ပြပြင်ပြောင်းလဲရေးသမား မြန်မာသမ္မတဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်
ခရီးစဉ်အတွင်း ၀ါရှင်တန်၌ မိန့် ခွန်း ပြောကြားမည်ဟု Channel News Asia
သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်သည် လာမည့်တနင်္လာနေ့တွင် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် School of
Advanced International Studies နှင့် အမေရိကန်နိုင်ငံ၏
အကြီးဆုံးစီးပွားရေးဖက်ဒရေးရှင်းဖြစ်သည့် US Chamber of Commerce တို့၌
မိန့်ခွန်းပြောမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းများမှ ပြောခွင့်ရ
ပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံမည်ဟု ယူဆရသည်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ မကြာသေးမီကထုတ်ပြန်ချက်တစ်ခုတွင်
မြန်မာနိုင်ငံသည် ဘင်ဂါလီ မူဆ လင် များကို လူမျိုးတုန်းသတ်ဖြတ်မှုများ
ဆောင်ရွက်နေသည်ဟု စွပ်စွဲထားသည်။ သို့သော်လည်း သမ္မ တ ဦးသိန်းစိန်၏
လူ့အဖွဲ့အစည်းချင်းသဟာဇာတဖြစ်ရေးကြေညာချက်ကို အိုဘားမားအစိုးရက ချီးကျူး
ခဲ့ သည်။
ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည့် သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် တွင်
သမ္မတဖြစ်လာပြီးနောက် နိုင် ငံရေး အကျဉ်းသားရာနှင့်ချီ၍ လွှတ်ပေးခဲ့
ခြင်းနှင့် အတိုက်အခံဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော် တွင်း ၀င် နိုင်ရန်
လမ်းဖွင့်ပေးခဲ့ခြင်းတို့အပါအ၀င် ပြုပြင်ပြောင်းလဲမှုအများအပြား ဆောင်ရွက်
ခဲ့ခြင်းဖြင့် ဝေဖန် သူအများအပြားကို အံ့အားသင့်စေခဲ့သည်။
အိုဘားမားအစိုးရက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များ ကို
အားပေးမည်ဟု ကတိပြု ထားပြီး မြန်မာနိုင်ငံ၏တိုးတက်မှုများကို
အသိအမှတ်ပြုသည့်အနေဖြင့် ပိတ်ဆို့မှုအများစုကို ရုတ်သိမ်းပေး ခဲ့သည်။
Ref: Channel NewsAsia
No comments:
Post a Comment