
ဇန်န၀ါရီလ ၂၈ ရက်နေ့ သတင်းစာများတွင် ဖော်ပြခဲ့သည့် သတင်းဓာတ်ပုံ 
မှားယွင်းခဲ့သည့် အပေါ် ပြန်ကြား ရေး ဒုဝန်ကြီးမှ တောင်းပန်ကြောင်း တရားဝင် 
ရေးသား ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထိုအချက်နှင့် ပတ် သက်ြ ပီး 
"ပြည်သူ့ဝန်ဆောင်မှု သတင်းစာ များအတွက် သတင်းစာ အုပ်ချုပ်ရေးအဖွဲ့က 
ထုတ်ပြန်ထားတဲ့ စာနယ်ဇင်း ကျင့်ဝတ် မှာ ပါတဲ့ ပုံနှိပ်ခြင်း မပြုမီမှာ သတင်
 မှန်ကန်မှုကို တတ်စွမ်းသမျှ စစ်ဆေးရမည် ဆိုတဲ့ အချက်ကို အလေး 
ထားဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာ လည်းဖြစ်ပါတယ်။  ဒီလိုပျက်ကွက်မှုအတွက် 
စာဖတ် ပရိသတ်များကို တောင်းပန် အပ်ပါတယ်”ဟု ဦးရဲထွဋ်က ဆက်လက် ရေးသားခဲ့သည်။
အဆိုပါ သတင်းမှာ  မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ်၌ KIA အဖွဲ့က မိုင်းဆွဲ 
တိုက်ခိုက် သည့် အကြောင်း ကို ဖော်ပြသည့် သတင်းဖြစ်ပြီး သေ ဆုံး ခဲ့သည့် 
အပြစ်မဲ့ ပြည်သူနှင့် ဆိုင်ကယ်တို့၏ သတင်း ဓာတ် ပုံ တွင် ဆိုင်ကယ်၏ ပုံအား 
အဲပုဂံ လေယာဉ် ပျက်ကျသည့် ဆိုင်ကယ်ပုံနှင့် မှားယွင်းခဲ့ခြင်းသာ ဖြစ် သည်။ 
သို့သော် မြန်မာမီဒီယာများမှ ထိုသို့ တောင်းပန်စာများ တွေ့ပြီးသောအခါ 
 အကြမ်းဖက် လုပ်ရပ် လည်းပျောက်၊ ထိခိုက်ခဲ့ သော ပြည်သူလည်း ပျောက်၊ 
ဆိုင်ကယ်ဓာတ်ပုံသာလျှင် ရေးကြီးခွင်ကျယ် ဖြစ် ကုန် သည်။
သတင်း၏ ရည်ရွယ်ချက်မှာ ကေအိုင်အေ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် 
အပြစ်မဲ့ပြည်သူများ ထိခိုက်နေခြင်းကို မီဒီယာများ မျက်ကွယ်ပြု နေသည့်အတွက် 
အမှန်တကယ်ဖြစ်သည့် ဖြစ်စဉ်အား ပြည်သူများ သိစေရန်သာ ဖြစ်သည်။ သို့သော် 
ပျက်စီးသည့် ဆိုင်ကယ်ပုံ မှားယွင်းမှုအား အဆိုပါ အကြမ်းဖက်မှုကြီး 
မလုပ်ခဲ့သယောင် ရေးသားကြသည်။ ထို့ပြင် အစိုးရသတင်းစာတွင် သတင်းမှားများ 
ထုတ်လွှင့်နေသည်ဟု Eleven စာမျက်နှာမှ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်ဟု 
ဆိုကာ KIA အဖွဲ့က ကျောက်မျက် ကုမဏီ အဆောက် အအုံအား မီးရှို့ဖျက်ဆီး သတင်းအား
 သတင်းမှားအဖြစ် ရေးသားခဲ့သည်။ 
ကေအိုင်အေမှ ကျောက်မျက်ကုမဏီအား တိုက်ခိုက်သည်မှာ ထိုတစ်ကြိမ်တည်း မဟုတ်၊ 
ယခုရက်ပိုင်း အတွင်း ၃ ကြိမ်မက ရှိခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ရေမဆေးကျောက် 
လုပ်သားများနှင့် ပတ်သက်၍ ဒေသခံ များမှ သတင်း ရသည် ဆိုသည့် မီဒီယာ Eleven 
မှာ ရေမဆေးကျောက် လုပ်သားများအား ကေအိုင်အေမှ ဖမ်းဆီးေ ခ်ါဆောင် သွားကြောင်း
 မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အစိုးရ သတင်းစာများနှင့် ပြည်နယ် အစိုးရ၏ ထုတ်ပြန်
 ချက်များကို လုံးဝ( လုံးဝ) ဖော်ပြခဲ့ခြင်း မရှိပါ။ ထို့ပြင် 
ဖားကန့်ဒေသအတွင်း ကေအိုင်အေ တပ်ရင်း (၆)မှ အခြေပြုလှုပ်ရှားကာ 
ကာမိုင်းရဲစခန်း၊ ပြည်သူပိုင် အဆောက်အအုံများကို အကြိမ်ကြိမ် တိုက်ခိုက် 
ဖျက်ဆီးသော်လည်း Eleven မှ စုံစမ်း ဖော်ပြနိုင်ခြင်း မရှိခဲ့ပါ။ 
Eleven မှ ဖော်ပြခဲ့သည့် ဒေသခံများ ဆိုသည်မှာ ကေအိုင်အေများလား၊ သို့မဟုတ် 
ဘီဘီစီ၏ ဒေသခံများ လား ဆိုသည်မှာလည်း မေးခွန်းထုတ်စရာပင်။ ထိုသို့ 
အမှားများကို ဖော်ပြ၍ တရားစွဲဆိုမှုများ ကာကွယ်ေ ရး ၀န်ကြီးဌာနမှ တရားဝင် 
လုပ်ခဲ့သည် ဆိုလျှင် Eleven မည်သို့ ဖြေရှင်းမည်လဲ။ အစိုးရ အကြီးအကဲများ၊ 
တပ်မတော် အကြီးအကဲများ၊ ပြည်သူ့ဝန်ထမ်းများအား ပုဂ္ဂိုလ်ရေး စော်ကားမှုများ 
ပြုလုပ်ခဲ့သည်တို့အား မိမိတို့ မီဒီယာမှ သတင်းမှားလုပ်၍ မဖော်ပြပါဟု 
အာမခံနိုင်မည်လား။ Jade Land, lachid တို့၏ သတင်းများအတွက်ကော 
တာဝန်ယူဝံ့သည်လား ဆိုသည်မှာလည်း မေးစရာပင် ဖြစ်သည်။
Eleven မှ ရေးသားသည့် သတင်းကောက်နုတ်ချက်
=====================
သတင်းဓာတ်ပုံမှားယွင်း ဖော်ပြမှုအတွက် တောင်းပန်ခြင်းကို ဇန်န၀ါရီလ ၃၁ 
ရက်နေ့ထုတ် အစိုးရ သတင်း စာ များတွင် ဖော်ပြခဲ့ပြီး သတင်းနှင့် စာနယ်ဇင်း 
လုပ်ငန်း၏ တောင်းပန်ချက်အနေဖြင့် ဖော်ပြခဲ့ပါသည်။ အဆိုပါ တောင်းပန်ချက်တွင်
 ရေးသားခဲ့သည်များမှာ ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ရှင်းလင်း ထား သည့်
 အကြောင်းအရာများ ဖြစ်ပါသည်။
အစိုးရသတင်းစာများ အနေဖြင့် KIA ၏ သတင်းများကို ဆက်တိုက်နီးပါး 
ဖော်ပြနေသော်လည်း အချို့မှာ မှား ယွင်း ဖော်ပြမှုများ ဖြစ်နေကြောင်း 
သိရှိရပါသည်။ အနီးစပ်ဆုံး သာဓက တစ်ခုအနေဖြင့် ဇန်န၀ါရီလ ၂၃ ရက်ေ န့ ထုတ် 
အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည့် "KIA အဖွဲ့က ကျောက်မျက် ကုမဏီ အေ 
ဆာက် အအုံအား မီးရှို့ဖျက်ဆီး" သတင်းမှာ အစိုးရသတင်းစာက မှားယွင်း 
ဖော်ပြခဲ့သော သတင်ြး ဖစ်ကြောင်း သိရသည်။ ထိုသတင်းတွင် ပါဝင်ခဲ့သည် 
ကျောက်မျက်ကုမဏီများ မီးရှို့ခံရခြင်းသည် KIA က မီးရှို့ခဲ့ခြင်း မဟုတ်ဘဲ 
ရေမဆေး ကျောက်သမား အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ မီးရှို့ခဲ့ခြင်း 
ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
OppositEyeE .................
OppositEyeE .................
No comments:
Post a Comment