သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 23 August 2013

သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်


 မော်လမြိုင် ၊ ၂၃-၈-၂၀၁၃

မော်လမြိုင် မြို့တွင် ယမန်နေ့ ညနေ ၄ နာရီ အချိန်က သံလွင်မြစ်ရေ စိုးရိမ်ရေ အမှတ်ထက် ကျော်လွန်၍ မော်လမြိုင် မြို့ ကမ်းနားလမ်း တစ်လျှောက် ၊ ဒိုင်းဝန်ကွင်း ၊ လှိုင် ၊ သာယာအေး ၊ ဇေယျာသီရိ ၊ မုပွန်မြို့ သစ်ဝိုင်း ၊ ကျောက်တန်း ရပ်ကွက် ၊ မောင်ငံရပ် ၊ ဘိုကုန်း ရပ်ကွက်များ တွင် ရေများလျှံ၍ အိမ်၏ အောက်ပိုင်းနှင့် တချို့ ကမ်းနားရှိ တဲများ ယိမ်းယိုင် ခဲ့ကြောင်း သိရသည်။ ကမ်းနားလမ်း တစ်လျှောက် ကားလမ်းများ ရေကျော်ခဲ့ ရာတွင် ဒေသခံ တစ်ဦးက " 



ကျွန်တော် မော်လမြိုင်မှာ နေလာတာ ၄၂ နှစ်ရှိပြီ တစ်ခါ ဒါမျိုး ရေတက်တာ တွေ့ဖူးတယ် ၊ လပြည့်ကျော် ၃ ရက်ဆိုရင် မြစ်ကမ်းနားမှာ ရှိတဲ့ အိမ်တွေ တစ်ဝက်လောက် ရေနစ်မြှုပ် နိုင်တယ် ၊ ဒါကြောင့် မြစ်ကမ်းနား မှာရှိတဲ့ အိမ်တွေ ရေတက်ချိန်တွင် ရေဘေးလွတ်ရာ သို့ ရှောင်နေ သင့်တယ် .... " ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်