သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 12 May 2012

ဖိုးတရုပ်ကင်းမှဖတ်ချင်စဘွယ် ပို့ စ်လေး

                          မြန်မာနိုင်ငံရဲ့ အဓိက လေဆိပ်နှစ်ခုကို တရုတ်လူမျိုးတစ်ဦး ၀ါးမြိုလိုက်ခြင်း 
 
    သမ္မတ ဦးသိန်းစိန်နဲ့အတူ ဘိန်းဘုရင် လော်စစ်ဟန်သား ဦးထွန်းမြင့်နိုင် (ဘယ်ဘက်အနီးကပ်)
  မြန်မာနိုင်ငံရဲ့လေကြောင်းတံခါးပေါက်လို့ ပြောလို့ရတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ အစိုးရ ရုံးတွေစိုက်တဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်ရှိ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို တရုတ်လူမျိုးတစ်ဦးက ၀ါးမြိုလိုက်ပြီ ဖြစ်ကြောင်း စစ်ဘက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

 ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
 Asia World ကုမ္ပဏီပိုင်ရှင် တရုတ်နွယ်ဖွား ဦးထွန်းမြင့်နိုင်က လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(DCA) ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းကို လက်ဝါးရိုက်စည်းရုံးပြီး Pioneer Aerodromes Services အမည်ဖြင့် လေဆိပ်ဝန်ဆောင်မှုနှင့် လုံခြုံရေးလုပ်ငန်းများကို လွှဲပြောင်း လုပ်ကိုင်ကာ ထိန်းချုပ်လိုက်ကြောင်း သတင်းရရှိ ပါတယ်။
ဦးထွန်းမြင့်နိုင်ဆိုတာကတော့ ဒုတိယသမ္မတ သီဟသူရ တင်အောင်မြင့်ဦးကို အိပ်ကပ်ထဲ ထည့်ကာ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်မှာ လိုက်ပါခွင့်ရသူ ဖြစ်ပါတယ်။ သူဟာ ငွေမဲတွေကို ငွေဖြူဖြစ်အောင် လုပ်ပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများစာရင်းမှာ ပါဝင်လာခဲ့တဲ့ တရုတ်လူမျိုးစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ပါ။ သူရဲ့ကုမ္ပဏီက လေဆိပ်ရဲ့လုံခြုံရေးနဲ့ ဧည့်အ၀င်အထွက်တွေကို စစ်ဆေးခွင့်ရတော့မယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံက သူ့ရဲ့မိတ်ဖက် တရုတ်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ရန်ကုန်လေဆိပ်နဲ့ နေပြည်တော် လေဆိပ်တို့ကို ၀င်ထွက်ရာမှာ အထူးဧည့်သည်တော်များအနေနဲ့ တံခါးမရှိ ဓားမရှိ ၀င်ထွက်ခွင့်ရဖို့အတွက် ငွေကြေးအများအပြား အကုန်ကျခံပြီး လေဆိပ်ဝန် ဆောင်မှုလုပ်ငန်းကို ရအောင် လုပ်ခဲ့တာလို့ သိရပါတယ်။







                                           နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်
ဒီကုမ္ပဏီက တာဝန်ယူပြီးသွားရင် ယခင်တုန်းက အာဏာပါဝါပြခဲ့တဲ့ စရဖ(လေ)၊ လေဆိပ်ရဲနဲ့ အကောက်ခွန်တို့ဟာ ၀င်ရောက် တားဆီးစစ်ဆေးခွင့် အထိုက်အလျောက် လျော့သွားပြီး ယခင်ကလို ထင်တိုင်းလုပ်ချင်တာလုပ်လို့ရမှာ မဟုတ်တော့လို့ အလိုလျောက် ဂွင်ပိတ်သွားပြီလို့ သိရပါတယ်။ စရဖ(လေ)နဲ့ လေဆိပ်ရဲတွေက လေဆိပ်လုံခြုံရေးကို ထိန်းချုပ်ထားလို့ လုပ်ချင်ရာလုပ်ခွင့်မရခဲ့တာကြောင့် အကွက်မြင်တဲ့ ဦးထွန်းမြင့်နိုင်က (DCA) ညွှန်ချုပ် ဦးတင်နိုင်ထွန်းနဲ့ ပေါင်းပြီး စရဖ(လေ) နဲ့ လေဆိပ်ရဲတွေကို ကန်ထုတ်ပြလိုက်တာလို့လည်း လေဆိပ်အသိုင်းအ၀ိုင်းက သိရပါတယ်။ DCA ညွှန်ချုပ်ကလည်း ဘယ်အချိန်ကတည်းက လုပ်ချင်နေလဲတော့မသိပါ။ အရပ်သားကုမ္ပဏီဝန်ထမ်းတွေနဲ့ပဲ လေဆိပ် လုံခြုံရေးကို ဆက်လက်လုပ်ဆောင်သွားဖို့ တင်ပြထား ကြောင်းသိရပါတယ်။ ကုမ္ပဏီကို အရပ်သားဝန်ထမ်းတွေ ထပ်တိုးခန့်ဖို့ ပြောထားပြီး အရင်တုန်းက လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ၀န်ထမ်းတွေကိုလည်း ၄င်းကုမ္ပဏီသို့ ရွှေ့ပြောင်းတာဝန် ထမ်းဆောင်ခိုင်းကြောင်း သိရပါတယ်။ဘိန်းဘုရင် လော်စစ်ဟန်ရဲ့သား တရုတ်လူမျိုးဦးထွန်းမြင့်နိုင်ကတော့ လေဆိပ်လုံခြုံရေးကို ကိုင်ထားနိုင်မှတော့ မူးယစ်ဆေးဝါးတွေကလည်း လေဆိပ်ထွက်ပေါက်က ထွက်သွားဖို့ အလားအလာများနေပါတယ်။ ယခင်ကလည်း ဦးထွန်းမြင့်နိုင်ပိုင်ဆိပ်ကမ်းမှ ထွက်သွားတဲ့ သဘောင်္တစီးမှာ မူးယစ်ဆေးဝါးများ ဖမ်းမိတဲ့ ဖြစ်စဉ် သာဓက သက်သေပြနေတာမို့ နိုင်ငံရဲ့ အနာဂါတ် ရင်လေးဖွယ်ရာ ဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ် သတင်းပေးပို့လာပါတယ်။Primary Source PhoetayokeKing ဝက်ဘ်ဆိုဒ်မှ ဖြစ်ပါတယ်၊။





























No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်