၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့
ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့တွင် ဧပြီ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်၌ ကျူးလွန်သူဟု ယူဆရသူ ၂၅ ဦး အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်
ယင်းကဲ့သို့ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သည်ဟု ယူဆထားသူ ၂၅ ဦးအား စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက် မပေါ်ပေါက်ခဲ့သူ ရှစ်ဦးအား ကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ ဖြင့် ပြန်လည် လွှတ်ပေး ထားကြောင်း သိရှိရသည်။
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်း တပ်ဖွဲ့မှူုးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က "ဧပြီ ၃၀ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဥက္ကံပဋိပက္ခ ဖြစ်စဉ်ကတော့ ဒီနေ့ မေလ ၄ ရက် အထိတော့ အေးအေးချမ်းချမ်း ရှိနေပါတယ်။ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ သံသယရှိခဲ့တဲ့သူ ၂၅ ဦးထဲကနေ ရှစ်ဦးကို ခံဝန်ချုပ်နဲ့ ပြန်လွှတ်ပေးထားပါတယ်" ဟု မေလ ၄ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။
ခံဝန်ချုပ်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သူ ရှစ်ဦးမှာ ပနီပင်ကျေးရွာမှ လင်းနိုင်ဦး၊ ကျော်မင်းထွဋ်၊ ကျော်ကျော်၊ ကျော်စိုးမင်း၊ ခင်မြင့်နှင့် ဗန္ဓုလရပ်ကွက်မှ ရာဇာမင်း၊ ရဲထွန်း၊ မျိုးဇော်ဦးတို့ဖြစ်ကြောင်
ဖမ်းဆီးစစ်ဆေးလျက် ရှိသည့် ၁၇ ဦးကို ဥက္ကံမြို့နယ် ရဲစခန်းမှ (ပ) ၁၁၂ မှ (ပ) ၁၂၂ ထိပုဒ်မ ၁၀ ခုဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ဥက္ကံမြို၏ ပဋိပက္ခဖြစ်စဉ်ကို ဧပြီ ၃၀ ရက် နံနက်ပိုင်းက ဥက္ကံမြို့ ဈေးအနီးတွင် ဆွမ်းခံကြွလာသည့် ကိုရင်လေးတစ်ပါးအား အစ္စလာမ်ဘာသာဝင်ဖြစ်သူ ဒေါ်ဝင်းဝင်းစိန်က ၀င်ရောက်တိုက်မိရာမှ သပိတ်ပြုတ်ကျ ပျက်စီးခဲ့ပြီး ပဋိပက္ခ စတင်ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ပဋိပက္ခ ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ကိုးဦးရှိခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ဘာသာသာသနာကို စော်ကားရန် အကြံဖြင့် ပြုလုပ်သူ ဒေါ်ဝင်းဝင်းစိန်ကို ဥက္ကံမြို့နယ် ရဲစခန်းမှ (ပ) ၁၁၂/၂၀၁၃ ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment