မြန်မာ့ရေပိုင်နက်အတွင်း တရားမ၀င် ငါးခိုးဖမ်းသည့် ထိုင်းနှင့်အင်ဒို ငါးဖမ်းသင်္ဘော (၅)စင်းအား မြန်မာ့တပ်မတော်(ရေ)မှ ဖမ်းဆီး 
မြန်မာနိုင်ငံရေပိုင်နက် သီးသန့်စီးပွားရေးဇုန်အပြင်ဘက် စူလာကျွန်း၏ မြောက်ဘက်ရေပြင်တွင် တရားမ၀င် ငါးခိုးဖမ်းနေသည့် ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် ကျူနာ (Tuna) ငါးဖမ်းသင်္ဘော (၅)စင်းအား တနင်္သာရီရေတပ်စခန်းမှ စစ်သင်္ဘောများက ဖမ်းဆီးနိုင်ခဲ့သည်။
 
 “ဖေဖော်ဝါရီ ၁၈ ရက်မှာ အင်ဒိုနီးရှားနိုင်ငံသား
 (၂၁) ဦး၊ ဖေဖော်ဝါရီ ၁၉ ရက်မှာ ထိုင်ဝမ်နိုင်ငံသား (၁)ဦးနှင့် 
အင်ဒိုနီးရှားနိုင်ငံသား (၃၄) ဦးကို မြိတ်မြို့ကို ပို့ဆောင်ပေးခဲ့ပြီး 
လ၀က၊ ငါးဦးစီး ဥပဒေတွေနှင့် တရားစွဲဆိုသွားမှာပါ”ဟု တာဝန်ရှိသူတစ်ဦးက 
ပြောကြားသည်။
 
 ဖေဖော်ဝါရီ ၁၆ ရက် နံနက်၂ နာရီတွင် 
ရေတပ်စစ်သင်္ဘော (၅၆၇) မှ ကင်းလှည့်နေစဉ် မသင်္ကာဖွယ် ရေဒါပစ်မှတ်နှစ်ခုကို 
တွေ့ရှိပြီး ဖမ်းဆီးခဲ့ရာ KM-REDJEKIBARD အမည်ရှိ သင်္ဘောကို 
အင်ဒိုနီးရှားနိုင်ငံသား (၁၁) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း 
သိရသည်။ထို့နောက် YIHONG -66 အမည်ရ ကျူနာငါးဖမ်းသင်္ဘောပေါ်တွင် 
ထိုင်ဝမ်နိုင်ငံသား(၁)ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား (၉)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
 
 ဆက်လက်ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၁၆ ရက်နံနက် ၇ နာရီကျော်တွင် စစ်ရေယာဉ် ၅၅၉ မှ တရားမ၀င် ငါးဖမ်းသင်္ဘောသုံးစင်းပေါ်တွင်
 အင်ဒိုနီးရှားနိုင်ငံသား (၃၅) ဦးအား ဖမ်းဆီးရမိခဲ့သည်။ 
ယခုဖမ်းဆီးရမိခဲ့သော ကျူနာ ငါးဖမ်းသင်္ဘော (၅)စင်းမှ 
ထိုင်ဝမ်နိုင်ငံသားတစ်ဦးနှင့်
 အင်ဒိုနီးရှားနိုင်ငံသား (၅၅) ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ 
ယင်းသင်္ဘောများမှာ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများမှ ၂၀၁၃ သြဂုတ်၊ 
စက်တင်ဘာနှင့် ဒီဇင်ဘာလများကတည်းက ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
 ယခုဖမ်းဆီးရမိခဲ့သော တရားမ၀င် ကျူနာ ငါးဖမ်းသင်္ဘောမှ ထိုင်ဝမ်နိုင်ငံသား 
(၁)ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား (၅၅) ဦးတို့အား လ၀က အက်ဥပဒေ-၁၃ (၁)၊ 
ငါးဦးစီးမှ နိုင်ငံခြားငါးဖမ်းရေယာဉ်များ
 ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃၈ (က) (ခ) အရ 
အမှုဖွင့်ထားပြီး မြိတ်မြို့မရဲစခန်းမှ (ပ) ၁၄၅၊ ၁၄၇ /၂၀၁၄ အရ 
အရေးယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ 
 
 Credit: Eleven Media
  
 
 
 
          
      
 
 
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
  
No comments:
Post a Comment