ဝင်းကမ္ဘာကျော်  ဆိုက်မှ
Gmail  သုံးစွဲနေကြတဲ့ လူတိုင်းအတွက် ရည်ရွယ်ပြီး ကိုယ့်ရဲ့ Gmail ကို ပိုမို  အစွမ်းထက်စေဖို့နည်းလမ်းတွေ ရေးခဲ့ ဘူးပါတယ်။ အခုတစ်ခေါက်မှာတော့  အရင်နည်းလမ်းအဟောင်းတွေထဲက အကောင်းဆုံး လျှို့ဝှက်ချက်တွေကိုရော၊  အသစ်ထက်မံထွက်ပေါ်လာနေတဲ့ လျှို့ဝှက်ချက်လမ်းညွှန်မှုတွေကိုရော၊  စွမ်းရည်အပြည့်စုံဆုံးနဲ့ user ကိုစိတ်ကြိုက်ဖြစ်အောင် အကုညီနိုင်ဆုံး  အကြံပြုချက်တွေကိုပါ ပေါင်းစုံပြီး tips,tricks extensions, desktop program တွေနဲ့  Mac user တွေအတွက်ပါ သုံးနိုင်တဲ့နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။
Gmail ကိုသုံးစွဲတဲ့နေရာမှာ အကောင်းဆုံးကတော့ Firefox browser ပဲဖြစ်ပါတယ်။ ‘opera’ ဟာ Gmail ကိုမြန်မြန်ဆန်ဆန် ဖွင့်လှစ်ပေးနိုင်ပေမယ့် ပိုမိုထူးကဲတဲ့ ထပ်ဆောင်း အရည်အချင်းလေးတွေဖြစ်တဲ့ (add-on) တွေကိုတော့ ပေါင်းထဲ့ သုံးစွဲလို့မရပါဘူး။ အဲဒီ အတူ IE 6.0 IE 7.0 ဟာလည်း Gmail ကို standard view ဖွင့်ပေးနိုင်တယ် ဆိုပင်မဲ့ လိုအပ်ချက်တွေအများအပြား ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် Gmail ကိုသုံးစွဲမယ်၊ email ပို့မယ်၊ chat ပြောမယ် ဆိုတဲ့ user တွေဟာ Gmail နဲ့ပက်သက်တဲ့ တခြား program လေးတွေကို အထိုက်အလျှောက်သိနေသင့်ပါတယ်။ Gmail ကို ပိုမို တင့်တယ်ပြီး လွယ်ကူချောမွေ့စေအောင် ဆက်သွယ်ပေးနေတဲ့ လိုက်ဖက်ညီအတွဲ ပရိုဂရမ်တွေ တခ်ျို့တလေရှိနေပါတယ်။ Fire-fox browser ကတော့သိပြီး ဖြစ်ကြပါလိမ့်မယ် ။ Grease Monkey (Script Manager) ဟာ add-ons တွေကို လက်ခံနိုင် ၊ ဖြုတ်ပစ်နိုင်တဲ့ ၊ add-oncontrol panel လေးတစ်ခုဖြစ်ပါတယ်။ Scripts တွေကို သူ့ရဲ့ ကိုယ်ပိုင် inbox ကလေး တစ်ခုထဲမှာသိမ်းဆည်းပေးထားပြီး မလိုချင်ရင်အလွယ်တကူ ဖြုတ်ပစ်နိုင်အောင် ဖန်တီးပေးထားတဲ့ ‘option’ tool တစ်ခုပါဝင်ပါတယ်။ Userscript (java script search engine) ကတော့ online ပေါ်မှာရှိနေတဲ့ Gmail,hotmail, browser စတဲ့ ပရိုဂရမ်မျိုးစုံအတွက် စုဆောင်းပေးထားတဲ့ scripting search engine တစ်ခုလို့ဆိုနိုင်ပါတယ်။ Userscript ဟာ sign-up လုပ်ပြီး account ရရှိပြီဆိုမှ သူ့ရဲ့ web site မှာရှိရှိသမျှ scripts လေးတွေကို install လုပ်နိုင်မှာပါ။ အဲဒီလို register လုပ်တဲ့အခါမှာ အလွန်လွယ်ကူပြီး၊ ယုံကြည်စိတ်ချရပြီး အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းလည်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Gmail account ကို သုံးစွဲနိုင်ပါတယ်။ ကိုယ်ကိုတိုင်လဲ ကိုယ်ဖန်တီးထားတဲ့ script လေးတွေကို အများပြည်သူကို share လုပ်ပေးနိုင်ပါတယ်။ တစ်ခုတော့သတိထားရဖို့ရှိတာက userscript မှာ share ပေးထားတဲ့ script လေးတွေဟာ programmer ငယ်လေးတွေကစလို့ဝ်ရငိ့ programmer ကြီးတွေရဲ့ လက်ရာတွေအထိ ပါဝင်နေတက်ပါတယ်။ ဒါကြောင့် တချို့ script တွေဟာ အမှားအယွင်းတွေရှိနိုင်ပြီး ယုံကြည်စိတ်ချရမှု ရှိချင်မှရှိပါလိမ့်မယ်။ Script တိုင်းမှာတွေ့ရတက်တဲ့ ‘comments’ တွေကို အရင်ဆုံးဖတ် ရှုရပါမယ်။ stylelish (add.on open source) ကတော့ လူငယ် ကွန်ပျူတာပရိုဂရမ်မာတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ သူလည်း extension manager တစ်ခုဖြစ်တဲ့အပြင် ပိုပြီး ထူးခြားတာက ပရိုဂရမ်မင်း အကြောင်း နကန်းတစ်လုံးတောင် နားမလည်တဲ့ လူတွေကိုယ်တိုင် Add on အသေးစားလေးတွေ ရေးသားနိုင်အောင် ဖန်တီးပေးထားပါတယ်။
အဲဒီ အဓိကဇာတ်ကောင်လေးမျိုးကို အရင် ရယူထားရပါလိမ့်မယ်။ home user သမားတွေအတွက်ပဲဖြစ်စေ ၊ cybercafe user တွေအတွက်ပဲဖြစ်စေ အဲဒီ လေးမျိုးစလုံးဟာ အလွယ်တကူ install လုပ်နိုင်ပါတယ်။
1. Firefox (http://www.mozilla.org/)
2. Greasemonkey (http://www.greasespot.net)
3. Userscript (http://www.user-script.org)
4. Stylelish (http://www.userstyle.org/stylish)
Firefox ကတော့ ကွန်ပျူတာတိုင်းလိုလိုမှာ ရှိပြီးဖြစ်မှာပါ။ userscript ကလည်း Email account တစ်ခု လုပ်သလိုမျိုး register လုပ်ရတာမျိုး ဖြစ်တဲ့အတွက် မခက်ခဲလှပါဘူး ။ Grease Monkey နဲ့ stylelish ကတော့ တည်ဆောက်ပုံ အတူတူဖြစ်ပြီး install လုပ်ပုံချင်းကလည်း ခပ်ဆင်ဆင်တူပြီး လွယ်ကူပါတယ်။

Grease  Monkey
၁။  browers bar ‘http://www.grease-monkey.net’  လို့ရိုက်ပါ။
၂။ grease monkey ရဲ့ မိခင် home page ကျလာပါလိမ့်မယ်။ ညာဘက်အလယ်ထောင့်မှာ download greast monkey’ ကို click နှိပ်ပါ။
၃။ firefox ရဲ့ add-ons page အတွင်းကို ပြန်ရောက်သွားပြီး page တစ်ခုပေါ်လာပါလိမ့်မယ်။ Install လုပ်မလားလို့လည်းမေးပါလိမ့်မယ်။
၎။ ‘install’ button လေးကို click နှိပ်ပါ။
၅။ Install လုပ်ချိန် တစ်မိနစ်သာ ကြာမြင့်ပါလိမ့်မယ်။
၆။ ပြီးရင် browers ကို restart ပြန်လုပ်ဖို့ command ပေးပါလိမ့်မယ်။ (ဒါမှမဟုတ်ရင်လည်း close button နဲ့ browser ကို ခဏ ပိတ်လိုက်ပါ။)
၇။ ခဏပိတ်လိုက်ပြီးတာနဲ့ browser ကိုပြန်ဖွင့်ပါ။ ’statusbar’ ရဲ့ ညာဘက်ထောင့်မှာ ‘grease monkey’ icon သေးသေး ကလေး တွေ့ရပါလိမ့်မယ်။ အဲဒီ မျောက်ကလေးပြုံးနေတဲ့အချိန်ဟာ ‘add -ons’ တွေအသက်ဝင်နေပြီး (enabled) ၊ မျောက်ကလေးမဲ့ နေခဲ့ရင်တော့မတော်တစ ခလုပ်မှားနှိပ်မိလို့ (disabled) အသက်မဲ့နေတာပါ။ အဲဒီလို enabled / disabled လုပ်ဖို့ဟာ သိပ်လွယ် ပါ တယ်။ မျောက်ငယ်လေး icon ပေါ်ကို click နှိပ်လိုပ်ရုံနဲ့ကိုရပါမယ်။
၈။ Grease Monkey ရဲ့ Manager control ကို menu bar မှာသွားကြည့်နိုင်ပါတယ်။ ‘option menu’ ကို click နှိပ်လိုက်တဲ့အခါမှာ ပေါ်လာတဲ့ box ထဲကနေ Add-ons ကိုရွေးပါ။ ပြီးတော့ ‘Manage scripts’ ကို Click နှိပ်ပါ။
၉။ Grease Monkey ရဲ့’ Mabnager’ box ကိုရောက်ရှိပါပြီ။
A. ဘယ်ဘက် panel မှာတော့ add -ons တွေရဲ့ ခေါင်းစဉ်၊ အမည်တွေရှိပါတယ်။
B. ‘Edit’ ကို Click နှိပ်ရင်း system ထဲမှာရှိတဲ့ ‘*.js’ file တွေရှာဖွေပေးမယ့် explore box ကျလာပါမယ်။
C. included pages ဆိုတာဟာ တကယ်လို့ ကိုယ် install လုပ်လိုက်တဲ့ add-ons အတွက်လုပ်ဆောင်ပေးမယ့်လိပ်စာကို ပြထား တာ ပါ။
D. unistall ကတော့ မလိုတာတွေကို select ပေးပြီး အလွယ်တကူဖျက်ထုတ်နိုင်ပါတယ်။
၁၀။ နောက်တစ်ခါတွေမှာ ‘userscripts’ ကနေဖြစ်စေ၊ တခြားနေရာတွေကဖြစ်စေ၊ script တစ်ခုကို install လုပ်လိုက်တဲ့အခါမှာ (အဲဒီ script တွေဟာ (.js) extentions တွေနဲ့ဆု့းပါလိမ့်မယ်။) ဒီ ‘Manage control’ ထဲကိုရောက်ရှိပါလိမ့်မယ်။

Stylelish
Stylelish  ဟာ ‘add-ons’ တွေနဲ့ ‘extensions’ တွေကို manager သဘောမျိုးလက်ခံပေးနိုင်တဲ့အပြင်  ကိုယ်ကိုတိုင် extension အသေးစားလေးတွေ တည်ဆောက်ဖန်တီးနိုင်ပါတယ်။
၁။ address bar မှာ http://userstyles.org/stylish လို့ရိုက်ပါ။
၂။ Grease monkey လိုမျိုးပါပဲ။ Stylish ရဲ့ home- page ပေါ်လာပါလိမ့်မယ်။
၃။ ထိပ်ဆုံးစာကြောင်းမှာရှိနေတဲ့ ’stylish 0.5.2 is abailable for download at addons mozilla.org’ ကိုဆိုတဲ့စာကြောင်းကို cilck နှိပ်ပါ။ Firefox add- ons box ထဲကိုရောက်သွားပါမယ်။ ပြီးရင် install လုပ်လိုက်ပါ။ browser restart ပြန်လုပ်ပါ။
၎။ status bar ရဲ့ အောက်ခြေစာရွက်ဖြူပေါ်မှာ ကလောင်တံလေးနဲ့ icon လေး တွေ့ရပါလိမ့်မယ်။
၅။ install လုပ်ပြီးရင် အဲဒီ add-ons စာမျက်နှာကို မပိတ်ဘဲဆက်ကြည့်မယ်ဆိုရင် ‘install now’ button ရဲ့ အောက်ခြေ development comment ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲဒီမှာရှိတဲ့ code ဟာ ဒီလိုဖြစ်ပါလိမ့်မယ်။
*{
color: blue important;
}
၆။ status bar မှာရှိတဲ့ stylish icon ကို click နှိပ်ရင် manage styles ပေါ်လာပါမယ်။ write ကို click နှိပ်ပါ။ stylish ရဲ့ control ထဲရောက်ပါမယ်။ အခုန coad ကို click လုပ်ပါ။ add style ထဲမှာ color နေရာမှာ’black’ လို့အစားထိုးပြီး save လုပ်ပါ။ descriptions ဆိုတဲ့နေရာမှာ page ရဲ့web address ကိုရိုက်ပါ ။’www.google.com’ ပြီးရင်ကိုယ်ပိုင် add-ons တစ်ခု ရရှိပါပြီ။ အခုအခ်ျိန်မှာစမ်းသပ်ကြည့်မယ်ဆိုရင် google ရဲ့ home page မှာ ရှိသမျှ အပြာရောင်တွေဟာ အနက်ရောင်ပြောင်းနေပါလိမ့်မယ်။ ဒါဟာအလွယ်ကူဆုံးနမူနာတစ်ခုမျှသာ ဖြစ်ပါတယ်။
add -ons တွေကို browser မှာနောက်တစ်မျိုး ကြည့်လို့ရတဲ့နေရာတစ်ခုက options > add- ons ကနေ ကိုယ် install လုပ်ထား ခဲ့သမျှ add-ons တွေကို အကုန်လုံး ကြည့်လို့ ရပါတယ်။
‘add-ons’ တွေမှာ ‘.xpi’ ‘.js’ ဆိုပြီး နှစ်မျိုးရှိပါတယ်။ ‘.xpi’ ကတော့ ‘add-ons’ အစစ်ဖြစ်ပြီး browser ပေါ်မှာ run ဖို့အတွက် တည်ဆောက်ထားတဲ့ အဓိကအထောက်အပံ့ တစ်ခုဖြစ်ပြီး ‘.js’ နဲ့ အဆုံးသတ်တဲ့ add-ons တွေကတော့ java script နဲ့ရေးထားပြီး browser ပေါ်မှာလာဖွင့်တဲ့ webside တစ်ခုချင်းစီ အတွက်ရည်ရွယ်ပါတယ်။ ရေးသားထားတဲ့ နည်းပရိယာယ်တွေဟာ လွယ်မယောင်နဲ့ ခက်နေတယ်ဆိုရင် (.xpi) ကို browser အတွက် ၊ (.js) ကို website အတွက်ဆိုပြီး အကြမ်းဖျင်း မှတ်သားထားနိုင်ပါတယ်။
Gmail ဟာ open-source အမည်ခံပေမယ့် developer တွေကို programming source code တ၀က်လောက် ဖွင့်ဟပေးထားတဲ့ အတွက် Gmail နဲ့ ပူးတွဲ သုံးစွဲမယ့် browser အတွက်ရော၊ Gmail inbox အတွင်းထဲကိုပါ အကောင်းဆုံး အရည်အချင်းတွေ ရရှိစေ နိုင်ဖို့ ၀ိုင်းဝန်း ထောက်ပံ့ ကြတဲ့ add-ons တွေက မရေမတွက်နိုင်အောင် ရှိနေပါတယ်။

Gmail  manager
လူတစ်ယောက်မှာ  Gmail account နှစ်ခု ၊ (ဒါမှမဟုတ်) သုံးခုရှိတယ် ဆိုပါဆို့၊ အဲဒီိလို အခါမျိုးမှာ  မတူညီတဲ့ mail account တွေကို စစ်ဆေးချင်တဲ့အခါမှာ account တစ်ခုကိုဖွင့်လိုက် ၊  ပိတ်လိုက် လုပ်နေစရာမလိုပဲ တစ်ကြိမ်တစ်ခါတည်းနဲ့ Gmail account  တွေကိုစစ်ဆေးချင်တဲ့အခါမျိုးမှာ Gmail manager ဟာသိပ်ကိုအသုံးဝင်ပါတယ်။
ဥပမာ မောင်မောင် ဆိုတဲ့  လူတစ်ယောက်ဆိုပါတော့ မောင်မောင် @ gmail .com, မောင်မောင် မိသားစုအတွက် @ gmail .com, နဲ့မောင်မောင် စီးပွားရေးလုပ်ငန်းအတွက် @ gmail .com, email သုံးခုစလုံးကို တစ်ပြိုင်နက်တည်း scree တစ်ခုတည်းမှာ (Firefox ရဲ့ ‘open tab’ သုံးခုဖွင့်လစ်ပြီး ) ဟိုဘက် ၊ ဒီဘက် mail စစ်ဆေးလို့ ရနိုင်ပါတယ်။
၁။ address bar https://addons.mozilla.org/en-US/firefox/addon/1320 လို့ရိုက်ပါ။
၂။ ဖိုင်အရွယ်အစား 100kb သာရှိပြီး အလွန်မြန်မြန်ဆန်ဆန်နဲ့ installn လုပ်လို့ရနိုင်ပါတယ်။
၃။ ပြီးရင် Firefox>tools>addons ကနေ တစ်ဆင့် Gmail manager (.xpi) extension version(0.5.9)
၎။ extension တွေ စုပေါင်းထားတဲ့ box ကြီးထဲမှာ Gmail manager တွေ့ရပြီဆိုတာနဲ့ Option ကိုကလစ်နှိပ်ပြီး ညွှန်ကြား နိုင်ပါ တယ်။
၅။ Browser ရဲ့ status bar ကိုကြည့်မယ်ဆိုရင် Gmail manager icon ကလေးပေါ်နေတာ တွေ့ရပါလိမ့်။
၆။ account တွေကိုလက်ခံနိုင်ဖို့အတွက် account တစ်ခုချင်းစီရဲ့ name နဲ့ paddword တွေကို မှန်မှန်ကန်ကန် ဖြည့်စွပ်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။
၇။ ပထမဆုံးအနေနဲ့ ‘All account settings’ မှာ Add ကို click နှိပ်ပါ။ Gmail ရဲ့ ပထမ account ဖြစ်တဲ့ (ပင်ကို account) mgmg account ကို username နဲ့ password ဖြည့်ပါ။ ပြီးရင် ဒုတိယ account မောင်မောင်မိသားစု အတွက် account ကို password နဲ့ user name ဖြည့်ပါ။ ပြီးရင် တတိယ account ကိုလည်း ဖြည့်စွက်ပါ။
* တကယ်လို့ ’startup’ option မှာရှိတဲ့ check box ကိုသာအမှန်ခြစ်ထည့်ပေးလိုက်မယ်ဆိုရင် ကွန်ပြူတာကို ဖွင့်တဲ့အချိန်တိုင်းမှာ (အင်တာနက်ကိုအလိုအလျောက်ချိတ်ဆက်ပြီး) Gmail ကို Auto ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် အချိန်ကုန် သက်သာ ပါလိမ့်မယ်။
* မလိုချင်တဲ့ account ကိုအလွယ်တကူ ‘Remove’ လုပ်လို့ရနိုင်ပြီး secure ကိုပြည့်ဝစေဖို့လည်းညွှန်ကြားထားနိုင်ပါတယ်။
* ပြီးရင် OK ကို နှိပ်ပါ ( လိုအပ်ရင် Apply ကိုနှိပ်ပေးပါ။ )
၈။ browser ရဲ့ status bar ညာ ဘက်ထောင့်မှာ ဖြည့်စွတ်ထားတဲ့ လိပ်စာတွေ ကို တွေ့မြင်ရပါလိမ့်မယ်။
၉။ စာအိတ်အနီရောင် ‘icon လေးကို Click နှိပ်လိုက်တဲ့အခါမှာ Gmail Manager ရဲ့ function တွေပေါ်လာပါလိမ့်မယ်။ အဓိကကတော့ Main Subject နှစ်မျိုးရှိပါတယ် “ရွေးချယ်ထားတဲ့ Gmail ” ကိုဖွင့်ပေးဖို့’add’ လုပ်ထားတဲ့ account အကုန်လုံးကိုဖွင့်ပေးဖို့ နှစ်မျိုး ဖြစ်ပါတယ်။
၁၀။ account တစ်ခုချင်းစိမှာရှိတဲ့ မတူညီတဲ့ အရေအတွက်တွေ ကို ပုံမှာပြထားတဲ့အတိုင်းပြင်တွေ့ရပါလိမ့်မယ်။ ’show new mail snippets’ ဆိုတာကတော့ လက်ခံ ရရှိတဲ့ mail တွေမှာ ပါဝင်တဲ့ subject ကိုအတိုချုံးပြီး ရုပ်ရှင်ထွေလာသဘောမျိုး ပြသပေးမှာဖြစ်ပါတယ်။
၁၁။ ပြီးရင် browser မှာ ‘tab’ အသစ်တွေ ခေါ်ပါ။ တကယ်လို့ account နှစ်ခုကို တစ်ပြိုင်နက်ထဲဖွင့်ချင်ရင် ‘tab’ နှစ်ခုခေါ်ပါ။ သုံးခုဖွင့်ချင်ရင် ‘tab’ သုံးခုသုံးပါ။
၁၂။ ဒါဆိုရင် browser တစ်ခုအတွင်းမှာမတူညီကွဲပြားတဲ့ Gmail account မျိုးစုံကို Gmail manager ကို သုံးစွဲပြီး email စစ်ဆေးရင်း chatting လုပ်လို့ ရနိုင်ပါပြီ။

Gmail  This
Internet  ထဲမှာမွှေနှောက်ရှာဖွေနေရင်း တချို့သင်ခန်းစာဖိုင်ကလေးတွေကို မှတ်သားချင်တဲ့အခါ  ဒါမှမဟုတ် အရေးကြီးတဲ့ သတင်းမှတ်စုတွေကို မပျောက်ပျက်အောင်  ထိန်းသိမ်းချင်တဲ့အခါမှာ Gmail This extension ဟာ အလွန်အသုံးဝင်ပါတယ်။
၁။ browser မှာ bar https://addons.mozilla.org/en-US/firefox/addon/3102 ရိုတ်ပါ။
၂။ extension ကို install လုပ်ပါ။
၃။ webpage ရဲ့လိုချင်တဲ့စာသားတွေကို ‘high-light’ လုပ်ပြီး select ပေးပါ။
၎။ Gmail ထဲမှာ လျင်လျင်မြန်မြန် သိမ်းစည်းထားပြီးဖြစ်ရုံသာမကဘဲ တခြားတစ်ယောက်စီကို forword လုပ်ဖို့ အဆင်သင့်ဖြစ်နေ တာ ကို တွေ့ရပါလိမ့်မယ်။

Better  Gmail
‘Better  Gmail’ ဟာ ‘grease monkey’ script တွေကို ပေါင်းစုပြီး extension အကြီးစား  တစ်ခုအနေနဲ့ တည်ဆောက်ထားတာပါ။ script ပေါင်း ၁၀ ခု ထက်ပါဝင်ပြီး internet  ချိတ်ဆက်ထားတဲ့ ပီစီတွေကို အချိန်မှန် update ရှာဖွေပေးပါတယ်။ install လုပ်တဲ့  အခါမှာ ‘.xpi’ နဲ့အဆုံးသတ်ထားတဲ့ ‘add-ons’ ကိုတွေ့ရပါလိမ့်မယ်။ Google Reader  တွေကို import export လုပ်လို့ရတဲ့ function ၊ Gmail ကို Mac စတိုင်  တည်ဆောက်လို့ရတဲ့ screen ၊ အလွယ်တကူ ပြောင်းလဲလို့ရတဲ့ ‘fonts’ တွေနဲ့ features  မျိုးစုံတို့ ပါဝင်ပါတယ်။
extension နှစ်မျိုးရှိပါတယ်။ ပထမ version က (0.7) နဲ့ အခုထပ် ပြီးအသစ်ထွက်လာတာက (1.1) ဖြစ်ပါတယ်။ -https://addons.mozilla.org/en-US/Firefox/addon/A866 နဲ့ https://addons.mozilla.org/en-US/firefox/addon/6076 လိပ်စာနှစ်မျိုးရှိပါတယ်။ လိုချင်တဲ့ version ကိုစိတ်ကြိုက်ရယူနိုင်ပါတယ်။

Gmail  Skins
Gmail  Skins ဟာ Better Gmail ပေါ်လာပြီး တဲံ နောက်ပိုင်းမှာ တိမ်မြုပ်သွားတဲ့ add-ons  တစ်ခုပါ။ Better Gmail ကိုမကျော် သွားနိုင်ပေမယ့် သူ့မှာလည်း အလွန်ကောင်းမွန်တဲ့  အရည်အချင်းတွေရှိနေပါတယ်။ ဥပမာအားဖြင့် Gmail ထဲက inbox ရဲ့ color  ကိုစိတ်တိုင်းကျအရောင်ပြောင်းလဲနိုင်ခြင်း ၊ google ကနေ ပေးအပ်ထားတဲ့ ‘IG modules’  လို့ခေါ်တဲ့ gadget လေးတွေ၊ နာရီ၊ ရာသီဥတု ၊ အားကစားအသင်း စတာတွေကို gmail ထဲမှာ  ပေါင်းထဲ့နိုင်တာတွေအပြင်၊ picase album နဲ့ ချိတ်ဆက်ပြီး image တွေကို လိုအပ်သလို  organize လုပ်နိုင်တာ တွေဟာ သိပ်ထူးခြားပါတယ်။ ဒါ့အပြင် မလိုချင်တဲ့ lable တွေ ဥပမာ  ကိုယ့် Gmail ထဲမှာ ရှိတဲ့ ’sent’ item box, ’spam box’ စတာတွေကို  ဖယ်ထုတ်ပစ်ထားလို့ ရသလို user တွေသဘောတွေ့ကြတဲ့ funtionတစ်ခုကတော့ ‘inbox  ,chat,sent’ စတဲ့ box တွေကို Gmailကစီစဉ်ပေးထားသလို ‘အပေါ်မှအောက် ‘  ဘယ်ဘက်ခြမ်းမှာထားရှိမှုကို မကြိုက်နှစ် သက်ရင် horizontal  ပြန်လည်ပြောင်းလဲနိုင်ြ့ပီး Left to Rtght (ဘယ်ဘက်မှညာဘက်သို့)  ဒီဇိုင်းဖွဲ့စည်းခွင့်ရှိတက်တာပဲဖြစ်ပါတယ်။ Better Gmail ထက်လူကြုက်နည်းရတဲ့  အဓိကအချက်ကတော့ ဒီ add-ons ဟာ coding error တချို့ ရှိနေလို့ပဲဖြစ်ပါတယ်။
၁။ http://gmailskins.mozdev.org ဟုရိုတ်ပါ။
၂။ အောက်ဆုံးမှာရှိသော ‘Hete install’ ကို click နှိပ်ပါ။ (သို့မဟုတ်လျှင် ) https://addons.mozilla.org/en-US/firefox/addon/2127 ရိုတ်ပြီး skin add-ons ကို အလျင်အမြန်သွားနိုင်ပါတယ်။
၃။ ကိုယ့် Gmail ကို color ဒီဇိုင်းပြောင်းလဲနိုင်ပါတယ်။ better gmail လို စတိုင်လှလှကလေးတွေ မပါဝင်ပေမယ့် လက်တည့်စမ်းပြီး add-ons တွေ ရေးသားချင်တဲ့ လူငယ်တွေအဖို့တော့ ဒီ Gmail skinz အဆင့်ဟာ အငယ်တန်းပထမ အဆင့်ဖြစ်တာမို့ အသုံးဝင်မှာပါ။

Customize  google
ဒီ  add-on လေးဟာ google မှာငွေပေးပြီးတကူးတက ကြော်ငြာထားကြတဲ့  ကြော်ငြာရှင်တွေအဖို့တော့ ရင်ကွဲ ပက်လက်ဖြစ်စေ နိုင်ပါတယ်။ google search engine  မှာပဲ ဖြစ်ဖြစ် Gmail inbox အတွင်းထဲမှာပဲဖြစ်ဖြစ်၊ ရှိတတ်တဲ့ ညာဘက်ခြမ်းက  ကြော်ငြာ တွေကိုဖယ်ထုတ်ပစ်နိုင်တဲ့ ‘Add-ons’ မို့လို့ပါပဲ။ ဒါ့အပြင်မှာ ‘http..’  နဲ့ သွားရိုးသွားစဉ် လမ်းကြောင်းကို ပိုမို လုံခြုံ စိတ်ချ ရတဲ့ ‘http…’ စနစ်ကို  အလိုအလျောက်ပြေင်းပေးနိုင်တယ်။ inbox ကိုဖွင့်ဖွင့်ချင်းမှာ ‘contacts box’  ကိုအလျင်မြန် ဆုံး ဖွင့်လှစ်ပေးရုံသာသမကဘဲ ’spam-counter-box’ ကိုလည်းမမြင်၊  မကြည့်လိုသူတွေအတွက် အလိုအလျောက် ဖုံးအုပ်ပေးပါလိမ့်မယ်။ တခြားသုံးဝင်တဲ့ gunctions  တွေဖြစ်တဲ့ ‘invite ‘ နဲ့ ‘font’ control တွေကို ပိုပြီး  အစွမ်းထက်လာစေဖို့ကိုလည်းကူညီပေးပါတယ်။
၁။ http://addons.mozilla.org/en-US/firefox/addon/743 လို့ရိုက်ပါ။
၂။ ထုံးစံအတိုင်း install လုပ်ပါ။ browser ကို restart ပြန်လုပ်ပါ။ ‘add-ons’ မှာသွားရောက်စစ်ဆေးကြည့်ပါ။ ဂေါ်ဇီလာတစ်ကောင်ရဲ့ ခြေရာတွေလို logo ပုံစံကလေး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
၃။ google page ရဲ့ ညာဘက်မှာရှိတဲ့ ကြော်ငြာ page တွေကို ဖျောက်ဖျက်ပေးပြီး developer တွေအတွက် ရည်ရွယ်ပြီး ရှာဖွေခဲ့ တဲ့ ပုံရိပ် ဒါမှမဟုတ် keyword တစ်ခုကို အင်ဂျင် ၁၂ ကနေ ပူးပေါင်းရှာဖွေပေးပါတယ်။
၎။ ကြည့်ခဲ့တဲ့ page ကိုလည်း လွယ်လင့်တကူ save လုပ်ပြီး firefox ရဲ့ book mark manager ဒါမှမဟုတ် delicious ထဲကို ပေါင်း ထည့်ပေးနိုင်ပါတယ်။
၅။ မိခင် website ဖြစ်တဲ့ “http://customizegoogle.com” မှာ ဒီ add-ons ရဲ့ features တွေမှန်သမျှ ကို လုပ်ပုံလုပ်နည်းတွေနဲ့ တကွ ကြည့်ရှုလို့ရနိုင်ပါတယ်။

Gspace
Gspace  ဟာ extension တစ်ခုဆိုတာထက် software တစ်ခုဆိုရင် ပိုပြီး မှန်ပါလိမ့်မယ်။ Mac,  Linux. Window …. မတူညီ ကွဲပြားနေတဲ့ platforn မျိုးစုံအတွက် အလုပ်လုပ်နိုင်ပြီး  Gmail နဲ့ ချိတ်ဆက်ပေးပြီး online ပေါ်မှာ stroage နေရာ တစ်ခုကို ဖန်ဆင်းပေးပါတယ်။  Gmail ထဲက file တွေကိုပဲဖြစ်ဖြစ်၊ image ပုံတွေကိုပဲဖြစ်ဖြစ်၊ အလွယ်တကူ drag and  drop ဆွဲထည့်ပြီး သိမ်းဆည်းလို့ ရနိုင်ပါတယ် ။ စတင်သုံးစ အချိန်မှာ Gspace ဟာ  ခက်ခဲသရောင်ရှိပင်မယ့် tools တွေကိုသဘောပေါက်သွားတဲ့ အချိန်မှာတော့  အလွန်အားကိုးရတဲ့ add-on တစ်ခုဆိုတာသိရပါလိမ့်မယ်။
၁။ http://www.getspace.com/download.html ဟုရိုတ်ပါ ။
၂။ Window သမားတွေ အတွက် download ချခွင့် ပြုထားတဲ့ icon လေးပေါ်ကတဆင့် Click နှိပ်ပြီး download လုပ်ယူရပါတယ်။ 1MB မပြည့်တပြည့်သာရှိပြီး လွယ်ကူလျင်မြန်စွာနဲ့ပဲ brownser ‘add-ons’ box အတွင်းကို ရောက်ရှိသွားပါလိမ့်မယ်။
၃။ Gspace ဟာ ‘file transfer protcocol’ access ဖြစ်တဲ့ အတွက် ကိုယ့်ပီစီထဲမှာရှိတဲ့ file တွေကို internet ပေါ်ကို upload တင်တဲ့အခါ အလွန်မြန်ဆန်တာကို တွေ့ရပါလိမ့်မယ်။
၎။ အဲဒီလို upload တင်တဲ့ နေရာမှာတော့ ခြွင်းချက်အနေနဲ့ လုံခြုံရေး ပြည့်ဝပြီး google နဲ့ ချိတ်ဆက်ထားတဲ့ website တွေဖြစ်တဲ့ ‘you tube’, facebook စတာတွေကိုသာ လက်ခံ ပါတယ်။ ဒါကြောင့် အရင်ဆုံး အနေနဲ့ ကိုယ့် upload တင်ချင်တဲ့ web site တွေမှာ account လုပ်ထားရပါလိမ့်မယ်။
၅။ တကယ်လို့ file တစ်ခုကို transfer လုပ်ချင်ပြီဆိုရင် ‘login’ ကို click နှိပ်ပြီး password ပေးရပါလိမ့်မယ်။ ပြီးရင် ခဏ စောင့် ပေးပါ။
၆။ ပြီးတာနဲ့ ‘upone directory’ button ကို click နှိပ်ပြီး ကိုယ့်ရဲ့ ပီစီထဲမှာရှိတဲ့ attach file တွေကို Gmailထဲကို လွှဲပြောင်း ယူလို့ ရနိုင်ပါပြီ။

Gmail  Search
တစ်ခါတစ်လေမှာ၊  နေ့လယ်နေ့ခင်းတွေမှာ internet connection တွေ စုပြုံကျပ်ခဲပြီး  နှေးကွေးလွန်းနေပါလိမ့်မယ်။ အဲဒီ အချိန်မှာ ကိုယ့် Gmail box ကို  စာအသစ်တွေရောက်မရောက်ကို သိရှိဖို့အတွက် Gmail ပကလဲ ဖွင့်ရတာ အရမ်းနှေးပြီး  လိုချင်တဲ့ အဆင့်ကို မရောက်နိုင် ဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် Gmail home page ကို  လုံးဝဖွင့်ဖို့မလိုဘဲ address bar ကနေ တစ်ဆင့်ကိုယ့် Gmail မှာ စာအသစ်တွေ ရောက်၊  မရောက်ကို ဖွင့်လှစ်ကြည့်နိုင်မယ့် နည်းလမ်းအတော်များများတော့ လိုမှာပါပဲ။ ‘Gmail  search ‘ ဆိုတဲ့ extension ဟာ Gmail inbox ကို (လုံးဝ ) ဖွင့်လှစ်ဖို့မလိုအပ်ပါ။  Browser ရဲ့ ‘address bar’ ကို gmail အတွင်းမှာရှိတဲ့ ’search box’ လိုသဘောထားပြီး  အီးမေးလ် အသစ်တွေကို ရှာဖွေပေးနိုင်ပါတယ်။
၁။ “http://philwilson.org/blog/2004/12/search-your-gmail-in-firefox.html” ဟုရိုက်ပါ။
၂။ “click this link to install the gmail search engine” ဆိုတဲ့ link ကို ကလစ်နှိပ်ပြီး install လုပ်ပါ။
၃။ add search engine မှာ ပေါင်းထည့်မှာလားဆိုတဲ့ box ကလေးပေါ်လာပါလိမ့်မယ်။ Add ဟု ပြောပေးပါ။
၎။ ပြီးတာနဲ့ Gmail account ထဲကို ဝင်ပါ။ မဝင်ခင်မှာ search box မှာ ကြိုတင်ပြီး ရှာထားခဲ့မယ်ဆိုရင် gmail ထဲကို ဝင်ပြီ ဆိုတာနဲ့ ကိုယ်ရှာဖွေမယ့် Gmail တွေကိုတစ်ခါတည်းတွေ့ရ ပါလိမ့်မယ်။
၅။ တကယ်လို့ Gmail/server ကဖြစ်ဖြစ် ၊ user ကဖြစ်ဖြစ် ၊ တစ်စုံတစ်ခုမှားယွင်းသွားခဲ့ ရင် temporary Error (502) ဆိုပြီး ပြသ ပါလိမ့်မယ်။
၆။ ဒါဟာ Gmail ရဲ့ ဟိုးအရင်ကာလ1GB inbox အတွင်းမှာမပါဝင်ခဲံတဲ့ mail search အတွက် အသုံးဝင်မယ့် အခုနေမှာတော့ Gmail account ထဲမှာရှိတဲ့ search engine ကပိုလို့တောင်ထက်နေပါသေးတယ်။

GCal  Quick Tab
Google  ဟာ Gmail, Gtalk, Google Calender စတဲ့ product မှန်သမျှကို  တစ်ခုနဲ့တစ်ချိတ်ဆက်ထားတဲ့ နည်းပညာကို အသုံးပြုပါတယ်။ ပေါင်မုန့်တစ်ထပ်၊  အသားတစ်ထပ်၊ ပေါင်မုန့်တစ်ထပ်… အဲဒီ လိုမျိုး ‘ ဆင်းဒဝစ်’ မုန့်မျိုးနဲ့ အလားသတူ  လိမ့်မယ်ထင်ပါတယ်။ တစ်ခုချင်းစားကြည့်တဲ့အခါမှာလည်း တကယ့်’စားမြိန်ဖွယ်’  တစ်ခုပါ။Gtalk, Gmail စတဲ့ ထုတ်ကုန်တိုင်းမှာ လိပ်စာကိုယ်စီ ရှိကြတဲ့အတွက်  တစ်ခုချင်းကို သီးသန့်သုံးစွဲလို့ ရနိုင်ပါသလို ပေါင်းစုပြီး ‘package’ အနေနဲ့လည်း  သုံးစွဲလို့ ရနိုင်ပါတယ်။ ‘Gcal’ လို့အလွယ်ခေါ်ကြတဲ့ ‘google calendar’ services ဟာ  ယခင်က Gmail ထမှာ မပါဝင်ပါဘူး ။ ဒါကြောင့် အရေးကြီးတဲ့ နေ့ရက်တွေနဲ့  အချိန်းအချက်ပြုလုပ်ချင်တဲ့ မှတ်သားမှုတွေမျိုးကို Gmail  ဖွင့်လှစ်ရင်းနဲ့တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ဖို့ ‘Gcal Quick Tab’  ကစွမ်းဆောင်ပေးပါတယ်။ Gmail နဲ့ Google Calendar အကြားကို keyvoard short -cuts  တွေနဲ့ အလွယ်တကူ ရွှေ့ပြောင်းနိုင်ပါမယ်။
၁။ http://addons.mozilla.org/en-US/firefox/addon/2372 ကိုရိုက်ပါ။
၂။ install လုပ်ပြီး firefox ကို restart ပြန်လုပ်ပါ။
၃။ ပြီးရင် ထပ်ပြီးတော့ http://www.google.com/calendar ရိုက်ပါ။
၅။ အခုအချိန်ကစပြီး ကိုယ့်ရဲ့ calendar box ထဲမှာ နေ့စွဲအလိုက် email သတိပေးမှုတွေနဲ့ တခြား function တွေအများကြီး ပေါင်း ထည့်လို့ရပါပြီ။ ဥပမာ- january15 ရက်နေ့ ရောက်ရင်သူငယ်ချင်းတစ်ယောက်နဲ့ ‘chat ‘ ဖို့ရှိတယ်။ သတိပေးပါ။အဲဒီ သတိပေးချက် ကိုပဲ mail alert နဲ့ အပေးဘဲ pop-up box တစ်ခုအနေနဲ့ သတိပေးပါဆိုပြီး အများကြီး ညွှန်ကြားထားလို့ရပါပြီ။

GTD  inbox
GTD  ဟာ ‘Getting Thing Done’ ကို အတိုကောက် ခေါ်ဆိုထားတာပါ။ အဓိက အလုပ်ကတော့ Gmail ရဲ့  inbox အတွင်းမှာ နေရာ ယူပေးပြီး လူတယောက်ချင်းဆီအတွက် တနေ့တာ ပြုလုပ်ဖို့ ရှိတဲ့  စာရင်းတွေကို မှတ်သားထားလို့ ရပါတယ်။ ‘Note book, calendar, mail alert’ အဲဒီ  လုပ်ဆောင်နိုင်စွမ်း သုံးခုကို ပူးပေါင်းပြီး ဖွဲ့စည်းထားတာပါ။ ဥပမာ လူတယောက်ဟာ  ဒီနေ့ညနေ ငါးနာရီမှာ အင်္ဂလန်က သူငယ်ချင်း တယောက်နဲ့ စကားပြောဖို့ ရှိတယ် ဆိုရင် ‘To  do list’ မှာ အချိန်နဲ့ reminder တခုကို လုပ်ပေးပြီး Gmail box ကိုပြန်ပိတ်  ထားလိုက်လို့ ရပါတယ်။ အဲဒိ အခါမှာ google ရဲ့ alert ကနေ ညနေ ၅နာရီိအချိန်မှာ  အကြောင်းကြား ပေးပါလိမ့်မယ်။
၁။ http://addons.mozilla.org/en-US/firefox/addon/3209 ရိုက်ပါ။
၂။ ထုံးစံအတိုင်း install လုပ်ပြီး browser ကို restart ပြန်လုပ်ပါ။
၃။ Firefox ရဲ့ tools menu အောက်မှာရှိတဲ့ ‘add-ons’ ထဲမှာ ‘GTD inbox’ ဆိုပြီး သိသိသာသာ ကွဲပြားနေတဲ့ add-on ကို တွေ့ရ ပါလိမ့်မယ်။
၎။ option ကို click နှိပ်လိုက်ရင် GTD inbox ရဲ့ လုပ်နိုင်စွမ်းရှိတဲ့ လုပ်ဆောင်ချက် စွမ်းရည်ကို အမျိုးမျိုးအစားစား များပြားစွာ တွေ့ရ ပါလိမ့်မယ်။
၅။ တကယ်လို့ GTD inbox ကို မိမိရရ လေ့လာချင်တယ်ဆိုရင်တော့ သုံးဆွဲနည်းတွေကို အသေးစိတ် ရှင်းပြထားတဲ့ http://www.gtdinbox.com ကို သွားရောက်လေ့လာနိုင်ပါတယ်။

Drag  drop upload
Gmail  အတွင်းမှာ ‘attach’ ပေါင်းထည့်ဖို့အတွက် attach function ကို click နှိပ်ပြီး  explorer box ကနေ တစ်ဆင့် တမေ့တမော သွားရတဲ့ ဒုက္ခ တစ်ခု ရှိပါတယ်။ တကယ်လို့  ‘Dragdrop -upload’ ဆိုတဲ့ add-ons ကိုသာ install လုပ်ထားခဲ့မယ်ဆိုရင် ပိုပြီး  အချိန်ကုန်သက်သာသွားမှာ အမှန်ပါပဲ၊ ‘dragdrop upload’ ဟာ drag and drop လုပ်ပြီး  Gmail ရဲ့ compose mail အတွင်းကို အလွယ်တကူ attach file  တွေချိတ်တွယ်နိုင်စေပါတယ်။
၁။ Firefox address bar မှာ ‘http://addons.mozilla.org/en-US /firefox /addon/2190’ဟုရိုတ်ပါ။
၂။ addon ကို install လုပ်ပြီး browser ကို restart ပြန်လုပ်ပါ။

google  toolbar
google  toolbar ဟာfirefox နဲ့ IE သုံးစွဲသူ နှစ်မျိုးစလုံး အတွက် google အဖွဲ့အစည်း ကနေ  တရားဝင် ထုတ်လွှင့် ပေးခဲ့တဲ့ toolbar functions တခု ဖြစ်ပါတယ်။ opera browser  ကိုသုံးစွဲသူတွေ အတွက်တော့ ‘widget’ တခု အနေနဲ့ သာ တည်ရှိပြီး တရားဝင် toolbar  အနေနဲ့ ထုတ်လွှင့် ပေးခဲ့ခြင်း မရှိ သေးပါ။ google toolbar ဟာ Gmail တခုတည်းအတွက်သာ  အသုံးဝင်တာ မဟုတ်ဘဲ google ရဲ့ တခြား products တွေကို နှစ်နှစ်ခြိုက်ခြိုက်  သုံးစွဲကြတဲ့ user တိုင်းအတွက် ရည်ရွယ်ပြီး features မျိုးစုံကို ထည့်သွင်း  ပေးအပ်ထားပါတယ်။ toolbar ကို install လုပ်လိုက်တာနဲ့ ‘browser bar’ မှာ ထပ်မံပြီး  လိပ်စာတွေ ခဏခဏ ရိုက်သွင်းရတဲ့ page ၊ ဥပမာ အားဖြင့် Gmail ဆိုရင် Gmail icon  လေးကို click လုပ်လိုက်ရင်ပဲ ‘toolbar’ ကနေ အလိုလို အလုပ်လုပ်ပေးသွားမှာပါ။
၁။ http://toolbar.google.com/gmail-toolbar (သို့မဟုတ်) http://google.com/tools/firefox/toolbar ဟုရိုက်ပါ။
၂။ ပြီးရင် download ကို click နှိပ်ပါ။
၃။ (.xpi)extension နဲ့ အဆုံးသတ်ပြီးရင် browser ကို restart ပြန်လုပ်ပါ။ (အကယ်၍ IE ကို အသုံးပြုခဲ့လျှင် http://toolbar.google.com/T4/?rd=f ဖြစ်ပါတယ်။
၎။ google toolbar ကိုအသုံးပြုပြီး Gmail ကို အလွယ်တကူ check လုပ်နိုင်တာတွေရယ်၊ လုံခြုံစိတ်ချစွာ searching လုပ်နိုင် တာ တွေရယ် အပြင် google ရဲ့ product မှန်သမျှ စုပေါင်းထားတဲ့အတွက် တန်ဘိုးအရှိဆုံး extension တခုဖြစ်ပါတယ်။

FireGPG
FireGPG  ဟာလည်း Gmail အတွက်အသုံးဝင်ပြီး တန်ဖိုးရှိတဲ့ script တွေကို  ဆစ်စုတစ်ဝေးတည်းပေါင်းထည့်ပေးထားတဲ့ manager တစ်ခုပဲဖြစ်ပါတယ်။ ‘encrypt’,  decrypt’, ’sign’, ‘attach’ စတဲ့လက်တိုလက်တောင်းအရည်အသွေးကောင်းလေးတွေကို တစ်နေရာ  တည်း ကနေ အလုံးစုံ အသုံးပြုနိုင်အောင်လို့စီစဉ်ထားပါတယ်။
၁။ http://firefpg.tuxfamily.org/atable/firefpg.xpi ဟုရိုတ်ပါ။
၂။ Download FireGPG ကို Cilck နှိပ်ပါ။ install လုပ်ပြီး browser restart ပြန်လုပ်ပေးပါ။
၃။ ပြီးရင် Gmail ကိုဖွင့်ပါ။ inbox အတွင်း လွတ်တဲ့ တစ်နေရာမှာ Right Cilck နှိပ်လိုက်တဲ့ အခါ Fire GPG box ကို drop-down box မှာ တွေ့ရပါလိမ့်မယ်။
၎။ Fire GPG ဟာသူ့ရဲ့ icon လေးလိုမျိုး ကိုယ့်ရဲ့ Gmail ကို လုံခြုံမှု အပြည့်အဝရအောင် ဖန်တီး ပေးပါတယ်။ အဲဒီမှာ ရှိနေတဲ့ text editor ဆိုတာဟာ သီးသန့် email ဖန်တီးလို့Not-pad လိုမျိုး editor တစ်ခုဖြစ်ပါတယ်။
၅။ အသေးစိတ် လေ့လာချင်ရင် http://firefpg.tux-family.org မှာဝင်ရောက် သင်ယူလေ့လာနိုင်ပါတယ်။

Gmail  Super Clean
Gmail  ရဲ့ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်ဘဲ Macintosh computer တွေပေါ်မှာ  မြင်တွေ့ရတတ်တဲ့ ဒီဇိုင်းလှလှ ကလေးကို ရရှိနိုင်တဲ့ add-ons  တခုဖြစ်ပါတယ်။
Gmail  Spam-count
Gmail  ရဲ့ inbox အတွင်းမှာရှိတဲ့ ’spam’ box ကိုမလိုချင်တဲ့အခါ အခု script ကလေးကို  install လုပ်ထားလိုက်ပါ။
Gmail  Reader Folder
Gmail  ရဲ့ အတွင်းထဲကို Google reader နဲ့ ချိတ်ဆက်ပြီး folder လေးတခု တည်ဆောက်  ပေးပါလိမ့်မယ်။ အဲဒီ folder မှာ google ရဲ့ သတင်းတွေ မှန်သမျှ ရှိနေတဲ့ အတွက်  တခြားနေရာတွေ ကနေ သတင်းတွေကို တကူးတက လိုက်ရှာနေဖို့ မလိုတော့ပါ။
Google  Reader Intergration
Google  Reader ရဲ့ လျှိ့ဝှက်ချက်တွေ၊ ဆောင်ရန် ရှောင်ရန် တွေကအစ ပါဝင်ပြီး GReader နဲ့  ပတ်သက်သမျှ အစုံလင်ဆုံး extension တခုလို့ ဆိုနိုင်တဲ့ script တခုပါ။
Conversation  Preview
တကယ်လို့  Gmail ထဲကို စာအသစ်တွေ ရောက်နေခဲ့လျှင် အဲဒီစာတွေကို Click နှိပ်ပြီး မဖွင့်ခင်မှာ  နမူနာ အမည်းသဘောမျိုး ‘preview’ တခုအနေနဲ့ ပြသပေးမယ့် script ပါ။ ‘image’ တွေနဲ့  တွဲဖက် ပါဝင်လာတတ်တဲ့ spam message တွေနဲ့ virus message တွေရဲ့ အန္တရာယ်က  ရှောင်ရှားနိုင် စေဖို့အတွက် သင့်တော်လှပါတယ်။
Saved  Searches
Gmail  ထဲမှာ mail တွေ တစ်ပုံတစ်ခေါင်း ဖြစ်နေတဲ့ အခါမှာ ကိုယ်ကလည်း အချိန်သိပ် မရလို့  လိုချင်တဲ့ စာတစ်စောင်ကို တနေ့တာ နည်းနည်းစီပဲ အချိန်ပေးပြီး စစ်ထုတ်ရှာ  ဖွေချင်တဲ့ အခါမှာ သုံးစွဲနိုင် ပါတယ်။ ‘folder’ တခုအနေနဲ့ တည်ဆောက်ပြီး  ရှာဖွေပြီးခဲ့တဲ့ message တွေကို သီးသန့်ခွဲ ထုတ်ထားပေးပါလိမ့်မယ်။
Folder4Gmail
Gmail  အတွင်းမှာ ‘label’ ဆိုတာဟာ ‘folder’ ကိုဆိုလိုပါတယ်။ ဒါပေမယ့် တချို့ user တွေအဖို့  အလွန်မျက်စိ စိမ်းတဲ့ အတွက် mail တွေကို ကိုင်တွယ်ရာမှာ ကသောင်းကနင်း ဖြစ်ရစမြဲပါ။  အခု script ဟာ Gmail အတွင်းမှာ ပျောက်ဆုံးနေတဲ့ folder တွေကို တည်ဆောက်နိုင်  စေဖို့ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ‘Mywork’ ဆိုတဲ့ label(folder) အောက်နမှာ  CJ(sub-folder) နဲ့ CT(sub-folder) ဆိုပြီး sub-label တွေ ခွဲခြား  နိုင်ပါလိမ့်မယ်။
Gmail  Date Search
‘Search  by Date’ ဆိုတဲ့ buttom တခုကို ပေါင်းထည့်ပေးတဲ့ script ပါ။ အဲဒီ buttom ကို  ရယူထားမယ် ဆိုရင် နေ့ဆွဲ တခုချင်းဆီ အလိုက် ကိုယ်ရဲ့ email တွေကို လွယ်လင့်တကူ  ရှာဖွေ စစ်ထုတ် ယူနိုင်ပါ လိမ့်မယ်။
Label  colors
ကိုယ့်ရဲ့  ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် (ပန်းရောင်)၊ ကိုယ့်ရဲ့ စီးပွါးရေး လုပ်ငန်းအတွက်  (အ၀ါရောင်)၊ ကိုယ့်ရဲ့ မိသားစု အတွက် (အပြာရောင်)၊ အရေးကြီးတဲ့ email မျိုးစုံအတွက်  (အနီရောင်)၊ အဲဒီလိုမျိုး label တွေမှာ color မျိုးစုံ အသုံးချ ချင်တယ် ဆိုရင်တော့  ဒီ script ကို ရယူရပါလိမ့်မယ်။
Gmail  attachment
ကိုယ့်ရဲ့  Gmail ထဲဝင်လာတဲ့ စာတစ်စောင်ဟာ သာမန် စာတစ်စောင် ဆိုရင်တော့ ပြဿနာ မရှိပါဘူး။  ဒါပေမဲ့ attach တွဲဖက် ပါဝင်ထားတဲ့ စာတစ်စောင် ဆိုရင်တော့ Gmail ဟာ သူ့ရဲ့ original  attach icon လေးနဲ့ ပြသပေးပါတယ်။ ဥပမာ အားဖြင့် image ဖိုင် ဆိုရင် (jpg) icon  လေးနဲ့ ပြသပေးပြီး တခြား word, excel စတဲ့ file တွေဆိုရင်လည်း (.doc) (.xls) စတဲ့  icon လေးတွေနဲ့ ပြသပေးတဲ့ အတွက် အလွယ်တကူနဲ့ ခွဲခြားနိုင်ပါတယ်။ ဒါ့အပြင် developer  အငယ်စားတွေနဲ့ လေ့လာချင်တဲ့ လူငယ်တွေအဖို့ ပိုပြီး အဆင်ပြေတာက အခု script ဟာ  ’sytlish’ ရဲ့ add-on နဲ့ ရေးသားထားတဲ့ အတွက် ကိုယ့်စိတ်ကြိုက် icon လေးတွေကို  ပြန်ပြောင်းယူရင်း ကိုယ်ပိုင် extension ကလေးတစ်ခုကို တောင်  ကြိုးစားဖန်တည်းလို့ရနိုင်တဲ့ script တစ်ခုပါ။
Gmail  To
Gmail  ရဲ့ inbox ထဲမှာ ကိုယ်လိုချင်တဲ့၊ ကိုယ်ကြည့်ချင်တဲ့ webpage link တွေကို  ကြည့်ရှုလို့ ရနိုင်စေပါမယ်။
Fixed  Font toggle
font  တွေ မျိုးစုံရရှိစေပြီး to-do-list ကို ဖော်ပြပေးပါတယ်။
fttp://gmail-greasemon-key.googlecode.com/svn/trunk/scripts/gmailfont-toggle.user.js

Gmail  Macros
ကိုယ့်  စိတ်ကြိုက် ဖန်တည်းထားတဲ့ ’short-units’ တွေကို Gmail inbox ထဲမှာ သုံးစွဲ  နိုင်ပါမယ်။ ဥပမာ အားဖြင့် ‘t’ ကို ရိုက်လိုက်ရင် Move to trash ကို ရွှေ့ ပေးပါ။  ’s’ ကိုရိုက်လိုက်ရင် ဒီ message ကို spam လို့သတ်မှတ်ပါ စသည်ဖြင့် ပြုပြင်  ပြောင်းလဲ ထားနိုင်ပါတယ်။
Gmail  encrypt
ကိုယ်မသိချင်တဲ့  လူတွေနဲ့ တခြား hacker တွေရဲ့ အန္တရယ်က ကင်းဝေးစေဖို့ လုပ်ဆောင်နိုင်တဲ့ script  တစ်ခုပါ။ လူသိနည်းလှပေမယ့် ကိုယ့်ရဲ့ message တွေကို လုံခြုံစေချင်ရင်တော့  အားကိုးအားထားပြုနိုင်ပါတယ်။
SSL  google
Gmail  ကိုပဲဖြစ်စေ၊ google docs ၊ google calender စတဲ့ products တွေနဲ့ နောက်ဆုံး google  search engine ကိုပင် ဖြစ်စေ၊ ‘http’ နဲ့ သွားနေတဲ့ လမ်းကြောင်းကို  ပြောင်းလဲပြစ်ပြီး ပို ပြီး လုံခြုံ စိတ်ချရတဲ့ ‘http:’ protocol တစ်ခုအနေနဲ့  ပြောင်းလဲပြစ်ပေးပါလိမ့်မယ်။ လုံခြုံမှု မြင့်မားစေတဲ့ script တစ်ခုပါ။
Signature  Float
ကိုယ့်  email ရဲ့ အောက်ခြေရှိတဲ့ လက်မှတ်ကို စိတ်ကြိုက် နေရာ ပြောင်းလဲစေနိုင်မယ့် script  တစ်ခုဖြစ်ပါတယ်။
Attachment  reminder
email  တစ်စောင်ကို လက်ခံရရှိတဲ့ အခိုက်အတန့်မှုာပဲ ဖြစ်ဖြစ်၊ message အသစ်တစ်ခုကို  ဖန်တီးလိုက်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ ‘attach’ file တစ်ခုကိုများ ချိတ်ဆက်ချင်ပါသလား  ဆိုပြီး သတိပေး နှိုးဆော်ပေးမယ့် script ပါ။
Usage  Graph
Gmail  ထဲမှာ ကိုယ်ဘယ်လောက် သုံးစွဲပြီးပြီလဲ ဆိုတာကို ဖော်ပြပေးမယ့် graph ဒီဇိုင်း  addons လေးတစ်ခုပါ။
google  view 2 panel
google  ကနေ ရှာဖွေလိုက်စဉ်မှာ view ကို အထက်အောက် ၁၀ ခု ပြပေးမှာ မဟုတ်ဘဲ ဟိုဘက်၊ ဒီဘက်  panel အနေနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ အလွယ်တကူ လျင်လျင်မြန်မြန် ကိုယ်လိုချင်တာကို  ရွေချယ်နိုင်ပါတယ်။
GmailDrive
ကိုယ့်ရဲ့  ကွန်ပျူတာထဲမှာ ရှိနေတဲ့ ဘယ်လိုဖိုင်မျိုးကို မဆို ဘယ်လို folder ၊ ဘယ်လို drive  ဆီမှာ ရှိနေတဲ့ ဖိုင်မျိုးကိုမဆို screen ပေါ်မှာတင် အလွယ်တကူ ‘drag and drop’  လုပ်ပေးနိုင်တဲ့ appilcation ငယ်လေးတစ်ခု ဖြစ်ပါတယ်။ Internet explorer နဲ့  အလုပ်လုပ်နိုင်စွမ်း ရှိပြီး Gmail Drive ကို ပိုင်ဆိုင်ဖို့ အတွက် gmail user  account နဲ့ password တစ်ခုစီကလွဲပြီး တခြားဘာမှ မလိုအပ်ပါ။ (Gmail Drive ဟာ IE နဲ့  အလုပ်လုပ်ရင် ပို ပြီးအစွမ်း ထက်တာ တွေ့ရပါတယ်။ အသေးစိတ်ကို http://www.viksoe.dk/code.gmail.html မှာ  လေ့လာပါ။ )
၁။ http://www.softpedia.com/progDown-load/Gmail-Drive-shrll-extensiondownload-15944.html ဟုရိုက်ပါ။ (သို့မဟုတ် http://www.softpedia.com ရဲ့ search box မှာ ၀င်ရောက်ရှုာဖွေ လို့ရပါတယ်။)
၂။ ပြီးရင် 200 KB သာရှိတဲ့သော ဖိုင်လေးကို down-load ယူပါ။ extract လုပ်လိုက်တဲ့အခါ ’set up’ ကို တွေ့ပါမယ်။ click နှိပ်ပြီး install လုပ်ပါ။
my computer အောက်မှာ Gmail Drive ရောက်နေတာကို တွေ့ရပါတယ်။
Click နှိပ်ပါ။ ပြီးရင် ‘More’ လည်း click နှိပ်ပါ။ username နဲ့ password ဖြည့်ပြီးတာနဲ့ သုံးစွဲနိုင်ပါတယ်။

Gdisk  (Mac)
Gmail  Drive လိုပဲ ကိုယ့်ရဲ့ ကွန်ပျုတာပေါ်မှာ ရှိနေတဲ့ file တွေနဲ့ folder တွေကို  အလွယ်တကူ ဆွဲယူပြီး သိမ်းဆည်းလို့ ရနိုင်တဲ့ web အခြေပြု application တစ်ခုပါ။  (macintosh သမားတွေ အတွက် သီးသန့်ဖြစ်ပါတယ်။)
Gmail  ToDo
တကယ်လို့  ‘ToDo’ appliction ကိုသာ desktop ပေါ်မှာ install လုပ်ထားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့  တစ်နေ့တာ (ဒါမှမဟုတ် Gmail ရဲ့ ‘ToDo’box ထဲကို အလွယ်တကူ  ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။ internet ကို အချိန်ပိုင်းနဲ့ သုံးစွဲနေရတဲ့  သူတွေများ ဥပမာ အားဖြင့် ‘access card’ နဲ့ သုံးစွဲသူတွေအတွက် ကိုယ်ပို့လိုတဲ့  စာတွေကို offline မှာ ကြိုတင် ရိုက်ထားပြီး ‘internet’ access ယူလိုက်တဲ့ အခါမှ  Gmail todo box ကို မြန်မြန်ဆန်ဆန် လွှဲပြောင်းယူပြီး gmail compose ကနေ တစ်ဆင့်  စာတစ်စောင်ချင်းကို အေးအေးဆေးဆေး ပို့နေလို့ရပါတယ်။
Flip  Mail
မုဘိုင်းလ်ဖုန်းပေါ်မှာ  တင်ထားတဲ့ Gmail mobile အတွက် အလိုအလျှောက် email forward  လုပ်ပေးနိုင်ပါတယ်။
Gmail  Loader
Cross  Platform Service တခု ဖြစ်ပါတယ်။ gmail ကို လက်ခံတဲ့ mail server တစ်ခု အနေနဲ့  ဆောင်ရွက်ပြီး တခြား email တွေရဲ့ account နဲ့ mail တွေကို Gmail ထဲကို  ထည့်သွင်းယူနိုင်ပါတယ်။
၁။ 3.6 MB ရှိတဲ့ zip file ကိုအရင်ဆုံး download ချရပါမယ်။
၂။ zip ဖြည်ပြီးတာနဲ့ သုံးစွဲလို့ ရပါပြီ။
http://www.marklyon.org/gmail/download.html မှာ လေ့လာနိုင်ပါတယ်။

Icon  generator
internet  ပေါ်မှာ ကိုယ့်ရဲ့ email လိပ်စာကို အလွယ်တကူ တင်ထားလို့ မဖြစ်ပါဘူး။ ’spam box’ လို့  ခေါ်တဲ့ spammer တွေ သုံးစွဲတဲ့ program တွေဟာ အဲဒီ email လိပ်စာကို ရှာတွေ့ပြီး  အလိုအလျှောက် spam လုပ်နိုင်စွမ်း ရှိပါတယ်။ အဲဒီအခါမှာ ကိုယ့်ရဲ့ website  မှာပဲဖြစ်ဖြစ်၊ blog မှာပဲဖြစ်ဖြစ်၊ တခြား forum လို နေရာမျိုးတွေမှာပဲ ဖြစ်ဖြစ်၊  ကိုယ့်ရဲ့ Gmail ကိုလည်း သိစေချင်တယ်။ ဒါပေမယ့် အန္တရာယ်ကလည်း ရှောင်ရှားချင်တယ်  ဆိုရင် အကောင်းဆုံး နည်းလမ်းကတော့ gmail ဒီဇိုင်း icon လေးကို generate  လုပ်လိုက်ပါ။
Blogsigs
blog  လေးတွေကို ပိုင်ဆိုင်ထားတဲ့ လူတွေအတွက် နေ့စဉ်နေ့တိုင်း ကို update လုပ်လိုက်တဲ့  blog page ရဲ့ link တွေကို တခြားလူတွေကို သိစေ၊ မြင်စေချင်မှာပါပဲ။ အခု blogsigs ဟာ  ကိုယ့်ရဲ့ Gmail ထဲမှာရှိတဲ့ signature (ကိုယ်. Gmail ကနေ အထွက်စာတိုင်းအတွက်  ပါရှိသွားမယ့် လက်မှတ် ) နေရာမှာ အခုန ကိုယ့်ရဲ့ နောက်ဆုံး blog link စာကြောင်းကို  အလိုအလျှောက် ထည့်ပေးထားလို့ ရပါတယ်။
၁။ http://www.blogsigs.com ဟုရိုက်ပါ။
၂။ ယာဘက် panel မှာရှိတဲ့ extension ကို download လုပ်ပါ။
၃။ firefox, outlook ရဲ့ Mac တို့အတွက် ဖြန့်ချိထားပါတယ်။ firefox အတွက် extension ကို download လုပ်မယ်ဆိုရင် Gmail မှာ ပေါင်းထည့် ပေးပါလိမ့်မယ်။

Gmail  Mobile
Mobile  ပေါ်မှာ Gmail account ကို ရယူ သုံးစွဲနိုင်ဖို့ online ပေါ်မှာ ထားရှိပေးထားတဲ့  service တခုဖြစ်ပါတယ်။
google  talk
အခုအခါမှာ  talk ဟာ ပိုပြီး အစွမ်းထက် လာပါတယ်။ ကိုယ်ပြော ဆိုလိုတဲ့ လူဟာ ‘offline’  ရောက်နေတာတောင်မှ ‘Message’ ပို့ထားလို့ရပြီး message ဟာ gmail ရဲ့ ‘chats’ label  ထဲမှာ အလိုအလျှောက် save လုပ် သိမ်းဆည်း ပေးတဲ့ အတွက် အလွန်ထူးခြားတဲ့ feature တွေ  ပါဝင်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
you’ve  Got Gmail
တစ်ယောက်ယောက်နဲ့  chatting ပြောနေရင်း Gmail ထဲမှာ message အသစ်ဝင်လာတဲ့ အခါမှာ အကြောင်းကြားပေးတဲ့  ‘plug-in’ တစ်ခုပါ။ ‘Trillian’ လို့ခေါ်တဲ့ IM software အတွက်  ရေးသားထားပါတယ်။
Unblock
Gmail  ကို ရုတ်တရက် အသုံးစွဲရ ခက်ခဲသူတွေ အတွက် တစ်ဆင့်ခံ သုံးစွဲ နိုင်တဲ့ website  တစ်ခုပါ။ (အခု လောလောဆယ် မှာတော့ Main-tainance လုပ်နေပြီး အဲဒီလို ခပ်ဆင်ဆင် တခြား  webpage တွေကိုလည်း ရှာဖွေ ရရှိနိုင်ပါတယ်။)
ဒီအကြောင်းအရာနည်းလမ်းကောင်းကလေးအား ဝင်းကမ္ဘာကျော်  ဘလောက်ဆိုက်မှ ရေးသားထားသောမှုယင်းအတိုင်း ပြန်လည်ကူးယူ
ဝေမျှလိုက်ရခြင်း ဖြစ်ကြောင်း  ဝန်ခံအပ်ပါသည်....ကျနော်ဂေါ်လီပါ...

No comments:
Post a Comment