ကန့်ဘလူမြို့၌ မိန်းကလေးတစ်ဦးအား ကာအနြေ္ဒပျက်ပြားအောင်ပြုလုပ်၍ အနိုင်ကျင့်စော်ကားရန် ကြိုစားရာမှ အစပြုပြီး လူအုပ်စုဖြင့် မီးရှို့ ဖျက်ဆီးမှုများဖြစ်ပွားနောက်ဆက်တွဲသတင်း
 
--------------------------
 စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ (၂၄-၈-၂၀၁၃)ရက်နေ့က 
အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ကာအနြေ္ဒ ပျက်ပြားအောင် ပြုလုပ်၍ 
အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီး
 မကျေနပ်သူ လူအုပ်စုက ဈေးဆိုင်၊ နေအိမ်နှင့် ကြက်ခြံတို့အား 
မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တာဝန်ရှိသူများက အကြမ်းဖက်မှုများ 
ထပ်မံမဖြစ်ပွား စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်လျက် ရှိပြီး အကြမ်းဖက် 
ဖျက်ဆီးမှုများတွင် ပါဝင်သူများအား အမှုဖွင့် အရေးယူသွားရန် 
စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၂၄-၈-၂၀၁၃) ရက်နေ့ 
ညနေ(၆း၃၀)နာရီခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာအုပ်စု ဇီးပင်သာ 
ကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/၀ယ်ဆိုင်မှ
 ပြန်လာစဉ် ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြားအရောက် 
ထန်းတောကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ 
အနိုင်ကျင့်စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာ 
ကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိလာသဖြင့် ဆန်းမင်းဦးသည် 
ထန်းကုန်းကျေးရွာ ဘက်သို့ ထွက်ပြေး သွားခဲ့သော်လည်း 
ဝိုင်းဝန်းဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းမင်းဦးအား 
ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မရဲစခန်းသို့ 
ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ 
မဖြစ်ပွားစေရေးအတွက် ညပိုင်းတွင် ရွှေဘို အကျဉ်းထောင်သို့ 
ပို့ဆောင်ခဲ့ကြောင်း၊ ည (၇း၃၀)နာရီခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ
 ကျေးရွာတို့မှ ရွာသူရွာသား (၁၅၀)ခန့်သည် ထန်းကုန်းရဲစခန်းသို့ 
ရောက်ရှိလာပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် 
လူအုပ်စုသည် သံလမ်းဘေးရှိ ဈေးဆိုင်၊ နေအိမ်အချို့နှင့် 
ကြက်ခြံတစ်ခြံတို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီးမှုကြောင့် 
နေအိမ် (၃၉)လုံး၊ ဈေးဆိုင်ခန်း (၃)ခန်း၊ ကြက်ခြံ(၁)ခြံတို့ 
မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် (၃)လုံး၊ ဈေးဆိုင်ခန်း (၁၂)ခန်း၊ 
ဆောက်လုပ်ရေးပစ္စည်းဆိုင် (၃)ဆိုင်တို့ ရိုက်ချိုးဖျက်ဆီးခံခဲ့ရကြောင်း
 သိရသည်။ အခင်းဖြစ်ရာနေရာသို့ တိုင်းဒေသကြီး နယ်စပ်ရေးရာ 
ဝန်ကြီးနှင့်အဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ ရဲတပ်ရင်းမှ 
တပ်ရင်းမှူးနှင့်အဖွဲ့များ ရောက်ရှိပြီး လုံခြုံရေး 
ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၂၅-၈-၂၀၁၃)ရက်နေ့ နံနက် (၅)နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး နယ်မြေ တည်ငြိမ် အေးချမ်းရေးအတွက် လိုအပ် သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရှိရသည်။
MR T.V 4 
 
 
 
          
      
 
 
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
  
No comments:
Post a Comment