အမ်အေ ၄ အမ်ကေ ၂ ချေမှူန်းရေးရိုင်ဖယ် ဗုံးပစ်လောင်ချာတွဲ(၅.၅၆ မီလီမီတာကျည်ဆံ +၄၀ မမ ဗုံးသီး)
နိုဝင်ဘာ(၂၄)
ယခင်က အစ္စရေးတပ်မတော်သုံး galil rifle
များကို အတုယူပြီးထုတ်လုပ် သည်ဟု ပြော ဆိုနေသော မြန်မာ့တပ်မတော်(Myanmar
Army-MA)စီးရီး လက်နက်များ အထဲမှ လက်နက်ငယ်များအား
တရုတ်နိုင်ငံတပ်မတော်သုံး QBZ ဒီဇိုင်းများဖြင့် ထွက်ရှိလာပါတယ် ။ ၄င်းQBZ
များသည် Bullpup(မောင်းခလုတ်
နောက်တွင်ကျည်အိမ်နှင့်မောင်းပြန်စစ်စတမ်တပ်ဆင်ထားသော)
သေနတ်အမျိုးအစားဖြစ်ပြီး သေနတ်အား ရင်ခွင်ထဲပိုက်ထားသကဲ့သို့
ဖြစ်နေမည်ဖြစ်ပြီး သေနတ်ပြောင်းရမ်းခါမှူကို သက်သာစေမှာဖြစ်တဲ့အတွက်
ထိရောက်မှူပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်လို့
လက်နက်ငယ်ဆိုင်ရာကျွမ်းကျင်သူ အရာရှိ တစ်ဦး မှ ပြောပါတယ် ။