလေးပါ..၊
ငွေဖြည့်ကဒ်ကို ဖြည့်ရင် ခဲလေးခြစ်ပြီးတော့ အထဲက Password တွေ ဖြည့်ရတယ် မှတ်လား ဒီနေ့ဆိုင်မှာ ကောင်မလေး တစ်ယောက် customerတစ်ယောက် ကို ငွေဖြည့်ဖို့ ကြည့်လိုက်တော့ Password က GSM MPT GSM MPT ဘဲပေါ်နေတယ် ဆက်သွယ်ရေးကို ဖုန်းဆက်တော့
ဆက်သွယ်ရေးက ပိတ်သွားပြီလေ စနေ ၊ တနင်္ဂနွေ ၂ ရက်တောင် စောင့်ရအုန်းမယ် ၊
တကယ်ပြောတာပါ လူကြီးမင်းတို့လည်း ငွေဖြည့်ကဒ်ကို ငွေဖြည့်
ရင် ဆိုင်ကကောင်မလေးတွေကိုဘဲ ငွေဖြည့်ခိုင်းပါ ၊ အဲဒါမှ ပြသာနာ တက်လာရင် ဖြေရှင်းလို့ ရမှာပေါ့ နို့မို့ဆို ငွေဖြည့်ကဒ်ကို အိမ်ယူ သွားပြီး အိမ်ရောက်မှ ဖြည့်ရင်တော့ ခုန ကလို GSM MPT GSM MPT လို့ ပေါ်လာရင် ဆိုင်က ဖြေ ရှင်းပေးလိမ့်မယ် မထင်ပါဘူး ....။
ဒါကြောင့် သင်တို့လည်း ငွေဖြည့်ရင် ဆိုင်မှာဘဲ
ငွေဖြည့်ခိုင်းပါ ...............ခုဖြစ်သွားတဲ့ ကဒ်က ၁ဝဝဝဝ တန်ကဒ်ပါ MPTရေ
ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးမလဲ သိချင်ပါတယ် ...........လူအများက လည်းသိချင်နေပါ တယ် ဒီစာလေးကို ရှယ်ပေးပါရန်................
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Copy from
Aung Lin
--------------------------------------
ဤ ဓါတ်ပုံပိုင် ရှင် သည် မြင်းခြံမြို့  အမှတ် (၁၆) ရပ်ကွက်နေ ဒေါ်စိန်စိန်မြင့် ၏ သားမောင် လှိုင် မင်းထွန်း ဖြစ်ပါသည် ကျမ မချိုသဲစုအောင် ၏ အကို တစ်ဝမ်းကွဲ ဖြစ်ပါသည် မ လေးရှား သို့  သွားရောက် အလုပ် လုပ်ကိုင် ရာ အဆက် အသွယ် မရပါ သဖြင့် တွေ့ ရှိပါက ဆက်သွယ် အ ကြောင်းကြားပေးပါရန် မေတ္ထာ ရပ်ခံအပ်ပါသည် (ကျေးဇူးပြု၍ Share ပေးပါ )
ဆက်သွယ် ရန် achitnatsoe23@gmail.com
ဖုန်း ၀၉၄၀၂၇၁၅၂၈၆
— with Bo Thu, Arakan Bonemin, Hnin Si Pyar, ဘွ ရှင်, Kyaw San, Arakan Laywaddy, ခိုင် မြတ် and ဖိုက် ခိုက်.
---------------------------------------
ဗိုလ်ကြီးဟောင်း နေမျိုးဇင် ငွေဒဏ်မဆောင်ဘဲ ထောင်သုံးလကျခံ
Saturday, May 4, 2013
ရဲတပ်ဖွဲ့ဝင်များ လာဘ်စား သည်ဟု ပြောဆိုသည့်စွပ်စွဲချက်ဖြင့် တရားစွဲထားသော အမှုကို ပန်းတနော် မြို့နယ် တရားရုံးက မေလ၂ရက်နေ့တွင် ဒဏ်ငွေနှစ်သောင်း သို့မဟုတ် ထောင်ဒဏ်သုံးလ ကျခံစေရန် အမိန့်ချမှတ်ခဲ့ရာ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ငွေဒဏ်ကို လက်မခံ ဘဲ ထောင်သုံးလသာ ကျခံရန် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ အတွင်းရေးမှူး ဦးကျော်က အတည်ပြုပြောကြားသည်။
"နေ့ခင်း ၁ နာရီထဲက ထောင်ထဲ ရောက်သွားပါပြီ"ဟု ၄င်းက ဆိုသည်။
တရားစီရင်ရေးမဏ္ဍိုင်တွင် တရားဥပဒေ မစိုးမိုးသည်ကိုပြချင်၍ တရားရုံး၏ ငွေဒဏ်ကိုငြင်းပယ် လိုက်သည့်အတွက် မအူပင် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
ပန်းတနော်မြို့နယ် အောက် ကဇင်းကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သော လူထု တွေ့ဆုံပွဲ၌ ရဲများလာဘ်စားသည်ဟု ထည့်သွင်းပြောဆို ခဲ့ခြင်းကြောင့် ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
"တရားရုံးက ဒဏ်ငွေမဆောင်ရင်တော့ ထောင်ဒဏ်ချမှာပဲ။ ဒါဥပဒေပဲ" ဟု ရှေ့နေ ဦးကျော်ဟိုးက မှတ်ချက်ပေးသည်။
ဦးနေမျိုးဇင်သည် ဇန်နဝါရီလ ၁၃ ရက်နေ့က ပန်းတနော်မြို့နယ်တွင် ပြုလုပ်သည့် အခွင့်အရေးနှင့် ရပိုင်ခွင့် ဆုံးရှုံးနေသည့် ရေလုပ်သားနှင့် လယ်သမားများ၏ ဆန္ဒဖော်ထုတ်ပွဲတွင် ဦးဆောင်ခဲ့သည့် အပြင် ပန်းတနော်ဒေသခံ တစ်ထောင်ကျော် ပါဝင်သော ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌရာထူးမှ မပြောင်းရွှေ့ရေး တောင်းဆိုသည့် ဆန္ဒဖော်ထုတ်ပွဲ တွင်လည်း ဦးဆောင်ခဲ့သည်။
The Voice Weekly
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
--------------------------
ရန်ကုန်၊ မေ ၎
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ဧပြီလ အတွင်း ယာဉ်တိုက်မှုပေါင်း ၁၃၀၀ ကျော်
ဖြစ်ပွားပြီး လူ ၄၀၀ နီးပါးသေဆုံးကာ ဒဏ်ရာရသူ ၁၅၀၀ နီးပါးရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရသည်။
တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှုပေါင်း ၁၃၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၈၉ ဦးနှင့် ဒဏ်ရာရသူ ၁၄၈၆ ဦးအထိရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးသည် ယာဉ်တိုက်မှု ဒုတိယအများဆုံး ဖြစ်ကြောင်း အဆိုပါ ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂၂၄ ခုဖြစ်ပွားခဲ့ရာ ၃၉ဦး သေဆုံးပြီး ၄၇၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု ၁၇၇ခုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၆၂ဦးရှိပြီး ၃၂၀ဦးဒဏ်ရာရ ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုများတွင် မော်တော်ယာဉ်တိုက်မှု အများဆုံးဖြစ်ပြီး ဆိုင်ကယ်ထက် မော်တော်ယာဉ်များက ပိုမိုလုံခြုံမှု ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မိတ္တီလာ၊ မြင်းခြံမြို့များကဲ့သို့ ဆိုင်ကယ် ကို အဓိကထား အသုံးပြုရသည့်မြို့များ ရှိသောကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားပါက သေဆုံးမှု ရာခိုင်နှုန်း များကြောင်း မန္တလေးမြို့တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့စခန်းမှ ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောကြားသည်။
မန္တလေးတွင် သေဆုံးသူအများစုမှာ အရည်အသွေး မပြည့်မီသည့် ဆိုင်ကယ်ဦးထုပ်များကို ဆောင်းသဖြင့် ယာဉ်တိုက်မိ ချိန်တွင် ဦးခေါင်းဒဏ်ရာရကာ သေဆုံးမှု များ ရှိကြောင်း ၄င်းကထပ်မံပြောကြားသည်။
မတ်လအတွင်းက တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှု ၁၁၇၁ ခုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၂၃၃၅ ဦးနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၃၃၃ ဦးအထိ ရှိကြောင်း၊ ဧပြီလတွင် ယာဉ်တိုက်မှု ၁၇၅ ခုနှင့် သေဆုံး သူ ၅၆ ဦး အထိ မြင့်တက်ခဲ့ပြီး ဒဏ်ရာရရှိ သူ ၃၆၃ ဦး အထိ တိုးလာကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
Ref. The Voice Weekly
ဗမါ ဆရါဝင်္န
-----------------------------------------
မြန်မာပြည်ကို တိုက်ခိုက်မည်ဟု အင်ဒို ဘာသာရေးခေါင်းဆောင်က ခြိမ်းခြောက်
=============================================
အင်ဒိုနီးရှားရှိ ဘာလီဗုံးခွဲမှုတွင် အဓိကကြိုးကိုင်သူဟု စွပ်စွဲခံထားရတဲ့ အဘူရ် ဘာကာ ဘာရှားက မြန်မာပြည်ကို ဂျီဟတ် ဘာသာရေးစစ်ပွဲဆင်နွှဲမယ်လို့ မေ ၄ရက်နေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။
ဂျကာတာမြို့တော်က မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၂ယောက်ကို အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးမှုပြုလုပ်အပြီးမှာ အဘူ ဘာရှားက ပြောဆိုလိုက်တယ်လို့ ဆစ်ဒနီမော်နင်း ဟာရယ်သတင်းစာက ရေးသားလိုက်ပါတယ်။
ရာပေါင်းများစွာသော အစ္စလာမ်မစ် ကာကွယ်သူများ တပ်ဦးအဖွဲ့ဝင်တွေဟာ သောကြာနေ့က ဂျကာတာ မြို့လယ်မှာ စုဝေးခဲ့ကြပြီး ဂျီဟတ်စစ်ပွဲအတွက် မြန်မာပြည်ကို တိုက်ခိုက်မယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်က လူနည်းစု မွတ်ဆလင်တွေကို အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေအတွက် တုံ့ပြန်ကလဲ့စားချေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
(Kamayut Media)-4-5-2013
------------------------------------
ရွှေလီမြစ်ဝှမ်း၌ လူမျိုးရေးပြဿနာဖြစ်ပွားအောင် အစိုးရစစ်တပ်လုပ်ဆောင်နေဟု RCSS/SSA တပ်မှူးပြော
သောကြာနေ့၊ မေလ 03 ရက် 2013 ခုနှစ် သတင်း - သျှမ်းသံတော်ဆင့်သတင်း
သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်ရှိ ရွှေလီမြစ် တဘက်ကမ်းတွင် ဓါတ်ပုံလှည့် ရောင်းနေသော အရပ်သား လေးဦး အား RCSS/SSA မှ တိုက်ခိုက်ကာ ဖမ်းဆီးထားသည်ဟု စွပ်စွဲသည့် ကိစ္စမှာ လူမျိုးရေးပြဿနာ ဖြစ်ပွားလာအောင် အစိုးရတပ်ကလှုံ့ဆော်နေခြင်းဖြစ် ကြောင်း ဒေသ အတွင်းတပ်မှူးတဦးက ပြောပါသည်။
“ကျနော်တို့ကို ဒီနေရာက နေ ဖယ်ထုတ်ချင်နေတာလေ။ သာမာန်အရပ်သား ပစ္စည်းရောင်းစားတဲ့လူကို ကျနော် တို့က ဖမ်းထားတယ်လို့ သူတို့စွပ်စွဲတယ်။ ပြန်လွှတ်ပေးဖို့တောင်းလာတယ်။ ကျနော်တို့က မဖမ်းရတာ ဘယ်က လူနဲ့ပြန်ပေးရ မလဲ။ ဒီအချက်ကို ဘမ်းပြပြီးဒေသတွင်းက ဗမာလူမျိုးတွေ ကနေ အထင်လွဲအောင်၊ ကျနော်တို့ကို တပ်စခန်းကနေ ဖယ်ခွါအောင် လုပ်ဆောင်နေတာဖြစ်တယ်” - စစ်ဒေသမှူး က ပြောပါသည်။
ဧပြီလနှောင်းပိုင်းက အထင်ကရ ခေါင်းဆောင်များ၏ သမိုင်းဝင်ဓါတ်ပုံများ လှည့်လည်ရောင်းချသူ ဗမာအမျိုးသား ၄ ဦးအား သျှမ်းပြည်တပ်မတော် RCSS/SSA မှ တိုက်ခိုက်သဖြင့် တယောက်သေဆုံးပြီး ၃ ဦးအားဖမ်းဆီး ထား ကြောင်း၊ ထို့ အတွက် RCSS ၏ မူစယ် ကိုယ်စားလှယ်ရုံးမှ တဆင့် အစိုးရတပ်ထံပြန် အပ်ပေးရန် ဗျူဟာမှူးက တောင်းဆိုကြောင်း၊ မေလ ၂ ရက်နေ့ အထိ RCSS/SSA က အဆိုပါဗမာ အမျိုးသား များ အား ပြန်အပ်ပေးခြင်း မရှိသောကြောင့် အစိုးရတပ်က အင်အား သုံးပြီး သျှမ်းတပ်၏ တင်းခါးတပ်စခန်းအား နေ့လည်ပိုင်းကဝင်ရောက် သိမ်းပိုက်ကြောင်း၊ အဆိုပါစခန်းကို ယနေ့ နံနက် ပိုင်းက စတင်ဖျက်ဆီးနေကြောင်း ဒေသအတွင်း သတင်း ရပ်ကွက်ကပြောပါသည်။
သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါ ဓါတ်ပုံရောင်းသည့် ဗမာအမျိုးသား ၄ ဦးသည် သာမာန် အရပ်သား ဟန်ဆောင် စစ်ထောက်လှမ်းရေးများဖြစ်သည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
“ကျနော်တို့ ရွှေလီဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအရမ်းများတယ်။ သူတို့လူပျောက်တဲ့အကြောင်း တော့ ကျနော်တို့ ကြားတယ်။ ဘယ်နေ့ ဘယ်ရက် တိတိကျကျလဲတော့မသိဘူး။ ကျနော်တို့ကို လူထုက မုန်းတီးအောင် အကွက်ဆင် ဖန်တီးလိုက်တာ လို့ဘဲယူဆတယ်။ မကြာခင်တုန်းကလဲ မိုင်းရှူးဘက် ဗမာလူမျိုး တွေကို တပ်မဟာ ၁ (ဝမ့်ဟိုင်း) အဖွဲ့က နှင်ထုတ်နေ တယ် လို့ ဝါဒဖြန့်တယ်။ အခုလဲ ဒီအတိုင်းဘဲ” - ဟု အထက်ပါ အရာရှိက ဆက် ပြောသည်။
အဆိုပါပြဿနာကြောင့် နမ့်ခမ်းမြို့ဘက်မှ ခလရ ၁၉၀ နှင့် ၄၅ တပ်ရင်းတို့က RCSS ၏ အမှတ် ၇၀၁ နယ်မြေ ဘက်သို့ အင်အား ထပ်ဖြည့်နေသည်ဟု နမ့်ခမ်းမြို့ခံများကပြောသည်။
သို့သော် RCSS ၏ အမှတ် ၇၀၁ စစ်ဒေသ ဌာနချုပ် နောင်မတာ အား အနောက်ကြော (တရုတ်ဘက်ခြမ်းမှ) မှ ဖေါက်တိုက် ရန် အရပ်သားဝတ်စုံဖြင့် အစိုးရတပ်ဖွဲ့ (အင်အား ၃၀၀ ကျော်) ရောက်ရှိနေသည်ဆိုသည့်တရုတ် နယ်စပ်နေ သျှမ်းအရာရှိ ဟောင်း တဦး၏ ပြောကြားချက်များကိုမူ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြု ချက် မရသေးပေ။
အဆိုပါ ကိစ္စရပ်များကြောင့် သျှမ်းပြည်တပ်မတော်တာင်ပိုင်းတပ်ဖွဲ့အမည်ရ RCSS ၏ ရွှေလီမြစ်ဝှမ်းအခြေ စိုက် အမှတ် ၇၀၁ စစ် ဒေသ တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့အကြား ယခုလဆန်းပိုင်းမှ စ၍ စစ်ရေးတင်းမာ လာနေခြင်းဖြစ်သည်။ “ပြဿနာမဖြစ် အောင် ကျနော်တို့ အထူးရှောင်ရှားပြီးနေလာခဲ့တယ်။ ရှောင်လို့မရ တော့တဲ့အဆုံးတော့ ရေလာရေ မီးလာမီး ရင်ဆိုင်ခုခံ ရတော့မှာပေါ့ ” - ဟု တာဝန်ရှိ အရာရှိတဦးကလည်း ပြောပါသည်။
Swe Zin
---------------------------
 ဖွံ့ဖြိုးပြီးနိုင်ငံနှင့် မိုဘိုင်းဖုန်း သရဲများ
မြန်မာပြည်မှာတောင် လမ်းမှာ ဖုန်းတစ်ကိုင်ကိုင်နဲ့ ဆော့တာ၊ သုံးတာ မြင်ရင် မျက်စိနှောက်တယ်လို့ ထင်ရပေမယ့် စင်္ကာပူ၊ ဂျပန် တို့လို နိုင်ငံကြီး ရောက်သွားရင် မြန်မာပြည်က ရန်ကုန်မြို့ ဟာ ဘာမှ မဟုတ်သေးဘာလားလို့ မှတ်ချက်ချမိမှာ အမှန်ပါပဲ။
ရထားစီးလည်း ဖုန်း၊ တစ်ခုခု တန်းစီစောင့်နေရရင်လည်း ဖုန်း၊ ဘာမှ လုပ်စရာ မရှိလည်း ဖုန်းကို ကလိကြပါတယ်။ ဂိမ်းဆော့ပါတယ်။ အင်တာနက်ဝင်ပါတယ်။ ဈေးဝယ်ပါတယ်။ မေးလ်စစ်ပါတယ်။ Facebook သုံးပါတယ်။ စာဖတ်ပါတယ်။ လူငယ်၊ လူလတ်၊ လူကြီး ပိုင်းတွေ စုံပါတယ်။ ဖုန်း ကြေး၊ အင်တာနက်ကြေး သက်သာတာ ကြောင့်လဲ ပါတော့ PC နဲ့ အသုံးပြုမှုထက် မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှုကတောင် ပိုများသလို ရှိလာကြပါတယ်။
ဒီတော့ မြန်မာပြည်မှာ မိုဘိုင်းဖုန်း ဆင်းကဒ်ဈေးတွေလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ မခြားး သက်သာလာမယ်၊ အင်တာနက် ဆက်စပ် ဝန်ဆောင်မှု များ ဈေးသက်သာလာမယ် ဆိုရင် ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းသရဲများ ဒီထက် အဆပေါင်းများစွာ တိုးလာနိုင်ပါကြောင်း ခန့်မှန်း မိပါတယ်။
-
Aung Kham (TSJ team)
ZinYawNews
-----------------------
သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ပါတီ မေလ ၅ရက်တွင် တွေ့ဆုံမည်
Saturday, May 4, 2013
မေလ ၅ရက်နေ့ မနက် ၁၀နာရီတွင် နေပြည်တော်ရှိ သမ္မတဦးသိန်းစိန်၏ အိမ်တော်တွင် ပြည်တွင်းနိုင်ငံရေးပါတီ (၁၈)ပါတီတို့ တွေ့ဆုံကာ လက်ရှိ နိုင်ငံတွင်းဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က မြန်မာ့ခေတ်သို့ ပြောကြားသည်။
အဓိကကတော့ နိုင်ငံထဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက် တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ် ဟု ၎င်းက ပြောကြား
သည်။
ယင်းသို့ တွေ့ဆုံမှုတွင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခအရေးကိစ္စ အပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများနှင့် နိုင်ငံခြားသံတမန်ရေးရာ ကိစ္စများအား ပါဝင်ဆွေးနွေးရန်ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံရေးပါတီ ၁၈ပါတီနှင့်တွေ့ဆုံမှုအား နိုင်ငံတော်သမ္မတရုံးမှ ရန်ကုန်မြို့ရှိ Myanmar Peace Center မှတဆင့် ဆက်သွယ် ဖိတ်ကြား
jခင်းဖြစ်ကြောင်း သိရပြီးယခုကဲ့သို့ နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် ၏တွေ့ဆုံမှုသည် ၄ ကြိမ်မြောက်ရှိပြီဖြစ် ကြောင်း သိရသည်။
The Myanma Age
ZinYawNews 
-------------------------------
ဒီနေ့  သီတာချစ်တဲ့ သီတာ့အမေ (ဒေါ်ကျင်လှိုင်) ရဲ့  မွေးနေ့ ပါ...
- အမှန်တရားအတွက် သားသမီးတွေရဲ့  လုပ်ဆောင်ချက်တွေကို အမြဲ အားပေးခဲ့တဲ့အပြင် အဲ့ဒီရဲ့  နောက်ဆက်တွဲ ခါးသီးလှတဲ့ လောကဓံတွေကို ခံစားခဲ့ရတဲ့အမေ
- သားတွေ နှစ်ရှည် ထောင်ကျ - သမီး တောခို - ယောင်္ကျားဆုံး - အိမ်မဲ့ အခြေအနေ ဖြစ်သွားရ
- သားတွေ ထောင်ကလွတ်တော့လဲ ထောင်ဝင်စာတွေ တွေ့ စရာ မလိုပေမယ့် တခြားသူတွေကို ထောင်ဝင်စာလိုက်ပို့ ခဲ့တဲ့အမေ
- အခုလဲ အမေ့အိမ် ကျောင်းလေးကို ဦးစီးဦးဆောင် လုပ်နေရင်း ဘ၀ကို ဖြတ်သန်းနေတဲ့အမေ
သမီးသာ အမေ့နေရာမှာဆို ဒီလောကဓံတွေ ခံနိုင်ပါ့မလားအမေ။
အမေက သမီးရဲ့  စံပြ အမေပါ။
အမေ့လို စိတ်ဓါတ်ခိုင်မာတဲ့ သူတယောက်ဖြစ်အောင် ထပ်ပြီး ကြိုးစားပါမယ်လို့  အမေ့မွေးနေ့ မှာ ကတိ ပေးပါတယ်။
အခုချိန်ထိတော့ မိသားစုတွေအားလုံး တနေရာတည်းမှာ မရှိကြသေးပါဘူး။ မဆုံနိုင်ကြသေးပါဘူး။
မကြာခင် မဝေးတော့တဲ့အချိန်မှာ အမေလဲ ကျမ်းကျမ်းမာမာ နဲ့  သား သမီး မြေးတွေ အားလုံး နဲ့ တူတူ သိုက်သိုက်ဝန်းဝန်း နေနိုင်ပါစေလို့ ... ♥ ♥ ♥
— with Myat Lay Ngon and 2 others.
 ----------------------------
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား ၏ အမေရိကန်ခရီးအတွက် Father Land ကုမ္ပဏီမှ ငွေကျပ် သိန်း (၅၀) ထောက်ပံ့ပေးအပ်ခဲ့
==================================================
ဘာကြောင့် ချမ်းသာသွားသလဲ ဆိုတာရဲ့ အဖြေတစ်ခုပါပဲ
==================================================
မေလအတွင်း ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်ခေါင်းဆောင်များ၏ အမေရိကန်ခရီးစဉ် အတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ငွေကျပ်သိန်း (၅၀) ထောက်ပံ့ပေးခဲ့ကြောင်း Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ နှစ်ဦး အပါအ၀င် ၈၈ အဖွဲ့ဝင်များ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် National Endowment for Democracy ၏ဖိတ်ကြားချက်အရ ယခုလ (၁၉) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ်သွားရောက်မှာဖြစ်ပါသည်။ ကိုမင်းကိုနိုင်ဟာ NED အဖွဲ့ကြီးကချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆုကိုလည်း ခရီးစဉ်အတွင်း ကိုယ်တိုင်လက်ခံသွားမည်ဖြစ်သည်။
ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးဟာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယား နိုင်ငံကို အရင်ဆုံးသွားရောက်မှာဖြစ်ပြီး မင်းကိုနိုင်ဟာ NED က ၂၀၁၂ ခုနှစ်အတွက် ဂုဏ်ပြုချီးမြှင့်တဲ့ ဒီမိုကရေစီဆုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း လက်ခံယူဖို့အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံကူး လက်မှတ်လျောက်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို မြန်မာ အစိုးရက အကန့်အသတ်နဲ့ ထုတ်ပေးခဲ့တာကို လက်မခံဘဲ ပြည်ပခရီးစဉ်တွေကို ဖျက်သိမ်းခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အား ထောက်ပံ့ပေးသည့် Father Land ကုမ္ပဏီသည် နိုင်ငံအနှံ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များမှာ မြန်မာနိုင်ငံ မူဆလင်အဖွဲ့အစည်းများတွင် ရာထူးကြီးနေရာများ ရယူထားသူများဖြစ်ကြောင်းသိရသည်။
ကိုချိုလေး
ပုဂံအွန်လိုင်းမီဒီယာ
No comments:
Post a Comment
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်