Monday, 31 December 2012
နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ လူဝင်မှု ကြီးကြပ်ရေးရုံး (ဓာတ်ပုံ – The Epoch Times)
အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ဖမ်းဆီး လိုက်သော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား တချို့ ပါဝင်ကြောင်း သတင်းရရှိသည်။
မြန်မာ၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့မှ နိုင်ငံခြားသား ၂၁ ဦးကို တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း တောင်ကိုရီယား အခြေစိုက် Chosun သတင်းတပုဒ်အရ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အရေအတွက်၊ ၄င်းတို့၏ အမည်နာမများကို သိရှိရန် တောင်ကိုရီယား အခြေစိုက် ယခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ကိုနေထွန်းနိုင်က တရားရေး ၀န်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ သွားရောက်စုံစမ်းခဲ့သော်လည်း ထိမ်းသိမ်းခံထားရသူများ၏ လုံခြုံရေးအတွက် လူဦးရေနှင့် ကိုယ်ရေး အချက်အလက်များ အသိပေးခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော် အတည်ပြု ပြောနိုင်တာကတော့ သူတို့ဟာ ဒီ ကိုရီယားမှာ အခြေစိုက်တဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့အဖွဲ့တွေထဲက မဟုတ်ဘူး ဆိုတာပါဘဲ။ သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါလိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေးခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။ ဒါကလည်း အမေရိကန်တို့ သြဇီတို့မှာလို တခြားနိုင်ငံတွေက အခြေအနေလိုမျိုးပေါ့” ဟု ကိုနေထွန်းနိုင်က ဆိုသည်။
တောင်ကိုရီယားနိုင်ငံတွင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ အနေဖြင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများ ရှိသော်လည်း အများစုမှာ သက်ဆိုင်ရာ အခြေစိုက် အဖွဲ့အစည်းများမှတဆင့် လျှောက်ထားကြကြောင်း၊ ကိုရီယားအစိုးရကလည်း အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို နားလည် သဘောပေါက်သည့်အတွက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်လျှင် အလွန်အကျွံ ကိုင်တွယ်မှု ပြုလေ့မရှိကြောင်း သူက ဆက်ပြောသည်။
လတ်တလော တောင်ကိုရီးယား နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား ၁ ထောင် ၀န်းကျင် ခန့်ရှိနိုင်ပြီး ဒုက္ခသည်အဖြစ် နေထိုင်နေသူပေါင်း ရာဂဏန်းမျှ ရှိကြောင်း ကိုနေထွန်းနိုင်က ဆိုသည်။
အတုအယောင် နိုင်ငံရေးခိုလှုံခွင့် ရရန် ကြိုးစားသော နိုင်ငံခြားသားများကို တောင်ကိုရီယား လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့သည် ဒုက္ခသည်အဖြစ် ရရှိရေးအတွက် ပွဲစားများကို ငွေ ကြေးပေးကာ ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း Chosun သတင်းတွင် ဖော်ပြထားသည်။
၎င်းတို့အထဲမှ တချို့သည် ပါကစ္စတန် အတိုက်အခံ နိုင်ငံရေးအဖွဲ့မှဟု ဆိုပြီး တာလီဘန်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် တောင်ကိုရီယားနိုင်ငံတွင် နေထိုင်ခွင့်ရရန် လိမ်လည် လျှောက်ထားခဲ့ကြောင်း တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ပြောဆိုခဲ့သည်။
သို့သော် တောင်ကိုရီယား လ၀ကမှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် ၎င်းတို့သည် တောင်ကိုရီယား နိုင်ငံတွင် ဆက်လက်နေထိုင်ခွင့် ရရန် ကြိုးစားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ခိုလှုံခွင့် တောင်းသူများကလည်း နောက်ပိုင်း တွင် ၀န်ခံခဲ့သည်ဟု သိရသည်။
နိုင်ငံခြားသားများအနေဖြင့် ဒုက္ခသည်အဆင့် သတ်မှတ်ရေးအတွက် တောင်ကိုရီယား အစိုးရက တင်ပြလာသူများ၏ လျှောက်လွှာများကို စိစစ်၍ ပယ်ချခြင်း၊ သို့မဟုတ် တရားရုံးတခုတွင် အသနားခံခြင်း လုပ်ဆောင်နိုင်ခွင့် ရှိသည်ဟု သိရှိရသည်။
၁၉၉၇ ခုနှစ်တွင် တောင်ကိုရီယားနိုင်ငံ၌ ဒုက္ခသည်အဆင့် သတ်မှတ်ပေးခဲ့သူ ၁၂ ဦးရှိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် လူဦးရေ ၁၀၀ ကျော် အထိ ရှိလာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁၀ ဆအထိ မြင့်တက်လာလာကြောင်း တောင်ကိုရီးယား လဝကက ပြောဆိုထားသည်။
လ၀က အရာရှိများ အဆိုအရ ဒုက္ခသည်လျှောက်ထားသည့် လျှောက်လွှာအများစုသည် သံသယဖြစ်စရာများ တွေ့ရကြောင်း ဆိုသည်။
“နိုင်ငံခြားသာတွေ ဒုက္ခသည်အဖြစ် လျှောက်ထားကြရင် သူတို့ရဲ့ လျှောက်လွှာကို လက်ခံသည်ဖြစ်စေ၊ ပယ်ချလိုက် ရင်ဖြစ်စေ သူတို့ဟာ တောင်ကိုရီယားမှာ ၁ နှစ်ကနေ ၂ နှစ်အထိ တရားဝင် ဥပဒေကြောင်းအရ ရှိနေပိုင်ခွင့် ရှိပါတယ်” ဟု တောင်ကိုရီယား လ၀က အရာရှိ တဦးက Chosun သတင်းဌာနသို့ ပြောထားသည်။
အဆိုပါ တောင်ကိုရီယား ဥပဒေပါ အခွင့်အရေးကြောင့် လျှောက်ထားသူများ များပြားနေခြင်းဖြစ်ကြောင်း သူက မှတ်ချက်ပေးသည်။
“ဒုက္ခသည် လျှောက်ထားသူတွေဟာ ဒီမှာ နေထိုင်ခွင့်က ဆုံးဖြတ်ချက် တစုံတရာ မကျမချင်း နေလို့ရတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုရှိကြတာကြောင့် အခုလို လုပ်ကြတာပါ။ ကျနော်တို့ကလည်း သံသယဖြစ်စရာ လျှောက် ထားသူတွေကို စုံစမ်းစိစစ်မှုတွေ စလုပ်ပြီး လုပ်ထုံလုပ်နည်းအရ မလျော်ညီတာတွေ တော်တော်များများ ဖော်ထုတ် တွေ့ရှိလာဖွယ် ရှိပါတယ်” ဟု အဆိုပါ တောင်ကိုရီယား လ၀က အရာရှိက ဆက်ပြောထားသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2012
(236)
-
▼
December
(49)
- နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မ...
- “ဒေါ်အောင်ဆန်းစုကြည် ၂၀၁၄ မှာ သမ္မတ ဖြစ်မယ်”လို့ စံဇ...
- ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင်
- မိမိအမည်ကိုတောင်မပြောနိုင်တဲ့ စိတ်ရောဂါရှင်ပါ။
- အလှုအတွက်၎င်းမသာအိမ်ဆွမ်းသွတ်အတွက်၎င်းမိသားစုဝါးတီး...
- CDMA ဖုန်းတွေကို Internet Setting ချိန်နည်း
- လေယာဉ်ပျံတစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box
- ဖေ့စ်ဘုတ်ပေါ်မှဟာသကာတွန်းတစ်ခု
- အံ့မခန်း ဖြစ်လာသော မြန်မာပြည်
- လက်ထပ်ပွဲဆင်နွှဲနိုင်ရန် အရပ် ၁၄ လက်မ ပိုရှည်အောင် ...
- အလှကြောင့် အလှပျက်ခဲ့သူ....
- ၂၀၁၃ ခုနှစ်အတွင်း ကားတင်သွင်းရာတွင် လျှောက်ထားရမည့...
- ကြွေးမြီနှောင်ဖွဲ့ ခိုင်းစေခံရသူများ၏သံသရာ
- Heavy metals and health သတ္တုလေး (heavy metals) တွေ...
- စိန်ခေါ်မှုများ၊ အလားအလာများနှင့် တရုတ်နိုင်ငံ၏ မြန်...
- တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း
- 2012မှာမြန်မာပြည်မှဖြစ်ရပ်အထူးဆန်း(၁ဝ)ခုတဲ့ ဗျာ
- မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား?
- ကြံကြံဖန်ဖန်အဖေနဲ့ သမီးပြန်ယူပြီး ကိုယ်ဝန်ဆောင်
- တောင်ငူမြို့မှဆရာတော်တစ်ပါး ရဟန္တာဖြစ်နေဟုသိရ
- အာရာဖတ် ရုပ်အလောင်းကို ပြန်လည်တူးဖော်စစ်ဆေး
- ယောင်္ကျားလျာနဲ့ မိန်းမလျာ လင်မယား ဘယ်လို စခန်းသွားလဲ
- မြန်မာပြည်မှ ကမ္ဘာ့အရှားပါးဆုံးကျောက်
- အင်ဒိုနီးရှားမှ လူသေပြုစုပွဲ
- ခင်းဗျားတို့ ကျွန်တော်တို့ လူဆိုတာဒါပဲ မှတ်ထားကြပါ
- ကလေးနှစ်ဦးသေဆုံးပြီး၊ လူကြီး(၁၃)ဦး ဆေးရုံတင်လိုက...
- စိတ်ဝင်စားစရာကောင်းလို့ ဗဟုသုအနေနဲ့တင်လိုက်တာပါ...
- တရုတ် နိုင်ငံ မှ ကျောထောက် နောက်ခံ ပြုထား သည့် ၀ြ...
- Gangnam Style အကကို အပြင်းအထန် ကခုန်ရင်း ဗြိတိန်သာ...
- တရုတ်အပေါ် ပြည်သူတွေ ဘာ့ကြောင့် အမြင်မကြည်ရတာလဲ ?
- တစ်ကိုယ်ရေ ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင...
- ဟင်းလျှာအဖြစ်ချက်စား ဆေးဖက်ဝင်သလားမမေးနဲ့  ရုံးပတီသီး
- ဂဏန်းနီကျွန်း
- ကွမ်းခြံတစ်ခုအတွင်းရှိ ကိုယ်ဝန် ၇ လ ဆောင်ထားသူ အသက...
- မြောက်ကိုရီးယား ဒုံကျည်လွှတ်တင်မှု နိုင်ငံတကာကို အြံ...
- ကျမ္မာရေးဆေးဖက်ဝင်တန်ဘိုးသက်သာဟင်းလျှာဂေါ်ရခါးသီးပါ
- ရှာလကာရည်ဖြင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးသည့် နည်းလ...
- ရှားပါးသောမြန်မာ့ ယာဉ်ကျေးမှု့ များ(၁)
- ရန်ကုန်မြို့မြေပုံ ၁၉၁၂ ခုနှစ်
- ကမ္ဘာပေါ်မှာထူးဆန်းတဲ့တွင်းကြီး ၁၀ ခု
- ယောက်ျားများကြောက်သော မိန်းမ
- ဆင်ခံ ၊မြင်းခံဘုရား ပြဿနာ
- အမေရိကန်ရှိ ဦးသန့်ကျွန်း (U Thant Island)
- ဘာ့ ကြောင့် ရခိုင်အရေးခင်းဖြစ်ရတာလည်းဘာ့ ကြောင့်ေ...
- ကြေးနီတောင်သပိတ်မှရဟန်းတစ်ပါး၏ရင်ထဲကလာတဲ့စကား
- စင်္ကာပူမှJurong Shipyard သတင်းတို
- ဟစ်တလာဂန်းနားစတိုင်(Gangnam Style Hitler Ver.1 [Be...
- No title
- မှားတဲ့ ဘက်မှာ...နာမည်ကြီးအဆိုတော်များMP4သီချင်းပါ
-
▼
December
(49)
No comments:
Post a Comment