သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday, 15 May 2013

မိမိလက် အပြတ်ကြီးကို သယ်ဆောင်ကာ ၁၀ မိုင်ဝေးသည့် ဆေးရုံသို့ ကိုယ်တိုင်ကားမောင်း သွားခဲ့သည့် အာဂ အမျိုးသား


 Wednesday, May 15, 2013

သြစတြီးယား နိုင်ငံ အရှေ့ပိုင်း ပါဘတ်ခ်ျမြို့တွင် မေ ၁၂ ရက်က အသက် ၃၇ နှစ် အရွယ်ရှိ တီဘောအေ ဆိုသူ ဟန်ဂေရီ အမျိုးသား တစ်ဦးသည် အုတ်ကျိုး အုတ်ပဲ့များ စီသော စက်ယန္တရား တစ်ခုကို သန့်ရှင်းရေး ပြုလုပ်နေစဉ် မတော်တဆ မှုကြောင့် သူ၏ ညာလက်သည် တံတောင်ဆစ်မှ စ၍ လက်တစ်ချောင်းလုံး ပြတ်သွား ခဲ့သည်ဟု သိရသည်။


သို့သော် အာဂသတ်္တိခဲ တီဘောသည် ထိတ်လန့်ကြောက်ရွံ့ မနေဘဲ သူ၏ လက်အပြတ် ကြီးကို ကိုင်ကာ အိုင်ဆန်စတက် မြို့ရှိ အရေးပေါ် ဌာနသို့ ကားဖြင့် ကိုယ်တိုင်မောင်းနှင် လာခဲ့သည်။၎င်းအား အရေးပေါ် ဌာနမှ တာဝန်ရှိသူ များက ဗီယင်နာ ဆေးရုံသို့ လေယာဉ်ဖြင့် ပို့ဆောင် ပေးခဲ့သည်။ ဗီယင်နာမြို့ ဆေးရုံမှ ပလတ်စတစ် ခွဲစိတ် ကုသသည့် ပါရဂူ များက ၎င်း၏ လက်ကို အောင်မြင်စွာ ပြန်လည်ဆက်ပေး နိုင်ခဲ့သည်။ တီဘောသည် သွေးအထွက် လွန်ပြီး အသက် ဆုံးရှုံးမှု မရှိခဲ့ခြင်းမှာ စိတ်တုန်လှုပ် ချောက်ချား နေ ခဲ့သောကြောင့် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်ဟု သိရသည်။
အွန်လိုင်းမှ-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်