သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 21 February 2014

ကွင်းလယ်ဒိုင်အား လက်ရောက် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်အပေါ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ဆုံးဖြတ်ချက် ချမှတ်



MNL Myanmar 2014 ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဖေဖော်ဝါရီ(၁၅) ရက်နေ့ အောင်ဆန်းကွင်း ပွဲစဉ်မှ ကွင်းလယ်ဒိုင်အား လက်ရောက် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ဆုံးဖြတ်ချက်အား ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက် အပြည့်အစုံ မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

၁။ MNL Myanmar 2014 ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၅)အဖြစ် (၁၅.၂.၂၀၁၄) ရက်နေ့ ရန်ကုန်မြို့၊ အောင်ဆန်းအားကစားကွင်းတွင် ဇွဲကပင် အသင်းနှင့် ရတနာပုံ အသင်းတို့ ယှဉ်ပြိုင် ကစားသည့် ပွဲစဉ်အပြီး ဇွဲကပင် ယူနိုက်တက် အသင်းတာဝန်ရှိသူ ဦးလှဌေးမှ ကွင်းလယ်ဒိုင်လူကြီး ဦးလှမင်းအား လက်ရောက်ကျူးလွန်မှုဖြစ်ပွားခဲ့သည်နှင့် ပတ်သက်၍ အရေးယူပေး ပါရန် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးမှ တင်ပြလာပါသည်။

၂။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် (၁၉.၂.၂၀၁၄) ရက်နေ့တွင် တစ်ကြိမ် (၂၀.၂.၂၀၁၄) ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် တစ်ကြိမ် ထပ်မံ အစည်းအဝေး ပြုလုပ် ၍ အစီရင်ခံ စာများကို ဖတ်ရှု့လေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုအား ကြည့်ရှု့ခြင်းနှင့် ကာယကံ ရှင် ဒိုင်လူကြီးအား ခေါ်ယူမေးမြန်းခြင်း၊ ဇွဲကပင် အသင်း၏ အသနားခံစာကို ဖတ်ရှု့လေ့လာ ခြင်း၊ အပြန်ပြန် အလှန်လှန် ဆွေးနွေးပြီးနောက် FIFA Disciplinary Code, Section (2) Article 49 နှင့် 52(b)၊ MNL စည်းကမ်း ထိန်းသိမ်းရေးမူ (၁၃)အရ အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ပါသည်။

(က)ဇွဲကပင် အသင်းမှ တာဝန်ရှိသူ တစ်ဦးအနေဖြင့် ကျူးလွန်ခဲ့သည့် အတွက် ဇွဲကပင် အသင်းမှ ဒဏ်ကြေးငွေကျပ် တစ်ဆယ့် ငါးသိန်း (၁၅,၀၀,၀၀၀ိ/-) ပေးဆောင်ရန်။

(ခ) ၄င်းနေ့တာဝန်ကျဒိုင်လူကြီး ဦးလှမင်းသည် ဒိုင်လူကြီးများ၏ ကျင့်ဝတ်ကို ထိန်းသိမ်းစောင့်ရှောက် သည်းခံ ခွင့်လွှတ်ခဲ့ခြင်း အပေါ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ မှတ်တမ်းတင်ပါသည်။

(ဂ) MNL ဘောလုံးပြိုင်ပွဲများတွင် တာဝန်ယူကြီးကြပ်နေသော MFF ဒိုင်လူကြီးများ အနေဖြင့် ဘောလုံးပြိုင်ပွဲများ ချောမောပြေပြစ်စွာ ကျင်းပ သွားနိုင်ရေး အတွက် အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်ကြရန်။

(ဃ) မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်လက်အောက်ရှိ ဘောလုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နေကြသော ဘောလုံး ကလပ် အသင်းများမှ တာဝန်ရှိ ပုဂ္ဂိုလ် အဆင့်ဆင့်သည် သက်ဆိုင် သည့် စည်းမျဉ်းစည်းကမ်းအားလုံးကို အလေးထား စောင့်ထိန်းကြရန်။

(င) နောက်နောင် အလားတူ ဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက် ပါက ပိုမိုကြီးလေး သည့် ပြစ်ဒဏ်များ ချမှတ် အရေးယူသွားရန်။

၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ၏ ဆုံးဖြတ်ချက်အား လိုက်နာပါရန် အကြောင်းကြားအပ် ပါသည်။
Credit: Myanmar Football Federation

Yangon Media Group

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်