သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 24 February 2014

မြန်မာနိုင်ငံရေးဖေ့စ်ဘုတ်ဆိုက်ဘာတိုက်ပွဲများ



 ဒေါ်စုနှင့်သူ၏ပါတီမှလျှို့ဝှက်ချက်များ
NLD ပါတီ စုန်း ကဝေ အောက်လမ်းနည်းများသုံး၍ ဝေဖန်မှုများ မြင့်တက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

လတ်တလောကာလ၌ စာပေဟောပြောပွဲအမည်ခံ ပါတီစည်းရုံးရေး ဟောပြောပွဲများ မြင့်တက်လာမှုအပေါ် ဝေဖန်ပြစ်တင်မှုများ မြင့်မားလာချိန်တွင် သေဆုံးသူ၏၀ိဥာဉ်ကို ခေါ်ယူ၍ မဲပေးရန် ဟောပြောခဲ့မှု ကြောင့် ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။

စာပေဟောပြောပွဲအမည်ခံ ပွဲများတွင် ပါတီစည်းရုံးရေး လုပ်ငန်းများကို ပေါ်ပေါ် တင်တင်ဆောင်ရွက်လာခဲ့သော ကြောင့် သံဃာများနှင့် ထိပ်တိုက်တွေ့ဆုံကာ ဟောပြောပွဲ ဖျက်သိမ်းခဲ့ရသည့် ဖြစ်ရပ်များ များပြားလာခဲ့ရာ မကြာသေးခင်ကလည်း NLD ပါတီ အထောက်အကူပြု အဖွဲ့ဝင် စာရေးဆရာ မသီတာ(စမ်းချောင်း)အား ဟောပြောခွင့်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲ၌ NLD ပါတီဝင် စာရေးဆရာ မောင်သွေးသစ်က ဗိုလ်ချုပ်အောင်ဆန်း၏ ၀ိဥာဉ်ကို ခေါ်၍ မည်သည့်ပါတီကို မဲပေးရမလဲ မေးမြန်း၍ လိမ်လည်ဟောပြောခဲ့မှုအပေါ် ရှုတ်ချဝေဖန်မှုများ ပေါ်ထွက်လာခဲ့ကြောင်း၊ NLD ပါတီသည် သေဆုံးပြီးသည့် သူများအပေါ် အောက်လမ်းပညာရပ်များဖြင့် လူထုကို လိမ်လည်၍ ဟောပြော ခြင်းသည် ခွင့်မလွှတ်နိုင်သော လုပ်ရပ် ဖြစ်ကြောင်း သိရသည်။

"မောင်သွေးသစ် ဆိုတဲ့ သူ၊ ကန်တော့ပွဲနဲ့ ဗိုလ်ချုပ်အောင်ဆန်းဝိဥာဉ်ခေါ် တယ် ဆိုပြီး ခပ်တည်တည်နဲ့ လုပ်တယ်။ ပြီးတော့ NLD ကို မဲပေးဖို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောတယ် ဆိုပြီး အရှက်မရှိ လိမ်ညာပြီး ပြောတယ်။ ၀ိဥာဉ်ခေါ်တယ် ဆိုကတည်းက စာပေဟောပြောပွဲမှ မဟုတ်တော့ဘဲ။ စုန်းလို လို မှော်လိုလို ကဝေလိုလို လာလုပ်တယ်။ ပြောတော့ စာပေဟောပြောပွဲတဲ့။ ဘာစာပေမှ မပါဘူး" ဟု ဟောပြောပွဲတက်ရောက်ခဲ့သော ကိုအောင်နိုင်က ပြောဆိုသည်။

စာရေးဆရာများ နိုင်ငံရေးသီးသန့် ဟောပြောလိုလျှင် ပါတီဟောပြောပွဲ ပြုလုပ်သင့်ကြောင်း၊ ထိုသို့ ဂုဏ်သိက္ခာမရှိ စင်ပေါ်တက်၍ လုပ်ချင်ရာလုပ်လာကြသူများ များပြားလာ၍ ကန့်ကွက်မှုများ ဖြစ်ပေါ် လာခြင်း ဖြစ်ကြောင်း၊ စာရေးဆရာနှင့် နိုင်ငံရေး ခွဲခြား မရနိုင်ဟု ဆိုသော်လည်း ယခုကဲ့သို့ စုန်းကဝေအတတ်ပညာများ စာပေ ဟောပြောပွဲတွင် ထည့်သွင်းလာသည်မှာ မသိနားမလည်သည့် ပြည်သူလူထုကို အဆိပ်အတောက်ပေးနေခြင်း ဟု ယူဆနိုင်ကြောင်း စာရေးဆရာ ညီပုလေးက ပြောသည်။

"အခု ခါတော်မီ စာရေးဆရာတွေ များလာပြီ။ စာအုပ်လေး တစ်အုပ်နှစ်အုပ် ထုတ်ဘူးတာနဲ့ စာရေးဆရာ အမည်ခံလိုက်တာ သိပ်လွယ်တယ်။ ကျွန်တော် တို့တုန်းက မဂ္ဂဇင်းတွေ စာစောင်တွေမှာ ပါအောင် မနည်းကြိုးစားရတာ။ ပြီးတော့ လုံးချင်း ထုတ်ဖို့ဆိုတာ ပရိသတ်က တော်တော်လေး လက်ခံမှ ထုတ်ကြတာ။ အခုခေတ်က ပိုက်ဆံရှိရင် ချက်ချင်း ထုတ်လို့ရနေကြတယ်။ အခုလို အောက်လမ်းနည်းတွေကို စာပေဟောပြောပွဲအမည်ခံပြီး လုပ်လာတာ ကိုတော့ ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ စာရေးဆရာ အတုတွေကြောင့် အမှန်တစ်ကယ် စာရေးဆရာအစစ်တွေ နာမည်ပျက်ကိန်း ကြုံနေပြီ။ ပြည်သူလူထုကို လိမ်ညာပြီး မဟုတ်မမှန်တာတွေ ရပ်တန်းက ရပ်ဖို့ကောင်းပြီ။ စာရေးဆရာအသင်းအဖွဲ့တွေအနေနဲ့ ဒီကိစ္စကို ပြတ်ပြတ်သား သား ထောက်ပြမှ ဖြစ်မယ်။ ကျွန်တော်ကတော့ ဒီလို မှော်လိုလို စုန်းလိုလို လုပ်တာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်" ဟု ၄င်းက ပြောဆိုသည်။

"အဓိက မကျေနပ်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ခုတုံးလုပ်တာပဲ။ ဗိုလ်ချုပ်အောင်ဆန်းဝိဥာဉ်ကို ဒီလို ခေါ်နိုင်သလား။ ခေါ်လို့ ရလား။ လူပုံအလယ်မှာ ပြည်သူကို လိမ်ညာပြီး ဗိုလ်ချုပ်က မဲထည့်ခိုင်းတယ် ဆိုတာကတော့ တော်တော်ကြီးကို လွန်လာပြီ။ ပြည်သူလူထုကို လိမ်ညာတဲ့ နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းဝိဥာဉ်ကို အသုံးမချပါနဲ့။ နောင် ဒီလို ဆက်လုပ်လာဦးမယ် ဆိုရင် NLD ပါတီကိုရော မောင်သွေးသစ်ကိုပါ ကျွန်တော်တို့ ရှုတ်ချပွဲတွေ လုပ်ရပါလိမ့်မယ်" ဟု စာရေးဆရာ မောင်သာထင်းက ပြောဆိုသည်။

"ဗိုလ်ချုပ်အောင်ဆန်းကို ဒီလို အသုံးချတာ တစ်နိုင်ငံလုံးကို စော်ကားလိုက်တာပဲ။ NLD ပါတီဟာ ဒီလိုတော့ မလုပ်သင့်ဘူး။ ကျွန်တော်တို့လည်း NLD ပါတီကို ထောက်ခံသူတွေပါ။ ဒါပေမယ့် စာပေဟောပြောပွဲ အမည်ခံပြီး စုန်းလိုလို မှော်လိုလို လုပ်ရုံတင်မက ဗိုလ်ချုပ်အောင်ဆန်း ၀ိဥာဉ်ဆိုပြီး လူထုကို လိမ်ညာနေတဲ့ ကိစ္စမျိုးကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချရမယ်" ဟု ယင်းဟောပြောပွဲ တက်ရောက်ခဲ့သူ လူငယ်တစ်ဦးက ပြောဆိုသည်။

ယခုနောက်ပိုင်းတွင် စာပေဟောပြောပွဲများ၌ ပါတီစည်းရုံးရေးများ တိုးမြှင့် ဆောင်ရွက်လာရာ၌ စုန်းကဝေအတတ်ပညာများကိုပါ အသုံးပြုလာသည့် NLD ပါတီအပေါ် ဝေဖန်မှုများ တိုးမြင့်လာနေသည်။

P-730741019

ပြည်သူ့အာဏာ 
သောတရှင်များအသံ>>>>>>>>>>>>>ဖတ်ရန်

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်