အတွက် ကျနော်အွန်လိုင်းပေါ်မှာလျှောက်သွားရင်း ကိုဇော်ဇော်ဘာသာပြန်ရေးသော နည်းပညာ တခု ခွင့် အား၎င်းထံ ခွင့် တောင်းပြီး ကူးယူတင်ပြ လိုက်သလို.... ယခုကျနော်လက်ရှိ သုံးနေသော လက်တော့ စက်အမျိုးစားwindow7 ASUS i5 ဖြစ်ပြီး ကိုဇော်ဇော်ရေးသားတာမှန်ကန်ပါကြောင်း ထပ်ဆင့် ကျနော်လည်း i5 စက်အားလေ့ လာရင်း ၄င်းရေး သားချက်များတင်ပြလိုက်ပါတယ်
၊ကိုင်းလေ့ လာလိုက်ကြရအောင်...
လက်ရှိကျနော် သုံးနေသောစက် Window 7 ဖြစ်ပြီးနမှုနာဖြစ် အောက်ပါအချက်လက်များဖတ်ရှု့ နိုင်ပြီး
အားသာချက်မှာ Speed မြန်နှုံးကောင်းပြီး..Photoshop Cs -Video Eduction Create လုပ်ဆောင်ရာတွင်
အဆင်ပြေခြင်း... 
အားနည်းချက်မှာ ဇော်ဂျီဖောင့် ကို Type သော်၎င်းRead သော်၎င်း ခက်ခဲရခြင်း Window Xpလောက် Accept
မဖြစ်ရခြင်း အွန်လိုင်းပေါ်မှ တော်ရုံဆော့ ဖ်ဝဲလ်များဒေါင်းယူရခက်ခဲခြင်း..မှုယင်းCD ဆော့ဖ်ဝဲလ်မှသာ
Install လုပ်၍ရခြင်း..ဘက္ထရီအားအကုန်မြန်ခြင်း ...........
ထိုအကြောင်းရာများနှင့် ပါတ်သက်၍လည်း Window Xp အားသာချက် Window 7 အားနည်းချက် အကြောင်း 
     Name          i 5 ASUS 
     Memoery Hd   500 GB RAM: 8.00 GB
Graph: 2 GB
Processor Intel(R)Core(TM)i5-2430M CPU
@2.40GHz 2.40GHz
System type 64-bit Operation System
ကျွန်တော်တို့ဆိုဒ်မှာ  အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊  ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း  ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ  သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို  ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း  လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို  အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ  အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့  မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား  ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။  ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ  မတက်နိုင်သေးသောကြောင့်ပါ....:D
Core  i3 , core i5 , core i7 အကြောင်းမပြောခင်  core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture ,  code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ  ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….
Core  i series Architecture
Core  i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture  ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး  ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ  စပြီးထုတ်ခဲ့ပါတယ်..
Core  i series code name
Core i series code name များမှာ
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy  bridge(Desktop),
8.Sandy  bridge(moblile)  တို့ဖြစ်ကြပါတယ်။
Core  i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code  name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale  တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name  တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile)  တွေဖြစ်ပါတယ်..
Core  i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core  အရေ အတွက်ပါဝင်မှု
2.Thread  အရေအတွက်
3.Cache  ပါဝင်မှု ပမာဏ
4.  Turbo Boost Technology
5.  Smart Cache
6.  QPI
7.Hyper-threading  technology
1.Core  အရေအတွက်
Core  ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ  တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread  အရေအတွက်
Thread  ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု  စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache  ပါဝင်မှု ပမာဏ
Cache  ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor  ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4.  Turbo Boost Technology
5.  Smart Cache
Smart  cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း  လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6.  QPI (Quick Parth Interconnect)
QPI  ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်..  north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား  တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး  လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI  ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း  ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..
7.Hyper-threading  technology
Nehalem  microarchitecture based
Core  i3
ပထမဆုံး  Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင်  သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ  ထုတ်လုပ်ခဲ့ပါတယ်..
Core  i5
Nehalem  ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ  စတင်သုံးစွဲခဲ့ကြပါတယ်..
Core  i 7
Nehalem  ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ  စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield  ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale  တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem  architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor  series တွေဖြစ်ပါတယ်..
Sandy  Bridge microarchitecture based
Core  i3
Sandy  bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့   sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို  ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..
Core  i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့  အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ  မှာဖြစ်ပါတယ်..
Core  i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့  အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့   ရမှာဖြစ်ပါတယ်..
အခု  ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series  processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး  ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို  အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ  ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး  ဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge  ရကြပါစေခင်ဗျာ..
 ကျနော်ရောပြီးပါတ်မွှေနေတဲ့ ဂေါ်လီပါ
No comments:
Post a Comment