သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 4 February 2014

ယနေ့ စစ်တွေ လူလုဆန္ဒဖော်ထုတ်ပွဲမှ တောင်းဆိုချက် (၇)ချက်မှာ



 
၁။ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ချက်ချင်းအကောင်အထည်ဖော်ရေး - ဒို့အရေး

၂။ ၂၀၁၅ ရွေးကောက်ပွဲတွင် White Card ကိုင်ဆောင်သူများ မဲပေးပိုင်ခွင့်ပယ်ဖျက်ရေး - ဒို့အရေး

၃။ ဒေသခံပြည်သူများလုံခြုံဖို့ အစီအမံများမြှင့်တင်ရေး - ဒို့အရေး

၎။ တရားမ၀င်ဘင်္ဂလီများအား ဘက်လိုက်သည့်နိုင်ငံများ ကျဆုံးပါစေ။

၅။ UN, INGO အလိုမရှိ။ (MSF) AZG (၇ ရက်)အတွင်း ချက်ချင်းထွက်။

၆။ ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ.၀င်များအား ခေတ်မှီလက်နက်များ အစားထိုးတပ်ဆင်ပေးရေး။

၇။ ဘင်္ဂါလီနှင့် အပေးအယူလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ် အလိုမရှိ ဟု ဖြစ်ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေက ဒီ ၇ချက်ပါပဲ။

"ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလီတွေနဲ့ အပေးအယူ လုပ်ဖို့ ပြောတယ်။ ဘာကို လုပ်ချင်တာလဲ။ ဘာပေးချင်တာလဲ။ ကျွန်တော်တို့ ဘာမှ အပေးအယူလုပ်စရာ အကြောင်းမရှိဘူး။ သူ့ဘာသာ အပေးအယူ လုပ်ချင်ရင် သူ့အိမ်ပေါ် ခေါ်တင်ထား။
ဒီရခိုင်ပြည်နယ်ကိုတော့ ဘာအပေးအယူမှ လာမလုပ်နဲ့" ဟု ဦးစီးကျင်းပသူ တစ်ဦးက ပြောဆိုသည်။"

ဆန္ဒပြသူများသည် ဒူချီရာတန်း အလယ်ကျေးရွာ တွင် ဘင်္ဂါလီတို့၏ အကြမ်းဖက်တိုက်ခိုက် မှုကြောင့် သေဆုံးခဲ့ရသော ရဲတပ်ကြပ်ကြီးအောင် ကျော်သိန်း၏ ဓါတ်ပုံပိုစတာများကို ကိုင်ဆောင်ကာ တရားမျှတမှု ဖော်ဆောင်ပေးရန် တောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။

photo credit to ရွှေလုပ်သား
Khin Nyein Chan Oo ဖေ့စ်ဘုတ်မှ
သား
 

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်