သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 27 February 2013

သမ္မတ ဦးသိန်းစိန်ကို အော်စလိုက မြန်မာတွေ ဆန္ဒပြမှုနဲ့ကြို


 ဆန္ဒပြပွဲ၌ တချိန်က နာမည်ကြီး ခေတ်ပေါ် အဆိုတော် မွန်းအောင်က “အရေးကြီးပြီ” သီချင်းနှင့် “သွေးမုန်တိုင်း ”သီချင်းတို့ကို သီဆို ဆန္ဒပြခဲ့သည် (ဓာတ်ပုံ – ကိုညို (အော်စလို) / ဧရာဝတီ)

ဖေဖော်ဝါရီလ ၂၆ ရက် အင်္ဂါနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့သို့ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်အား မြန်မာ ၅၀ ခန့်က ကြွေးကြော်သံများဖြင့် ဟစ်အော်ဆန္ဒပြခဲ့ကြသည်။
ဒေသစံတော်ချိန် ညနေ ၄နာရီခွဲတွင် အော်စလိုမြို့လည် လူစည်ကားရာ လမ်းဆုံရှိ သမ္မတဦးသိန်းစိန် တည်းခိုရာ Hotel Continental ရှေ့၌ “ ၂၀၀၈ဖွဲ့စည်းပုံ အလိုမရှိ” “ပြည်တွင်းစစ် အလိုမရှိ” “ အစိုးရ အကျင့်ပျက် ခြစားမှု ချက်ခြင်းရပ်” ဟူသည့် ကြွေးကြော်သံများနှင့် အော်ဟစ်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆန္ဒပြနေစဉ် နော်ေ၀၀န်ကြီးချုပ် Jens Stoltenberg နှင့်အတူ

မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ပြောကြား




Wednesday, February 27, 2013

လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

Tuesday 26 February 2013

တစ်ချိန်က မြန်မာ့ ရုပ်ရှင် တွင် ချံပီယံ တင်ညွှန့် (ခ)ဦးဇင်းတေဇနိယ


 
တစ်ချိန်က မြန်မာ့ ရုပ်ရှင် တွင် ချံပီယံ တင်ညွှန့် ဟု လျှမ်းလျှမ်း
တောက် ကျော်ကြားခဲ့ဖူးသည့် စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အသံတု ပညာရှင် ချန်ပီယံဦးတင်ညွန့် ခေါ် ဦးဇင်းတေဇနိယ သည် ဇီဝိတဒါန သံဃဆေးရုံ ၆ထပ် ဗာရာဏသီဆောင် ၄ လွှာ ကုတင်အမှတ် ၂၇ တွင် အသည်းရောဂါဝေဒနာ ခံစားနေရပါသဖြင့် တက်ရောက်ဆေးကုသမူ ခံယူနေပါ ကြောင်း FNG မှ သတင်းရရှိ သည်။

၁၉၉၅ ၀န်းကျင်လောက်မှစကာ တရုတ်ပြည်တွင် လူသားများအတွင်း ကလီစာများ

၁၉၉၅ ၀န်းကျင်လောက်မှစကာ တရုတ်ပြည်တွင် လူသားများအတွင်း ကလီစာများဖြစ်သော ကျောက်ကပ်၊ အသဲ ၊ အဆုပ်၊နှလုံး၊ မျက်ကြည်လွာများ(cornears),အတော်ကြီးပင် ကျယ်ကျယ်ပြန့်ပြန့် အစားထိုးကုသမှုများ ပြုလုပ်လာကြသည်။ု

တရုတ်ပြည်၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဟွန်ချီဖူက ၄င်းတို့၏ လူသားကလီစာများ အစားထိုးမှုများအား နှစ်ကာလတော်တော်ကြာ စမ်းသပ်ခဲ့ပြီးနောက် ယခု လုံးလုံးစိတ်ချရသော အခြေနေသို့ ရောက် ရှိအောင်မြင် သွားပြီဟုလဲ ရှန်ဟိုင်းဆေးရုံအုပ်ကြီးမှ ၂၀၁၂ ကျန်းမာရေး ဆိုင်ရာ စီမီနာတခုတွင် အတိလင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

အကြီးမားဆုံးမူးယစ်ဆေး ဖမ်းဆီးရမိမှုတစ်ခုတွင် အဖမ်းခံရသူ ၆ ဦးအနက်ဗိုလ်မှူးကြီးတစ်ဦးပါဝင်


 
by Yangon Chronicle on Tuesday, February 26, 2013 at 2:31pm

(DNA India News မှ 24 February 2013 ရက်စွဲပါ “Army Colonel among 6 arrested in one of the biggest drug hauls” သတင်းကိုဘာသာပြန်ဆိုပါသည်)

တနင်္ဂနွေနေ့က ချန်ဒယ်ခရိုင်တွင် မြန်မာနိုင်ငံဖက်သို့တရားမဝင်ခိုးထုတ်မည့် ရူပီးငွေ ၁၅ ကုဋေ တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည့် ဗိုလ်မှူးကြီးတစ်ဦးနှင့် အခြားသူ ၅ ဦးတို့ကို မဏိပူရရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးခဲ့ပြီး ၎င်းပြည်နယ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရမိမှု တစ်ခုဖြစ်သည်ဟု သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်က ရခိုင်များ မြန်မာဘက် ပြောင်းလို့ရသလား


 ဘန်တရိုဘန်မြို့ရှိ မရမာဈေးမှ ရခိုင်မျိုးနွယ်စုဝင်များ ဈေးရောင်းနေပုံ (ဓာတ်ပုံ – ငြိမ်းချမ်း / ဧရာဝတီ)
ပြီးခဲ့တဲ့ လအနည်းက စပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရခိုင်မျိုးနွယ်စုများ မြန်မာဘက်ကို ပြောင်းရွေ့ အခြေချမှုတွေ ရှိလာပြီးနောက်ပိုင်း ဆက်လက် မပြောင်းရွေ့စေရန် သက်ဆိုင်ရာ အာဏာပိုင်များက လုံခြုံရေး တင်နယ်စား (ဒေသအခေါ် ဟေရ်မန်)နှင့် ရွာစား (ဒေသအခေါ် ကာရ်ဘာရီ) တွေကို မြို့နယ်အရာရှိတွေက ပြောဆိုလာကြောင်း သိရသည်။
မြန်မာဘက်ကို ဆက်လက်မပြောင်းရွေ့ရန် ရှင်းပြပြောကြားစေရန်နှင့် ပြောင်းရွေ့မည့် အစီစဉ်များကို စုံစမ်းပြီး သက်ဆိုင်ရာကို သတင်းပို့ကြရန် ပြီးခဲ့တဲ့ အပတ်က ခေါ်ယူပြောကြားခြင်းဖြစ်ကြောင်း နယ်စား တဦးဖြစ်သည့် ဦးမောင်ညွန့်က ပြောသည်။

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ


 မြွေကို အရက်နှင့်စိမ်၍လည်း ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် တရုတ်နိုင်ငံတွင် မှီဝဲကြသည် (ဓာတ်ပုံ – Wikimedia)

တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့အနီးတွင် မြန်မာနိုင်ငံဘက်မှ မှောင်ခို သယ်ဆောင်လာသည့် မြွေအရှင် အကောင် ၄၈၀၀ ကျော်အား တရုတ်နိုင်ငံ ယူနန် ပြည်နယ် ရွှေလီ ရဲတပ်ဖွဲ့ဝင်များက ယခင်သတင်းပတ်အတွင်း ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
တန်ချိန် ၃.၈ တန်ခန့်ရှိ မြွေဟောက်၊ မြွေပွေးနှင့် အိန္ဒိယမြွေခလောက် စသည့် မြွေအကောင်ရေ ၄၈၁၅ ကောင်ကို သေတ္တာ ၁၇၆ ပုံးဖြင့် တင်ဆောင်လာသည့် ယာဉ်တစီးကို ရွှေလီ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၂ ရက် နံနက်စောစောပိုင်းက စီးနင်းရာတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

Monday 25 February 2013

မျက်ကပ်မှန်တွင်ရှိသည့် မှိုပိုးကြောင့် မျက်ကြည်လွှာ ပျက်စီးသွားသူ


အသက်၆၂နှစ်အရွယ် ပင်စင်စားအမျိုးသမီး JuneScottဟာ သူမရဲ့ မျက်ကပ်မှန်ကြောင့် မျက်လုံးတစ်ဖက်မှာ ရောဂါပိုးဝင်ရောက်ကာ ဘယ်ဘက်မျက်စိ ကွယ်သွားတယ်လို့ သိရပါတယ်။ သူမရဲ့မျက်ကပ်မှန်က မျက်ကြည်လွှာကို စားသွားတာကြောင့် လို့ဆိုပါတယ်။ သူမအနေနဲ့ မျက်ကပ်မှန်တပ်ပြီးနောက် အလင်းရောင်ကို မမြင်ရတဲ့အတွက် သူမရဲ့မျက်လုံးအတွင်း ဆံစ၀င်နေတယ်ထင်ပြီး ဆေးရုံကို အရေးပေါ်သွားခဲ့ရပါတယ်။ ဆေးရုံမှာ မျက်စဉ်းဆေးတွေ ခတ်ပေးပေမယ့် အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။ မျက်စိဆရာဝန်တွေက သူမရဲ့ ဘယ်ဘက်မှာ တပ်ထားတဲ့ မျက်ကပ်မှန်အတွင်း Fusariumခေါ်တဲ့ မှိုပိုးဝင်ရောက် နေတဲ့အတွက် 

[အမျိုးသမီးများဖတ်ဖို။့]


 တခါတုန်းက မြတ်ဗုဒ္ဓ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအချိန်မှာ မလ္လိကာမိဖုရားက ဘုရားရှင်ထံကို ချဉ်းကပ်ရောက်လာတယ်။ သင့်တော်ရာက ထိုင်ရင်း လက်အုပ်ချီမိုး ရှိခိုးပြီး ပြဿနာလေးချက်ကို လျှောက်ထားပါတယ်။

Sunday 24 February 2013

Window 7 မှာ အလုပ်လုပ်တဲ့ အသံထွက်တဲ့နာရီလေး.......................


ဒါကတော့ Window7 မှာသုံးတဲ့ နာရီလေးပါ ၊အသံပါထွက်ပေးတယ်၊ကျွန်တော်တော့ကြိုက်တယ်တော်တော်လေးကို၊သူငယ်ချင်းတို့လိုချင်ရင် ဒီမှာနှိပ်ပြီးယူလိုက်ပါနော်..........................

Facebook လေးကို အထာကျစေမယ့် MozillaFireFox ရဲ့ addon လေး တစ်ခု .......



 ကျွန်တော် တို့ ရဲ့ အင်တာနက်လောက မှာတော့Facebook က ဒုတိယ ဆရာကြီးတစ်ပါးလို့ပြောလို့ရပါတယ်၊ပထမ ဆရာကတော့ G-talk ပေါ့၊ကျွန်တော်လည်းG-talkနဲ့Facebook သုံးပါတယ်၊တော်တော်ကို သုံးတာပါ၊သေရင်တောင် G-talk စောင့်တဲ့နတ်ဖြစ်မလား၊Facebook ကိုစောင့်တဲ့နတ်ဖြစ်မလားတစ်ခုခုပါဘဲ ပာားးး ......... ပာားးးး ... ပာားးးးးး အခုတော့Facebook ကိုပိုသုံးဖြစ်နေတယ်၊ကျွန်တော် က Facebook ကို အထာကျကျလေးသုံးနေတာဗျ

အင်တာနက်အသုံးပြုသူတိုင်းဟာ ကိုယ့်ရဲ့အင်တာနက်နှုန်းဘယ် ဘယ်လောက်ရှိလည်းသိချင်မှာပါ.......ကဲ IP တွေကိုတောင် ကြည့်လို့ရတယ် မိုက်တယ်မလား.................. ဒေါင်းလုပ်ဆွဲချင်ရင်တော့.......ဒီမှာဆွဲပါ သူ့ရဲ့မှုရင်းဆိုဒ်ကတော့ဗျာ ....http://addgadgets.com/network_meter/


ကျွန်တော် ဒီပာာလေးကို ရေးမယ်ရေးမယ်နဲ့မရေးဖြစ်တာပါ၊တချို့လူတွေလည်းသိပြီးဖြစ်နေမှာပါ၊ဒါပေမယ့်
facebook/youtube က videos တွေဘယ်လို download ဆွဲရမှန်းမသိဘူးလို့ပြောနေကြသူတွေရှိနေသေး
ပါတယ်၊ကဲ...........မသိသေးတဲ့ ဘော်ဒါတွေအတွက်ပါ။ ဒီ add-on လေးက Video DownloadHelper ::
ဆိုတာလေးပါ၊အသုံးပြုရ အရမ်းလွယ်ပါတယ် ကြယ်လေးပွင့်ရထားပြီး အသုံးပြုသူပေါင်း 7,204,137 ရှိပါတယ်

ယနေ့ခေတ်စား လာတဲ့ မြန်မာနိုင်ငံကိုချိန်းခြောက်နေသော DDoS attack အကြောင်း..................


DoS ဆိုတဲ့ တိုက်ခိုက်မှုဟာ ယနေ့ခေတ်မှာ အင်တာနက် တိုက်ခိုက်ရေးသမားတို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်.. Denial of Service ဆိုတဲ့အတိုင်း အတိုက် ခိုက်ခံရသူရဲ့ Computer သို့မဟုတ် Webserver ရဲ့ Bandwidth , CPU, Memory အသုံးပြုမှုတွေက သာမာန်ပေးစွမ်းနိုင်တဲ့ ပမာဏထက် ပိုပြီးလိုအပ်တဲ့အတွက် Out of Service တွေ ဖြစ်ကုန်တာပါ။ ကြားဖြတ်၍ Resource အားလုံးကို စားသုံးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ထပ်ပြီး ရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့က www.planetcreator.net ဆိုပြီး Browser မှာရိုက်ထည့်လိုက်ရင် နောက်မှာ အလုပ် လုပ်ပေးတာက www.planetcreator.net တင်ထားတဲ့ Webserver က အလုပ်လုပ် ဖြေကြား၊ ဖော်ဆောင်ပေးရတာဖြစ်ပါတယ်။ ဒီတော့ သာမာန်တောင်းဆိုမှုနဲ့ ပိုတဲ့ Fade Request တွေကို server ကပြန်လည်ဖြေကြား ပေးနေရတဲ့အတွက် Over Load ဖြစ်ကာ Server က ဆက်သွယ်မှုရပ်တန့်သွားရခြင်းဖြစ်ပါတယ်။

ထူးဆန်းသည့် ကုက္ကိုပင်ကြီးကို မခုတ်လှဲတော့ပါ


 
ဘဲချောင်းရွာသည် ဧရာဝတီမြစ် လက်တက်တစ်ခု၏ ကမ်းနဖူးတစ်လျှောက် အရှေ့နှင့်အနောက်တန်းလျက် တည်ရှိနေသည့် ရွာတန်းရှည်ဖြစ်ပြီး ၀ါးခယ်မမြို့နယ် အတွင်းတည်ရှိကာ အိမ်ခြေ၁၁၀ခန့်ရှိသည်။ ၀ါးခယ်မမြို့နှင့် ၁၃မိုင်ဝေးသော ကျုံမငေးမြို့သို့သွားရာ ကားလမ်းအနီး၌ရှိ၍ စည်ကားသည်။ အရှေ့နှင့်အနောက် ရွာလယ်လမ်းကို ရွာသူရွာသားများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ငါးပေကျယ်သော ကွန်ကရစ်လမ်းဖောက် လုပ်ထားရာ ရှစ်မျက်နှာစေတီနှင့် အ-လ-ကကျောင်းရှေ့ တစ်ဖြတ်သာခင်းရန်ကျန်တော့သည်။ ထိုလမ်းပိုင်းကို ဆက်ခင်းရန်မှာ ပင်စည်လူ နှစ်ဖက်စာခန့်ရှိ နှစ်၁၀၀ခန့် သက်တမ်းရှိပြီဖြစ်သော ကုက္ကိုပင်ကြီးခံနေသည်။ ထိုအပင်ကြီးတွင် 


Myanmar ICT ဂျာနယ်မှ ဦးကိတ္တိသာရ ထံသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များ


နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိသာရသည် ကျင့်ကြံအားထုတ်၍ သိရှိခဲ့ပြီးသော စိတ်လေ့ကျင့်ခန်းများကို တစ်ကမ္ဘာလုံးရှိ လူသားအားလုံး သိရှိနိုင်စေရန် အတွက် www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ်တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း ကြားသိရသဖြင့် Myanmar ICT ဂျာနယ်မှ ဦးကိတ္တိသာရ ထံသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည် မျှဝေ ဖော်ပြလိုက်ပါသည်။
...
လူ့လောကကြီးကို စွန့်ခွာခဲ့တာ နောင်တရလား ဘုရား။
တစ်ခါမှ မရခဲ့ဖူးဘူး။ အခုဆို လေးနှစ်ကျော်သွားပြီ။

ဘာလို့ နောင်တ မရခဲ့တာပါလဲ ဘုရား။


Saturday 23 February 2013

ဖရိုဖရဲ အနာဂတ် ရန်ကုန်မြို့တော်လား


 ရန်ကုန်မြို့ စင်္ကာပူပုံစံ ဖြစ်မလား၊ ဘန်ကောက်လို ဖြစ်မလား (ဓာတ်ပုံ – ဧရာဝတီ)
-----------------------------------------------------------------------------------

ရန်ကုန်မြို့ကို စင်္ကာပူပုံစံအတိုင်း ပြန်ဆောက်လို ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုပြီး ဘန်ကောက်က မိုးပျံရထားတွေ၊ မိုးပျံလမ်းတွေပါ ထည့် စိတ်ကူးခဲ့သည်။
ဤသည်မှာ ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာပြီးနောက် ဦးသိန်းစိန် အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် ရည်မှန်းချက် တရပ်ဖြစ်သည်။ ယင်း ဆန္ဒမှာ လက်တွေ့နှင့် လုံးဝ ခြားနားနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သည် အစိုးရသစ် တာဝန်ယူပြီး ၂ နှစ်ခန့် ကြာသွားသော်လည်း သိသိသာသာ တိုးတက်လာခြင်း မရှိသေး။ မြို့တော်၏ အခြေခံ လိုအပ်ချက်များ ဖြစ်သည့်  ပို့ဆောင်ရေး၊ စွမ်းအင်၊ ၀န်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေ ရရှိရေး စသည့် ကဏ္ဍများသည် လည်း နောက်ကျနေဆဲ။ ဤသို့ အခက်အခဲ၊ အကြပ်အတည်း များစွာ ရှိနေသော်လည်း

မိတ်ဆွေတစ်ယောက်က “ ‘တတ်သိပညာ၊ မနေသာ’ ဆိုတဲ့ မြန်မာဆိုရိုးစကားက

 

 

မိတ်ဆွေတစ်ယောက်က “ ‘တတ်သိပညာ၊ မနေသာ’ ဆိုတဲ့ မြန်မာဆိုရိုးစကားက တကယ်တော့ ကိုယ်တတ်၊ ကိုယ်သိထားတာတွေဟာ ကိုယ့်ကို အသာမနေရဘူးလို့ ပြောခဲ့တာ ဖြစ်မယ်”ဟု သူ့ထင်မြင် ယူဆချက်ကို အစချီပြီး စကားဝိုင်းလေးကို စတင်လိုက်ပါသည်။ ထိုမိတ်ဆွေ ဘာကိုဆိုလိုချင်သည်ဆိုတာကို ကျွန်ုပ်တို့အနေဖြင့် အတူနေမိတ်ဆွေများဖြစ်သည့်အလျောက် နည်းနည်းပါးပါး တီးမိခေါက်မိ ရှိကြသည်။

Friday 22 February 2013

အဖြစ်များနေသော မုဒိမ်းမှု လျော့ကျစေရေး လိင်စိတ်ကြွဆေးများအား အထူးစီမံချက်ချ ဖမ်းပြီ

                  အဖြစ်များနေသော မုဒိမ်းမှု လျော့ကျစေရေး လိင်စိတ်ကြွဆေးများအား အထူးစီမံချက်ချ ဖမ်းပြီ                                       ရန်ကုန်တိုင်း ဒေသကြီးအတွင်း လိင်စိတ်ကြွ ဆေး များကို အထူး စီမံချက်ဖြင့် စစ်ဆေး အရေးယူနေ ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရ သည်။ အဖြစ်များ လာသော မုဒိမ်းမှု များကို လျော့ကျ လာစေရန် ရည်ရွယ်ပြီး အမျိုးသားဆေးဝါး ဥပဒေဖြင့် အရေးယူမှု ပြုလုပ်မည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး တာဝန်ရှိ သူကပြောသည်။ အထူးစီမံချက် အရ စတင်ပြု လုပ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ တွင်ရဲအုပ် တစ်ဦး ခေါင်းဆောင်သည့် အဖွဲ့တစ်ဖွဲ့က လမ်း မတော် ၁၅ လမ်းရှိ ဆေးဆိုင် တစ်ဆိုင်သို့ ဝင်ရောက် ရှာဖွေရာ Roselyn Fun Joy တံဆိပ်နှင့် Roselyn Virginity Top တံဆိပ် လိင်စိတ်ကြွဆေး များကို သိမ်းဆည်း ရမိခဲ့သည့်အတွက် အမျိုးသား ဆေးဝါး ဥပဒေ ပုဒ်မ ၁၈ ဖြင့်

မြန်မာနိုင်ငံ၏ ပထမဆုံး၊ အဟော့ဆုံး အတွင်းခံဝတ် ပြပွဲကြီးမှ ဓာတ်ပုံများ



ဒီဝတ်စုံနဲ့ ပတ်သက်ပြီး ပရိသတ်တွေဘက်ကလည်း အမျိုးမျိုးသော ဝေဖန်မှုတွေတော့ ရှိမှာပဲလေ။ ဒါပေမဲ့ ဒါက မြန်မာပြည်မှာ ပထမဆုံးလုပ်တဲ့ အဆန်းအပြားပွဲ ဖြစ်နေတော့လေ။ ဒါကလည်း International နဲ့ မီအောင် လုပ်ဖြစ်နေတာ ဆိုတော့ ကောင်းပါတယ် ဟု ဆိုကြတဲ့ ပွဲလေးပါ။ 

Thursday 21 February 2013

“Sex (သို့) ဘုရားသခင့်လက်ဆောင်”တဲ့လား

လွန်ခဲ့သော မဟာသင်္ကြန်တော်အခါသမယဆီက သီတဂူဆရာတော်ကြီးကို ဖူးမျှော်ခွင့်ရရှိခဲ့သည်
သြ၀ါဒစကား ကိုလည်း နာယူခွင့်ရခဲ့သည်။ ပညာသင်နေကြသော ရဟန်းတော်များပေမို့ ပညာရေးဆိုင်ရာ သုတေသန ကိစ္စရပ်များကို အလေး ထားမိန့်ဆိုသွားသည်။ မဇ္ဈိမဒေသရှိ ယုံကြည်ကိုးကွယ်မှုများ အကြောင်းလေ့လာစရာ များစွာရှိသည်ကိုလည်း ထောက်ပြသွားသေးသည်။ ရှီဝလိင်ကိုးကွယ်မှု၊ ဂျိန်းဘာသာ စသည် စိတ်ဝင်စားဖွယ်အကြောင်းတရားများ။
 
 
  ဂျိန်းဘာသာရေးအခမ်းအနား
 ရှီဝ၏ ယောက်ျားအင်္ဂါနှင့် ပရဗတီ၏ မိန်းမအင်္ဂါလိင်
 မဇ္ဈိမသည် အံ့သြဖွယ်ကောင်းစွာပင် လိင်ကိုးကွယ်မှု၊ ၀တ်လစ်စလစ်နေထိုင်ခြင်းနှင့် သက်ဆိုင်သော ဘာသာတရားများကို အခိုင်အမာလက်ခံထားလေသည်။ ဟိန္ဒူအယူဝါဒတွင် ရှီဝလိင်ကိုးကွယ်မှုက အမြစ် တွယ်နေသည်။ ဂျိန်းဘာသာက အ၀တ်ဗလာဖြင့် အကိုးကွယ်ခံဖြစ်နေဆဲ။ အခြားသော ကိုယ်လုံးတီး ဆာဒူးကြီး များ၏ ကောင်းချီးပေးမှုကိုလည်း စုပြုံးတိုးဝှေ့ကာ ကိုးကွယ်ခံယူနေကြပြန်သေးသည်။ သို့ဆိုလျှင် မဇ္ဈိမ ပြည်ကြီးဝယ် ပညာသင်နေသော ရဟန်းတစ်ပါးအတွက် မိမိ၏ ဘာသာတရားမှတစ်ပါး အခြားသော အညတိတ္တိယတို့၏ လိင်သဘာဝနှင့် ပတ်သက်သောအတွေးအခေါ် အယူအဆများ ကိုလည်း လေ့လာသင့်သည် မဟုတ်လား။

ထိုင်းကိုယှဉ်နိုင်ရန် ၁၀ နှစ်ကြိုးစားရမည်ဟု မြန်မာ အသင်းနည်းပြချုပ် ပြောကြား


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် ထိုင်း
အသင်းကို ယှဉ်နိုင်ရန် အနည်းဆုံး ၁၀ နှစ်ခန့် ကြိုးစား
ရလိမ့်မည်ဖြစ်ကြောင်း မြန်မာအသင်းနည်းပြချုပ် ပတ်ဆောင်ဝါက ပြောကြားသည်။

Wednesday 20 February 2013

"အပါယ်လေးပါးရောက်ကြောင်း အလှူဒါန(၁၀) ပါး"



၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။

၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။

၃။ ဣတ္ထိဒါန - မိန်းမအလှူ။

၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။

၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။

၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။

၇။ ၀ိသဒါန - အဆိပ်အလှူ။

၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။

၁၀။တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။
တို့ ဖြစ်ပါတယ်။

နော်ခမ်းကို မောင်းသူမဲ့ လေယာဉ်သုံး ချေမှုန်းရန် တရုတ် စီစဉ်ခဲ့




မဲခေါင်မြစ်အတွင်း တရုတ် သဘောင်္သား ၁၃ ဦး သတ်ဖြတ်မှု၌ ဦးဆောင်ခဲ့သူ မူးယစ်ရာဇာ နော်ခမ်းနှင့် အဖွဲ့ကို တရုတ် အာဏာပိုင်များက မောင်းသူမဲ့ လေယာဉ် အသုံးပြု၍ ချေမှုန်းရန် စီစဉ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ စီစဉ်ခဲ့သော်လည်း နော်ခမ်းကို အရှင်ဖမ်းရမည် ဟူသော အထက်အမိန့်ကြောင့် ပယ်ဖျက်ခဲ့သည်ဟု တရုတ် ပြည်သူ့ လုံခြုံရေး ၀န်ကြီးဌာန မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဒါရိုက် တာ Liu Yuejin က ပြောကြောင်း South China Morning Post သတင်းတွင် ဖော်ပြ ထားသည်။ နော်ခမ်းကို ၂၀၁၂ ဧပြီလအတွင်း လာအို နိုင်ငံတွင် ဖမ်းမိခဲ့ပြီး တရုတ် နိုင်ငံသို့ လွှဲပြောင်းယူ၍ နိုဝင်ဘာလ၌ ယူနန်တရားရုံးက သေဒဏ် ချမှတ်ခဲ့သည်။ တရုတ် သဘောင်္သား ၁၃ ဦးသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ က မဲခေါင် မြစ် အတွင်း သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

Tuesday 19 February 2013

“အလှကြောင့်မဟုတ်ဘဲ အချစ်ကြောင့် သမီးလေးပုံကို ဘယ်လက်မောင်းမှာ ထိုးခဲ့တဲ့ ဇူးမြတ်ထက်”




သရုပ်ဆောင် အဆိုတော် ဇူးမြတ်ထက်က သူချစ်တဲ့ ဇနီး ထက်ထက်မိုးဦးပုံ ကို ရင်ဘတ်မှာ ဆေးမှင်ကြောင်ထိုးထားသလိုပဲ သူ့ရဲ့ တစ်ဦးတည်းသော သမီး စစ်လွန်းဝတီထက်ပုံကိုလည်း ဘယ်လက်မောင်းပေါ်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့တုန်းက ဆရာတွတ်ပီဆီမှာ ထပ်မံပြီး ဆေးမှင်ကြောင် ထိုးထား ခဲ့ပါတယ်။ ဒီလိုပုံရေးထိုးတာ အလှမဟုတ်ဘဲ အချစ်ကြောင့်ပါလို့ ဆိုတဲ့ ဇူးမြတ်ထက်က “အစကတည်းက ထိုးဖို့ အစီအစဉ် ရှိပြီးသားပါ။ ကျွန်တော် ချစ်တဲ့ သမီးလေးနဲ့ သူ့အမေပုံ နှစ်ယောက်စလုံး ထိုးဖို့ ရည်ရွယ်ထား တာလေ။ ဒီပုံလေးက သူတစ်နှစ်ပြည့် မယ်သီလရှင်ဝတ်တုန်းက ပုံလေးပါ။ ဆရာတွတ်ပီ ထိုးပေးတာပါ။ အဓိက ကတော့ ကျွန်တော် မထက်ရော၊ သမီးလေးကိုရော ချစ်တယ်။ ချစ်လို့ အသားထဲမှာ ကျွန်တော် ဆေးမှင်ထိုး ခဲ့တာပါ” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး

ဓာတ်ပုံ- ထက်ထက်မိုးဦး ဖေ့ဘုတ်မှ

ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင် - Hedy Lamarr

523615 356991187721353 279520829 n
 ပုံမှာ မြင်တွေ့နေရတာက မင်းသမီးတော့ မှန်ပါတယ်။ သို့ပေမယ့် အနုပညာ တစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ သူမဟာ သိပ္ပံပညာရှင် လည်း ဖြစ်ပါတယ်။
ကမ္ဘာ့အလှဆုံး သိပ္ပံပညာရှင်၊ ဥရောပရဲ့ အလှဆုံး အမျိုးသမီး လို့ မှတ်တမ်းတင်ခဲ့တဲ့ Hedy Lamarr ဟာ ၁၉၁၃၊ နိုဝင်ဘာ၉ ဖွားဖြစ်ပါတယ်။

Monday 18 February 2013

"ကမ္ဘာတွင် သူခိုးမရှိခဲ့သော နိုင်ငံ"



ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာ နိုင်ငံပင်။

ထိုစကားကို ပြောခဲ့သူမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏ ၀ိပဿနာ တရားတော်များကို ကမ္ဘာသို့ ဖြန့်ဝေလျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစသည်။ အရောင်းအ၀ယ် ကုန်သည် အလုပ်ဖြင့် ကမ္ဘာအနှံ့ ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချ နေထိုင်ခဲ့သည်။

နိုင်ငံသားအဖြစ် အသိအမှတ်ပြုသော်လည်း နိုင်ငံတော် အလံကို အလေးပြုနိုင်မည် မဟုတ်




ရခိုင်ပြည်နယ် မြို့တော် စစ်တွေကို ရောက်ရှိနေတဲ့ ရခိုင်အရေး စုံစမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လိုင်ကို မွတ်ဆလင်ခေါင်းဆောင် တချို့က နိုင်ငံသား အဖြစ် အသိအမှတ်ပြုသော်လည်း မြန်မာ နိုင်ငံတော် အလံကို အလေးပြုနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Cobra Gold ရောက် မြန်မာ စစ်ဗိုလ်ချုပ် နှစ်ဦး


အမေရိကန်စစ်တပ် ဦးဆောင်ပြီးတော့ ထိုင်းနိုင်ငံတွင်းမှာ နှစ်စဉ် ပြုလုပ်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့ ကစပြီး ပြုလုပ်ခဲ့တာမှာ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပထမဆုံး ဖိတ်ခေါ်ခြင်း ခံရပါတယ်။  Cobra Gold စစ်ရေးလေ့ကျင့် မှုဟာ အာရှဒေသတွင်းမှာ နိုင်ငံပေါင်းစုံပါဝင်တဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။

Sunday 17 February 2013

အပိုင်းပိုင်းပြတ် အမျိုး သမီး အလောင်း ဖြူး တစ်မြို့ လုံး အုတ်အော်သောင်းနင်း ဖြစ်

မင်္ဂလာပါ ကျနော်ကိုဂေါ်လီ အဖွဲ့ မှညီငယ်ဇာနီအောင်ပါ
ဒီသတင်းလေးကောင်းလို့  FNG ကနေကူးယူတင်ပြပေးလိုက်ပါတယ်..



ပဲခူးတိုင်း ဖြူး မြို့  နယ် တွင်း ရှိ သပြေ လှ ချောင်း ထဲ တွင် တွေ့ ရှိရသည့် အပိုင်းပိုင်း
ပြတ်နေသော အမျိုး သမီး အလောင်း တစ်ခု အား ဖေဖော်ဝါရီလ ၁၄ ရက်နေ့  မနက်
တွင် ပီနံ အိတ် တစ်ခု ထဲ တွင် ထည့် သွင်း ထား ပြီး တွေ့  ရှိရသည် ဟု ဖြူး မြို့ နယ် ရဲ
တပ် ဖွဲ့  မှုး ရုံး မှ ရဲ ၀န်ထမ်း တစ်ဦး က FNG ကို ပြောသည်။
စတင် တွေ့  ရှိ ချိန် က ဦးခေါင်းမ ပါ လာ သော် လည်း ထို့  နေ့ ညနေ တွင် ခန္တာ ပိုင်း
ကို တွေ့  ရှိ ရာ နှင့် မိုင် အနည်း ငယ် အကွာ တွင် ဦးခေါင်း ကို တွေ့  ထပ်မံ တွေ့  ရှိ
ရသည်။ထို့ နောက်..

ကွန်ပျုတာတွင်Windows explorer has stopped working..ဆိုပြီးတော့.တက်လာတာကို ဖြေရှင်းနည်း နှစ်နည်း

ကိုဂေါ်လီရဲ့ စာဖတ်ပရိတ်သတ်များအားလုံးမင်္ဂလာပါဟု ကိုဂေါ်လီ၏် တပည့် ညီမငယ် မနွယ်နီထွန်းမှ
နုတ်ခွန်းဆက်လိုက်ပါတယ်...ကျွန်မတို့  အကိုကြီးကိုဂေါ်လီလည်း အလုပ်တစ်ဖက်နှင့်  မအားလို့ ဒီဘလောက်ကလေးအား ကျွန်မတို့  ဘလောက်ဂါအဖွဲ့ မှဆက်လက်ပြီးတင်ပြပေးသွာပါမယ်..
     အခုရေးသားတင်ပြမှာကတော့  ကွန်ပျုတာတွင် ဖြစ်ပေါ်နေသောပြသနာ တစ်ခုအားဖြေရှင်းနည်း
နည်းပညာကို ကိုယ်တိုင်လက်တွေ့ ဖြစ်ခဲ့ ရပြီး ရရှိလာသော မှန်ကန်သော နည်းပညာတစ်ခု
စာဖတ်ပရိတ်သတ်အားလုံးဝေမျှတင်ပြရေးသားပေးလိုက်ပါတယ်ရှင်...
မိကိုင်ဆောင်တဲ့  ဝင်းဒိုးပေါ်မှုတည်ပြီးအထက်ပါပုံတွေအတိကျပြထားပါတယ်..
ဖြစ်စဉ်ကတော့  ကျွန်မတို့ ကိုဆောင်နေတဲ့ စက်လက်ပ်တော့  Asus Window 7 -I -5 ပါ အင်မတန်ကောင်းတဲ့ အလယ်လတ်တန်းစားလို့ ပြောလို့ ရပါတယ်..Dell အမျိုးစားကိုယှဉ်နိုင်သလောက်ပါပဲ မြန်မာပြည်ကိုခေတ္တပြန်ရောက်တုန်း အင်တာနက်ဆိုင်မှဝိုင်ဖိုင်ချိတ်သုံးမိပါတယ်..ပုံမှန်တော့ မသိပေမဲ့  အခြားကိစ္စဒေတာတွေသုံးရန်အတွက်
memory stick အား စက်၏ U.S.B အပေါက်မှထိုးသွင်းပြီးမိမိ လိုအပ်သော Document တစ်ခုအားဖွင့် လိုက်ရာ..

Friday 15 February 2013

ဒီနေ့ အင်တာနက်သတင်းစုံများ



    မိတ်ဆွေစိတ်တိုင်းကျဖတ်ရန် အပြာရောင်စာလုံးသည် တိုက်ရိုက်ချိတ်ထားသော သတင်းဝက်ဘ်ဆိုဒ်ဖြစ်၍ ထိုအပြာရောင်စာလုံး ဖတ်ရန် ဆိုသောစာကို မောက်ဖြင့် ကလစ်လိုက်ပါ သက်ဆိုင်ရာလင့် ခ် တန်းပွင့် လာပါမည်....

  1. (၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ လူသစ် (၁၆)ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်   ဖတ်ရန်
  2. တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ   ဖတ်ရန်
  3. တောင်အာဖရိကရွှေရောင်စုံတွဲ၏ ကြေကွဲဖွယ် Valentine’s Day ဖြစ်ရပ်   ဖတ်ရန်
  4. လက်ပံတောင်း ဖြိုခွင်းမှုမျိုး နောက်ထပ် မဖြစ်သင့်တော့      ဖတ်ရန်
  5. သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်အကြား စစ်ရေးပြန်လည်တင်းမာ  ဖတ်ရန်
  6. ဆိုရှယ်လစ်ခေတ် ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောဖိုးနီနှင့် တွေ့ဆုံမေးမြန်းခြင်း  ဖတ်ရန်
  7. ထိုင်း-မြန်မာ နယ်စပ်တွင် စိတ်ကြွဆေးပြား ၂ သန်းခန့် ဖမ်းမိပြန်  ဖတ်ရန်
  8. မစ်ဆူဘီရှီ ဝန်ဆောင်မှုများအတွက် ဖက်စပ်ကုမ္ပဏီ တည်ထောင်   ဖတ်ရန်
  9. ရေငန်ပုစွန်ကျားကို ဂျပန်၊ တရုတ်နှင့် ဟောင်ကောင်တို့က ဝယ်နေ   ဖတ်ရန်
  10. ရန်ကုန်ဆေးရုံကြီးကို ယူလာရသည့် အကြမ်းဖက်ခံ မောင်တောဒေသခံ၏ ခန္ဓာကိုယ် တစ်ခြမ်း မလူပ်ရှားနိုင်သေး   ဖတ်ရန်   
  11. အောက်ပို့ ဆစ်အိုင်းဝက်ဘ်ဆိုဒ် မှ ကူးယူဝေမျှပါသည်။

စိုင်းနော်ခမ်း သေဒဏ်မှ လွတ်မြောက်ရန် အလားအလာတချို့ရှိ

မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦးအား သတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ သေဒဏ် ချမှတ်ခံထား ရသည့် သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်းသည် သေဒဏ်မှ လွတ်မြောက်ရန် အလားအလာ အနည်းငယ်ရှိကြောင်း တရုတ်နယ်စပ်သတင်းများအရ သိရသည်။
 naw kham  5 others
“တရုတ်သင်္ဘောမှာ တပ်ထားတဲ့ CCTV ကင်မရာမှာ ဆန်ခမ်းနဲ့ ယီလိုင်းတို့ရဲ့ပုံတွေ ပါလာတယ်။ ဒါပေမဲ့ စိုင်းနော်ခမ်းတော့ မတွေ့ရဘူး။ စိုင်းနော်ခမ်း ပါတယ်ဆိုတာ အထောက်အထား မရှိတော့ သေဒဏ်က လွတ်နိုင်ဖို့ အလားအလာရှိတယ်” ဟု တရုတ်နယ်စပ်မှ ဒေသခံတစ်ဦးက ပြောသည်။

ဧရာဝတီမြစ် အောက်ပိုင်း ညစ်ညမ်း၍ အောင်လံဒေသခံများ သောက်ရေခက်ခဲ

အရက်ချက် စက်ရုံ နှင့်  ဇီးခွဲစက်  အချို့လည်ပတ်နေခြင်းကြောင့် ဧရာဝတီမြစ် အောက်ပိုင်းရေညစ်ညမ်း မှုနှင့် ရေစီးဆင်းမှု ပြောင်းပြန်ဖြစ်ကာ သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း အောင်လံဒေသခံများကပြောသည်။
အောင်လံမြို့ တွင်းရှိ UKT အရက်ချက် စက်ရုံနှင့်  မြို့ ပြင် ရှိ ဇီးခွဲစက် အချို့ မှ စွန့်ပစ်အရည်နှင့်  အစိုင်အခဲအချို့ ကြောင့်  ဧရာဝတီမြစ်ရေအား သောက်ရေနှင့်  ချိုးရေအဖြစ် သုံးစွဲ၍ မရတော့ ကြောင်း အောင်လံဒေသခံ ဒေါ်ဥမ္မာ က ပြောသည်။

Thursday 14 February 2013

မန္တလေးရှိ ရှေးထိုင်းဘုရင် အုတ်ဂူ တူးဖော်စစ်ဆေးမည်


 မန္တလေးမြို့ လင်းဇင်းကုန်း သုဿန်ရှိ သဖန်းပွင့်မင်းသားဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး ၏ အုတ်ဂူ (ဓာတ်ပုံ – ဧရာဝတီ)
မန္တလေးမြို့ တောင်သမန် အင်းစောင်းရှိ ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူဝါး (ခ) မင်းသားကြီး ဥတွန်ပုံ မြှုပ်နှံထားသည်ဟု လူသိများသော သင်္ချိုင်းဂူကို ထိုင်း ရှေဟောင်းသုတေသန ပညာရှင်အဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်  လာရောက်တူးဖော် စစ်ဆေးတော့မည် ဖြစ်သည်။
ဤအုတ်ဂူကို တူးဖော်စစ်ဆေးရန် သင့် မသင့် ထိုင်းသမိုင်းပညာရှင်များအကြား ကာလရှည်ကြာ အငြင်းပွားခဲ့ပြီးနောက် ယခုအခါ ထိုင်း ဗိသုကာပညာရှင်များနှင့် ရှေးဟောင်း သုတေသီ ၈ ဦး ဦးဆောင်ပြီး အဖွဲ့ဝင် ၂၀ ဦးဖြင့် တလကြာ တူးဖော်မည်ဟု ယနေ့ထုတ် ထိုင်း သတင်းစာများတွင်  ဖော်ပြထားသည်။
မြန်မာ သမိုင်းမှတ်တမ်းအရ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက်ထက် ၁၇၆၇ ခုနှစ်တွင် အယုဒ္ဓယသို့ သွားရောက် စစ်ပြုရာ အဆိုပါ ထိုင်း ဘုရင်ဟောင်း မင်းသားကြီး ဥတွန်ပုံကို ရဟန်းဝတ်ဖြင့် သုံ့ပန်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာခဲ့သည်ဟု သိရသည်။

တစ်နေ့ လျှင် လက်ဖက်ရည် သုံးခွက်သောက်သုံးလျှင် အယ်လ်ဇိုင်းမားရောဂါကို ကြိုတင်ကာကွယ်နိုင် …………


တစ်နေ့ လျှင် လက်ဖက်ရည် သုံးခွက် ပုံမှန်သောက်သုံးလျှင် အယ်လ်ဇိုင်းမားရောဂါကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည် ။

အငန်များသည့် အစာစားသူများ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် အရိုးပါးရောဂါဖြစ်နိုင် .......


 Mg Mandalay

အငန်လွန်ကဲတဲ့အစားအစာ စားတာကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာနဲ့ အရိုးပါးရောဂါ ဖြစ်နိုင်တယ်လို့ လေ့လာမှုအရ သိရှိရပါတယ်။ အယ်ဘားဒါးတက္ကသိုလ်မှ လေ့လာသူတွေက ဆိုဒီယမ်နဲ့ ကယ်လ်စီယမ်ကြားက ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။

အဲဒီသတ္ထုဓာတ်နှစ်မျိုးစလုံးဟာ ခန္ဓာကိုယ်ရဲ့ မော်လီကျူးတစ်မျိုးထဲမှ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ ဆိုဒီယမ်စားသုံးမှု မြင့်မားလွန်းတဲ့အခါ ခန္ဓာကိုယ်မှ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဆီးမှတစ်ဆင့် စွန့်ထုတ်လိုက်ပြီး အဲဒီသတ္တုဓာတ်နဲ့ အတူ ကယ်လ်စီယမ်ပါ ပါဝင်သွားတာကြောင့် ခန္ဓာကိုယ်တွင်း ကယ်လ်စီယမ်ဓာတ်တွေ လျော့နည်းသွားပါတယ်။

တာဝန်ရှိသူများ-တာဝန်သိတတ်ကြပါစေ ဆောင်းပါးလေးတစ်ခု


     ရေးမယ်ရေးမယ်နဲ့ အကြောင်းကြောင်း ကြောင့် မရေးဖြစ်ခဲ့......2012  -ခုနှစ် ဒီဇင်ဘာလကုန်တဲ့ နေ့ကပေါ့..စာရေးသူ အလုပ်ကိစ္စ နဲ့    ရွှေဘိုခရိုင် ကိုရောက်နေတယ်၊ 2012 ခုနှစ်ကုန်လို့ 2013ခုနှစ်ကို တိုးဝင်တော့မဲ့ ဒီဇင်ဘာလရဲ့ နောက်ဆုံးနေ့ဆိုပါတော့.စာရေးသူအနေနဲ့နှစ်ဟောင်းကုန်လို့နှစ်သစ်စတဲ့နေ့တွေမှာ



  •  ကောင်းမှုတစ်ခုကုသိုလ်ပြုလေ့ပြုထရှိတာမို့ ရွှေဘိုခရိုင်ကိုရောက်တုံး
  •  ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ ရှိတဲ့ ငါးတင်းကြီးကျေးရွာကို သတိရလိုက်မိတယ် ။   

  • Wednesday 13 February 2013

    ရန်သူနယ်မြေ အတွင်း ကင်းထောက် နိုင်သည့် ၈ လက်မ အရွယ်ရှိ Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ်

    ရန်သူနယ်မြေ အတွင်း ကင်းထောက် နိုင်သည့် ၈ လက်မ အရွယ်ရှိ Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ်

    လန်ဒန်သတင်းဌာန
    လက်ဖဝါး ပုံစံရှိပြီး သေးငယ်သည့် ရဟတ်ယာဉ်ကို အမှတ်တမဲ့ ကြည့်ပါက ကလေးငယ်များ ကစားသည့် ရဟတ်ယာဉ်ဟု ထင်ရနိုင်ဖွယ် ရှိသည်။
    သို့သော် သေးငယ်ပြီး အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် မောင်းနှင်နိုင်သည့် ယင်းမောင်းသူမဲ့ ရဟတ်ယာဉ်သည် တာလီဘန် စစ်သွေးကြွများကို တိုက်ခိုက်ရန် အတွက် ဗြိတိန် စစ်တပ်က အထူးထုတ် ထားသည့် နောက်ဆုံးပေါ် လက်နက်တစ်ခု ဖြစ်သည်။

    ရန်သူ့အမြင် အာရုံကို အံသြဖွယ်ရာ လှည့်စား နိုင်မည့် တစ္ဆေ ခြုံလွှာ

    ရန်သူ့အမြင် အာရုံကို အံသြဖွယ်ရာ လှည့်စား နိုင်မည့် တစ္ဆေ ခြုံလွှာ
    တစ္ဆေ ခြုံလွှာဟု အမည်ပေး ထားသော စစ်ဘက်သုံး နည်းပညာ တစ်ခုသည် ရန်သူ့အမြင် အာရုံကို အံ့ဩ ဖွယ်ရာ လှည့်စားနိုင်မည့် အခြေအနေ မျိုးသို့
    ဦးတည် လာကြောင်း  သိရှိရသည်။ လက်ရှိ စမ်းသပ်ဆဲ အခြေ အနေသာ ရှိသေးသော အဆိုပါ နည်းပညာ အောင်မြင် လာချိန်တွင် ဝေဟင်၌ ပျံသန်း နေသော တိုက်လေ ယာဉ်များကို ခရီးသည် တင် လေယာဉ် အဖြစ်သာ ထောက် လှမ်း နိုင်ပြီး စစ်သားတစ်ဦး ကိုလည်း သစ်ပင် တစ်ပင် အနေဖြင့်သာ တွေ့မြင် နိုင်မည် ဖြစ်သည်။

    ပဲခူးမြို့ ဥဿာမြို့သစ်ရှိ အိမ်ခြေ ၄၀၀ ခန့်အား စီမံကိန်း နယ်မြေအတွင်း ကျရောက်သည်ဟု ဆိုကာ တစ်လအတွင်း ဖယ်ရှားပေးရန် အကြောင်းကြားထား


    ဖယ်ရှားပေးရမည့် နယ်မြေအတွင်းပါဝင်သော နေအိမ်တစ်လုံးကို တွေ့ရစဉ်
    ပဲခူးမြို့၊ ဥဿာမြို့သစ်ရပ်ကွက်ကြီး (၉) ရှိ မွန်စုကျေးရွာ၊ ပွဲစားကြီးကုန်းကျေးရွာနှင့် လာကမို့ ကျေးရွာများမှ အိမ်ခြေ ၄၀၀ ခန့်အား စီမံကိန်း နယ်မြေအတွင်း ကျရောက်သည်ဟု ဆိုကာ ပဲခူးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် လာရောက် အကြောင်းကြား ထားကြောင်း သိရသည်။
    ယခင်အစိုးရ လက်ထက်ကလည်း အထည်ချုပ်စက်ရုံ တည်ဆောက်ရန်အတွက်

    အရက်ရောဆုံးသူဌေးစာရင်းမှာ Facebook တည်ထောင်သူ ပါဝင်



    Facebook စတင်တည်ထောင်သူ မက် ဇက်ကာဘက် နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ ချန်း တို့ ဟာ အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၂ ရဲ့ အရက်ရောဆုံး အလှုရှင်စာရင်းထဲ ပါဝင်လာပါပြီ။
    လူမှုရေးလုပ်ငန်း တွေမှာစိတ်ဝင်တစား ကူညီဆောင်ရွက်လာတဲ့ အသက် ၂၈ နှစ်အရွယ်ရှိ ဇက်ကာဘက် ဟာ လွန်ခဲ့တဲ့နှစ်ကမှ မင်္ဂလာဆောင်ခဲ့တာပါ။

    အပျို၊အပျိုစစ်နှင့် အပျိုစင်...........



    အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။

    ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။ နယ်ချဲ့တယ်ဆိုတာ လက်နက်ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ်ပါဘူး...။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့  စိတ်ဓာတ် နဲ့  ယဉ်ကျေးမှုတို့  ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ...။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ ခြင်းလို့ ခေါ်မှာပေါ့..။ခက်တာက တို့ လူမျိုးတွေ ကိုယ်နယ်ချဲ့ လက်အောက်ရောက်မှန်းမသိရောက်နေတာကို သတိမမူမိတာပင်...။

    ထူခြားသည့် မင်္ဂလာပွဲကျင်းပလိုသူ မလေးရှားမင်းသမီး မီချဲလ်ယို




    မလေးရှားမင်းသမီးချော ဒါတောက်ခ် ဆီရီမီချဲလ်ယိုသည် သူမ၏ ဇာတိမြို့လေးတွင် မင်္ဂလာပွဲကို
    ဆင်နွဲလိုကြောင်း သတင်းများထွက်ပ်ါလာပြီးနောက် မီချဲလ်၏ သတင်းများအား အွန်လိုင်းတွင်ပရိသတ်များက
    အထူးစိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရသည်။ မီချဲလ်က မိမိ၏မင်္ဂလာပွဲအတွက် ထူးခြားအောင် မည်ကဲ့သို့
    ပြင်ဆင်ရမည်ကို စဉ်းစားလျှက်ရှိကြောင်း ၊ မိမိ၏ မင်္ဂလာပွဲအား ပြည်ပသို့သွားလာရန်ခက်ခဲသည့် သူမ၏
    ဖခင်ကြီးနေထိုင်လျှက်ရှိသော အိုင်ပို့ခ်ျတွင် ကျင်းပလိုကြောင်းပြောကြားခဲ့သည်။

    နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

    Blogger Tips and TricksLatest Tips For BloggersBlogger Tricks

    ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်