
ကျောင်းပြန်နောက်ကျ၍ ဟုဆိုကာ အသက်ကိုးနှစ်ကျော် ကျောင်းသူကို ရိုက်နှက်ခဲ့သူ တစ်ဝမ်းကွဲ အစ်မအား အမှုဖွင့်
ရိုက်နှက်ခံရသော မနှင်းဝတ်ရည်၏ ဒဏ်ရာများကို တွေ့ရစဉ်
 ကျောင်းပြန်နောက်ကျ၍ ဟုဆိုကာ
 အသက်ကိုးနှစ်ကျော် ကျောင်းသူကို 
တုတ်နှင့်ရိုက်၊ လက်သီးဖြင့် ထိုးခဲ့သူ တစ်ဝမ်းကွဲ အစ်မအား 
လူမှုဝန်ထမ်းဌာနမှ အရာရှိ ဒေါ်စံပယ်မှ လှိုင်မြို့နယ် ရဲစခန်းတွင် 
အမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။
 ဇွန် ၂၇ ရက်က အမှုဖွင့်ချက်တွင် အ.ထ.က
 (၂) စမ်းချောင်းရှိ စတုတ္ထတန်း တက်ရောက်နေသည့် မနှင်းဝတ်ရည် (၉ နှစ် 
ခုနစ်လ) အား ၎င်းနှင့်အတူနေ အစ်မတစ်ဝမ်းကွဲ မမိုးဇာဇာမှ ကျောင်းပြန်နောက်ကျ၍ 
ဟုဆိုကာ နေအိမ်အလယ်ရှိ တိုင်ကို ဖက်ခိုင်းပြီး လက်နှစ်ဖက်အား 
ကြိုးဖြင့်ချည်နှောင်ကာ တံမြက်စည်းဖြင့် ရိုက်ခဲ့သည့်အပြင် လက်သီးနှင့်ပါ 
ထိုးခဲ့သည်။
 ရိုက်နှက်ခံရသော မနှင်းဝတ်ရည်၏ မိဘနှစ်ပါးမှာ 
ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်နေကြပြီး နီးစပ်ရာ ဆွေမျိုးဖြစ်သည့် 
မမိုးဇာဇာတို့နှင့် ထားရှိခဲ့ကာ လှိုင်မြို့နယ်၊ သရက်မြိုင်လမ်း၊ ၇ 
ရပ်ကွက်တွင် နေထိုင်ကြောင်း လှိုင်မြို့နယ် ရဲစခန်းမှ သိရသည်။
 
ရိုက်နှက်ခံရမှုကြောင့် မနှင်းဝတ်ရည်မှာ မျက်လုံးအောက် ညိုမဲ၊ ၀ဲ/ယာပါး 
ညိုမဲ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲ၊ ၀ဲ/ယာပခုံး ဖူးရောင်၊ ၀ဲ/ယာလက်ခုံ ဖူးရောင်၊
 ၀ဲ/ယာတင်ပါး ဖူးရောင်နှင့် ၀ဲယာဒူးဖူးရောင် ဒဏ်ရာများ ရရှိခဲ့ပြီး ဇွန် ၂၇
 ရက်က ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ရကြောင်း သိရသည်။
 
ထို့ကြောင့် ကိုးနှစ်ကျော်ရှိ ကျောင်းသူအား ရိုက်နှက်ခဲ့သူ မမိုးဇာဇာအား 
လှိုင်မြို့နယ် ရဲစခန်းတွင် ကလေးသူငယ်ဆိုင်ရာ ကော်မတီ စေတနာ လူမှုဝန်ထမ်း 
အရာရှိ ဒေါ်စံပယ်မှ (ပ)၂၇၄/၂၀၁၃၊ ပြစ်မှု ပုဒ်မ- ၃၂၅/၃၄၂ ဖြင့် 
အမှုဖွင့်ခဲ့ကြောင်း သိရသည်။
 မနှင်းဝတ်ရည်၏ အတန်းပိုင် ဆရာမက ''၂၇ ရက်က 
ကျွန်မ စာသင်တဲ့အချိန်မှာ သူ့ကိုကြည့်ရတာ ပုံမှန်မဟုတ်လို့ ခေါ်ပြီး 
စစ်ကြည့်တဲ့အခါ ဘာဖြစ်တာလဲလို့ မေးတော့ ချော်လဲတာလို့ ပြန်ဖြေတယ်။ အဲဒါနဲ့ 
သူ့လက်ကို ယူကြည့်လိုက်တော့ ဖူးရောင်ပြီး အစင်းရာတွေနဲ့ ဆိုတော့ 
မှန်မှန်ပြောပါလို့ ပြောတဲ့ အချိန်မှ သမီးကိုရိုက်တာလို့ ပြန်ဖြေတယ်။ အဲဒါ 
ရိုက်တာ မဟုတ်ဘူး။ နှိပ်စက်တာ'' ဟု ပြောကြားသည်။
 မနှင်းဝတ်ရည်မှာ ဇွန် 
၂၈ ရက်တွင် ဆေးရုံမှ ပြန်ဆင်းလာခဲ့ပြီး လက်ရှိ အုပ်ထိန်းသူမှ တစ်ဆင့် 
ဦးလေးတော်စပ်သူ ဆိုသူအား ခံဝန်ကတိများဖြင့် အုပ်ထိန်းခွင့် 
လွှဲပြောင်းခဲ့ပြီး ရိုက်နှက်ခဲ့သူ မမိုးဇာဇာကို လက်ရှိတွင် အာမခံ 
ပေးထားကြောင်း ယင်းအမှုအား စစ်ဆေးလျက်ရှိသည့် ဒုရဲအုပ် နေ၀င်းက ပြောကြားသည်။
 ၁၉၉၃ ခုနှစ်က ထုန်ပြန်ထားသော ကလေးသူငယ် အက်ဥပဒေအရ သာမန်ဆိုဆုံးမမှုထက် 
ပိုသော ဒဏ်ရာများ ရရှိခဲ့ပါက အုပ်ထိန်းသူအား ထောင်ဒဏ်နှစ်နှစ်ထိ 
ချမှတ်နိုင်ကြောင်း လူမှုဝန်ထမ်း ၀န်ကြီးဌာနမှ သိရသည်။
 EMG
No comments:
Post a Comment