သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 12 January 2014

နတ်ပြည်တက်ချင်လို့ မဟုတ်ရပါခင်ဗျာ



အများအကျိုးကို ဆောင်ရွက်သည့် အခါ ၌လောကအပေါ် အမှန်တစ်ကယ်ကြင်နာတတ်မှ အများ အကျိုးကိုဆောင်ရွက်လို့ ရပါမည်။
ထို့ အတူ...
လောကအကျိုး နိုင်ငံအကျိုးကို ဆောင်ရွက်သည့် အခါ၌-
-မိမိပိုင်ဆိုင်သောစည်းစိမ်ဥစ္စာများကိုစွန့် လွတ်ရတတ်၏။
-မိမိရာထူးဌာနန္တရများကိုစွန့် လွတ်ရတတ်၏။
-မိမိကိုယ်လက်အင်္ဂါခြေလက်များကိုစွန့် လွတ်ရတတ်၏။
-မိမိအသက်ကိုပင်စွန့် လွတ်ရတတ်၏။ မည်သည့် အရာမဆိုစွန့်လွတ်တတ်ပါ၏ ။
ထို့ ကြောင့် အများကောင်းကျိုးကိုဆောင်ရွက်လုပ်ကိုင်ရာ၌ လောကအပေါ် နိုင်ငံအပေါ်
ကြင်နာစိတ်ရှိရန်မှာ အခြေခံအကျဆုံးလိုအပ်ချက်ပင်ဖြစ်သည်။နိုင်ငံအပေါ် မကြင်နာပဲ အများကျိုးဆောင်ရွက်သည့် အခါ၌
အများအကျိုးလိုလိုနှင့်  မိမိအကျိုးကိုဆောင်ရွက်မိလျှက်သားဖြစ်သွားတတ်ပါသည်။

လောကကြီးကို....
 "မေတ္တာ"အမြင်ဖြင့် ကြည့် သောအခါ အားလုံးချစ်စရာကြီးအဖြစ်မြင်တတ်ရပါ၏။
"ကရုဏာ"အမြင်ဖြင့် ကြည့် သောအခါ အားလုံးကြင်နာစရာအဖြစ်မြင်တတ်ရပါ၏။
"မုဒိတာ"အမြင်ဖြင့် ကြည့် လျှင် အားလုံးဂုဏ်ယူစရာအဖြစ် မြင်တွေ့ ရပါ၏။
"ဥပေက္ခာ"အမြင်ဖြင့် ရှု့ မြင်ပါက အားလုံးအပေါ်လူလူခြင်းအဖြစ် မြင်တွေ့ ရပါလိမ့် မည်။

ဤအမြင်လေးမျိုးဖြင့် ရှု့ မြင်ခြင်းကို ဗြဟ္မဝိဟာရ အမြင်ဟုခေါ်ပါသည်။
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသည်ဗြဟ္မစိုရ်တရားလေးပါးဖြစ်သည်၊ဗြဟ္မစိုရ်တရားထွန်းကားကားသော လောကကြီးလေးပါးတွင် နေထိုင်ကြသော
လောကကြီးများမှာ မည်သူ့ ကိုမဆို ဗြဟ္မစိုရ် အမြင်ဖြင့် သာအရာရာကိုရှု့ မြင်သုံးသပ်တတ်ကြသည်၊
လောကအကျိုး နိုင်ငံအကျိုးဆောင်ရွက်ရာတွင်လည်း ဤဗြဟ္မစိုရ်အရအမြင်ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်ကြပါ၏၊

ဗြဟ္မစိုရ်တရား လက်ကိုင်ထားလျှက်နေကြသော လောကသားများအပေါ်တွင် လွှမ်းမိုးအုပ်ချုပ်လျှက် နဖူးစည်းကနေရာယူထားကြသော နိုင်ငံခေါင်းဆောင်များအနေဖြင့်  လောကလူသားများ
အပေါ်ဆက်ဆံရာ၌ ယာဉ်ကျေးလိမ္မာရန်အထူးလိုအပ်ပါ၏၊စကားပြောမတတ်ပါက မပြောပဲနေရခြင်းကာပိုကောင်းပါ၏
 မပြောမဖြစ်ပြောရန်လိုအပ်ပါက မေတ္တာဖြင့် သာယှဉ်သောစကား
ဂရုဏာဖြင့် သာယှဉ်သောစကား မုဒိတာလွှမ်းမိုးသောစကား ဥပေက္ခာထုံမွမ်းသော စကားမျိုးသာပြောဆိုသုံးနုံးသင့် ပါ၏
နိုင်ငံအကြီးကဲဖြစ်ပါစေ ဝန်ကြီးဖြစ်ပါစေ ဗြဟ္မစိုရ်တရားလေးပါးနှင့်ကင်း၍ သတိလက်လွတ် မပြောဆိုသင့် ပါကြောင်း မြတ်ဗုဒ္ဒက အပ္ပမာဒတရားတော်ဖြင့်  ဆုံးမထားသည်၊

မျက်နှာကြောတင်းတင်း စကားပြောကြမ်းကြမ်း  စစ်အာဏာရှင်ပုံစံချိုး၍ ပြောဆိုတက်ဆံရမည့် အချိန်ကာလမဟုတ်ကြောင်းကို ကောင်းကောင်းသဘောပေါက်ထားရန်လိုသည်၊
ပြည်သူများနတ်ပြည်တက်၍ ဆန္ဒထုတ်ဖေါ်ခြင်းမဟုတ်ပါ ၊ဆင်းရဲတွင်းမှ ကယ်တင်ခြင်၍သာ ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်ကြောင်းကောင်းကောင်းသဘောပေါက်ရန်လိုအပ်ပေသည်၊
အုပ်ချုပ်သူလူတန်းစားက အုပ်ချုပ်ခံသောလောကသားများကို အပ္ပမာဒေဟူသည် အလုပ်လုပ်ည့် နေရာ၌ ကောင်းသောကာယကံဖြစ်စေရန် စကားပြောသည့် နေရာ၌
ကောင်းသောဝစီကံဖြင့် ပြောဖြစ်စေရန် မမေ့မလျှော့ သော ကုသိုလ်ဖြစ်၏။

အပ္ပမာဒ ကိုလက်လွှတ်၍ ပမာဒ တရားကို အခြေခံပြီးဆက်ဆံပါက လူကိုလူလိုမမြင်တော့ဘဲ သမ္မတဟုသာမြင်၏ ။အကျဉ်းသားဟုမြင်၏ ။အုပ်ချုပ်ခံလူတန်းစားဟုမြင်၏ ။
ဆင်းရဲသားအဖြစ်မြင်၏ ။

မြင်သူနှင့် မြင်ခံရသူ အခြင်းခြင်မတူပဲကွဲပြားခြားနားသွား၏ ကွဲပြားခြားနားသည်နှင့် တစ်ပြိုင်တစ်နက် သူ့ အုပ်စုငါ့ အုပ်စု တစ်ပြိုင်တစ်နက်ဖြစ်ပေါ်လာပေတော့ သည်၊
နိုင်ငံ့ထိပ်တန်း တစ်နေရာရောက်နေသူတို့ သည် မိမိကိုယ်တိုင်အတွက် အထက်မှအောက်ခြေကိုသေချာစွာမြင်နိုင်၏။

အောက်ခြေ၌ မည်သို့ မည်ပုံဖြစ်နေကြသည်ကို မြင်နိုင်ယုံအတွက်သာ အားထုတ်နေကြပါက မိမိအတွက်သာဖြစ်ပြီး မြတ်ဗုဒ္ဒ၏အလိုတော်ကျမဟုတ်၊
-မြင်ပြီးလျှင်ကယ်တင်ရန်အားထုတ်ပါမှ-နိုင်ငံတော်ကောင်းကျိုးအတွက်အားထုတ်ခြင်းသာဖြစ်ပါကြောင်း။

စံတော်ချိန် ဂျာနယ် အယ်ဒီတာ့ အာဘော်မှ  ကူးယူရေးသားဝေမျှပါသည်၊။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်