
တစ္ဆေ ခြုံလွှာဟု အမည်ပေး ထားသော စစ်ဘက်သုံး နည်းပညာ တစ်ခုသည် ရန်သူ့အမြင် အာရုံကို အံ့ဩ ဖွယ်ရာ လှည့်စားနိုင်မည့် အခြေအနေ မျိုးသို့
ဦးတည် လာကြောင်း  သိရှိရသည်။ လက်ရှိ 
စမ်းသပ်ဆဲ အခြေ အနေသာ ရှိသေးသော အဆိုပါ နည်းပညာ အောင်မြင် လာချိန်တွင် 
ဝေဟင်၌ ပျံသန်း နေသော တိုက်လေ ယာဉ်များကို ခရီးသည် တင် လေယာဉ် အဖြစ်သာ 
ထောက် လှမ်း နိုင်ပြီး စစ်သားတစ်ဦး ကိုလည်း သစ်ပင် တစ်ပင် အနေဖြင့်သာ 
တွေ့မြင် နိုင်မည် ဖြစ်သည်။
အဆိုပါ နည်းပညာသည် လက်ရှိ အသုံးပြု နေသည့်
 ပုံဖျောက် ပစ္စည်းများနှင့် ချဉ်းကပ်ပုံ အလွန် ကွာခြား ကြောင်း သုတေသီ 
များက ဆိုသည်။ တရုတ်နိုင်ငံမှ သုတေသန ပညာရှင် များသည် လွှမ်းခြုံ ထားသည့် 
ပစ္စည်း တစ်ခုကို အခြားအရာ တစ်ခုအသွင် အမြင် မှားစေမည့် တစ္ဆေခြုံလွှာ 
နည်းပညာကို မိတ်ဆက် ပြသခဲ့သည်။ နန်ဂျင်းရှိ တောင်ပိုင်း တက္ကသိုလ်မှ 
ပညာရှင်များက အဆိုပါ နည်းပညာသည် လူအများ မျှော်လင့် ထားသည့် ကိုယ်ပျောက် 
စနစ်မျိုး ကဲ့သို့ မဟုတ်ကြောင်း ရှင်းပြခဲ့သည်။ မိမိတို့ ပုံဖျက်လိုသော 
အရာဝတ္ထုမှာ ပျောက်ကွယ် မသွားဘဲ အခြားသော အရာ တစ်ခု အသွင် ပုံပေါ် နေခြင်းသာ 
ဖြစ်မည်ဟု တရုတ် ပညာရှင်များက ရှင်းပြ ခဲ့သည်။
နည်းပညာ၏ အခြေခံ သဘောမှာ မူလရုပ်သွင်ကို 
ဖျောက်ထားလိုသည့် အရာဝတ္ထု၏ ဘေးနှစ်ဖက် နှစ်ချက် တွင် မိမိဖန်တီး လိုသော 
ရုပ်သွင်ကို ပြောင်းလဲ မြင်တွေ့စေရန် အယောင်ဆောင် ထားခြင်း ဖြစ်သည်။ ယခု 
သုတေသန လုပ်ငန်းကို ပညာရှင် တိုင်ဂျန်ကူက ဦးဆောင်ကာ သိပ္ပံပညာ ရှင်များက 
လေ့လာ ဆန်းစစ်ဆဲဟု သိရှိ ရသည်။ အဆိုပါ အဖွဲ့သည် ၎င်းတို့ ထုတ်ပြ ထား သည့် 
သီအိုရီ မှန်ကန်ကြောင်း သက်သေ ပြရန် အသေး စား Prototype ကိရိယာ ငယ်လေး 
တစ်ခုကို လက်တွေ့ ဖန်တီး ပြထားပြီး ဖြစ်သည်။
လက်ရှိ စစ်ဘက် နည်းပညာ များတွင် 
စမ်းသပ်နေသည့် ကိုယ်ပျောက် နည်းပညာမှာ အရာဝတ္ထု တစ်ခုအပေါ် ကျရောက် လာသော 
အလင်းကို ပထမ အဆင့် ဖယ်ရှားပြီး ဒုတိယ အဆင့် အနေဖြင့် ပုံဖျောက် ထားသည့် 
အရာ၏ ပတ်ဝန်းကျင် အရာနှင့် တစ်သားတည်း ကျအောင် ပုံပြန်ဖော်ခြင်း ဖြစ်သည်။ 
တရုတ် သိပ္ပံပညာ ရှင်များက ရိုးရှင်းစွာ တွေးခေါ်ပြီး ယင်းနည်းလမ်းမှ ပထမ 
အဆင့်ကို ဖယ်ရှားကာ ဒုတိယ အဆင့်တွင် ပတ်ဝန်း ကျင် အရာများနှင့် လိုက်လျော 
ညီထွေ ဖြစ်ပြီး ကိုယ်ပျောက် သွားအောင် မလုပ်ဆောင်ဘဲ မိမိဖန်တီး လိုသော အရာ 
တစ်ခု အဖြစ် မြင်နိုင်အောင် လမ်းကြောင်းပြောင်း တီထွင် ခဲ့ခြင်းဟု 
သိရှိရသည်။
From : Yatanarpon
No comments:
Post a Comment