
ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် (၀ဲမှ ယာ) အောင်မြင့်မြတ်(ခ)ဂျိုးကြီး (ဘ) ဦးသန်းဦး၊ ရဲဝင့်သူ(ဘ)ဦးသိန်းထိုက်၊ လဖီး(ခ)ကျော်သီဟထွန်း (ဘ) ဦးမြင့်ခိုင်၊ အကော(ခ) ထက်ခေါင်ထွန်း (ဘ) ဦးထွန်းအောင်၊ ဒီးဒီး(ခ) ကျော်ဇင်ဝင်း(ဘ) ဦးထွန်းအောင်၊ ဖက်တီး(ခ)ချမ်းမြေ့သူ(ဘ) ဦးတင်ဦး၊ ဇော်ထွေးဦး(ဘ) ဦးသာဌေး၊ ဇင်ရဲထက်(ခ)မျောက်ကြီး (ဘ)ဦးသိန်းဇော်၊ သက်ဖုန်းခိုင် (ဘ) ဦးဇော်ဝင်းတို့အား တွေ့ရစဉ်
မန္တလေး ကျုံးဘေးတွင် ညပိုင်း၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက်အရွယ် လူငယ်ကိုးဦးကို ရဲတပ်ဖွဲ့မှ သြဂုတ် ၂၂ ရက် ညပိုင်းက ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။





