
“သူရ” ဟူသောဝေါဟာရက သူရဲကောင်းစစ်သည်တို့ကို ချီးမြှင့်လေ့ရှိသော 
ဘွဲ့ထူးဂုဏ်ထူးတစ်ခု။ “မချစ်ပို” ဆိုသောစကားစုလေးက 
နုနယ်သောနှလုံးသားပိုင်ရှင် မိန်းကလေးတစ်ဦး၏ အမည်နာမ လှလှလေးတစ်ခု။
သို့ရာ တွင် မိန်းမလှလေးတစ်ဦး၏ နှလုံးသွေးက သူရဲကောင်းအာဇာနည် 
ယောက်ျားတို့ကဲ့သို့ပင် ရဲရဲ နီဆွေးလျက် သမိုင်းဝင်တေးတစ်ပုဒ်ကို 
ရေးထုတ်လိုက်နိုင်သောအခါ -
“သူရ မချစ်ပို” ဟူ၍ မော်ကွန်းတင်ခံရလေတော့သည်။
၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ကေအင်ဒီအိုအဖွဲ့များသည် မေမြို့ 
(ပြင်ဦးလွင်မြို့)ကို အလစ် အငိုက် စီးနင်းသိမ်းပိုက်လိုက်နိုင်ခဲ့သည်။ 
ထိုစဉ်က မေမြို့ရှိ အမှတ် (၁) စစ်မြေပြင် အင်ဂျင်နီ ယာတပ်ခွဲ (ဘီအီး) နှင့်
 အမှတ် (၂) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲတို့မှ အရာရှိစစ်သည်များသည် 
ဗိုလ်မှူးထင်ပေါ် နှင့် ဗိုလ်ကြီးဘဖြူ တို့၏ ခေါင်းဆောင်မှုဖြင့် 
ရသမျှလက်နက်ခဲယမ်းများ သိမ်းဆည်းပြီး လားရှိုးဘက်သို့ ဆုတ်ခွာ 
သွားခဲ့ကြသည်။
ဆုတ်ခွာသွားသောတပ်များသည် လားရှိုးဘက်တွင် ပြန်လည်စုဖွဲ့ပြီး မေမြို့သို့ 
ပြန်လည်ချီတက်ခဲ့သည်။ ရေချမ်း အိုးဘက်တွင် တိမ်းရှောင်နေကြသော ဘီအီးတပ်မှ 
အရာရှိ စစ်သည်များ နှင့် ကျန်တပ်ပေါင်း စုံမှတပ်ဖွဲ့ဝင်များလည်း 
ဘီအီးတပ်တွင် လာရောက်စုပေါင်းခဲ့ကြသည်။ သို့ဖြင့် ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် 
မေမြို့ကို ပြန်လည်တိုက်ခိုက်ရာ ဘီအီးတပ်ကုန်း (ယခု အင်ဂျင်နီယာတပ်) 
နေရာကို ပြန်လည်ရရှိပြီး လက်နက်ခဲယမ်းများကိုပါ ရရှိလိုက်သည်။ မြို့တွင်း 
ဆက်လက်တိုက်ခိုက်သောတပ်ဖွဲ့များသည်လည်း မေမြို့-လားရှိုး လမ်းတစ်လျှောက် 
မြို့မရုပ်ရှင်ရုံထိ သိမ်းပိုက်လိုက်နိုင်ခဲ့သည်။
အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖေါ်ဝါရီလ
 ၂၄ ရက်ကို အင်ဂျင် နီယာ တပ်ဖွဲ့နေ့ အဖြစ် 
ဂုဏ်ပြုမှတ်တမ်းတင်ခြင်းခံခဲ့ရပေသည်။
ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် ခြေကုတ်စခန်းများရရှိပြီး ဆက်လက်ဖြစ်ပွားခဲ့သော 
တိုက်ပွဲများမှာ မြို့တွင်း တိုက်ပွဲသဏ္ဍန်ဖြစ်ခဲ့သည်။ တစ်ဖက်နှင့်တစ်ဖက် 
ခြေကုတ်စခန်းများကို အားပြုပြီး အဖွဲ့ငယ်များလွှတ်ကာ အပြန် အလှန် 
တိုက်ခိုက်ကြခြင်းဖြစ်သည်။ လေ့ကျင့်မှုမရှိသော အရပ်သားများမှာလည်း ရရာ 
လက်နက် စွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် 
ခက်ခဲသောကိစ္စတစ်ခုမှာ ရန်သူ့ သတင်းေ ထာက် လှမ်းရေးဖြစ်သည်။ ဤတာဝန်ကို 
ယူလိုက်သူမှာ “မချစ်ပို” ဆိုသော မိန်းကလေးပင် ဖြစ်ပါ သည်။
မချစ်ပိုသည် စင်စစ်မေမြို့သူမဟုတ်ပါ။ ၁၉၀၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး 
ထားဝယ်မြို့တွင်ကြီးပြင်းခဲ့သည်။ မောင်လေးဖြစ်သူတစ်ဦးမှာ ဘီအီးတပ်ထဲသို့ 
ဝင်သွားသည်ဟု ကြားရသဖြင့် လိုက်ရှာရင်း မေမြို့ရှိ ဦးကြွယ်-ဒေါ်ပုတို့ 
အိမ်တွင်နေဖြစ်သွားသည်။ ဦးကြွယ်တို့နှင့်ရင်းနှီးသော ဘီအီးတပ်မှ တပ်ကြပ် 
လှမောင်နှင့် အိမ်ထောင်ပြုလိုက်သည်။ တပ်ကြပ်လှမောင်မှာ စားရေးသောက်ရေး 
တာဝန်ယူ ရသောေ ကြာင့် ထမင်းချက်လှမောင်ဟု လူသိများခဲ့သည်။
မချစ်ပိုသည် ထားဝယ်သူပီပီ စကားပြောလျှင် အသံဝဲ၀ဲလေးနှင့် 
ချစ်စရာကောင်းလှသည်။ အသား ကမဖြူ မညို မျက်နှာကလေး ထောင့်စပ်စပ်၊ 
အရပ်အမောင်းက ငါးပေ သုံးလက်မခန့်ရှိသည်။ စကားပြောလျှင် 
ခပ်ပြတ်ပြတ်ပြောတတ်ပုံက လုပ်စရာရှိလျှင်လည်း ပြတ်ပြတ်သားသားလုပ်မည့် 
သဘောကို ဖော်ပြနေ သည်။
မချစ်ပို၏ယောက်ျားဖြစ်သူ တပ်ကြပ်လှမောင်သည် ထမင်းချက်တာဝန်ယူထားသော်လည်း 
အခြေ အနေေ ပး လျှင် တိုက်ခိုက်သည့်အဖွဲ့ထဲပါသွားပြန်သည်။ ထိုစဉ်က 
အင်ဂျင်နီယာတပ်ဖွဲ့များက လေ့ကျင့်ရေး တပ်ကုန်း မှနေ၍ ရင်ဆိုင်ထားသည်။
တစ်ဖက်နှင့်တစ်ဖက် အဖွဲ့ငယ်များဖြင့် အပြန်အလှန်သွားရောက်ပစ်ခတ်ကြရင်းမှ 
တစ်နေ့တွင် တပ်ကြပ် လှမောင် အား သေနတ်မှန်ပြီး ဒဏ်ရာရလာခဲ့သည်။ ဤတွင် 
တပ်ကြပ်လှမောင်၏ ဇနီးဖြစ်သူ မချစ်ပိုမှာ မခံချင် စိတ်များ 
တဖွားဖွားပေါ်လာခဲ့သည်။ “ငါ့လင်ကို မှန်အောင်ပစ်တဲ့သူတွေကို 
ငါကိုယ်တိုင်ပြန်ချမယ်”
မချစ်ပိုသည် လင်ကိုထိ၍ သွေးရူးသွေးတန်းထပြီး တိုက်ပွဲဝင်သူမဟုတ်ပါ။ 
နဂိုကတည်းက တည်ငြိမ်ပြတ် သားသော သဘာဝရှိသည့်အလျောက် သူမနှင့် ကိုက်ညီမည့် 
အလုပ်ကို လက်ခံ လိုက်ခြင်းသာဖြစ်သည်။
“ကဲ - မချစ်ပို ခင်ဗျားတာဝန်ယူနိုင်မယ်ဆိုရင် ခင်ဗျားကို 
မိန်းမထောက်လှမ်းရေး လုပ်ခိုင်းရမှာပဲ၊ ရန်သူရဲ့ လက် နက်ကြီးတွေ၊ 
စက်သေနတ်တွေ ပစ်တဲ့နေရာကို ကျွန်တော်တို့ သိချင်တယ်။ ခက်တာက ဘီအေဒီတီ 
ကုန်းဘက်ကို ထွက်လိုက်ရင် ယောက်ျားမှန်သမျှကို ရန်သူက ဖမ်းတယ်၊ ပစ်တယ်။ 
ခင်ဗျားတို့ မိန်းမတွေ ကျတော့ ဟိုဘက်ဒီဘက်ကူးပြီး ဈေးရောင်းနေကြတာ 
တွေလည်းရှိတော့ ရိပ်မိမှာမဟုတ်ဘူး၊ မချစ်ပို ဘယ်လို သဘောရသလဲ”
“ဖြစ်ပါတယ် စစ်သားမယားဟာ စစ်သမီးဘဲပေါ့၊ ရန်သူကအရေးသာသွားရင် 
တိုင်းပြည်ပြိကွဲသွားနိုင်တယ်၊ ဒီတော့ တတ် သမျှ ရန်သူအင်အားလျော့နည်းအောင် 
လုပ်ရမယ်၊ ကျွန်မကို ဓားတိုတချောင်းပေးပါ၊ ပြီးေ တာ့ လက်ပစ်ဗုံး လဲပေးထား၊ 
ကျွန်မကို ကိုလှမောင် သင်ပေးထားလို့ လက်ပစ်ဗုံးကောင်းကောင်း ပစ်တတ် ပါ တယ်”
သို့နှင့် နုနယ်လှပသော မချစ်ပိုလေးသည် အာဇာနည်သူရဲကောင်းစိတ်မျိုးဖြင့် တိုက်ပွဲဝင် ခဲ့လေတော့ သည်။
မချစ်ပိုသည် ကေအင်ဒီအိုများ တပ်စွဲထားသော လေ့ကျင့်ရေးတပ်ကုန်း၊ 
ဆေးတပ်ကုန်းများဘက်သို့ နည်း အမျိုး မျိုးဖြင့် ၀င်ရောက်ကာ ရန်သူသတင်း 
ထောက်လှမ်းရေးကို လုပ်ဆောင်ခဲ့ လေသည်။ မချစ်ပိုသည် ခမောက် တစ်လုံးဆောင်း၊ 
တုတ်တစ်ချောင်းကိုင်ကာ နွားကျောင်းသူယောင်ဆောင်၍ သွားခဲ့သည်။ နွားလေး ငါး 
ဆယ်ကောင် ပါသဖြင့် လည်း သူမကို နွားကျောင်းနေသည်ဟုသာ ရန်သူကထင်နေခဲ့သည်။
မိန်းမသားတစ်ဦး၏မာယာကို တိုင်းပြည်အတွက် အသုံးချလိုက်သောအခါတွင်လည်း 
အင်ဂျင်နီ ယာတပ်ဖွဲ့ဝင် စစ်သည်မိသားစုတို့၏ စွန့်လွှတ်စွန့်စား 
တိုက်ခိုက်မှုများဖြင့် ပြည်ထောင်စုတည်တံ့ ခိုင်မြဲရေး အတွက် 
လုပ်ဆောင်ချက်များက သမိုင်းမော်ကွန်းတင် ကျန်ရစ်ခဲ့ရပေသည်။
မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီး ပစ်ကူနေရာများ၊ 
စက်သေနတ်ချထားသည့် နေရာ များ ကို မှတ်လာခဲ့သည်။ တစ်ခါတစ်ရံတွင်လည်း 
ရန်သူအဖွဲ့ငယ် သုံးလေးဦးနှင့်တွေ့၍ အခွင့်သာသည့် အခါ မျိုး တွင် 
လက်ပစ်ဗုံးဖြင့် တိုက်ခိုက်သောကြောင့် ရန်သူတွေအတော်အထိနာလာခဲ့၏။ 
ထိုထက်ပို၍ ခံစားရ သည်မှာ မိန်းကလေးတစ်ဦး မိုးပေါ်ကကျလာသလို ပေါ်ပေါက်လာပြီး 
တိုက်ခိုက် ခံရဖန်များ လာသော အခါ ရန်သူတွေစိတ်ဓာတ်ချောက်ချားမှု 
ဖြစ်လာရခြင်းပင်။ ဗုံးကွဲသံကြား၍ထလိုက် ပြန်လျှင် လည်း မချစ်ပိုကို 
မီလိုက်သည်ဟူ၍မရှိ။ ကိုယ်ယောင်ဖျောက်ပြေးသည်ဟု ထင်နေကြ၏။ ဤသို့နှင့် 
မချစ်ပို ၏ အကူအညီဖြင့် ရန်သူအတော်များများကို ထိခိုက်ကျဆုံးစေခဲ့၏။
လက်ယဉ်လာပြီဖြစ်သော မချစ်ပို၏ သွေးတို့က ပို၍နီမြန်းလာ၏။ မချစ်ပို တစ်ဆင့်တက်၍ အရေးဆို လာပြန်၏။
“ကျွန်မ လုံခြည်ကြီးနဲ့ သွားလာရတာ လှုပ်ရှားလို့ သိပ်မလွယ်ဘူး၊ 
ကျွန်မဘောင်းဘီဝတ်မယ်၊ ပြီးတော့ လက်ပစ် ဗုံး က နေရာတိုင်းသုံးလို့မရဘူး၊ 
သေနတ်နဲ့ဆိုပိုကောင်းမယ်၊ နေ့ဘက်မှာ ကျွန်မ ထောက်လှမ်း ထားတဲ့နေရာတွေကို 
ညဘက်မှာ ကျွန်မရှင်တို့နဲ့အတူ လိုက်တိုက်မယ်”
မချစ်ပို၏ တင်ပြချက်ကို ရဲဘော်များက ဗိုလ်ကြီးဘဖြူထံ 
ဆက်၍သတင်းပို့ပေးလိုက်သည်။ ရိုင်ဖယ်နှ င့်တော့ မကောင်းပါဘူးဟုဆိုကာ 
ခြောက်လုံးပြူးထုတ်ပေးလိုက်သည်။
မချစ်ပိုပါဝင်သောအဖွဲ့မှာ ညတိုက်ပွဲများ ဆင်နွှဲကြပြန်သည်။
ကေအင်ဒီအိုအဖွဲ့မှာ အထိနာလျက်ရှိသည်။ ထောက်ပံ့ရေးကုန်းကို ၀င်စီးသောညတွင်ကား မချစ်ပိုကို ထိမှန်ေ လေ တာ့သည်။
နေ့ခင်းဘက်က မချစ်ပိုဝင်ရောက်ထောက်လှမ်းထားသော လက်နက်ကြီးနေရာများကို 
မိမိတပ်ဖွဲ့မှ နောက် ပိုင်း မှ မော်တာဖြင့်ပစ်ပြီး ဦးနှိမ်ပေးထားသည်။ 
မချစ်ပိုတို့အဖွဲ့က ရန်သူခံစစ်စည်းထဲသို့ အတင်း ထိုးဖောက် 
ဝင်ရောက်သွားကြသည်။ ရန်သူတွေ ခေါင်းမထောင်ဘဲ ဖြစ်နေချိန်တွင် 
မိမိစစ်သည်များက လှံစွပ်ဖြင့် တက်ထိုးဖို့ ကြိုးပမ်းကြသည်။ မချစ်ပိုက 
လက်မခံ။
“ကျွန်မလက်ပစ်ဗုံးနဲ့သွားထုမယ်” ဆိုပြီး လှိမ့်မှောက်ကာချဉ်းကပ်သွားခဲ့သည်။
 မချစ်ပိုအပစ်မခံရအောင် စစ်သည် များက ကာပစ်ပစ်ပေးရင်း 
ယောင်ပြလှုပ်ရှားမှုများ ပြုလုပ်ပေး ကြသည်။ ရန်သူ့စက်သေ နတ်သံများ 
ရပ်စဲသွားသည်။ မချစ်ပို လက်စွမ်းပြခဲ့ပြန်ပေပြီ။
ပြန်အထွက်တွင် မချစ်ပိုကို လှိမ့်မှောက်ပြီး ဆုတ်ခဲ့ရန် ပြောသော်လည်း 
နားမထောင်၊ မတ်တတ်ရပ်ပြီး ပြန် လာ ခဲ့သည်။ ရန်သူ့သေနတ်သံ 
တစ်ချက်ထွက်ပေါ်လာပြီး မချစ်ပို ဗိုက်ကို လက်နှင့် ဖိကာလဲကျ သွားလေသည်။
မချစ်ပိုကား သတ္တိကောင်းလှသည်။ ဒဏ်ရာရသည့်တိုင် ညည်းညူခြင်းမရှိ၊ ဗိုက်ကို 
အ၀တ်ဖြင့် ပတ်ပြီး ဖိထားလိုက် သည်။ ရဲဘော်များ မချစ်ပိုကိုပွေ့ပြီး 
မြို့ထဲဘက်သို့ ခေါ်သွားကြသည်။ တစ်ယောက်ကပြေး၍ နယူးဆေး တိုက်မှ ဆရာဝန်ကို 
သွားခေါ်၏။ ဒေါက်တာဘရှင် လိုက်လာပြီး မချစ်ပိုကို ကားဖြင့်တင်ကာ 
ဆေးတိုက်သို့ခေါ်ပြီး ညတွင်းချင်း ခွဲစိတ်ကုသပေး၏။
ထိုအချိန်တွင် ကေအင်ဒီအိုအဖွဲ့များက မသင်္ကာသဖြင့် ဆေးတိုက်ကို လာစစ်ကြသည်။
“ခုနက ကားနဲ့ထွက်သွားတာ ခင်ဗျားတို့ လူနာသွားတင်တာလား”
“မဟုတ်ပါဘူး၊ လူနာသွားကြည့်ရုံကြည့်တာ၊ မင်းတို့ ပစ်ခတ်နေကြလို့ ငါကြာကြာ 
မကုရဲတာနဲ့ ပြန်လာ တာ၊ အိမ်ထဲမှာ ငါ့သမီးတွေပဲရှိတယ်၊ မင်းတို့ 
ရုတ်ရုတ်မလုပ်နဲ့ ပြန်ကြ” ဒေါက်တာဘရှင်က မင်သေေ သဖြင့် ဟောက်လွှတ်သောကြောင့်
 လက်နက်ကိုင်အဖွဲ့များ ပြန်သွားကြသည်။
မချစ်ပို၏ ဒဏ်ရာကို ဖယောင်းတိုင်မီးဖြင့်ပင် ခွဲစိတ်ကုသပေးကြသည်။ ဒဏ်ရာက ၁၅
 ချက်လောက် ချုပ်ရ သည်။ ထို့နောက် မချစ်ပိုသည် ထိုဆေးတိုက်မှာပင် 
တစ်ပတ်လောက် ပုန်းအောင်းကာ ဆေးကုသ ခံနေခဲ့သည်။ အနာမကျက်သေးမီ မချစ်ပိုက 
ပြန်ချင်လှပြီဆိုသောကြောင့် ဦးကြွယ်တို့အိမ်သို့ မချစ်ပို 
ကိုလိုက်ပို့ပေးကြသည်။
ထိုအချိန်က ကေအင်ဒီအိုအဖွဲ့မှ စောဘစံဆိုသူမှာ ထုံးဘိုရပ်ထဲမှ 
မချစ်ပုဆိုသူကို ယူထားခဲ့သည်။ အရပ် ထဲမှ တခြားမိန်းကလေးများမှာလည်း စောဘစံ 
နှင့် ချစ်ပု တို့ ဆက်နွှယ်မှုကြောင့် ဖျက်ဆီးခံခဲ့ရသည်။ “ချစ်ပု” မှာ 
“မချစ်ပို” နှင့် နာမည်နည်းစပ်သော်လည်း စိတ်ဓါတ်ကမနီးစပ်၊ 
သူမအသက်ရှင်ရပ်တည်မှုကို အခြားမိန်းကလေးများ၏ ဘ၀နှင့်လဲဖို့ 
ကြိုးစားခဲ့သည်။
“ချစ်ပု” ၏လက်ထောက်ချမှုကြောင့် ရန်သူအဖွဲ့ကို အထိနာအောင်တိုက်ခိုက်ခဲ့သော 
မိန်းကလေးမှာ မချစ်ပို ဖြစ်မှန်းသိသွားကြသည်။ မချစ်ပို၏ လှုပ်ရှားမှုကို 
စောင့်ကြည့် နေကြ၏။ ဆေးတိုက်မှဆင်းပြီး ဦးကြွယ်၏အိမ်တွင် ပုန်းခိုနေသော 
မချစ်ပို၏သတင်းကို ကေအင်ဒီအိုအဖွဲ့ ရသွားကြသည်။ စောဘစံ ခေါင်းဆောင်ပြီး 
လက်နက်ကိုင် လေးငါးဦးခန့် ဦးကြွယ်အိမ်ရှေ့သို့ ရောက်လာကြသည်။
“ကဲ မချစ်ပို ခင်ဗျားရဲ့ လှုပ်ရှားမှုတွေ အားလုံးကို အတိအကျ သိထားပြီးပြီ၊ 
ငြင်းဖို့မကြိုးစားပါနဲ့၊ ခင်ဗျားကြောင့် ကျုပ်တို့အဖွဲ့တွေ 
အတော်အထိနာကုန်ပြီ၊ ဒီတော့ ခင်ဗျား ကျုပ်တို့နောက်ကို လိုက်ခဲ့ပါ”
“အေး ငါလိုက်ခဲ့မယ်”
မချစ်ပိုကား ထွက်ပြေးဖို့ မကြိုးစား၊ ဓားတိုကိုသာ ၀ှက်ပြီးယူလိုက်သည်။ အာဂသတ္တိရှင်ပေ။
ထိုရက်ပိုင်းများမှာ အင်ဂျင်နီယာတပ်ဖွဲ့များ မေမြို့တွင်မရှိတော့ပေ။ 
မန္တလေးသို့ ဆင့်ခေါ်ခြင်းခံရသဖြင့် ပြန်လည် ဆုတ်ခွာသွားကြပြီးဖြစ်ရာ ဇနီး၊ 
သားသမီးများကို ကြည့်မထား နိုင်တော့။ မိသားစုဝင်များမှာ ဟိုပုန်း 
ဒီအောင်းဖြင့် နေခဲ့ကြရှာသည်။ မချစ်ပိုမှာ ဒဏ်ရာမပျောက်ကင်းသေးသဖြင့် 
ကျန်ရစ်ခဲ့ရာမှ အဖမ်း ခံ လိုက်ရခြင်းဖြစ်သည်။ ကေအင်ဒီအို အဖွဲ့များကလည်း 
သာမန်မိသားစုဝင်များကိုစိတ်မ၀င်စား၊ မချစ်ပို ကိုသာ 
သဲကြီးမဲကြီးလိုက်ရှာနေခဲ့ကြခြင်းဖြစ်သည်။ မချစ်ပိုကို စောဘစံက သူ့မယား 
“ချစ်ပု” အိမ်သို့ ဖမ်းခေါ် သွား သည်။ ရောက်သည်နှင့် 
မချစ်ပိုကိုဖမ်းချုပ်ပြီး သူမ၏ အံသွားများကို ဓားဖြင့်က လန့်ထုတ် ရန်ကြိုး 
စားကြသည်။
မချစ်ပို သည် အံသွားအပို (အံပွား) ပါသူတစ်ဦးဖြစ်သည်။ အံပွား၏ အကျိုးကြောင့်
 တော်ရုံတန်ရုံ ဓား၊ သေ နတ်ပြီး သည့်သဘောရှိသည်။ အံပွားကြောင့် 
သူမကိုယ်တိုင်သာ လုံခြုံမှုရှိသည်မဟုတ်၊ မချစ်ပို နောက် 
ကလိုက်သူကြသူများသည်လည်း ကျည်ဆန်ထိမှန်ခြင်းမရှိ၊ မချစ်ပိုသည် ကျည်ကွယ် 
သဖွယ်ဖြစ်ေ နခြင်းေ ကြာင့်လည်း သူတို့အဖွဲ့ဝင်များ လှုပ်ရှား 
တိုက်ခိုက်ကြတိုင်း တော်ရုံတန်ရုံ မထိမှန် ဘဲအောင်မြင်မှုရခဲ့ကြသည် စသဖြင့်
 ယုံကြည်နေကြသည်။
ဒီသတင်းကို စောဘစံတို့ကလည်း ကြားထားသည်။ မချစ်ပိုကို 
ရိုးရိုးသတ်လို့သေမည်မဟုတ်ဟု နားလည် ထားကြသည်။ ထို့ကြောင့် မချစ်ပိုကို 
ဖမ်းခေါ်လာပြီး အိမ်ထဲ အ၀င်တွင် အခန်းဝ၌ မီးနေသည်ထမီကို ကပ်ရိုက် ထားသည်။ 
မချစ်ပိုကို ဘုန်းနိမ့်အောင်လုပ်ကြတော့သည်။ ပို၍သေချာအောင် 
မချစ်ပို၏အံသွားကို နုတ်ဖို့ ကြိုးစားကြပြန်ခြင်း ဖြစ်သည်။
“အောင်မလေး တို့ကိုဓားနဲ့ ပြန်ထိုးတယ်ဟ” အံသွားကို 
နုတ်ဖို့ကြိုးစားနေကြသူများ အော်ဟစ်ပြီး ပြိုလဲ ကျ သွားပြန်သည်။ 
မချစ်ပိုကား နောက်ဆုံးအချိန်တွင်ပင် တမလွန်သို့ အဖေါ်ခေါ်သွားလိုက်သေးသည်။ 
သို့ရာတွင် တမလွန်တွင် ခံစားရမည့် ဘုံဘ၀ခြင်းကား ခြားနားလှပါသည်။
စောဘစံ မခံရပ်နိုင်ဖြစ်ကား သေနတ်ဆွဲ၍ယူလိုက်သည်။ ဆူညံသောသေနတ်သံများ 
ထွက်ပေါ်လာပြီး မချစ် ပို လဲကျသွားတော့သည်။ မချစ်ပိုသည် ဒဏ်ရာ ပြင်းထန်စွာ 
ရနေသော်လည်း အသက်က တော်ေ တ်ာနှင့် မထွက်၊ အသက်ပြင်းသည်ဟု 
ပြောစမှတ်ပြုခံရသည်။ သို့နှင့် အသက်ထွက်လောက်ပြီ ထင်တော့မှ မချစ်ပို၏ 
အလောင်းကို ၀ိုင်းသယ်မပြီး ရေတွင်းထဲသို့ ပစ်ချလိုက်ကြသည်။ 
ပိုမိုသေချာစေရန် အတွက် အပေါ်မှ အုတ်ခဲကျိုးများ၊ ပန်းအိုးကွဲများ 
ပစ်ချပြီးဖို့ထားလိုက်ကြသည်။
မချစ်ပိုသည် ၈-၄-၄၉ ရက်နေ့တွင် အသက် (၄၂) နှစ် အရွယ်တွင် ကျဆုံးသွားခဲ့ရရှာပေသည်။
မချစ်ပို ကျဆုံးသောနေ့ရက်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် 
လက်အောက်ခံတပ်များက မန္တလေးမြို့ကို ပြန်လည်သိမ်းပိုက်ပြီးဖြစ်၍ 
မြို့သိမ်းအောင်ပွဲအခမ်းအနား ပြုလုပ်သောနေ့နှင့် တိုက်ဆိုင်ခဲ့ပေသည်။ 
မန္တလေးမြို့ကို စစ်ကိုင်းဘက်မှနေ၍ အစိုးရတပ်များက ပြန်လည် 
တိုက်ခိုက်သိမ်းပိုက်ရာတွင် ဗိုလ်မှူးထင်ပေါ် ဦးစီးသော ဘီအီး တပ်ဖွဲ့ သည် 
အဓိက တိုက်ခိုက်ရေးတပ်အဖြစ်ဖြင့် ဧပြီလ ၂ ရက်တွင် 
မန္တလေးတောင်ကိုတက်သိမ်းခဲ့သည်။ မန္တလေးနန်းမြို့တွင်း သို့ 
ဆက်လက်တိုက်ခိုက်ပြီး ဧပြီလ ၆ ရက် တွင် မန္တလေးမြို့ကို 
ဝင်ရောက်သိမ်းပိုက်ကာ ပြည်ထောင်စုအလံကို လွှင့်ထူခဲ့ရာ မန္တလေးမြို့လူထုမှ 
“တပ်မတော်ကွ” ဟု ကြွေးကြော်ပြီး သြဘာပေးခဲ့ကြသည်။ ဒါတွေကို မချစ်ပို 
သိမသွားသော်လည်း မချစ်ပို ကျေနပ်နေလိမ့်မည်ဟု ယုံကြည်ပါသည်။
မချစ်ပို၏အလောင်းကို သုံးလေးရက်အကြာတွင် ပြန်ဖော်သောအခါ 
ပုပ်သိုးနံစော်ခြင်းမရှိဟုဆိုသည်။ ၁၆-၄-၄၉ ရက်တွင် ဗိုလ်မှူးကြင်နှင့်တကွ 
ရဲဘော်များသည် မန္တလေး-မေမြို့ကားလမ်းကို စစ်ဆေးရင်းမှ ရောက်လာကြပြီး 
မချစ်ပို၏ အလောင်းကို စစ်အခမ်းအနားဖြင့် သဂြိုလ်ခဲ့ကြသည်။ အမိန့်စာကို 
ဦးထွန်းအုံက ဖတ်ကြောင်းသိရသည်။
မချစ်ပို၏ အုတ်ဂူလေးကို အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ၁၉၆၀ 
ပြည့်နှစ်တွင် မေမြို့ အင်ဂျင်နီယာတပ်၌ ဗိုလ်မှူးတင်မောင် (သိပ္ပံမှူးတင်) 
တပ်မှူး ဖြစ်သောအခါ အုတ်ဂူလေးကို ပြန်လည်မွမ်းမံခဲ့သေးသည်။
ရဲဘော်မသေ သေသော်ငရဲမလားပါ။
“သတိဓါတ်လိုက်တတ်သည်” ဟုရေးထားလျှင် မည်သူမျှ မကိုင်ကြသော်လည်း 
“ရှေ့မှာရန်သူပစ်နေတယ်၊ တက်ချေမှုန်း” ဟုဆိုလျှင် “စစ်သား” ဆိုသူများသည် 
အန္တရာယ် လမ်းမှန်းသိလျက် မည်သည့်အတွက် လျှောက်လှမ်းကြပါသလဲ။
အမိမြေအတွက်ဖြစ်ပါသည်။
အမိမြေကိုချစ်သောစိတ်ဖြင့် သားကောင်းဇာနည်များ၊ အာဇာနည် အမျိုးသမီးများပါ 
ပေါ်ပေါက်လာ ရပေသည်။ အာဇာနည်မချစ်ပို၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကို 
ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်က ၁၉၅၀ ခုနှစ် လွတ်လပ်ရေးနေ့ တွင် “သူရ” 
ဘွဲ့ကိုချီးမြှင့်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော သူရဘွဲ့ရ 
အမျိုးသမီးတစ်ဦး အဖြစ်လည်း ယနေ့တိုင် ရပ်တည်နေဆဲဖြစ်ပါသည်။ သို့ရာတွင် 
“သူရ” မချစ်ပို (ကျဆုံး) ရရှိသော “သူရ” ဘွဲ့သည် တပ်မတော် 
သမိုင်းတစ်လျှောက်လုံးတွင် တိုက်ပွဲဝင်နေသော စစ်သည်များ၏ မိသားစုများကို 
ကိုယ်စားပြုလျှက်ရှိနေပါသည်။
“သူရမချစ်ပို” ၏ အုတ်ဂူဖြူဖြူလေးက ပြင်ဦးလွင်မြို့ ထုံးဘိုရပ်ထဲတွင် 
ယနေ့တိုင် တည်ရှိနေ ဆဲဖြစ်ပါသည်။ မသိနားမလည်ကြသူအချို့က 
အုတ်ဂူသင်းချိုင်းမှာ မြို့ထဲ ရောက်နေသဖြင့် ရွှေ့ပစ်သင့် သည်ဟု 
ထင်နေကြပါသည်။
သူရမချစ်ပို၏ အုတ်ဂူသည် သင်းချိုင်းမဟုတ်ပါ။ မေမြို့ (ပြင်ဦးလွင်) 
ကိုချစ်သော၊ မေမြို့တိုက်ပွဲတွင် ဦးေ ဆာင် မှုပေးခဲ့သော 
အင်ဂျင်နီယာတပ်ဖွဲ့၏ သမိုင်းကိုပြောပြနေသည့် အုတ်ဂူစံအိမ်လေး တစ်ခုဟု 
နားလည်မိပါသည်။
သူရမချစ်ပိုသည် မသေသေးပါ။ အုတ်ဂူစံအိမ်လေးထဲတွင် အိပ်ပျော်နေခြင်းသာဖြစ်ပါသည်။
အမိမြေကိုချစ်သော သားကောင်းသမီးကောင်းများအကြောင်းကို မချစ်ပိုက ထာဝရပြောပြနေဦးမည်သာ ဖြစ်ပါသတည်း။
ခင်မောင်နိုင် (ဘီအီး)
(ကြေးမုံသတင်းစာ ၁၉၉၅ ခုနှစ် မတ်လ ၁၃ ရက်)
www.facebook.com/theuseofforce ဝေဟင်ချစ်သူမှ ဖော်ပြခြင်းကို ကူးယူသည်။
(ကြေးမုံသတင်းစာ ၁၉၉၅ ခုနှစ် မတ်လ ၁၃ ရက်)
www.facebook.com/theuseofforce ဝေဟင်ချစ်သူမှ ဖော်ပြခြင်းကို ကူးယူသည်။
မှတ်ချက်။ မန္တလေးမြို့ကို ကေအင်ဒီအိုတို့လက်အတွင်းမှ အင်ဂျင်နီယာတပ်ဖွဲ့က 
ပြန်လည်သိမ်း ပိုက်လိုက်သော အကြောင်းကို ၁၉၇၅ ခုနှစ်တွင်ထုတ်ဝေသည့် 
ဇေယျကျော်ထင် ဗိုလ်မှူးသိန်းမောင် (အငြိမ်းစား) ရေးသည့် (၁၉၄၉ ခုနှစ် 
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အရေးတော်ပုံမှတ်တမ်း) စာအုပ်တွင် 
အသေးစိတ်ဖတ်ရှုနိုင်ပါသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး 
ဗိုလ်မှူးကြင် ကျဆုံးပုံကို (လျှပ်တစ်ပြက်ဂျာနယ်) အတွဲ ၂ အမှတ် ၈၂ တွင် 
စာရေးဆရာ မောင်ဆွေသက် နှင့် အင်တာဗျူးရာ၌ ဒုတိယဗိုလ်မှူးကြီးထွန်းရင်လော 
(ငြိမ်း) က ပြောပြထားပါတယ်။
အောက်ပို့ စ်အိုင်းမှကူးယူတင်ပြပါသည်၊ 
No comments:
Post a Comment