တစ်ခါတုန်းက
 လေးအတတ်ကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းတဲ့ လေးပညာရှင်ကြီးတစ်ယောက်ဟာ 
သူ့တပည့်နှစ်ယောက်ကို လေးအတတ်ပညာ သင်ကြားပို့ချနေပါတယ်။ တစ်ရက်မှာတော့ 
သင်္ခန်းစာလည်း ကုန်သွားပြီ ဖြစ်တဲ့အတွက် သူ့တပည့်နှစ်ယောက်ရဲ့ အရည်အချင်းကို
 စမ်းသတ်လိုတဲ့ပညာရှင်ကြီးဟာ  တပည့်နှစ်ယောက်ကိုခေါ်ကာ တောထဲကိုထွက်လာခဲ့ပြီး တစ်နေရာ အရောက်မှာ သစ်ပင်တစ်ပင်ပေါ်မှာနားနေတဲ့  ငှက်တစ်ကောင်ကို လေးနှင့်ပစ်ဖို့အတွက် တပည့်နှစ်ယောက်ကို
 
“မင်းတို့ရဲ့ ပစ်မှတ်ဟာ ဟိုသစ်ကိုင်းပေါ်မှာ နားနေတဲ့ ငှက်ရဲ့မျက်လုံးတည့်တည့်ပဲ။  ကဲ…. အခု မင်းတို့ရဲ့ လေးတွေကို ပစ်လွှတ်ဖို့အတွက် အဆင်သင့် ပြင်ထားပေတော့”
 
ဆိုပြီး ပြောကြားလိုက်ပါတယ်။ အဆင်သင့်ပြင်ထားပြီးတဲ့အခါမှာ ဆရာကြီးဟာ သူ့ရဲ့ ပထမတပည့်ကို
 
“ကဲ….အခု မင်းမျက်လုံးထဲမှာ ဘာကို မြင်သလဲ”
 
လို့ မေးလိုက်ပါတယ်။ ဒီတော့ တပည့်ဖြစ်သူက
 
“သစ်ပင်ရယ်…သစ်ကိုင်းရယ်… သစ်ရွက်ရယ်…ကောင်းကင်ရယ်….ငှက်ရယ် ပြီးတော့ ငှက်မျက်လုံးကို မြင်ပါတယ်…ဆရာ”
 
လို့ ပြောလိုက်ပါတယ်။ ဒီမှာပဲ ဆရာဖြစ်သူက
 
“ဒါဆို မင်းမပစ်သေးနဲ့ဦး… ခဏလေးစောင့်နေ”
 
ဆိုပြီး ပြောပါတယ်။ ဆရာကြီးက ဒုတိယတပည့်ဖြစ်သူကို အခုနကလိုပဲ မေးပါတယ်။ ဒီတော့ ဒုတိယတပည့်ဖြစ်သူက
 
“ငှက်ရဲ့ မျက်လုံးကို မြင်ပါတယ်…ဆရာ”
 
လို့ ပြောလိုက်တော့
 
“ဟုတ်ပြီ။ မင်းတော်တယ်။ အခုစပြီး မင်းရဲ့လေးကို ပစ်လို့ရပြီ….”
 
ဆိုပြီး ပြောလိုက်ပါတယ်။ ဒီမှာပဲ ဒုတိယတပည့်ဖြစ်သူ ပစ်လိုက်တဲ့ မျှားတံဟာ ငှက်ရဲ့ မျက်စိတည့်တည့်ကို ထိမှန်သွားပါတယ်။
 
************************** ************************** *************************
 
ဒီလိုပါပဲ ကျနော်တို့အားလုံးမှာလဲ ဘ၀က အရံသင့်သုံးဖို့အတွက် ပေးလိုက်တဲ့ လိုချင်တပ်မက်မှု မျှားတံလေးတွေ ကိုယ်စီ ရှိနေကြပါတယ်။
 
မျှားလေးတွေ ရှိသလိုပါပဲ ပစ်မှတ်လေးတွေလည်း အရွယ်အစားအလိုက် ပထမအရွယ်… ဒုတိယအရွယ်…တတိယအရွယ်စသဖြင့်  ကိုယ်စီရှိနေကြပါတယ်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ
 ကျနော်တို့အားလုံးမှာလည်း ပစ်ခွင်းဖို့အတွက် ဆုံးမှတ်လေးတွေဟာ 
အမျိုးအစားအားဖြင့် တဖြည်းဖြည်း များပြားလာခဲ့ကြပါတယ်။ ကိုယ့်ရဲ့ 
ဦးတည်ရာလမ်းကြောင်းမှာ Focus တွေများနေပြီဆိုရင်တော့ ကျနော်တို့လည်း 
ဝေခွဲခက်သောပင့်သက်မောတွေကိုပဲ
 အကြိမ်ကြိမ်ချနေရုံသာ…။ Focus မပြတ်တဲ့ Snapshot- တစ်ခုရဲ့ ပုံထွက်ဟာ 
ဝါးတားတားဖြစ်နေသလိုပင် ကျနော်တို့ဘ၀တွေဟာလည်း ၀ါးတားတားပင် 
ဖြစ်နေပါဦးမယ်….။
 
ဒီနေရာမှာ ကျနော်တို့အတွက် အဓိကကျတဲ့ ပစ်မှတ်ကို ထိရောက်အောင် ပစ်နိုင်မှုကတော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက် (Intention)၊ ထကြွလုံ့လ ၀ီရိယ (Energy)၊ မပြတ်မလတ် စွဲကပ်နေတဲ့သတိ (Consciousness) နဲ့ စူးစမ်းလေ့လာနိုင်မှုစွမ်းအား ( investigation ) တွေအပေါ်မှာ မူတည်နေပါတယ်။
 
ဒီအချက်လေးချက်ပေါ်မှာအခြေခံ ပြီး ကိုယ့်ဦးတည်ရာကိုသွားနိုင် မှသာလျှင် ဒုတိယ လေးပစ်သမားပစ်လွှတ်လိုက်တဲ့ေ လးဟာ ငှက်ရဲ့မျက်လုံးတည့်တည့်ကို  စိုက်ဝင်သွားသလိုမျိုး ကျနော်တို့ အားလုံးရဲ့ ကိုယ့်ဆိုင်ရာပစ်မှတ်အသီးသီးကို ပစ်လွှတ်လိုက်တဲ့ အခါမှာ တိတိကျကျ ပစ်ခတ်နိုင်မှာ ဖြစ်ကြောင်း….
 
 
✍ဘ၀ကျောင်းဖတ်စာ
“မင်းတို့ရဲ့ ပစ်မှတ်ဟာ ဟိုသစ်ကိုင်းပေါ်မှာ နားနေတဲ့ ငှက်ရဲ့မျက်လုံးတည့်တည့်ပဲ။
ဆိုပြီး ပြောကြားလိုက်ပါတယ်။ အဆင်သင့်ပြင်ထားပြီးတဲ့အခါမ
“ကဲ….အခု မင်းမျက်လုံးထဲမှာ ဘာကို မြင်သလဲ”
လို့ မေးလိုက်ပါတယ်။ ဒီတော့ တပည့်ဖြစ်သူက
“သစ်ပင်ရယ်…သစ်ကိုင်းရယ်… သစ်ရွက်ရယ်…ကောင်းကင်ရယ်….င
လို့ ပြောလိုက်ပါတယ်။ ဒီမှာပဲ ဆရာဖြစ်သူက
“ဒါဆို မင်းမပစ်သေးနဲ့ဦး… ခဏလေးစောင့်နေ”
ဆိုပြီး ပြောပါတယ်။ ဆရာကြီးက ဒုတိယတပည့်ဖြစ်သူကို အခုနကလိုပဲ မေးပါတယ်။ ဒီတော့ ဒုတိယတပည့်ဖြစ်သူက
“ငှက်ရဲ့ မျက်လုံးကို မြင်ပါတယ်…ဆရာ”
လို့ ပြောလိုက်တော့
“ဟုတ်ပြီ။ မင်းတော်တယ်။ အခုစပြီး မင်းရဲ့လေးကို ပစ်လို့ရပြီ….”
ဆိုပြီး ပြောလိုက်ပါတယ်။ ဒီမှာပဲ ဒုတိယတပည့်ဖြစ်သူ ပစ်လိုက်တဲ့ မျှားတံဟာ ငှက်ရဲ့ မျက်စိတည့်တည့်ကို ထိမှန်သွားပါတယ်။
**************************
ဒီလိုပါပဲ ကျနော်တို့အားလုံးမှာလဲ ဘ၀က အရံသင့်သုံးဖို့အတွက် ပေးလိုက်တဲ့ လိုချင်တပ်မက်မှု မျှားတံလေးတွေ ကိုယ်စီ ရှိနေကြပါတယ်။
မျှားလေးတွေ ရှိသလိုပါပဲ ပစ်မှတ်လေးတွေလည်း အရွယ်အစားအလိုက် ပထမအရွယ်… ဒုတိယအရွယ်…တတိယအရွယ်စသဖြင်
ဒီနေရာမှာ ကျနော်တို့အတွက် အဓိကကျတဲ့ ပစ်မှတ်ကို ထိရောက်အောင် ပစ်နိုင်မှုကတော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက် (Intention)၊ ထကြွလုံ့လ ၀ီရိယ (Energy)၊ မပြတ်မလတ် စွဲကပ်နေတဲ့သတိ (Consciousness) နဲ့ စူးစမ်းလေ့လာနိုင်မှုစွမ်းအာ
ဒီအချက်လေးချက်ပေါ်မှာအခြေခံ
✍ဘ၀ကျောင်းဖတ်စာ
မြ၀တီ
No comments:
Post a Comment