
နတ်နန်း တစ်ခုလုံး အပြည့် လူအုပ်ကြား 
ထဲကနေ ထိုးထွက်လာတော့ မှပင် သူမ အသက်ဝဝ ရှူရတော့သည်။ ငယ်ရွယ်နုနယ်သော သူမ 
မျက်နှာထက် တွင် ချွေးစေးတို့ ခိုတွဲနေ ပြီး နွမ်းနယ် ဟန်က အထင်းသား။
”အမှန်ဆိုရင် သမီးသဘော ဆို အိမ်မှာပဲ 
အနားယူပြီး စာကြည့်နေရမှာ။ ဒါပေမဲ့ အမေပေါ့။ သူယတြာ မချေလိုက် ရရင်ပဲ 
စာမေးပွဲ ကျတော့မ လိုလိုပြောနေ လို့”ဟု လသာ (၂)ကျောင်းသူ မယဉ်ယဉ်လှ 
(အမည်လွှဲ)က ပြောသည်။ မတ်လ ၁၂ ရက်နေ့တွင် စတင် ဖြေဆိုရတော့မည့် တက္ကသိုလ် 
ဝင်တန်း စာမေးပွဲ အတွက် မိခင်က ယတြာချေပေး ရန် ဗိုလ် တထောင် ဘုရားဝင်းရှိ 
မြနန်းနွယ်နတ် နန်းသို့ အရောက်တွင် သူမထင်မှတ်ထား သော အခြေအနေ တစ်ခု ကို 
မျက်မြင်ကြုံ တွေ့ခဲ့ရသည်။
နတ်နန်း တစ်ခုလုံး ကန်တော့ပွဲထိုး ကာ 
ယတြာချေ သူများနှင့် ပြည့်နှက်နေ ပြီး အများစုမှာ ဆယ်တန်း စာမေးပွဲအ 
တွက်ဖြစ်သည် ကို ကန်တော့ပွဲတွင် ထိုး ထားသော စာရွက် များ စာမေးပွဲဖြေဆို 
ခွင့် ကတ်ပြား မိတ္တူများက သက်သေပြ နေသည်။
 ”နက်ဖြန် သဘက်ပဲဖြေရတော့မှာ ကို အခုမှ ယတြာချေလို့ ဘာထူးမှာလဲ။ သမီးကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ယုံ တယ်”ဟု မယဉ်ယဉ်လှက ပြောသည်။
နတ်ကြီးသည်၊ မေးခွန်း သတ်သည် ဟု 
နာမည်ကြီးသော ဆယ်တန်း (ခေါ်) တက္ကသိုလ် ဝင်တန်းစာမေးပွဲ အတွက် တစ်နှစ်တာ 
ပတ်လုံး အချိန်ပေး ပြင်ဆင် ခဲ့ပြီးဖြစ်၍ အနည်းဆုံး ဂုဏ်ထူး (၃)ခု ရမည်ကို 
ရာနှုန်းပြည့် နီးပါး သေချာသိ ရပါလျက် သမီးအတွက် ရတက်မအေး နိုင်သော အမေက 
ယတြာချေပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
”တစ်ခုခု မှားယွင်း သွားတာမျိုး 
အဖြစ်မခံနိုင်ဘူးလေ။ သမီးရဲ့ ကြိုးစား အားထုတ်မှု ကိုတော့ ယုံပါတယ်။ ဒါပေမဲ့
 ရှေးထုံးလည်း မပယ်ချင်လို့ပါ” ဟု မိ ခင်ဖြစ်သူက ဆို သည်။
 မြန်မာနိုင်ငံတွင် ဆယ်တန်း စာမေးပွဲကို 
အားလုံးက အထူးတလည် အာရုံစိုက်ရသည်။ တောရော၊ မြို့ပါ လှည်းနေလှေအောင်း 
မြင်းဇောင်း မကျန် ဟုပင်ဆိုနိုင် သည်။ နှစ် စဉ် မြန်မာနိုင်ငံ တစ်ဝန်းမှ 
ကျောင်းသား၊ ကျောင်းသူ ငါးသိန်းကျော် ဝင်ရောက် ဖြေဆိုနေသော ဆယ်တန်း 
စာမေးပွဲသည် ကျောင်းသား လူငယ် တို့၏ အနာဂတ် တစ်ဆစ်ချိုးကို ပုံဖော် 
ထုဆစ်ပေးနေသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲဟူ သော တရားဝင် 
အခေါ်အဝေါ်နှင့် အား လျော်စွာ ဤစာမေးပွဲမှ ရရှိသော ရမှတ် စုစုပေါင်းသည် 
တက္ကသိုလ်များ တက် ရောက်ခွင့်ကို ဆုံးဖြတ်ခြင်းကြောင့် ဤမျှ 
အရေးပါနေခြင်းဖြစ်သည်။ ဆိုရ လျှင် ဆယ်တန်း စာမေးပွဲသည် မြန်မာ နိုင်ငံတွင် 
ဂုဏ်သိက္ခာ အရရော၊ တန်ဖိုး အရပါ ကြီးမား လှသော စာမေးပွဲ တစ်ခု ဖြစ်သည်။
”စာလုပ်ထားတဲ့ ကျောင်းသား ရော၊ 
မလုပ်ထားတဲ့ ကျောင်းသားရော ဒီ စာမေးပွဲကို ကြောင့်ကြတာပဲ။ အနည်း ဆုံးတော့ 
စိတ်လှုပ်ရှားတယ်။ စိုးထိတ် နေတယ်။ အဲဒါ ကို ဖြေဖျောက်ဖို့ အတွက် မိဘတွေ၊ 
ဆရာသမားတွေက တတ်နိုင် တဲ့နည်းလမ်း နဲ့ လုပ်ပေးတာလို့ပဲ မြင်တယ်” ဟု 
လမ်းမတော် မြို့နယ်မှ အင်္ဂ လိပ်စာကျူရှင် ဆရာ ဦးဝင်းသန့်က ပြော သည်။
ဇွန်လမှ စပြီး မတ်လအထိ ဆယ် လတာ သင်၊ အံ၊ 
ကျက်မှတ်ခဲ့ရသော ကျောင်းသား များအဖို့ ဤစာမေးပွဲအခါ သမယသည် စိတ်လှုပ်ရှား 
ရင်ခုန်ဖွယ် အကောင်း ဆုံး ဖြစ် သည်။ တစ်နှစ်ပတ် လုံး စာကိုသေချာစွာ 
လေ့လာကျက်မှတ် ခြင်းမပြုခဲ့သည့်ကျောင်းသား၊ ကျောင်း သူများ 
ပင်လျှင်စာမေးပွဲ အောင်ရေးအ တွက် အားကိုး တစ်ခုခုကို ရှာစမြဲ ပင်ဖြစ် သည်။
စာမေးပွဲ အတွက် မသမာသော နည်းလမ်းကို 
ကြိုတင်ပြင်ဆင်သူ ရှိသော် လည်း ဆရာနှင့်၊ ဆွေမျိုး မိဘမောင်ဘွား 
အများစုကတော့ အစဉ်အလာ၊ ယုံ ကြည်မှု အရ ယတြာချေမှု ကို ပြုလုပ်ပေး 
လေ့ရှိကြသည်။ ထို့ကြောင့်ပင် ဆယ် တန်းစာမေးပွဲ ဖြေခါနီး လာသည်နှင့် အမျှ 
ဘုရားစေတီများ၊ ဘုန်းကြီးကျောင်း များတွင် လူအထူး စည်ကားနေ တတ် သည်ကို 
တွေ့ရမည်။
”အခု ရက်ပိုင်း အတွင်းမှာ ပွဲထိုး 
ဖို့ကန်တော့ပွဲ ရောင်းရတာ အရင်နေ့တွေ ထက် ၃ ဆလောက်ကို ပိုရောင်းလာရ တယ်”ဟု 
ဗိုလ်တထောင် ဘုရားဝင်း အ တွင်းမှ ကန်တော့ပွဲ အရောင်းဈေးဆိုင် ပိုင်ရှင် 
တစ်ဦးက ပြောသည်။ ထို့အတူ ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ရွှေဘုန်း ပွင့်စသော 
စေတီပုထိုး များရှိ နတ်နန်း များတွင် ဆယ်တန်း စာမေးပွဲဖြေမည့် ကျောင်းသား၊ 
ကျောင်းသူများ အတွက် ယတြာချေ လှူဒါန်းထားသော အုန်းပွဲ၊ ငှက်ပျောပွဲ 
တို့ဖြင့် ပြည့်နှက်နေသည် ကိုတွေ့ရပါသည်။
အလားတူပင် ရပ်ကွက် အတွင်း ဈေးများ၌လည်း 
အောင်သပြေရွက်၊ နှင်းဆီ၊ ခရေ အစရှိသော နေ့နံအလိုက် ယတြာချေ ရမည့် 
ပစ္စည်းများ ရောင်း အားက တိုးတက်နေ သည့် ကာလလည်း ဖြစ်သည်။
”ဒါကတော့ ရှင်းပါတယ်ဗျာ။ ဘုရားဟောထားတဲ့ 
ကံ၊ ဥာဏ်၊ ဝီရိယ သုံးပါးညီမှ အောင်မြင်မယ် ဆိုတာကို ဒီ ခေတ်လူတွေ 
သိလာကြလို့ပေါ့” ဟု ဗေဒင်ပညာရှင် စံဇာဏီဘို က မှတ်ချက် ပြုသည်။ အကြောင်း 
သုံးပါးလုံး ညီညွတ် မှုရှိမှသာ အောင်မြင်မည် ဟူသော ဘုရားဟော တရားတော် 
အတိုင်း ဆယ် တန်းဖြေဆို မည့် ကျောင်း သူ၊ ကျောင်း သားများ ဘုရားသွား 
ယတြာချေခြင်း သည် လုပ်သင့် လုပ်ထိုက်သော အလုပ် တစ်ခုဖြစ်သည်ဟု ၄င်းကဆိုသည်။
”တစ်နှစ်လုံး ကျက်မှတ်လာခဲ့ပြီးပြီ။ 
မိဘတွေက တတ်နိုင်သလောက် ပံ့ပိုး ပြီးပြီ။ အခုနောက်ဆုံး အနေနဲ့ ကံကို 
မြှင့်တင်ဖို့ ကလေးတွေ ဘုရားသွား၊ အလှူ လုပ်တာ ဘာ အပြစ်ပြောစရာ လို လဲ”ဟု 
စံဇာဏီဘိုက ဆိုသည်။
ဆယ်တန်း စာမေးပွဲသည် ကျောင်း 
သားလူငယ်များ၏ အနာဂတ် တစ်ဆစ် ချိုးကို ဖန်တီးနိုင်သည့် အခြေအနေမို့ 
အလွန်တရာ အရေးကြီးသည့် ကာလ လည်းဖြစ်ရာ ဥာဏ်၊ ဝီရိယ မည်မျှပင် အားထည့် 
ထားသည် ဆိုစေ ကံအ ကြောင်း ကောင်းရေး အတွက် မိဘ၊ ဆရာများက တတ်စွမ်းသည့် ဘက် 
မှ ဖြည့်ဆည်းပေးနေ ကြခြင်း ဖြစ် သည်။
လှိုင်သာယာ မြို့နယ် မီးခွက်ဈေး အနီးမှ 
”ရတနာ” ကျူရှင်ကျောင်းတွင် လည်း စာမေးပွဲဖြေမည့် ကျောင်းသား၊ ကျောင်းသူများ
 အတွက် ယတြာချေခြင်း၊ အလှူလုပ်ခြင်း ကို နှစ်စဉ် လုပ်ဆောင်ပေး နေသည်ဟု 
ကျူရှင် တည်ထောင်သူ ဆရာမကြီး ဒေါ်နွယ်နွယ်ဝင်းက ပြော သည်။
”ဆယ်လလုံးလုံး အပြင်းအထန် လေ့ကျင့်ပေး 
ခဲ့တယ်။ သူတို့ရော ကိုယ် တွေပါ ပင်ပန်းတယ်။ ဒါကတော့ နောက်ဆုံး အနေ နဲ့ 
ကံကိုပြင်တဲ့ သဘော ပါ” ဟု ဒေါ်နွယ်နွယ်ဝင်း က ပြောသည်။
ကံ၊ ဥာဏ်၊ ဝီရိယအကြောင်း သုံး ပါးညီမှ 
အောင်မြင်မည်ဖြစ်ရာ ကြိုးစား အားထုတ်မှု မရှိခဲ့သောသူအဖို့ မည်မျှ ယတြာချေ 
စေကာမူ အောင်မြင်ရန် အကြောင်း မရှိဟု ယုံကြည်ကြောင်း သူမက ပြောသည်။ 
သို့သော် ယတြာချေ အလှူပေးခြင်းကြောင့်၊ ကျောင်းသား၊ ကျောင်းသူများ 
စာမေးပွဲခန်း သို့အဝင် တွင် စိတ်လုံခြုံမှု တစ်စုံ တစ်ရာ ရစေ လိမ့်မည်ဟု 
သူမက ယူဆ ထားသည်။
”ဘာပြောပြော စာမေးပွဲကို ကျောင်းသား 
အများစုက လန့်ကြတာပဲ။ ဒီလိုအချိန်မှာ ယတြာချေတာ ခေါ်ခေါ် ဘာခေါ်ခေါ်ပေါ့ 
ဘာသာတရား နဲ့ နှီး နွယ်တဲ့ နည်းတွေက သူတို့ကို စိတ်ဓာတ် ခွန်အားတစ်ခု 
ဖြစ်စေပါလိမ့်မယ်”ဟု သူမက သုံးသပ်သည်။
ယတြာချေခြင်း တစ်ခုတည်းဖြင့် အလုံးစုံ 
ပြီးမြောက် အောင်မြင်မည် မဟုတ်သည်ကို ဗေဒင်ယုံသူရော မယုံ သူပါအများစု 
လက်ခံထားကြပေလိမ့် မည်။ သို့နှင့်တိုင် ”ယတြာကောင်းရင် မင်းလောင်းဖြစ်တယ်” 
ဟူသော သဘော အရ ရေနစ်သူ အတွက် ကောက်ရိုးမျှင် သဖွယ်အဖြစ်လည်း ယတြာသည် နေ့စဉ်
 လူမှုဘဝတွင် ကျယ် ကျယ်ပြန့်ပြန့် ပါဝင် အမြစ်တွယ် နေသည်ကိုလည်း တွေ့ရ သည်။
ရန်ကုန်မြို့လယ် ဆူးလေဘုရားရှိ ဆူးလေ 
ဘိုးဘိုးကြီးရှေ့တွင် ပုဆစ်တုပ် ထိုင်ရင်း အမျိုးသမီးကြီး တစ်ဦးက တ 
တွတ်တွတ်ရွတ် ဖတ်ဆုတောင်းနေပါ သည်။ ဥာဏ်ထိုင်း သည့်အပြင် တစ်နှစ် 
ပတ်လုံးလိုလို ကျန်းမာရေး ချူချာနေ သော သားဖြစ်သူ အတွက် တစ်စုံတစ် ရာ 
အထောက်အကူ ဖြစ်လိုဖြစ်ငြား အားကိုးရာ ရှာခြင်းဟု ဆိုပါသည်။
 ”အင်္ဂါသားလေးအတွက် ကန် တော့ပွဲနဲ့ ပသပါတယ်။ ဘိုးဘိုးကြီး မစတော်မူပါ”ဟူ သူမကရွတ်ဖတ် ဆု တောင်းနေပါသည်။
ကျော်ရဲလင်း
ပေါ်ပျူလာဂျာနယ်မှ... 
No comments:
Post a Comment