ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့  အလံအသစ် အကြောင်း မှာ တော်ယုံလူမသိကြသေးပါ ဒါ့ ကြောင့် ဝက်ဆိုဒ် စာမျက်နှာတစ်ခုမှ ရှာထွေကူးယူ တင်ပြလိုက်ပါတယ်၊
အလံတော်ရှိ အ၀ါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ညဏ်ပညာကြီးမားခြင်း ၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်နှီးစွာစည်းလုံးညီညွတ်မှုရှိခြင်း ဟူသောအဓိပ္ပါယ်ကိုဆောင်ပါသည်။
အလံတော်ရှိအစိမ်းရောင်သည် မြေဆီသြဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြေသည့်နိုင်ငံဖြစ်ခြင်းဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။
အလံတော်ရှိ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။
ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့် ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့် ပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ဆောင်ပါသည်။
Source Myanmar Express.
No comments:
Post a Comment