သရုပ်ဆောင် အဆိုတော် ဇူးမြတ်ထက်က သူချစ်တဲ့ ဇနီး ထက်ထက်မိုးဦးပုံ ကို ရင်ဘတ်မှာ ဆေးမှင်ကြောင်ထိုးထားသလိုပဲ
 သူ့ရဲ့ တစ်ဦးတည်းသော သမီး စစ်လွန်းဝတီထက်ပုံကိုလည်း ဘယ်လက်မောင်းပေါ်မှာ 
ဖေဖော်ဝါရီ ၁၈ ရက်နေ့တုန်းက ဆရာတွတ်ပီဆီမှာ ထပ်မံပြီး ဆေးမှင်ကြောင် 
ထိုးထား ခဲ့ပါတယ်။ ဒီလိုပုံရေးထိုးတာ အလှမဟုတ်ဘဲ အချစ်ကြောင့်ပါလို့ ဆိုတဲ့
 ဇူးမြတ်ထက်က “အစကတည်းက ထိုးဖို့ အစီအစဉ် 
ရှိပြီးသားပါ။ ကျွန်တော် ချစ်တဲ့ သမီးလေးနဲ့ သူ့အမေပုံ နှစ်ယောက်စလုံး 
ထိုးဖို့ ရည်ရွယ်ထား တာလေ။ ဒီပုံလေးက သူတစ်နှစ်ပြည့် မယ်သီလရှင်ဝတ်တုန်းက 
ပုံလေးပါ။ ဆရာတွတ်ပီ ထိုးပေးတာပါ။ အဓိက ကတော့ ကျွန်တော် မထက်ရော၊ 
သမီးလေးကိုရော ချစ်တယ်။ ချစ်လို့ အသားထဲမှာ ကျွန်တော် ဆေးမှင်ထိုး ခဲ့တာပါ”
 လို့ ပြောပြခဲ့ပါတယ်။
 
 ထူးထူး
 
 ဓာတ်ပုံ- ထက်ထက်မိုးဦး ဖေ့ဘုတ်မှ
 
No comments:
Post a Comment