သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 12 January 2014

အမျိုးအမည်မသိရသော ပျံသန်းနေတဲ့အရာဝတ္ထုကြောင့် ဂျာမနီမှာ လေကြောင်းခရီးစဉ် အများစု နှောင့်နှေး၊ ဖျက်သိမ်းခဲ့ရ



 10.1.2014

အမျိုးအမည်မသိပျံသန်းနေသောအရာဝတ္ထု (UFO) တစ်ခုကို ရေဒါမှာ မြင်တွေ့ နေရတာကြောင့် ဂျာမနီ လေဆိပ်ရဲ့ လေကြောင်းခရီးစဉ်အများစု နှောင့်နှေးခဲ့ရပြီး ခရီးစဉ်တစ်ခု ကို ဖျက်သိမ်းလိုက်ရပါတယ်။

ဒီ အမည်မဖော်နိုင်တဲ့ ထူးဆန်းတဲ့အရာဝတ္ထုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညနေ ၄ နာရီခွဲကနေ ၉ နာရီခွဲအထိ ဘရီမင် လေဆိပ် ရေဒါမှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာပါ။ ရဲရဟတ်ယာဉ်တစ်စင်းကို လေထုထဲ စေလွှတ်ပြီး အဲဒီ့အရာဝတ္ထုကို သွားရောက်စုံစမ်းစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအမည်မဖော်နိုင်တဲ့ယာဉ်ဟာ ဘာမှန်းမသိခဲ့ရဘူးလို့ အာဏာပိုင်တွေက ထုတ်ဖော်ဝန်ခံခဲ့ကြပါတယ်။

ဂျာမန်လေကြောင်းထိန်းသိမ်းရေး ဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူ Weser Kurier က “ အဲဒီအရာဟာ သာမန် အနီရောင် ၊ အစိမ်းရောင်ပုံစံမျိုးပဲရှိပါတယ်။ ဘေးနှစ်ဖက်မှာလည်း အချက်ပြမီးတွေကို တွေ့ ရပါတယ်” လို့  ပြောကြားခဲ့ပါတယ်။

မျက်မြင်တွေ့ ရှိခဲ့သူတစ်ဦးဖြစ်တဲ့ Dominique Hober ကလည်း ဒီအရာဝတ္ထုဟာ သူ့ အိမ်ပေါ်ကနေ လေးကြိမ်တိတိ ဖြတ်ပျံသွားခဲ့တာကို တွေ့ လိုက်ရတယ်လို့ ဆိုပါတယ်။ သူက “ ဒါဟာ လေယာဉ်တစ်စီး နဲ့  ပုံစံတူပါတယ်။ ဒါပေမယ့် သူ့ မှာ အလင်းရောင်တွေ အများကြီးရှိပြီး အသံလည်း တော်တော်ပိုကျယ်ပါတယ်” လို့ ဂျာမန်သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ် အစအတွင်းမှာပဲ ကမ္ဘာတစ်လွှားမှာ ဒီလို UFO လိုအရာဝတ္ထုတွေ တွေ့ ရှိတယ်ဆိုတဲ့ အမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။


Trend

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်