သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 23 August 2013

ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ဒုက္ခသည် ၃၀၀၀၀ ကျော် အီရတ်နိုင်ငံသို့ ထွက်ပြေး


 E.M.G
ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ယခုရက်ပိုင်းအတွင်း အီရတ်သို့ ၀င်ရောက်လာသူပေါင်း ၃၀၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သြဂုတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။


ဝင်ရောက်လာသူများတွင် ဆီးရီးယားမြို့တော် ဒမတ်စကတ်နှင့် အလက်ပိုမြို့များမှ ပါဝင်ပြီး ၎င်းတို့အတွက် နေရာထိုင်ခင်းနှင့် အသုံးအဆောင်များပေးရန် အခက်အခဲ ကြုံတွေ့နေရကြောင်း UNHCR က ဆိုသည်။ သြဂုတ် ၁၅ ရက်မှ စတင်၍ အီရတ်သို့ ၀င်ရောက်လာသည့် ဆီးရီးယား နိုင်ငံသားများတွင် ကာ့ဒ်လူမျိုး အများစုပါဝင်ပြီး ကာ့ဒ်တပ်ဖွဲ့များနှင့် ဂျီဟတ်တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများ၊ စီးပွားရေး ပျက်စီးသွားမှုတို့ကြောင့် ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သြဂုတ် ၁၉ ရက်က အီရတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသသို့ ၀င်ရောက်ခဲ့သည့် ဆီးရီးယားနိုင်ငံသား ၅၀၀၀ ခန့်ရှိခဲ့ကြောင်း UNHCR က ထုတ်ပြန်ခဲ့သည်။

ဒုက္ခသည်များအား အီရတ်နိုင်ငံ၊ ကာဒစ်စတန်ဒေသရှိ ဒုက္ခသည် စခန်းများသို့ ပို့ပေးရန် ကုလသမဂ္ဂက ထရပ်ကားအစီး ၇၀၊ ရွက်ဖျင်တဲအလုံး ၂၁၀၀၊ ယာယီပစ္စည်း သိုလှောင်ရုံနှစ်ခုနှင့် ရေဘူးများကို ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရွှေ့ပြောင်းလာသည့် ဆီးရီးယားနိုင်ငံသား အရေအတွက်သည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက တူရကီနိုင်ငံသို့ ထွက်ပြေးခဲ့သူ ၉၀၀၀ နောက်ပိုင်း အများဆုံး အရေအတွက် ဖြစ်သည်။

ယခု နောက်ဆုံးစာရင်း မကောက်ယူမီအထိ အီရတ်နိုင်ငံအတွင်း မှတ်ပုံတင်ထားသော ဆီးရီးယားဒုက္ခသည် ၁ ဒသမ ၉ သန်းခန့်ရှိပြီး အများစုမှာ ကာ့ဒ်လူမျိုးများဖြစ်ကြောင်း ကုလသမဂ္ဂ၏ စာရင်းများတွင် ဖော်ပြထားသည်။ ပြည်တွင်းစစ်ကြောင့် ဆီးရီးယားနိုင်ငံတွင်းမှ ထွက်ပြေးရသူပေါင်း ၁ ဒသမ ၉ သန်းကျော် ရှိသွားပြီဖြစ်ရာ လက်ဘနွန်၊ ဂျော်ဒန်နှင့် တူရကီနိုင်ငံများသို့ အများဆုံး ၀င်ရောက်ခဲ့ကြသည်။

Ref:AFP

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်