သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 19 March 2012

အာကာသရှိ ကြယ်များ၏ မြေပုံသစ် နာဆာ ဖော်ထုတ်ပြ


Monday 19th March 2012 

အမေရိကန် အာကာသ အုပ်ချုပ်ရေး အဖွဲ့ နာဆာမှ အသစ် ထုတ်ပြန်လိုက်သည့် အာကာသ မြေပုံနှင့် ကက်တလောက်တွင် ကောင်းကင်ယံ တစ်ခုလုံးရှိ
ကြယ်များ၏ ပုံကို အနီအောက် ရောင်ခြည်ဖြင့်ဖော်ပြခဲ့ကာ ဘီလီယံ ထက်ဝက်ခန့် ရှိသည့် ကြယ်များနှင့် ယခင်က မမြင်တွေ့ဖူးခဲ့သည့်  ဂလက်ဆီများကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

သိပ္ပံပညာရှင်များမှာ ယခုလို မြေပုံ ထုတ်နိုင်ရန် အတွက် Wide-field Infrared Survey Explorer (WISE)  ခေါ် အာကာသ အစီအစဉ်မှ ရယူထားသော ဓါတ်ပုံများကို ပေါင်းစပ်ပြီး ထုတ်လုပ် လိုက်ခြင်းပင် ဖြစ်သည်။ အဆိုပါ ဓါတ်ပုံများမှာ ၂၀၀၉ ခုနှစ်က ရိုက်ယူထားခြင်း ဖြစ်သည်။ ယနေ့ အချိန်တွင် Wide-field Infrared Survey Explorer (WISE)  မှ ၁၄ နှစ်တာ စိုက်ပျိုးထားခဲ့သည့် အသီးအပွင့်များကို ခံစားရပြီ ဖြစ်သည်ဟု အဆိုပါ အဖွဲ့၏ အကြီးအကဲ ဖြစ်သူ Edward Wright မှ ပြောကြား သွားခဲ့သည်။

WISE မှာ လွန်ခဲ့သည့် နှစ်အတွက် ကောင်းကင် မြေပုံကို ပုံပေါင်း ၂.၇ သန်းမှ ရရှိလာသည့် အချက်အလက်များကို စုစည်းပြီး တင်ဆက် ထားခြင်းလည်း ဖြစ်ကာ သိပ္ပံပညာရှင်များကို ၁၅ ထရီလီယံ ရှိသည့် သတင်း အချက်အလက်များ ဖော်ထုတ် ပေးခဲ့ကြောင်းလည်း presstv သတင်းတွင် ဖော်ပြခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်