သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Tuesday, 8 May 2012
ကျမ္မာရေးနှင့် ကွမ်းစားခြင်း၏ဆိုးကျိုး
ကျမ္မာရေးနှင့် ကွမ်းစားခြင်း၏ဆိုးကျိုး
ဆေးရွက်ကြီးပါဝင်သည့် ကွမ်းစားသုံးမှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံသည် ပထမနေရာ၌ ရပ်တည်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ကောက်ယူထားသည့် စစ်တမ်းများအရ သိရသည်။
ကွမ်းစားသုံးမှုနှုန်း မြင့်မားသည့် နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသည့် နိုင်ငံများထက် မြန်မာနိုင်ငံ၏ ကွမ်းစားသုံးမှုနှုန်းမှာ ပိုမိုမြင့်မားနေကြောင်းနှင့် အမျိုးသားများ သာမက အမျိုးသမီးများတွင်လည်း စားသုံးမှုနှုန်း များလာကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် ရရှိထားသည့် စာရင်းများအရမှ ကွမ်းစားသုံးမှု အများဆုံးဖြစ်သည့် နိုင်ငံ ခြောက်နိုင်ငံတွင် မြန်မာအမျိုးသားများ၏ ကွမ်းစားသုံးမှုနှုန်းမှာ ၅၁ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ပထမနေရာ တွင်ရှိနေပြီး အိန္ဒိယအမျိုးသားများတွင် စားသုံးမှုနှုန်းမှာ ၃၂ ဒသမ ၉ ရာခိုင်နှုန်း၊ နီပေါအမျိုးသားများတွင် ၃၁ ဒသမ ၂ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ် အမျိုးသားများတွင် ၂၆ ဒသမ ၄ရာခိုင်နှုန်း၊ ဆရီလင်္ကာ အမျိုးသားများတွင် ၂၄ဒသမ၉ ရာခိုင်နှုန်းနှင့် ထိုင်းအမျိုးသားများတွင် ၁ ဒသမ၃ ရာခိုင်နှုန်းတို့ အသီးသီးရှိကြောင်း သိရသည်။
စစ်တမ်းကောက်ယူခဲ့ရာ အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ အမျိုးသားများတွင် နေ့စဉ်စားသုံးမှုမှာ ၃၇ ဒသမ ၇ ရာခိုင်နှုန်း၊ တစ်ခါတစ်ရံ စားသုံးမှုမှာ ၁၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် လုံးဝစားသုံးမှုမရှိသူမှာ ၄၈ ဒသမ ၆ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း၊ အမျိုးသမီးများတွင် ဆေးရွက်ကြီးပါသည့် ကွမ်းနေ့စဉ် စားသုံးမှုနှုန်းမှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း  .  .  .
မြန်မာနိုင်ငံတွင် ဆေးရွက်ကြီး ပါဝင်သည့် ကွမ်းစားသုံးမှုနှုန်းမှာ ၈၃ ဒသမ ၃ ရာခိုင်နှုန်း၊ ထုံးဖြူသီး သန့်ပါဝင်သည့် ကွမ်းစားသုံးမှုနှုန်း မှာ ၂ ဒသမ ၂ ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံထုတ် ဆေးပေါင်းများ ပါဝင်သည့် ကွမ်းစားသုံးမှုနှုန်းမှာ ၈ ဒသမ ၀ ရာ ခိုင်နှုန်း၊ အခြားစားသုံးမှုနှုန်းမှာ ၆ဒ သမ၅ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။
“ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အခု နောက်ဆုံးထွက်တဲ့ စစ်တမ်းအရ မြန်မာနိုင်ငံက အမျိုးသားတွေမှာ ဆေးရွက်ကြီးပါတဲ့ ကွမ်းယာစားတဲ့နှုန်းက တစ်ကမ္ဘာလုံးမှာ အများဆုံး ဖြစ်နေပါတယ်။ လူနှစ်ယောက်မှာ တစ်ယောက်နှုန်း သုံးစွဲနေကြတယ်။ အခု နောက်ပိုင်း စားသုံးမှုပိုလာတာက အလေ့အကျင့်တစ်ခုကို အစားထိုးတဲ့ နေရာမှာကွမ်းကို အစားထိုးလာတယ်။ ဥပမာ-ဆေးလိပ်ဖြတ်တဲ့သူက ကွမ်းနဲ့ အစားထိုးလာတယ်။ အဲဒီအခါ ဆေးလိပ်လည်း မပြတ်သလို ကွမ်းလည်းစွဲသွားကြတယ်။ နောက်တစ် ခုက အိန္ဒိယဘက်ကထုတ်တဲ့ ကွမ်းထဲမှာထည့်စားရတဲ့ ဆေးပေါင်းတွေ က မှောင်ခိုဈေးကွက်တွေက တစ်ဆင့် နည်းမျိုးစုံနဲ့ ၀င်နေတယ်။ အဓိက ဒါတွေကိုစားသုံးနေတဲ့သူတွေက ဆေးလိပ်လောက် ပြဿနာမရှိဘူးလို့ ထင်ကြတယ်။ ကွမ်းစားသုံးမှုက ဥပဒေထဲမှာလည်း မထည့်ခဲ့ရတော့ တားမြစ်ဖို့ကလည်း ခက်ခဲတယ်။ အခု အိန္ဒိယဘက်က ၀င်တဲ့ဆေးပေါင်း တွေ အများစုက တရားဝင်တင်သွင်းခွင့်ပြုထားတာ မဟုတ်ပါဘူး”ဟု အရှေ့တောင်အာရှ ဒေသ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရုံးချုပ်၊ ဆေးလိပ်ကင်းဝေးရေး ဒေသဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာညိုညိုကြိုင်က ပြောပြခဲ့သည်။
“ဆေးရွက်ကြီးကို ဆေးလိပ်သောက်တဲ့ပုံစံနဲ့ သုံးစွဲတာမျိုးရှိသလို ကွမ်းစားတဲ့ပုံစံနဲ့ သုံးစွဲတာရှိတယ်။ ဆေးရွက်ကြီး သုံးစွဲမှုပုံစံတွေနဲ့ ပတ်သက်ပြီးနိုင်ငံအလိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သုံးစွဲမှုနှုန်းစာရင်းပေး ရတာမျိုးရှိတယ်။  အဲဒီမှာ အရင်က  ကွမ်းစားသုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေထက် မြန်မာနိုင်ငံရဲ့ စားသုံးမှုနှုန်းက ပိုများနေတာကို တွေ့လာရတယ်။ မြန်မာနိုင်ငံမှာက ဆေးလိပ် နဲ့ပတ်သက်ပြီး ၂၀၀၆ခုနှစ် နောက်ပိုင်း စည်းကမ်းပိုင်း ပိုမိုတင်းကျပ်လာတယ်။ ဆေးလိပ်သောက်သုံးမှုကို ထိန်းချုပ်လိုက်တော့ ကွမ်းဘက်ကို သုံးစွဲတဲ့ အလေ့အကျင့် ပုံစံပြောင်းလာတယ်။ တားမြစ်ထားတဲ့ နေရာတွေ များလာတော့ ဆေးလိပ်သောက်သုံးမှု နေရာမှာတချို့က ကွမ်းကိုအစားထိုးလာတယ်။ တချို့ ဆေးလိပ်ဖြတ်တယ်ဆိုပြီး ကွမ်းကို အစားထိုးအနေနဲ့ သုံးတယ်။ ဆေးလိပ်ကိုဖြတ်ချင်လို့ ကွမ်းနဲ့ဖြတ်တဲ့အခါ တချို့ဆေးလိပ်ပြတ်ပြီး ကွမ်းစွဲသွားတာမျိုးရှိသလို ဆေးလိပ်လည်း မပြတ်တဲ့အပြင် နှစ်မျိုးလုံး စွဲသွားတာမျိုးတွေ ဖြစ်လာတယ်”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (မြန်မာ)မှ National Professional Officer ဒေါက်တာမျိုးပိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ အမျိုးသားနှင့် အမျိုးသမီးများတွင် ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှုနှုန်းကို စစ်တမ်း ကောက်ယူခဲ့ရာ အသက်၁၅နှစ်မှ၆၄ နှစ်အတွင်းရှိအမျိုးသားများတွင် နေ့ စဉ်စားသုံးမှုမှာ ၃၇ ဒသမ ၇ ရာခိုင် နှုန်း၊ တစ်ခါတစ်ရံစားသုံးမှုမှာ ၁၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် လုံးဝစားသုံး မှုမရှိသူမှာ ၄၈ ဒသမ ၆ ရာခိုင်နှုန်း တို့ဖြစ်ကြောင်း၊ အမျိုးသမီးများတွင် ဆေးရွက်ကြီးပါသည့် ကွမ်းနေ့စဉ် စားသုံးမှုနှုန်းမှာ ၁၂ ဒသမ ၂ ရာ ခိုင်နှုန်း၊ တစ်ခါတစ်ရံ စားသုံးမှုမှာ ၃ ဒသမ ၉ ရာခိုင်နှုန်းနှင့် လုံးဝစားသုံးမှုမရှိသူမှာ ၈၃ ဒသမ ၉ ရာခိုင်နှုန်းတို့ အသီးသီးရှိကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ အခုအမျိုးသားရော အမျိုးသမီးရော ကွမ်းစားတဲ့နှုန်းကတော့ အရမ်းတက်နေပါတယ်။ ဥပမာတစ်ရက်ကို ကျပ်တစ်ထောင်ဝင်တယ် ဆိုပါစို့။ ဆေးလိပ်လည်း သောက်မယ် ကွမ်းလည်းစားမယ်ဆိုရင် တစ်နေ့ကို ကျပ် ၃၅၀ လောက် ကုန်တယ်။ ၀င်ငွေရဲ့ ၃၅ ရာခိုင်နှုန်းလောက်က ဒီလိုနေရာတွေမှာအသုံး ပြုနေတဲ့အတွက် သူ့မိသားစုရဲ့ စားဝတ်နေရေးမှာ ထိခိုက်သွားပြီး ကျန်တဲ့ပညာရေး ကျန်းမာရေးမှာလည်း မသုံးနိုင်တော့ဘူး။ ဒါ့အပြင် ကွမ်းစားသုံးတဲ့အတွက်ကြောင့် ဖြစ်တဲ့ ရောဂါတွေလည်း ပြန်ကုသရတယ်။ ကွမ်းစားတော့ ကွမ်းထဲမှာပါတဲ့ ထုံးက ကျောက်တည်တာ၊ ခံတွင်း ကင်ဆာဖြစ်တာ၊ နှလုံးသွေးကြောကျဉ်း ရောဂါတွေလည်း ဖြစ်လာတယ်။ မိသားစုတစ်ခုရဲ့ ပညာရေးကျန်းမာရေးအတွက် သုံးတဲ့ အသုံးစရိတ်ထက် ဒီနေရာမှာသုံးတာက အဆပေါင်းများစွာ ပိုများနေပါတယ်”ဟု ဒေါက်တာညိုညိုကြိုင်က ဆက်လက် ပြောပြခဲ့ပါသည်။
-------------------------------------
နောက်တစ်ခုက ကျနော်ဂေါ်လီ-တွေ -့မေး-စပ်စုသမျှလေးပါ၊
ကွမ်းစားခြင်းကို ယခုလိုအချိန်မှာ မြန်မာနိုင်ငံသား များဆုံးလေ့ လာတွေ့ ရှိရပါတယ်၊ဆယ်စုနှစ်
မကလောက်ပါ။ကွမ်းစားတဲ့ လူတော်တော်များဟာ။မရှိမဖြစ်မနေနိုင်သလောက်ပါပဲ၊ကျမ္မာရေးရှု 
ထောင့် ကလေ့ လာရယင်၊ထုံးသည်ခန္ဒာကိုယ် အတွင်းပိုင်းရှိသော။ပုံမှန်ရှိနေသည့် ။အချွဲဓါတ်ကို
ကျဆေင်းလျှော့ ပါးစေခြင်း အစာအိမ်အူလမ်းမကြီးတွင်းရှိ။ပုံမှန်ထားရှိရမည့် ၊ကစီအချွဲဓါတ်ကို
ယုတ်လျှော့စေသည်၊များသောအားဖြင့် ကွမ်းယာကြိုက်တပ်သူများသည်၊ဝမ်းလေချုပ်တာခနခန
တွေ့ ကြုံရသည်။နောက်တစ်ခု ထုံးစပ်သည့် အခါ ထုးံအခိုးငွေ့ ဓါတ်ကုန်ဆုံးအောင် ထုံးရေကြည်ကို
ရေလဲလည်ပြီး ။ရောင်းတမ်းဝင်စားကောင်းရန်အတွက်၊နို့ မှုန့် ။အုံးနို့ ။ဟင်းချိုမှုန့် ။နှစ်သက်ရာကို
စပ်ဟပ်ပြီးပါဝင်ရောင်းကြသည်၊ကွမ်းသီးသည်အဖန်ဓါတ်ရှိပြီး ဝမ်းနှင့် လေကိုချုပ်စေပါသည်။
ဆေးရွက်ကြီးကိုဆေးပေါင်းအဖြစ်တီထွင် ကြပြန်သည်ဆေးရွက်ကြီးကို၊ရေနွေးဖြင့် စိမ်ပြီး၊
တောအရက်နည်းငယ်။ထန်းလျှက်တစ်ခဲ စ နှစ်ခဲစထည် ပြီးစိမ်သည်၊92ခေါ် အန္ဒိယမှလာသော
ဆေးမွှေးမှာ ဓါတုဗေဒဖြင့် ပေါင်းစပ် ထုတ်လုပ်ထားသော။ကွမ်းစားဆေးတစ်မျိုး ဖြစ်သည်၊
သာမာန်ကွမ်းစားသောလူတစ်ဦးမှာတစ်နေ့ ကို၊ပျမ်းမျှ ဆယ်ယာခန့် လောက်စားကြသည်၊
ကွမ်းစာသောလူမျာအား ဆိုးကြိုးတွေ့ ရသည်မှာ။သွားဖုံးများယိုင်နဲ့လာခြင်း၊ဝမ်းချုပ်လေချုပ်
လေထိုး၊လေအောင်နာ၊မှုယင်းအရသာခံသောလျှာမှ ကလပ်စီးဓါတ်များ ကုန်ခမ်းစေခြင်း
ကြောင့် အချဉ်ဓါတ်များ၊အစပ်ဓါတ်များ ရသာထိတွေ့ ခြင်းကိုယုတ်လျော့ စေသည်၊လျာထူပြီး
ထုံကျဉ်သွားစေသောကြောင့် ၊အငံဓါတ်ကို အတိုင်းဆမသိတိုးစားစေခြင်း ဖြစ်စေသည်၊
ကွမ်းစားခြင်းသည်၊သင့် အတွက်ကျမ္မာရေး အား ဆုတ်ယုတ်စေပြီး၊ခံတွင်း၊သွား၊နုတ်ခမ်း။
လူမှု့ ရေးနယ်ပါယ်စကားပြောဆိုမှု့ နေရာတွင်၊အဟန့် တားဖြစ်စေပါတယ်၊
တစ်ချို့ ကပြောကြသေးပါတယ်။
ကျနော်တို့ ကဘိုးစဉ်ဘောင်ဆက် ကွမ်းစားလာတာပါ ကွမ်းစားပြီးအသက်ရှည်စွာနေထိုင်သွား
ကြတာပါတဲ့။…………..ပြန်ဖြေလိုက်ရယင် ကွမ်းယာကိုများသောအားဖြင့် ကျေးလက်တောရွာတွင်
ပိုမိုများပြားစားသုံးကြသည်။အဘယ့် ကြောင့် ဥပါတ်နည်းရသည်ဆိုတာက-ကျေးလက်တောရွာ
များတွင်၊ဓါတုဗေဒ အရည်၊ အစားစာ သုံးစွဲမှု့ နည်းပါးခြင်း၊သန့် ရှင်းလတ်ဆပ်သော၊သားငါး
ပြန်လည်ကာကွယ်၊ပေးခြင်းကြောင့် ပါ။
ကိုယ်တိုင်ဆုံးဖြတ်ဆင်ခြင်ကြပေါ့ ……
********************************************************
Sunday, 6 May 2012
အဝေးရောက်မြန်မာများအတွက်အလွမ်းပြေသတိယWELCOME TO MYANMARသီချင်း
                                                           ကျနော်နှင့် အတူ
အဝေးရောက်မြန်မာများအတွက်အလွမ်းပြေသတိယWELCOME TO MYANMARသီချင်း
                 ဗွီယိုကလေးပါ...ကိုအောင်ရေးစပ်ထားပြီး..အေးချမ်းမေသီဆိုထားပါတယ်....
                             သဘောကျမှာပါ နားဆင်လိုက်ကြရအောင်နော် ...........
                                                    သီချင်းဟောင်လေးပါ။
                                       Play ဆိုသောနေရာလေးကိုနိပ်ပြီး...အလွမ်းပြေခံစားနိုင်ပါစေ..
         မပြည့် စုံနိုင်သောကာလမှာ...
              တိုင်းတစ်ပါးကိုရောက်..
                   ချွေးမြေကျပေါက်...
                           မတူညီ ဥတုရာသီ...
                                   ကာလလီမှာ..
               ခံစား ရုန်းကန်...
                       မိသားစု စားဝတ်နေရေး...
                           ဖြေရှာနေယင်း...
                             သတိတယလွမ်းတစ်သသ..
                                      အုပ်တစ်ချပ်.သဲတစ်ပွင့် ...
                                                တပ်သည့် တစ်စွန်းတစ်စ...
                                                      အွန်လိုင်း ဘလောက်စွမ်းအားဖြင့် 
                                                               အမိမြန်မာနိုင်ငံ မြေကြီးကို...
                                                                 ကျေးဇူးဆပ်လျှက်ပါ..................
                                                     ကိုဂေါ်လီ.....ဘလောက်စပေါ့ .....
ကျနော်ဂေါ်လီ Google မှပုံကလေးကိုလည်းကူးယူတင်ပြယင်း....
ကိုယ်ပိုင်ခံစားသော...ကာရံမဲ့ စာကဗျာလေး သီဖွဲ့ လိုက်ပါတယ်...
မြန်မာပြည်သားပေါင်း...ကာယ..ညာဏ...စိတ်ဓါတ် စွမ်းအား နှင့် .....ထာဝတောက်ပပါစေ..။
Tuesday, 1 May 2012
မြန်မာမိန်းခလေးများ မလေးရှားတွင် အိမ်ဖေါ်လာမလုပ်ရန်မျိုးချစ်စိတ်ဖြင့် သတိပေးခြင်း
မြန်မာမိန်းခလေးများမလေးရှားသို့ အိမ်အကူ(အိမ်ဖေါ်)ကန့် ကွက်သောဆောင်းပါး
ပြည်ပသို့ အိမ်အကူအဖြစ် စေလွှတ်ပါက ထိရောက်စွာ အရေးယူမည် ဆိုတဲ့ ဆောင်းပါးကို The Voice weekly မှာ ဖတ်ရတော့ သိပ်ကို ဝမ်းသာသွားပါတယ်။ မြန်မာတွေဟာ အိမ်ဖော် အဆင့်အတန်း မဟုတ်ဘူး ဆိုတာကို ပြသနိုင်လိုက်တဲ့ နိုင်ငံဂုဏ်ပါပဲ။ နိုင်ငံခြားတိုင်းပြည်တွေမှာ မြန်မာအလုပ်သမားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာမျိုး မဖြစ်ရအောင် ကြိုတင်ကာကွယ်ပေးတဲ့ သဘောလည်း ဖြစ်သွားပါတယ်။
အခြားတဘက်မှာ ဖြစ်လာတဲ့ကောင်းကျိုးကတော့ ပြည်တွင်းမှာ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့ အခြေအနေကောင်းတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။ ပြည်တွင်းမှာသာ စံချိန်မီ အလုပ်တွေ လုပ်နိုင်ရင် နိုင်ငံခြား ဆိုတာ အလည်အပတ်သွားဖို့၊ တချို့ စာသင်ဖို့လောက်သာ ဖြစ်သွားမှာပါ။  
ပြည်ပနိုင်ငံတွေမှာ အိမ်အကူအဖြစ် အလုပ်လာမလုပ်ကြဖို့၊ အထူးသဖြင့် လူ့အခွင့်အရေးကို ချိုးဖောက်တာကို လစ်လျူရှုထားတဲ့ မလေးရှားနိုင်ငံမှာ လာရောက် အလုပ်မလုပ်ကြဖို့ သတိပေး နှိုးဆော်ပေးသူတွေကို ကျေးဇူးတင်ရပါတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး Activist အနေနဲ့ တက်တက်ကြွကြွ လှုပ်ရှားသူတွေဟာ သူတို့မှာ ရှိထား၊ သိထားတဲ့ အတွေ့အကြုံတွေအရ ပြည်ပမှာ မြန်မာအမျိုးသမီးတွေ အနှိမ်ခံရမှာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှာကို မဖြစ်စေလိုတာကြောင့် အမြော်အမြင်ရှိရှိ သတိပေး နှိုးဆော်ရင်း ကန့်ကွက်နေခဲ့ကြတာ ဖြစ်ပါတယ်။
ကန့်ကွက်သံတွေ အတော်ပဲ ကျယ်လောင်လာနေခဲ့တဲ့ နောက်ဆုံးမှာတော့ The Voice weekly မှာ ဖတ်ရတဲ့အတိုင်း အလုပ်သမားဝန်ကြီးဌာနက အရာထမ်းတဦးရဲ့ ပြောကြားချက် ထွက်ပေါ်လာပါတယ်။ အမှန်တော့ ဥပဒေ ရှိနေပြီး ဖြစ်ပါတယ်။ ဥပဒေကို ဖောက်ဖျက်သူတွေဟာ ထိရောက်စွာ အရေးယူခံရမယ့် အကြောင်း အတိအလင်း ထပ်မံ သတိပေးလိုက်တဲ့ သဘောပါပဲ။
အင်တာနက် မသုံးတဲ့သူ၊ သုံးပေမယ့် မသိလိုက်သူ၊ ပြည်တွင်းထုတ် ဂျာနယ်တွေကို မဖတ်ဖြစ်ခဲ့တဲ့သူတွေ အဖို့မှာတော့ တဆင့်ပြန်ပြောသူတွေသာ မရှိခဲ့ရင် မလေးရှားမှာ အိမ်ဖော်လုပ်ရလို့ ကြုံရတဲ့ ဒုက္ခဆိုးတွေကို သိကြမှာ မဟုတ်ပါဘူး။
ပညာပေးရေးအပိုင်းမှာလည်း အရင်ကတည်းက အားနည်းနေခဲ့ရပါတယ်။ ရုတ်တရက် ထပြီး နှိုးဆော် တိုက်တွန်း ပညာပေးကြတာတောင် အစိုးရဘက်ကသာ ကြားဝင်မကူရင် ထိရောက်ဖို့ ရှိနိုင်မှာ မဟုတ်ပါဘူး။ အစိုးရဘက်က အလေးအနက်ထားပြီး ဥပဒေနဲ့ ထိရောက်စွာ အရေးယူဖို့ သတိပေးလာတော့ ပွဲစားတွေကိုပါ တခါတည်း ထိန်းချုပ်နိုင်မယ့်သဘော ရှိသွားတယ်လို့ ယူဆပါတယ်။
ကိုယ့်နိုင်ငံအကြောင်း၊ ကိုယ့်လူမျိုးတွေစရိုက်အကြောင်း အသိဆုံးဖြစ်နေကြတာကြောင့် ဥပဒေ လက်တလုံးခြား လုပ်လာမှာတွေ ရှိနိုင်သေးတယ်လို့ ဆိုရမလားပါပဲ။ စတုတ္ထမဏ္ဍိုင်ရဲ့ စောင့်ကြည့်မှုက အရေးပါလာပါပြီ။ ပြည်ပကို အိမ်အကူ ပို့မယ့်ကိစ္စမှာ အောင်မြင်သွားရင် လူကုန်ကူးတာတွေကိုပါ တဆက်တည်း အောင်မြင်လာနိုင်ဖို့ ရှိမှာပါ။ တကယ်တော့ အစိုးရနဲ့ ပြည်သူ လက်တွဲ ပူးပေါင်း လုပ်ဆောင်နိုင်သမျှ တိုင်းပြည်ကို ပျက်စီးစေမယ့် အဖျက် အန္တရာယ်မှန်သမျှ တားဆီး ဖယ်ရှားနိုင်မှာ အသေအချာပါပဲ။
အရင်တုန်းက စစ်အာဏာရှင်ခေတ်ဆိုတော့ အုပ်ချုပ်သူ အာဏာပိုင်တွေနဲ့ ပြည်သူတွေဟာ လက်တွဲပူးပေါင်းဖို့ သိပ်အဆင်မပြေခဲ့ကြပါဘူး။ ဒီကနေ့ ခေတ်ကာလကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းလာချိန်ဖြစ်လို့ အစိုးရနဲ့ ပြည်သူတွေမှာ အပြန်အလှန် အကျိုးပြု မှီခိုအားထားကြတဲ့ ဆက်ဆံရေးပုံစံသစ် ဖြစ်လာပါတယ်။ အစိုးရဟာ ပြည်သူတွေရဲ့ ကောင်းကျိုးတွေကို အခက်အခဲတွေကြားက ဖြစ်နိုင်သမျှ စီမံပေးသလို တချိန်တည်းမှာ ပြည်သူတွေရဲ့ ထိန်းကျောင်းတည့်မတ်ပေးတာကိုလည်း အမြော်အမြင်ရှိရှိ ခံယူကျင့်သုံးလာပါတယ်။ ဒီမိုကရေစီရဲ့ ကောင်းကျိုးတခုလို့ ဆိုနိုင်ပါတယ်။
လွင်အောင်စိုး
မေလ ၁ ရက် ၂ဝ၁၂ ခုနှစ်
ကိုးကား - The Voice weekly (စာမျက်နှာ ၁၃) ပြည်ပသို့ အိမ်အကူအဖြစ် စေလွှတ်ပါက ထိရောက်စွာ အရေးယူမည်  <--- ဒီစာကလေးကိုမောက်ဖြင့် နိပ်လိုက်ပါ ဆက်စပ်နေသော ဘလောက်ဆိုဒ်တစ်ခု ဖတ်ရန်ပေါ်လာမည်၊
--------------------------------------------------
အခြားဘလောက်ဂါတစ်ဦးမှစုစည်းတင်ပြရခြင်းရည်ရွှယ်ချက်။
  ယခု စုဆောင်းတင် ပြထားသော  ဖြစ်ရပ် မှန် များသည် မိ မိ တို့ လက် လှ မ်းမီသလောက် စု စည်းထားခြင်းသာဖြစ် ပြီး ထို ကဲ့သို့ သောဖြစ်ရပ် များ
 အများအပြားကျန်ရှိနေသေးမည်  မှာလည်း မုချမသွေ ဖြစ် ပါသည်။ မြန် မာနိုင်ငံသည်ပြောင်းလဲ မှုအရှိန်အဟုန် မြင့် တက် လာသည်ဆိုသော် လည်း အောက်ခြေလူ တန်းစားအများစု မှာမူ  ကုန်ဈေးနှုန်းကြီးမြင့် မှု၊အလုပ်အကိုင်ရှားပါးမှု၊ လစာဝင်ငွေ မလုံလောက် မှု များကို ရင်ဆိုင် ကြုံတွေ့နေရဆဲသာ  ဖြစ် ပါသည်။နိုင်ငံတော်အစိုးရမှ  ထို ပြဿနာများကို
 တခြားသောနည်းလမ်းများဖြင့် ဖြေရှင်းရန် မကြိုးစားဘဲ မလေးရှားသို့  အိ မ်ဖော်ပေးပို့ ရန်အစီအစဉ် ကို အကောင်အထည်ဖော် မည်ဆို ပါက
  မြန် မာအမျိုးသမီးငယ်လေးများ၏ဘ၀ကို လူ မဆန်အောင်ရက် စက်သည့်
 လူ မျိုးခြားများ၏လက် ထဲ  ထိုးကျွေးသည်နှင့် မခြားသာ ရှိ ပါတော့ မည်။  ထို့ ကြောင့်
  လက်ရှိ ကြံ ဖွံ့အစိုးရ၏ အိ မ်ဖော် စီ မံ ကိန်းကို ရပ် တန့် ပေးစေလိုပါကြောင်း
 ရည်ရွ ယ်ရင်းဖြင့် စုဆောင်းတင် ပြရခြင်း  ဖြစ် ပါသည်။ ထို့  ပြင် တစ်ချို့ မြန် မာအမျိုးသမီးငယ် များသည်မိ မိ တို့ဘ၀အကြောင်းအမျိုးမျိုး
ကြောင့် အိ မ်ဖော်အနေဖြင့် ပြည် ပထွ က်အ လု ပ်ရမည်ရှိသော် ရပ်ဝေးမြေခြားတိုင်းတပါးတွင်
  ကြုံတွေ့ရင်ဆိုင်ရနိုင် မည့် အဖြစ်ဆိုးများကို မသွားခင်၊
 ပွဲ စားများစု မှ  မိ မိ၏အကျိုးစီးပွား  တခု တည်းကိုသာ ရှေးရှု့လျှက်
အခြေအနေမှန် ကို ဖုံးကွ ယ် ပြီး လိ မ် လည်ခေါ်ယူခံရမည့်  
 မသိနားမလည်သောတောစွန်နယ် ဖျားမှ အမျိုးသမီးငယ် များအတွ က် လည်း
 ယခု စုဆောင်းတင် ပြပြီး  ဖြန့် ဝေမှု များသည်အသိ မှန်၊ အမြင် မှန် ဖြစ်စေနိုင်သည့် အထောက်
 အပံ့ တခုဖြစ်စေလို ပါသည်။ စုဆောင်းတင် ပြမှု များသည်  တစုံ တယောက်အား
 ရကျိုးနပ် မည်အမှန် ဖြစ် ပါသည်။
-------------------------------------------------------------------------
လောက်ဂါ ဂေါ်လီ၏ အမျိုးချစ်သားကောင်းစိတ် ရင်းမှန်စေတနာ။
မင်္ဂလာပါ မြန်မာပြည်မှ သွေးရင်းသားရင်း ညီကိုယ်မောင်နှမငယ် မိဘရှင်အပေါင်းတို့ ယခုကျနော်ရေးသာသော ပို့ စ်စာသားလေးကိုဖတ်ရှု့ သူတိုင်းနီးစပ်ရာ မိတ်ဆွေ အပေါင်းတို့ အားပေးဝေမျှ ပြီး၊ကျနော်ရဲ့ ဘလောက်ဂါထံမှလည်းတိုက်ရိုက် ကူးယူဆင့် ပွားပေးကြပါလို့ ..
ကျနော်စာရေးသူ ဂေါ်လီဟာ မလေးရှားနိုင်ငံတွင် မိသားသားစု ဝမ်းရေးအတွက် သက်မွှေးဝမ်းကြောင်း ပညာဖြင့် (သံဂဟေ) လုပ်ကိုင်ရှာဖွေစားသောက်ယင်း။အားလပ်ချိန်ပိုင်းကလေးမှာ ဝါသနာရ သတင်းဘလောက်ဂါလေးကို၊
ရှာဖွေတင်ပြရေးသားပြီး တော်တော်များများလည်းသိနေကြပါပြီ။
ခုတစ်လော မလေးရှားနိုင်ငံကို မြန်မာပြည်မှ မိန်းခလေးများ ကို ၊အိမ်ဖေါ်(ခ)အိမ်စေခံ စကားဆန်းလေး…ပြောရရင် မိသားစုအိမ်အကူ…သတင်းအစအနနှင့် စာပေဂျာနယ်တစ်ချို့ မှကြားသိနေရပါတယ်၊ဒီအကြောင်းကို ကျနော်ဂေါ်လီ မလေးရှားနေထိုင်မှု့ သက်တမ်းကာ ၁၇ နှစ်ဝန်းကျင် ကိုယ်တိုင်ဖြတ်သန်းနေသော အတွေ့ ကြုံနှင့် ၊တိကျမှန်ကန်ရေးသားလိုက်ပါတယ်၊
ငွေကြေးမှာနိုင်ငံတစ်ကာ အပြည်ပြည်ဆိုင်ရာတွင် တရားဝင်သတ်မှတ်ထားသော USA ဒေါ်လာနှင့် သတ်မှတ်ထားပြီး ယနေ့ ပေါက်ဈေးမလေးရှား ၁ ရင်းဂစ်ငွေ မြန်မာ၂၅ဝ ကျပ်နီးပါးလောက်သာ ရှိပါတော့ တယ်၊သာမာန်လုပ်သားတစ်ဦးမှာ တစ်နေ့ ကို ၁၈ ရင်းဂစ်ငွေမှ ၄ဝ ဝန်းကျင်လောက်သာ ရရှိပြီး ၊စားစာရိတ် ။ပါမစ်ဘိုးအခွန်ငွေ၊နေထိုင်စားရိတ်၊ဖုန်းဘိုး ပျမ်းမျှ၊နုတ်ပြစ်လိုက်ယင်၊ရင်းဂစ်ငွေ ၁၈ ဒေါ်လာမှ၊25ဒေါ်လာရသောနိုင်ငံသား လူများအဖို့ ။လုံးဝမြန်မာပြည်ကို ငွေမရောက်နိုင်တော့ ပါ၊
ကောင်းပါပြီ …မလေးရှားတွင် အိမ်ဖေါ် အစေခံ မိန်းခလေးများကို ၊အင်ဒိုနနီးရှား၊ကန်ဘောယီးယား၊ဖီလစ်ပိုင်။နိုင်ငံတို့ မှ၊ခေါ်ယူဌားရမ်းသုံးစွဲကြတယ်ဆိုတာမလေးရှားတွင်နေဘူးရောက်ဘူးသောမြန်မာတိုင်းအကုန်သိပါတယ်၊မလေးရှားတွင်ခေတ်အဆက်ဆက် မြန်မာမိန်းခလေးများကို၊အိမ်ဖေါ်လာရောက်လုပ်ကိုင်ခြင်းယနေ့ ချိန်ထိမတွေ့ ဘူးသေးပါ။ကုန်မဏီ စက်ရုံ စားသောက်ဆိုင် မျလောက်သာလာ ရောက်လုပ်ကိုင်ကြပါတယ်၊ဂေါ်လီလည်း တော်ယုံ နေ၇ာအနှံ့ စုံခဲ့ပြီ မြန်မာအိမ်ဖေါ် မတွေ့ ခဲ့သေးဘူးပါ……………………………
ဂေါ်လီသိသမျှ မလေးရှားအိမ်ဖေါ်များ ခံစားမှု့ များ
မလေးရှားတွင် အိမ်ဖေါ်များ တနင်္ဂနွေ ပြင်ပထွက်ခွင့် မပေး ခရစ်ယာန်ဘာသာဝင်သာလျှင် ခွင့် ပေးတာတွေ့ ရသည်။
မိမိနိုင်ငံ မှစတင်ထွက်ခွာ ပြီး ကုန်ကျစာရိတ် တော်များလက်ငင်း ပေးချေခဲ့ရတာ နည်းပါးပြီး
မလေးရှားအေးဂျင်စီနှင့်  မှုယင်းနိုင်ငံအေဂျင်စီတို့ မှကုန်ကျစာစရိတ် စိုက်ထုတ်ပေးခြင်းများသည်၊
မလေးရှားနိုင်ငံသို့ ရောက်လာပြီး တိုက်ရိုက်မိမိလုပ်ကိုင် ရမည့်အိမ်ကို ပို့ ဆောင်ပေးခြင်းမရှိပဲ။
အဆောက်ဦးကျယ် ရုံးခန်းဟောခန်းတွင် ထားရှိပြီး ။မလေးရှားအေဂျင်စီထံတွင် အိမ်ဖေါ်ဌားရမ်းသူများ  လာရောက်ကြည့် ရှု့ ပါ ။တန်းစီပြရပြီး။ရုပ်ရည်အနေထားပေါ် မှုတည်၍
ဈေးတန်ဘိုးအနည်းများ အေးဂျင့် ရရှိခြင်း၊
ဆံပင်များတိုစွာတန်းညီစွာ ဖြတ်တောက်ခံရပြီး သတ်မှတ်သော အကျီဝတ်၇ပြီးကျော တွင် MADE စာတန်းတံဆိပ်ရေးထားခြင်း မိန်းခလေးတစ်ကိုယ်ရေ လှပဆင်မြန်းမှု့ တားမြစ်ခြင်း
အိမ်ရှင်မကြီးမှ မိမိခင်ပွန်းနှင့် ဖေါက်ပြန်မှာစိုးရိမ်မိခြင်း ၊မလေးရှားတွင်လူတိုင်းကိုယ်စီ မိုဘိုင်းဖုန်း ကိုင်ကြပါသည်၊ပြင်ပနှင့် ဆက်သွယ်မှု့ ရှိမှာစိုး ရိမ်သောကြောင့် လုံးဝပေးမသုံးခြင်း၊
ငွေကြေးကိုလက်ထဲတွင်တစ်ပြားမှပေး မကိုင်ထားခြင်း၊
ပိုက်ဆံငွေကျေးရှိပါသော်လည်း ပြင်ပမှာမိမိစိတ်လွှတ်ကိုယ် ဝယ်ယူသုံးစွဲခွင့် မရခြင်း
ကျွန်လူရောင်းဝယ်စနစ်နှင့်ထပ်တူညီနေပါသည်
လစာငွေမှာ မလေးရှားရင်းဂစ်ငွေ500ခန့် မြန်မာငွေတစ်သိန်းကျော်ခန့် လောက်သာရရှိပြီး။လစာငွေကို လစဉ်မိမိလက်ထဲတွင်တိကျလက်ခံမှု့ နည်းပြီးအေဂျင်စီထံမှ မိမိထွက်ခွာလာစရိတ် လစဉ်ဖြတ်တောက်ပြီး နောက်ဆုံးကျန်မြန်မာငွေ တစ်သိန်းလောက်နီးလောက်သာရ ရှိခြင်း ၊
ပျော်ရွှင်မှု့ အလုပ်ကိုင်မှာ နံနက်၆ နာ၇ီစောစွာထရမည် အိမ်မှု့ ဝတ္တရားစတင်လုပ် အကုန်လုပ်ရမည် ၊ခလေးများလေ သေဘို့ သာပြင်။ကံမကောင်းအခမသင့် ယင် ဆဲဆိုရိုက်နှက်ခံရတပ်ပါသည်။အိမ်ရှင်နှင့် တန်းတူမစားရပါ၊
ပုံမှန်ည ၁၂ နာရီ အိပ်ရပါသည်၊မိမိအိမ်တွင်းမှ ပြင်ပလုံးဝမထွက်ရပါ၊သူငယ်ချင်းမိတ်ဆွေ လာရောက်လည်ပါတ်ခြင်းကို အိမ်ရှင်မှလုံးဝမကြိုက်ပါ တားမြစ်ထားသည်၊ တရုပ်အိမ်တွင်ခွေးများ မွေးလေ့ ရှိပြီး ၊နေ့ စဉ်ပုံမှန်ခွေးချီးကျုံးရပါသည်၊အိမ်မှု့ ကိစ္စနည်းလျင် အိမ်ရှင်လုင်န်းကိုလိုက်ပါပြီး
လုပ်ပေတော့ ရှိသမျအလုပ်အကုန် ဖရီး……………………….မလေးရှားရောက် မြန်မာလူမျိုးများတို့ ရဲ
လုံခြုံမှု့ မှာ အေးဂျင်စီထံ လာရောက်ဌားရမ်းသောအိမ်ရှင်များမှာ၊အကြံစီကောင်းတွေနဲ့ လာတာပါ။
အာရှမှာ မြန်မာမိန်းခလေး ဟာအသားရေကျစ်လစ်ချောမွှေ့ ပြီး အင်မတန်ကြည့် ရှု့ ပျော်ပါတယ်၊
လာပြီအိုကြီးအိုမ နှာဗူးသူဌေးတွေက စားဘို့ ဝါးဘို့ ရည်ရွယ်ချက်တွေနဲ့ တစ်ပုံကြီး
မလေး၇ှားတွင် နိုင်ငံသားတစ်ဦးနေနဲ့  မိန်းမယူဘို့  အိမ်၊။ကား ။လုပ်ငန်း ။ရှိမှ ငွေပေါင်းမြောက်များစွာ
တင်တောင်းနိုင်မှ ရတာပါ။မရှိတဲ့လူကတော့ ဟန်ကျတာပေါ့ ဂွင်ပဲ……
တရုပ်နဲ့ ၊ငမဲတူးမကျီးသီးခေါ်အန္ဒိယ ထံရောက်ဘို့  ၉၉.၉% သေချာပါတယ်၊
နိဂုံးချုပ်ရင်ဆိုင်ရမည့် ငရဲ ပြသနာ
မိမိမှာ အကြောင်းမျိုးမျိုးကြောင့် ။လုပ်ငန်းငွေကြေး။လူမှု့ ရေးတစ်စုံတစ်ရာ ပြသနာ ဖြစ်လာပါ။
မလေးရှားအခြေစိုက် မြန်မာသံရုံးမှလည်း ။လိုက်လံ ကူညီ့ရှင်းပေးမည်မဟုတ်ပါ။အများနဲ့ဆက်ဆံနေရတယ်လေ။တစ်ချို့ အဖြေကောင်းပေးတပ်ပါတယ်
နင်တို့ ကို ဘယ်လူတွေက မလေးရှားကို အတင်းပို့ နေလို့ လည်း။စောစောတည်းက ကြိုတင်မလေ့ လာထားဘူးလား။အမေးခံရယုံသက်သက် အဖတ်တင်မယ်ဆိုတာသတိပြုပါ၊
အဲ….နောက်ဆုံးတော့  ကျနော်တို့ လိုကိုကိုရွှေတွေ၊မျိုးချစ်အာဇာနီတွေက၊တွေ့ တော့ ၊ကယ်တင်ခေါ်ထုတ်ကြတယ်။လွတ်အောင်။ဒါပေမဲ့ ဒီမိန်းခလေးလွတ်မြောက်လာပြန်ပြီဆိုတော့ လည်း။အလုပ်ကတော့ ရှာလို့ လွယ်ပေမဲ့။ရေရှည်မှာသူ့ ကိုလည်းတောက်လျောက်ကြီး မကူညီနိုင်ဘူးလေ။လောလောဆယ်အိုဗာစတေး Overstay ဖြစ်နေပြီလေ၊
အဲနောက်တစ်ခုက အိမ်ရှင်ကဆဲဆိုပြီးထုနှက်နေတာ သတင်းကြားရလို့  ကိုရွှေတွေက မခံချင်စိတ်တွေနဲ့ ၊ဖိုက်တင်ပွဲ ဖြစ်ကြမယ် ၊နောက်ဆုံးတော့ လည်း၊အချုပ်ကျထောင်ကျ၊မြန်မာပြည်ပြန်မှာပဲ…
သတိပေးစရာမှတ်သားစရာမှာ
မလေးရှားဥပဒေသည် ဘာပဲလုပ်လုပ် ငွေများတရားနိုင် ရဲပုလိပ်ဝန်ထမ်းအားလုံး လာဘ်စားကြပါသည်။ငွေပေးယင်အကုန်ရပါသည်။
ဘယ်နိုင်ငံမဆို တစ်ကယ်တော့ ကိုယ့် ရှိမှ ကိုယ်စား၊ကိုလုပ်မှကိုယ်ရ ဖြစ်လာယင် ၇ပ်ကြည့် ရုံ့ကလွဲပြီး ဘာမှမကူညီဘူးဆိုတာ သတိပြုပါ။
စောစီးကြိုတင်စဉ်းစားပါ။လုံးဝ အိမ်ဖေါ် အစေခံ၊လုပ်ဘို့ လာမယ်လို့ အကြံစီရှိယင် ဖျက်သိမ်းလိုက်ပါ၊
နောက်ဆုံးဆင့် ။
အိမ်က မိဘညီကိုယ်မောင်နှမ စိတ်ဆင်းရဲရသလို
သမ္မတကြီးဦးသိန်းစိန်လည်းမကယ်နိုင်ဘူး၊
NLDခေါင်းဆောင်ကြီးအမေစုလည်းကယ်နိုင်မှာမဟုတ်ဘူး
---------------------------------                                                  -----------------------------
ယခုကျနော်ဂေါ်လီရေးသားတဲ့  ဘလောက်စာပို့  စ်လေးအား ဖတ်ပြီးသူတိုင်း
လက်ဆင့် ကမ်းဝေမျခြင်း ၊ နှစ်သက်သဘောကျမိပါက မိမိရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်။ဘလောက်ဆိုက်များ။ဖေ့စ်ဘုတ်များတွင် လိုတိုးပိုလျော့  ကူးယူတင်ပြပေးနိုင်ပါတယ်၊
နိုင်ငံကိုချစ်ပါ။မိမိလူမျိုး ဘာသာ သာသနာကို စောင့် ထိန်းကြပါ၊တစ်ဦးနှင့် တစ်ယောက်ရိုင်းပင်း ကူညီကြပါ၊
မိတ်ဆွေတို့ ကလည်း ဒီအကြောင်းအရာကလေးများသိရှိယင်လည်းမေးလိပ်စာဖြင့် လည်း လာရောက်ပေးပို့  နိုင်ပြီး ဘလောက်မှာတင်ပြပေးပါ့မယ်....
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks