သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 6 March 2014

နိုင်ငံသားတို့ ရပိုင်ခွင့်... တာဝန်နှင့် တရားဥပဒေ စိုးမိုးရေး


Right ...... Responsibility...... Rule Of Law @ 3R
နိုင်ငံသားတို့ ရပိုင်ခွင့်... တာဝန်နှင့် တရားဥပဒေ စိုးမိုးရေး

ကျွန်တော်တို့ နိုင်ငံမှာ အစိုးရကို ပြည်သူတွေက သူတို့ ရဲ့ Right အတွက် တင်ပြတောင်းဆိုမှုတွေ လုပ်တဲ့နေရာမှာ အစိုးရဘက် ကြိုးစား လုပ်ဆောင်ပေးရမှာ ဖြစ်သလို မဖြစ်နိုင်သေးတာတွေကိုလဲ ပြည်သူသိအောင် ရှင်းပြရမှာရှိပါတယ်။ အစိုးရက ပြည်သူကို နားဝင်အောင် လုပ်ငန်းစဉ်တွေ အသေအချာ ရှင်းပြ သတင်းထုတ်ပြန်လာနိုင်တာနဲ့ အမျှ ပြည်သူနဲ့ အစိုးရကြားက သံသယ ဟာလျှော့ ကျလာမှာပါ။

ပြည်သူအနေနဲ့ကလဲ ပြည်သူတို့ လိုက်နာအပ်တဲ့ Responsibility တာဝန်ယူမှု ရှိရပါမယ်။ ဥပမာ - မိမိရဲ့ စိတ်ကျေနပ်မှု ဆန္ဒက သူတပါးအခွင့်အရေးကို မထိခိုက်စေဖို့၊ အမှိုက်ကို စနစ်တကျပြစ်ဖို့၊ လမ်းကို စနစ်တကျကူးဖို့၊ ပြည်သူကစ လာဘ်ပေး လာဘ်ယူမဖိတ်ခေါ်ဖို့၊ ကိုယ်စီ သဘာဝပတ် ၀န်းကျင်ကိုထိန်းသိမ်းဖို့၊ အိမ်နီးချင်း ရပ်၇ွာ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ဦးနှင့် တစ်ဦး ဖေးမဖို့ အစရှိတဲ့ အကြောင်း အရာအဖုံဖုံလိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရော အိမ်ခြံမြေဈေးတွေအရမ်းကြီးလိုက် တာပြောနေတဲ့ သူတွေကိုယ်တိုင်ပဲ မြေဆို လက်ထဲ (၁၀)ကွက် တိုက်ခန်း(၅)ခန်း လုံးချင်း(၃)လုံးလောက် ပိုင်ပြီး ဈေးအတက်အကျကိုစောင့်လုပ်နေကျတယ်။ မြတ်တော့တိတ်တိတ်လေးနေ ရှုံးတာတို့ အရှုပ်အရှင်းတို့ မြေသိပ်ယာသိမ်းဖြစ်တော့ အစိုးရက တာဝန်မယူဘူးတဲ့။
(၁)၀ယ်စဉ်တုန်းက အစိုးရကို အကြောင်းကြား အခွန်ဆောင်သလား။ အောက်ပိုင်းအရာရှိ တစ်ယောက် လောက်ကို မြေပုံထုတ် လိုင်းကြေးပေးပြီး ၀ယ်တယ်။
(၂) အမှန်တကယ်နေဖို့မဟုတ်ပဲ အပိုဝယ်စုတယ်။
(၃) အဲဒီလိုဈေးကစားတဲ့သူတွေကြားထဲ အမှန်တကယ် နေချင်သူတွေက ဈေးတက်လဲ နစ်နာတယ်. အသိမ်းခံရလဲနစ်နာပေါ့။
နောက် အချို့နိုင်ငံတွေမှာ အိမ်ထောင်စုတစ်ခုမှာ အိမ် (၁)လုံးပဲ ၀ယ်ရမယ်၊ အိမ်ထောင်မကျသေးသူ အိမ်ပိုင်မ၀ယ်ရစနစ်တွေ ဘာကြောင့် ပေါ်လာသလဲဆိုရင် ဈေးကွက်ပျက်ဆီးသွားမှာစိုးလို့ပဲ။
တစ်ခါ တစ်လေမှာ အစိုးရက အတည်ပြုတဲ့ ဥပဒေဆိုတာ ပြည်သူ့လုပ်ရပ်ကြောင့်ပဲဖြစ်တယ်။

အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေက တာဝန်တကယ်ကျေရင် ကိုယ်ပိုင် Responsibility တကယ် ယူနိုင်ရင် ကိုယ့် Right ကို အစိုးရထံကနေ ရင်ကော့တောင်းနိုင်ပါတယ်။ တာဝန်မကျေပဲ ခံစားခွင့်မရနိုင်။

ကျွန်တော်တို့ အစိုးရပိုင်းနဲ့ ပြည်သူတစ်ရပ်လုံးက ကိုယ်စီ Responsibility တွေ ကောင်းလာပြီဆိုရင် Rule of Law တရားဥပဒေ စိုးမိုးမှုဆိုတာ အထိုက်အလျှောက် အသက်ဝင်လာ ပါလိမ့်မယ်။ ပြည်သူ့ ပူပေါင်း ပါဝင်မှုက အမှန်တကယ် အရေးကြီးပါတယ်။ ပြည်သူဟာ ဗဟိုပါ။

သီဟမောင်မောင်
OE....

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်