သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Sunday 31 March 2013
ပုံလေးတွေလိုသူကူးယူပါဝေမျှပေးပါတယ်
ဒါကတော့  ဘလောက်ဂါသမားများအတွက် လိုခြင်သူကူးယူပါ
ဖိုင်ဆိုဒ်ဝိတ်ကတော့  1200x300ပါ..
ဒါကတော့ ဖေ့စ်ဘုတ်ဝါသနာရှင်များအတွက် နောက်ခံဝေါလ်မှာ ထည့်လို့ ရပါတယ်
တစ်ခါတည်း ချိန်ဆပြီးဆွဲပေးထားပါတယ်...လိုခြင်သူကူးယူပါ...
ဒီနှစ်သင်္ကြန်အား ဒီပညာကလေးဖြင့်  လက်ဆောင်ဖြစ်ဖြန့် ဝေပေးပါတယ်..
နောက်နေ့ တွေ အားယင်လည်းဆွဲတင်ထားပေးပါ့ မယ်..မိတ်ဆွေတို့ နှစ်သက်ရာလိုခြင်လည်း
စီဘောက်သို့  ကွန့် မက်မှာ လိပ်စာလေးရေးပေးခဲ့ပါ..
    အလင်းရောင်ကြယ်မှ...
 အတာတန်ခူး နှစ်ဦးသင်္ကြန်မှာ...
သိကြားမင်းဆင်းကာ...လင်းလက်ကြယ်များ
တောက်ပစွာဖြင့် ....ပြည်မြန်မာ...
ဆထက်တန်ခိုး.. တိုးပွားစွာနိုင်အောင်...
ဆုတောင်းလည်းဝေ....ပိတောက်တွေနှင့် 
မြန်မာပြည်ကြီး ဘေးမသီရန်မခ..
ဧချမ်းစွာဖြင့် ....ဥမကွဲသိုက်မပျက်
လူမျိုးဘာသာ...မခွဲခြားကာ...
သွေးရင်းပမာ...တူညီစွာ
ညီညာလက်တွဲ...အမှားတွေဖယ်၍...
ဝိုင်းဝန်းဆောင်ရွက်...ရှေ့သို့ ချီတက်..
ပြည်မြန်မာကြီး...တိုးတက်ပါစေသတည်း...
                                                       ( အလင်းရောင်ကြယ်)
Windows Phone တစ်လုံးနဲ့ PC ချိတ်ဆက်ပုံ
ကျနော်ကတော့  ကွန်ပျုတာကို P.C ရော Laptop ရောအင်တာနက်နှင့် တိုက်ရိုက် ချိတ်သုံးတပ်ပြီး
တစ်ခါမှ ဖုန်းနှင့် ကွန်ပျူတာချိတ်သုံးဘူး ခြင်းမရှိဘူးသေးသလို ကိုယ်တိုင်လည်း အတွေ့ ကြုံမရှိဘူးသေးတာ အမှန်ပါ ။ဘာပဲဖြစ်ဖြစ် ပညာတစ်ခုဆိုတာ တစ်နေ့ တစ်ထောင့် တစ်နေရာမှာ
အသုံးဝင်မယ်ဆိုတာ ဧကန်မလွဲပါ ထိုကြောင့် နည်းပညာသတင်းလေးလိုက်ဖတ်ယင်း ဒီနည်းပညာကလေး
တွေ့ လို့ ကူးယူဝေမျှတင်ပြလိုက်ပါတယ်...သိပြီးတဲ့ လူတွေ အတွက်တော့  မထူးဆန်းပေမဲ့  တစ်ကယ်မသိသေးတဲ့  လူတွေအတွက် ကောင်းမယ်လို့ ထင်ပါတယ်...
အကယ်၍ မိတ်ဆွေတို့ မှ ထိုအကြောင်းအရာ အောင်မြင်မှု့  တစ်စုံတစ်ရာ မရှိရှိပါက၄င်း ။ရှိပါက၄င်း
စီဘောက်သို့  ကွန့် မက်မှာ ။စာကလေးရေးခဲ့ ပါ ကျနော်နှင့် အတူ နောက်လူတွေလည်း သိရတာပေါ့ 
 ကိုင်းသူပြောတဲ့ အတိုင်းစလိုက်ရအောင်..
ခရမ်းကိုသတိထားပါ
Photo
ယခုရန်ကုန်မြို့အပါအ၀င် အခြားမြို့ကြီးများပေါ်သို့ ကျရောက်နေသော ခရမ်းလွန်ရောင်ခြည်သည် လူတို့အားအန္တရာယ်ဖြစ်စေသည့် ပမာဏထက် များပြားနေသည်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(၈) နှင့်အထက်သည် လူ့အသက်အန္တရာယ်ဖြစ်စေသည့် အဆင့်အဖြစ်သတ်မှတ်ထားပြီး ယခုအချို့နေရာများတွင် ကျရောက်နေသော ခရမ်းလွန်ရောင်ခြည်သည်အဆင့် ၁၃ ကျော်တွင် ရှိနေသည်။
ယခုနှစ် ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် ရန်ကုန်မြို့၌ ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးအမှတ် ၁၂ ဒသမ ၈ အထိကျရောက်ခဲ့ပြီး ကော့သောင်း၊ ထားဝယ်၊ ပုသိမ်မြို့များတွင် ၁၃ ကျော်၊ မော်လမြိုင်၊ ဘားအံ၊ တောင်ကြီး၊ လွိုင်ကော်မြို့များတွင် ၁၂ ကျော်နှင့် နေပြည်တော်တွင် ၁၁ ဒသမ ၇ အထိသက်ရောက်မှုရှိခဲ့သည်။
ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း လေ့လာတွေ့ရှိ
Photo
မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ခွေးလှေးယားသီးစေ့အနှစ်ရည်နှင့် ၎င်းအနှစ်ရည် ထိုးသွင်းထားသော ယုန်၏သွေး ရည်ကြည်တို့က ချေဖျက်နိုင်စွမ်းရှိကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)က သုတေသနပြုလေ့လာတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ခွေးလှေးယားသီးစေ့ အနှစ်ရည်အချိုးအစား အမျိုးမျိုးကို မြွေပွေးအဆိပ်နှင့် ပေါင်းစပ်၍ ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ကြွက်ဖြူများ၏ အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ရာ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်သည့်အပြင် ခွေးလှေးယားသီး အနှစ်ရည်တစ်ပတ်တစ်ကြိမ်ဖြင့် သုံးကြိမ်ထိုးထားသော ယုန်များ၏ သွေးရည် ကြည် ၁၀၀ မိုက်ခရိုလီတာသည်လည်း မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ချေဖျက်နိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကိုကာကိုလာကြိုက်နှစ်သက်သူများသတိပြုထားစေရှာင်ရန်
Photo: ကိုကာကိုလာသည် အိမ်သာကြွေခွက်ကိုပြောင်လက်စေ
Sunday, March 31, 2013
အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်
ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်
နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။
ဒါကိုဆေးကြောဖို့အတွက် အက်ဆစ်ရေတွေ၊ ထုံးရေတွေ ရှာဝယ်ပြီး ဆေးနေ ရတာကလဲ အလုပ်ရှုပ်တယ်ဆိုတဲ့သူများအတွက် ဖြစ်ပါ တယ်။ ဒီနည်း လမ်း
ကို ဖွံ့ဖြိုးပြီး နိုင်ငံများမှာ အသုံးများပါတယ်။ အက်ဆစ်ရည်ထက်ကိုကာကိုလာ
အချိုရည်က ဈေးသက်သာနေကြလို့လည်း ဖြစ်ပါ တယ်။ နေရာတိုင်းမှာလည်း
အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အတွက် ဖြစ် ပါတယ်။
အန္တရာယ်ရှိတဲ့ ထုံးရည်၊ အက်ဆစ်ရည် မသုံးပဲ ကိုကာကိုလာအချိုရည် ကို
ကြေခွက်ထဲ ထည့်ပြီး အနည်းငယ် ပွတ်တိုက် လိုက်ရုံနဲ့ ကြွေများ ပြောင် လက်သွားတယ်လို့ ဆိုပါတယ်။ ကြွေနဲ့ လုပ်ထားတဲ့ အင်္ဂဒေ၊ ကြွေပြား၊ အိမ်သာများကို ကိုကာကိုလာ အချိုရည်နဲ့အလွယ်တကူ ဆေးကြောနိုင် တာကို လေ့လာတွေ့ရှိထားကြပါတယ်။
Myawady News
အယင်တစ်ခါကလည်း ဂျာနယ်တစ်ခုမှထတ်ရှု့ မိပြီး ပြန်လည်ဝေမျှဘူးပါတယ်
ကိုကာကိုလာအရည်ဟာ သံချေးများကို စားထုတ်ပြောင်လက်စေကြောင်း အခုတစ်ခါလည်း ထပ်ဆင့် ဖတ်ရှု့ တွေ့ ရတာကတော့ 
 ကိုကာကိုလာသည် အိမ်သာကြွေခွက်ကိုပြောင်လက်စေခြင်းပါ
 အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်
ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်
နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။
Michael Learns To Rock အဖွဲ့ မတ်လ ၂၉ ရက်နေ့တွင် ရောက်ရှိကာ ဖျော်ဖြေပွဲနှင့် ပတ်သတ်၍ စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်
3.29.3
ကမ္ဘာကျော် Michael Learns to Rock အဖွဲ့သည် ရန်ကုန်မြို့တွင် မတ်လ ၃၁ ရက်နေ့၌ ဖျော်ဖြေပွဲပြုလုပ်ရန်အတွက် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၀န်းကျင်၌ ရန်ကုန်မြို့သို့ ကာတာလေကြောင်းလိုင်းဖြင့် ရောက်ရှိလာခဲ့ပြီး ညနေ ၅ နာရီတွင် ယင်းတို့တည်းခိုရာ ဆီးဒိုးနားဟိုတယ်၌ မြန်မာစာနယ်ဇင်းများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
"မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေရတာ အများကြီး ၀မ်းသာမိပါ တယ်။ မြန်မာနိုင်ငံသားတွေက ကျွန်တော်တို့ရဲ့သီချင်းတွေကို နှစ်သက်အားပေးကြတဲ့ အတွက်လည်း အရမ်းကို ကျေနပ်မိပါတယ်။ ဒီဖျော်ဖြေပွဲမှာ မြန်မာပရိသတ်တွေ ရင်ထဲမှာရှိနေပြီး ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ သီချင်းတွေနဲ့ အကောင်းဆုံး သီဆိုဖျော်ဖြေသွားမှာပါ" ဟု Michael Learns to Rock အဖွဲ့သားများက စာနယ်ဇင်းများနှင့် တွေ့ဆုံစဉ်ေ ပြောကြားခဲ့သည်။
မသန်စွမ်းသူများ အနုပညာပွဲတော်အတွက် သံတမန်များအဖြစ် အဆိုတော် ဇော်ဝင်းထွဋ်နှင့် သရုပ်ဆောင်အဆိုတော် ချစ်သုဝေတို့အား ခန့်အပ်
Entertainment-4-march16
 Entertainment-3-march16
မသန်စွမ်းသူများ အနုပညာပွဲတော်အတွက် သံတမန်များအဖြစ် အဆိုတော် ဇော်ဝင်းထွဋ်နှင့် သရုပ်ဆောင်အဆိုတော် ချစ်သုဝေတို့အား ခန့်အပ်ပွဲနှင့် အဆိုပါ အနုပညာပွဲတော် အမှတ်တံဆိပ် logo နှင့် ပွဲတော်ခေါင်းစဉ် Title ဆုများ ပေးအပ်ချီးမြှင့်ခြင်းကို မတ်လ ၁၆ ရက်နေ့ နံနက် ၁ဝ နာရီ၌ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ပထမဦးစွာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြုပြင်ထားသော အသားများ စားသုံးခြင်းက သက်တမ်းတိုစေကြောင်း လေ့လာတွေ့ရှိ
weeklyeleven-7-march10
ဝက်အူချောင်း၊ ကြက်သားပြား၊ ၀က်သားပြားနှင့် အခြားပြုပြင်ထားသော အသားများကို စားသုံးခြင်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးရန် အန္တရာယ်ကို မြင့်တက်စေဖွယ်ရှိကြောင်း ဥရောပတိုက်တစ်ဝန်း လူ ၅၀၀,၀၀၀ ခန့်ကို လေ့လာခဲ့သော လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။
အစားအသောက်ပုံစံနှင့် ကျန်းမာရေး ဆက်နွှယ်မှုကို လူ ၅၀၀,၀၀၀ခန့်တွင် လေ့လာခဲ့ရာ ပြုပြင်ဖန်တီးထားသော အသားများ စားသုံးမှုနှင့် ကင်ဆာ၊ နှလုံးရောဂါနှင့် အရွယ်မတိုင်မီ သေဆုံးမှုတို့ကြား ဆက်နွှယ်နေကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။
ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံမှ ဆန္ဒပြ မြန်မာအလုပ်သမား ၉၁ ဦး အလုပ်ရှင်ကို လျော်ကြေးပေး၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
3.31.3
 ဂျော်ဒန်မှ ပြန်ရောက်လာသည့် မြန်မာအလုပ်သမားများကို မတ်လ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
ဆန္ဒပြမှု ဖြစ်ပွားခဲ့သည့် ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၉၁ ဦး မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် အလုပ်ရှင်အား လျော်ကြေး ပေးခဲ့ရကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရသည်။
အဆိုပါ အလုပ်သမား ၉၁ ဦးသည် အလုပ်ရှင်အား တစ်ဦးလျှင် ဒေါ်လာ ၃၀၀ လျော်ကြေးငွေပေးကာ မတ်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
“အလုပ်ရှင်က အလုပ်သမားတစ်ဦးကို လျော်ကြေးငွေ ဒေါ်လာလေးရာ တောင်းပါတယ်။ ကျွန်မတို့ရဲ့ ဖူလုံကြေး၊ လုပ်သက်စုကြေး အတွက် စုစုပေါင်းဒေါ်လာ ၄၀၀ ပေးတယ်၊၊ အဲဒီထဲက သူတို့ကို လျော်ကြေးငွေအဖြစ် ဒေါ်လာသုံးရာ ပေးခဲ့ရတယ်။ ကျွန်မတို့လက်ထဲမှာရှိတဲ့ ဒေါ်လာတစ်ရာ တည်းနဲ့ပဲ ပြန်လာခဲ့ရတာပါ။ တချို့ကလည်း အိမ်ပြန်ဖို့ လုံးဝအဆင်မပြေတဲ့အတွက် နေခဲ့ရတယ်။ တချို့ကတော့ လုပ်သက်ပြည့်တော့မှာ ဖြစ်တဲ့အတွက် ကြိတ်မှိတ်ပြီး လုပ်နေကြရတာရှိတယ်။
Saturday 30 March 2013
ဆူပူမှုတရားခံ ၆၈ ဦး ဖမ်းမိထားဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်
မြန်မာနိုင်ငံရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံ ၆၈ ဦးအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း
 ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၃)ဖြင့် ကြေညာချက်တစ်ရပ်အား ယနေ့ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် မြို့နယ် ၁၅ မြို့နယ်၌
 ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဆိုပါ မြို့နယ်များတွင် အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ်ပွား ခဲ့ကာ သေ ဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၈၆ ဦးရှိ၍ လူဦးရေ ၁၁,၃၇၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။
မေတ္တာရှင်ရွှေပြည်သာ ဆရာတော်မှ ဆောင်းပါးမှ မှတ်သားစရာလေးပါ
*သဘောထားသေးသိမ်သောသူသည်
  သူတစ်ပါးကို အပြစ်သာ မြင်လေ့ ရှိ၏၊
*သဘောထားပြည့် ဝသော သူများကား
  မိမိအပြစ်ကိုသာ မြင်လေ့ ရှိ၏၊
*သဘောထားအပြည့် ဝဆုံးပုဂိုလ်များကား
 မည်သူ့ ကိုမှ အပြစ်မမြင်တော့။
                                         မေတ္တာရှင်-ရွှေပြည်သာ ဆရာတော်စာပေစုမှ
                          ရွ့ံညွန်သည် ရေကြောင့် ဖြစ်၏။
                          ရေကြောင့် ရွ့ံညွန်ကို စင်ကြယ်စေလိုလျှင်
                          ရေဖြစ်ပင်ပြန်လည်ဆေးကြောရ၏။
                          ထို့ အတူ လောဘ၊ဒေါသ စသော
                          ကိလေသာများသည် စိတ်ကြောင့် ဖြစ်၏၊
                          စိတ်ကြောင့် ဖြစ်သော  လောဘ ဒေါသစသော
                          ကိလေသာများ စင်ကြယ်စေလိုလျှင်
                          စိတ်(ဝိပသာနာ)ဖြင့် ပင်
                          ပြန်လည်ဆေးကြောရ၏။
                                          မေတ္တာရှင်-ရွှေပြည်သာ ဆရာတော်စာပေစုမှ
ရွှေတိဂုံ လင်းတတက် နိမိတ်ဖတ် ဟောကိန်းများ
ဒီအကြောင်းရာကလေးကတော့ ကြာလှပါပြီ ဆိုက်ကလေးတစ်ခုလိုက်ဖတ်ယင်းကူးယူဝေမျှလိုက်တာပါ
ထာပါ..
Photo fromYangon Media Group
ရှေ့နှစ် ၂ဝ၁၃ မြန်မာ့နိုင်ငံရေး မကောင်းဘူးလို့ ဗေဒင်ဆရာတွေ အသံထွက်နေချိန်မှာ အခုလို လင်းတနား နိမိတ်ပေါ်လာတာဟာ အချိုပေါ် သကာလောင်းတာ မဟုတ်ဘဲ မြွေပူရာ ကင်းမှောက်တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေစောင်းက ရွှေတိဂုံစေတီတော်ရဲ့ ဗုဒ္ဓဟူး၊ ရာဟုနဲ့ အင်္ဂါထောင့်ဘက်တွေမှာ လင်းတ (လဒ) ၆ ကောင် လာနားသွားပါတယ်။ ဒီလင်းတတွေဟာ ဟိမဝန္တာက လာတဲ့ ဆောင်းခိုငှက်တွေ ဖြစ်ပြီး နှစ်တိုင်းလိုလို လင်းတတွေ မြန်မာပြည်အနှံ့ ဆင်းလေ့ ရှိပေမယ့် ဘုရားပေါ် တက်နားတာကတော့ ထူးခြားမှု ဖြစ်တယ်လို့ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် အသင်းက ပြောဆိုချက်ကို ရန်ကုန်တိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။
ငရဲပြည်အတွေ့အကြုံ
မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။
တပ်မတော်နေ့မှ ဖြစ်ပေါ်လာသော အတွေးစများ
နောင်ရိုးဂျစ် စစ်သုံးယာဉ်
 မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်
 (ဒီနေ့တော့ ကိုစစ်နိုင်အေးရေးထားတဲ့ သုံးသပ်ချက်ဆောင်းပါးလေးကို ဖော်ပြပေးပါ့မယ်ခင်ဗျာ...။)
  • ဒီနေ့ဟာ (၆၈)နှစ်မြောက် တပ်မတော်နေ့ဖြစ်ပါတယ်။ နံနက်စောစော တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ရင် ဖြစ်ပေါ်လာတဲ့ ခံစားမှုလေးတချို့ကို ရေးသားချင်လာပါတယ်။
ဒီနှစ်တပ်မတော်နေ့ဟာ ခါတိုင်းနဲ့မတူ ထူးခြားတာ အားလုံးအသိဘဲဖြစ်ပါတယ်။ အဲဒါကတော့ ယန္တရားတပ်ဖွဲ့ဟာ အောင်ဆန်းစစ်ကြောင်း အမည်ဖြင့် ပါဝင်လာခြင်းဘဲဖြစ်ပါတယ်။ ယန္တရားတပ်ဖွဲ့ကို အောင်ဆန်းစစ်ကြောင်းလို့ အမည်ပေးတာ တမူထူးပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ ကျွန်တော်တို့ မျှော်လင့်စောင့်စားခဲ့ရပါတယ်။ ယန္တရားစစ်ကြောင်းမှာပါဝင်တဲ့ တပ်ဖွဲ့များကတော့ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးနဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ အရာရှိချုပ်ရုံးတို့ဘဲဖြစ်ပါတယ်။ ထုတ်ဖော်ပြသတဲ့ ယာဉ်များနှင့် လက်နက်များဟာ တပ်မတော် အင်အားရဲ့ တစိတ်တဒေသသာလျှင်ဖြစ်တယ်ဆိုတာ စိတ်ဝင်စားသူတိုင်း တွေ့နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ထုတ်ဖော်ပြသတဲ့ လက်နက်အချို့ဟာ တပ်မတော်မှာ သုံးနေတဲ့ ခေတ်အမီဆုံး လက်နက်တွေ မဟုတ်ကြပါဘူး။
သမ္မတပြောသည့်အတိုင်း လိုက်လုပ်ရန်လိုအပ်ကြောင်း ဘာသာရေးခေါင်းဆောင်အချို့ ထောက်ပြ
မတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည့် သမ္မတ၏ မိန့်ခွန်းတွင် ပါရှိသည့် တရားဥပဒေ စိုးမိုးရေးတွင် အဓိက တာဝန်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည့် တိုက်တွန်းချက်နှင့် ပတ်သတ်ပြီး လက်အောက်ခံ အဖွဲ့အစည်းများက လိုက်လံ လုပ်ဆောင်ရန် လိုကြောင်း ဘာသာရေးခေါင်းဆောင် အချို့က  ထောက်ပြခဲ့သည်။
အစ္စလာမ် သာသနာရေးကောင်စီ ဥက္ကဌ ဦးညွှန့်မောင်သျှိန်က “သမ္မတကြီး ပြောတဲ့ အတိုင်း လိုက်ပြီး အောက်က အဖွဲ့အစည်းတွေက လိုက်လုပ်မှပဲ အဆင်ပြေနိုင်မယ်။ သမ္မတကြီး အမိန့်ရှိတဲ့ အတိုင်းကို အောက်က လိုက်လုပ်မယ်ဆိုရင် အဓိကရုဏ်း အတွက်ဘာမှ စိုးရိမ်စရာမရှိပါဘူး ” ဟု ဆိုသည်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေသစ် ယန်းငွေ ၅၁ ဒသမ ၀၅၂ ဘီလီယံပေးရန် ကတိပြု
  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတ်ာနျူမာတာက လုပ်ငန်းစီမံကိန်း သုံးခုအတွက် တရားဝင် ဖွံ့ဖြိုးမှု အကူအညီချေးငွေ ဂျပန်ယန်းငွေ ၅၁ ဒသမ ၀၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၃၇ သန်းခန့်) အား မြန်မာနိုင်ငံသို့ ထောက်ပံ့ကူညီရန် ဂျပန်အစိုးရက ဆုံးဖြတ်ထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကို မတ်လ ၂၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ လုပ်ငန်းစီမံကိန်းသုံးခုမှာ 
လုံခြုံရေးအားနည်းမှုကြောင့် အိန္ဒိယနိုင်ငံရှိ စက်ရုံတစ်ရုံပေါက်ကွဲမှုဖြစ်ပွား
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ မတ် ၂၉ ရက်က စက်ရုံတစ်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ငါးဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ယင်းမတော်တဆမှုတွင် သေဆုံးသူများမှာ စက်ရုံအလုပ်သမားများ ဖြစ်ကြသည်။ ပေါက်ကွဲမှုဖြစ်ပွားသော အလုပ်ရုံဘေးကပ်လျက်ရှိ တည်ဆောက်ဆဲ အဆောက်အအုံမှ နံရံပြိုကျမှုအောက်တွင် ပိမိကာ သေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု 
မက္ကဆီကိုဂြိုဟ်တု ရုရှားလွှတ်တင်
မက္ကဆီကိုနိုင်ငံမှ ဂြိုဟ်တုတစ်လုံးကို ရုရှားနိုင်ငံလုပ် ပရိုတွန်-အမ် ဒုံးပျံဖြင့် ကာဇက်စတန်ရှိ ဘိုင်ကိုနောအာကာသယာဉ် လွှတ်တင်ရေး စခန်းမှနေ၍ မတ် ၂၇ ရက်က အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း ရုရှားအာကာသ အေဂျင်စီက မတ် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ 
အုန်းသီးရဲ့ လျှို့ဝှက်ချက်
အုန်းသီးရဲ့ လျှို့ဝှက်ချက်
အုန်းသီးဟာ လူတွေ အတွက် ကောင်းမွန် ထူးခြားတဲ့ အစာ တစ်မျိုး ဖြစ်ပါတယ်.
အထူး ခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင် နိုင်စွမ်း ရှိတဲ့ အသီး ဖြစ်ပါတယ်. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ် စေနိုင်စွမ်း ရှိခြင်း၊ ကိုလက်စရောကို လျော့ချ ပေးနိုင်စွမ်း ရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်း ပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည် သွင်းဖို့ လိုအပ်နေသူများကို တောင်မှ အုန်းရည်ဖြင့် အစားသွင်း ကုသပေးနိုင်ခြင်း စတဲ့ အုန်းသီးရဲ့ အသုံးဝင် အရေးပါပုံကို သိရှိသူမှာ လူအနည်းစု လောက်သာ ရှိပါတယ်. ခေတ်ပေါ် ဆေးသုတေသန ပြုသူများ ကလည်း အုန်းသီးဟာ ကျန်းမာရေး အတွက် အလွန် အကျိုးပြု စေနိုင်သော အသီးဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါတယ်.
.
တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီးယား ကြေညာ
Photo: တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီးယား ကြေညာ
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။
တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာလိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။ 
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။ ငြိမ်းချမ်းရေးစာချုပ်နှင့် စစ်ပွဲဖြစ်နိုင်ခြေအကြား ကာလရှည်ကြာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့သော ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ နောက်ဆုံးတွင် အပြီးသတ်သွားပြီဖြစ်ကြောင်း၊ ရန်စမှုတစ်စုံတစ်ရာမှာ အလုံးစုံ ပဋိပက္ခနှင့် နျူကလီးယားစစ်ပွဲဆီသို့ ဦးတည်သွားစေနိုင်ကြောင်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း Channel NewsAsia က ဖော်ပြသည်။
Source: Channel NewsAsia
မြောက်ကိုးရီးယားမှပုံ
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာလိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။
သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူကို အမှုဖွင့်ရာ ဖခင်ဖြစ်သူ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်အမှုဖွင့်ခံရ
 သထုံမြို့ တွင် နေထိုင်လျက်ရှိသော လေးတန်း ကျောင်းသူ
လေးအား အဓမ္မပြုကျင့်ရန ကြံစည်သူကို ဖခင်ဖြစ်သူမှ အမှု
ဖွင့်ရာ တရားခံ မိသားစုမှ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်
တရားစွဲဆိုမှုတွင် လေးတန်းကျောင်းသူလေး၏ ဖခင်မှာ ရင်
ဆိုင်နေရကြောင်း သိရသည်။
ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်
လာမယ့် ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို သွား ဖို့ရှိနေပြီး မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ အတွင်းမှာ လူ မျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှု တွေ ရှိပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ ရှိနေသလို နိုင်ငံရဲ့ အခြေအနေတည်ငြိမ်အောင် ထိန်း ထားနိုင်တယ်လို့ ယုံကြည်ပုံရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာပါ။ 
မြန်မာနိုင်တစ်နိုင်ငံလုံး သမ္မတကြီးပြောသွားသော မိန့် ခွန်းထဲမှသိသလောက်ပြန်လည်တင်ပြခြင်း
တစ်နေ့ က မြန်မာနိုင်တစ်နိုင်ငံလုံး သမ္မတကြီးပြောသွားသော မိန့် ခွန်းထဲမှ ဗဟုသုတရစေပြီး ကောင်းသောအကျိုးမြတ်စကားများပြန်လည် မှတ်မိသလောက် ကိုယ်ပိုင်တပ်စွမ်းသမျှ
အသိဥာဏ်ကလေးလောက်နှင့် ရေးသားတင်ပြယင်း..
မြန်မာနိင်ငံမှာ ပထမဦးဆုံး ဒီမိုကရေစီလမ်းစကို တည်ထောင်သူဟာ စစ်ဘက်ကနေအရပ်ဘက်သို့  ကူးပြောင်းအုပ်ချုပ်လာသော အရပ်သားအစိုးရ သမ္မတကြီးဆိုလည်း မမှားပါဘူး..
မိန့် ခွန်းထဲက သိသလောက်ပြောပြရယင် ။အနှစ်ပေါင်း ၆၀လောက်ကို ကျော်ဖြတ်လာခဲ့ ပြီး ။အခုမှစတင်
ဒီမိုကရေစီ လမ်းစကို
Friday 29 March 2013
စကားပြောသောပုံကလေးများမှ..ဒီလိုပုံလေးထာဝရတည်တံ့ပါစေ...
နှစ်ပေါင်း အတော်ကြာမက ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးမှာ ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ 
မြန်မာ့ တပ်မတော်နေ့  မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်အောင်လှိုင်နှင့် ။N.L.D 
ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ၏ မှတ်မှတ်ရရ ဓါတ်ပုံဖြစ်ပါ၍။
မြန်မာနိုင်ငံ သမိုင်းတွင် မှတ်ကျောက်တင်သလို  ကျနော် အလင်းရောင်ကြယ်များဘလောက်မှ
မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်...
ပုံကို အင်တာနက်မှ ရှာဖွေတင်ပြပြီး...ကိုယ်ပိုင်စားသားရေးတင်ပြတာပါ...
လူမျိုးဘာသာမခွဲ။တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြပါစေ..
  အလင်းရောင်ကြယ်...
အပြာရောင်ဘလောက်ဆိုဒ်မှဒေါက်တာချက်ကြီးအထက်အမိန့်ကိုတိတိကျကျလိုက်နာ
မိတ်ဆွေတစ်ယောက်နဲ့  စကားစပ်မိတော့ စစ်သားတွေ Facebook မသုံးရဆိုတဲ့  ကိစ္စကိုမေးမြန်းမိတယ် ။ သူပြောပုံ အရဆိုရင်တော့ မသုံးရလို့ အမိန့်ထုတ်ထားတာ မှန်ကန်မှုရှိတယ်လို့ ဆိုပါတယ် ။
လူမှုကွန်ယက်ဆိုက်များဖြစ်တဲ့ Facebook, Twitter များ မသုံးရဘူးလို့  ကြားတဲ့အတွက် နေပြည်တော်မှ အတော်အလှမ်းဝေးတဲ့ နယ်မြို့တွေက တပ်မတော်သားများက အမိန့်ကိုစတင်နာခံပြီး မိမိတို့အကောင့်များကို ဖျက်သွားကြပါတယ် ။
ပိုပြီး သေသေချာချာ ပြောနိုင်တာကတော့ နေပြည်တော်မှ တပ်မတော်အကြီးတန်း တပ်မတော်ပိုင်းဆိုင်ရာ ထိပ်တန်း ဆိုက်ဘာစစ်ဆင်ရေး ညွှန်ကြားသူ ဗိုလ်ချုပ်ကြီးများ၏ အမိန့်ဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ပြန်လည်ထိမ်းသိမ်းရန် နာမည်ကြီး အကောင့်များကို ဗဟိုကွန်ပြုတာစနစ်ဖြင့် အလိုအလျောက် လှမ်းဖျက်ပစ် ဘန်းပစ်တာဖြစ်ကြောင်း မှန်တယ်လို့ ဦးရဲထွဋ်ရဲ့ ရုံးမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ် ။
(((စရဖ တပ်တစ်တပ်က ဒုတပ်မှူးကိုရော
စစ်ရုံးက ဒုမှူးကြီးတစ်ဦးကိုရော....
ရေတပ်က အရာရှိကြီးတစ်ီးကိုရော မေးပြီးသွားပါပြီ ။
လုံးဝမသုံးရလို့အမိန့်ထုတ်ခြင်းဟာ
အရာရှိဝတ်စုံနဲ့ ပုံတွေတင်ခြင်း
စစ်ရေးတင်းတွေပေါက်ကြားစေခြင်း
မိမိမယားကို ပစ်ပယ်ကာ ကွယ်ရာတွင် မယားငယ်ထားသော တပ်မတော်အရာရှိတို့၏ မဖွယ်မရာသောပုံများ အင်တာနက်ပေါ် ပျံ့နှံ့လာခြင်း တို့ကြောင့် ခွင့်မပြုတဲ့အကြောင်း သိရပါတယ် ။
ဒီအပေါ်က အချက်သုံးခုကို ထပ်မံချိုးဖောက်သူများကို သိသိသာသာ အရေးယူမှာဖြစ်ကြောင်း နေပြည်တော်မှ လာသော သတင်းများအရ
သိရပါတယ် ။
သုံးခွင့်ရှိတယ်လို့ တိုက်ရိုက် အမိန့်ပေးတာမရှိပါဘူး .. ))
၎င်း တပ်မတော်သား ပြောထားတဲ့ အတိုင်း ပြန်ရေးသားပြီး တင်လိုက်ပါတယ် ... ။
ဖေ့စ်ဘုတ်ကို မှန်ကန်ရိုးသားစွာ သုံးစွဲတဲ့ တပ်မတော်သား အချို့ ကတော့ တစ်ချို့အချက် အလက်တွေကို မဖောက်ဖျက်ရင် ဘယ်စစ်သားမဆို social network ကို အသုံးပြုနိုင်ပါတယ်လို့ ခုခံဖြေရှင်းကြကြောင်းလည်း သိရပါတယ် ။
စစ်သည်တော်များ အင်တာနက် သုံးခွင့်မရှိတော့သော်လည်း အောင်ပန်းအလီလီဆွတ်ခူးနိုင်ပါစေ ။
တပ်မတော်သားများအား အစဉ်လေးစားလျက် ။
Credits - ကကြီး ခခွေး FOR preschool
Forward email တစ်ခုမှ ပြန်လည်ကူးယူ တင်ပြခြင်းဖြစ်ပါသည် ။
မိတ်ဆွေတစ်ယောက်နဲ့  စကားစပ်မိတော့ စစ်သားတွေ Facebook မသုံးရဆိုတဲ့  ကိစ္စကိုမေးမြန်းမိတယ် ။ သူပြောပုံ အရဆိုရင်တော့ မသုံးရလို့ အမိန့်ထုတ်ထားတာ မှန်ကန်မှုရှိတယ်လို့ ဆိုပါတယ် ။
လူမှုကွန်ယက်ဆိုက်များဖြစ်တဲ့ Facebook, Twitter များ မသုံးရဘူးလို့  ကြားတဲ့အတွက် နေပြည်တော်မှ အတော်အလှမ်းဝေးတဲ့ နယ်မြို့တွေက တပ်မတော်သားများက အမိန့်ကိုစတင်နာခံပြီး မိမိတို့အကောင့်များကို ဖျက်သွားကြပါတယ် ။
မိုက်ကယ်လန်းအဖွဲ့ ရန်ကုန်သို့ ရောက်ရှိ
7Day News Journal
ရန်ကုန်၊ မတ် ၂၉ Michael Learns to Rock (MLTR) ဂီတအဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖျော်ဖြေမည့် ၄င်းတို့၏ ဖျော်ဖြေပွဲ အတွက် ရန်ကုန်မြို့သို့ မတ်လ ၂၉ ရက် နံနက် ၇ နာရီ ၅ မိနစ်က ကာတာလေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည်။ MLTR အဖွဲ့တွင် အဖွဲ့၏ အဓိကဦးဆောင်သီဆိုသူ အဆိုတော် Jascha Richter နှင့်အတူ ၄င်း၏ ဇနီး၊ သားနှင့် သမီးတို့ပါ မိသားစုလိုက် မြန်မာနိုင်ငံ၏ ဖျော်ဖြေရေးခရီးစဉ်ကို လိုက်ပါလာသည်ကို တွေ့ရသည်။ 
Thursday 28 March 2013
နိုင်ငံတော်သမ္မတကြီးမိန့် ခွန်း
*********************************************** ဇာကနာအငြိမ့် 
သမိုင်းတွင်တဲ့ ​ကမ္ဘာ့အကြီးမားဆုံး ​အင်တာနက် ​တိုက်ခိုက်မှုကြီး ​ဖြစ်ခဲ့တဲ့အတွက် ​ကမ္ဘာတလွှားက ​ကွန်ပြုတာ ​အင်တာနက်တွေ ​နှေးကွေးခဲ့ရပါတယ်။
အင်တာနက်ပေါ်မှာ ​လက် ​မ ​ခံ ​ပဲ ​ရောက် ​ရှိ ​လာတဲ့ ​ကြော်ငြာတွေကို ​တိုက်ဖျက်နေတဲ့ ​ဥရောပတိုက်က ​Spamhaus ​အဖွဲ့နဲ့ ​အင်တာနက် ​ဝန်ဆောင်မှုပေးတဲ့ ​Cyberbunker ​အဖွဲ့တို့ကြား ​ပြဿနာဖြစ်ခဲ့တဲ့အတွက် ​ကမ္ဘာတလွှားမှာ ​အင်တာနက်မြန်နှုန်းတွေ ​ကျဆင်းခဲ့ရတယ်လို့ ​ပြောနေကြပါတယ်။
Cyberbunker ​အဖွဲ့ဟာ ​ဝဘ်ဆိုက်တွေမှာ ​ဘာတွေပါဝင်သလဲဆိုတာ ​မဆန်းစစ်ပဲ ​ဝဘ်ဆိုက်တိုင်းကို ​အင်တာနက်ဝန်ဆောင်မှုပေးတယ်လို့ ​Spamhaus ​အဖွဲ့က ​စွပ်စွဲလိုက်ပါတယ်။
ခုလည်း ​Cyberbunker ​အဖွဲ့က ​အင်တာနက်တွေကို ​တိုက်ခိုက်နေတာလို့ ​ပြောလိုက်ပါတယ်။
ခုဖြစ်နေတဲ့ဖြစ်ရပ်မှာ ​အင်တာနက်ပေါ်မှာ ​အချက်အလက်တွေ ​မတန်တဆ ​ဖလှယ်မှုများပြားနေရာက ​အင်တာနက်နှေးကွေးမှုတွေ ​ဖြစ်ရတာဖြစ်ပြီး ​မကြာခင်မှာ ​ဘဏ်လုပ်ငန်းနဲ့ ​အီးမေးလ်တွေကိုပါ ​ထိခိုက်နိုင်တယ်လို့ ​ပြောနေကြပါတယ်။
တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်သတ်ခံရမှု ယာဘအစည်း ၇၀၀ ကြောင့်ဟုဆို
Photo: တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်သတ်ခံရမှု ယာဘ
=============================
အစည်း ၇၀၀ ကြောင့်ဟုဆို
===============
(သျှမ်း)
ဖေဖော်ဝါရီလကုန်က တာချီလိတ်မြို့၌ တပ်တွင်း အချင်းချင်းပစ်သတ်မှုမှာ ဖမ်းမိယာဘများခွဲဝေမှု မမျှတသောကြောင့် ဖြစ်ရပြီး ပတ်သက်ဆက်နွှယ်နေသူများအား ယနေ့တိုင်ဆက်လက်ဖမ်းဆီးစစ်ဆေးနေကြောင်းတပ်တွင်းနှင့်နီးစပ်သည့် သတင်း ရပ်ကွက်ကဆိုပါသည်။
“ဖေဖော်ဝါရီလထဲမှာ ခမရ ၃၃၁ ပူးပေါင်းပါဝင်တဲ့အဖွဲ့တဖွဲ့ ဆမ်ပူးဘက်မှာ ယာဘတွေအများကြီး ဖမ်းမိတယ်။ အဲတာကို အဝေမတည့်လို့ စကားများပြီး သေနတ်နဲ့ချိန်ကြတယ်။ သေနတ်လုရင်းနဲ့ ပစ်ခတ်မိကြတာ။ သူတို့ ကတော် တွေရဲ့ ပယောက လဲမကင်းဘူးလို့ ပြောလို့လဲရတယ်။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ချပါလား ရိုက်ပါလားလို့ ကတော်တွေက ဘေးကနေဆွပေးကြလို့ သေတဲ့အထိဖြစ်ရတာ။ အခု နေပြည်တော်ကလာတဲ့ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးကြတာ မပြီးသေးဘူး။ ဖမ်းကြဆီးကြတုန်းဘဲ” ဟု တပ်တွင်းနှင့်နီးစပ်သည့် ဒေသခံတဦးကပြောပါသည်။
ဖေဖော်ဝါရီလအတွင်းက တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ဆမ်ပူးရွာ၌ ယာဘအစည်းပေါင်း ၇၀၀ ကို ဖမ်းဆီးမိသဖြင့် ခွဲဝေယူကြရာ ခမရ ၃၃၁ အတွက်ဝေစုမှာ ယာဘအစည်း ၃၀၀ ဖြစ်ကြောင်း၊ အစည်း ၃၀၀ အနက် ၎င်းတို့ဗျူဟာမှူးမှ အစည်း ၂၀၀ ယူဆောင်သွားကြောင်း ထို့သို့ဖြစ်ရာကနေ ခွဲဝေယူကြရာမှ စကားများ၍ သေနတ်လုကြရာမှ ၄ ချက် ပစ်မိ ကြခြင်းဖြစ်ကြောင်း ဆိုပါသည်။
“ ဖေဖော်ဝါရီလ ၂၈ ညက ဒု-တပ်ရင်းမှူးက - ကျနော့်မှာ သေနတ်ရှိတယ် ဆိုထုတ်လာတော့ အဲဒီသေနတ်ကို တပ်ရင်းမှူးက လုယူလို့ ကျည် ၄ လုံးပစ်မိတယ်။ ၃ လုံးကတော့ မထိဘူး။ နောက်ဆုံးတလုံးမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇေယျာဝင်းရဲ့ဘယ် လည်ချောင်းကနေဝင်ပြီး နားထင် နားရွက်ဘက် ပွင့်ထွက်သွားတော့ လည်တိုင်တခြမ်းထိမိပြီးတော့ သေတာ။ အဲဒီ ကိစ္စက နေ ဝှစ်သောက်ကားမှု၊ မတရားချစားမှုတွေက အစ ပေါ်လာပြီး အခု တပ်တွင်းမှာ တပ်ကြပ်ကြီး အဆင့်ထိ အမှုမှာ ပါဝင်နေ တယ်။ သူတို့နဲ့ဆိုင်တဲ့ ရွှေငွေ ဥစ္စာပစ္စည်းတွေလဲ သိမ်းဆည်းနေတာတွေရှိတယ်” ဟု အဆိုပါဒေသခံက ပြောပါသည်။
တပ်ရင်းမှူး ဗိုလ်မှူးကြီးဇေယျာဝင်း၏ ရုပ်အလောင်းအား မတ်ခ်ျလ ၄ ရက်နေ့က တာချီလိတ်မြို့ရှိ မြို့မ သုသာန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါအမှုအခင်းအား မတ်ခ်ျလ ၂ ရက်နေ့က တြိဂံတိုင်းမှူးကလည်းကောင်း၊ သက်ဆိုင်ရာ အဆင့်အဆင့်မှ လည်းကောင်း စစ်ဆေးမေးမြန်းရာတွင် ယာဘ ဖမ်းမိ၍ အထက်သို့တင်ပြမှုမရှိဘဲ အချင်းချင်းဝေငှပေးခြင်း၊ လိုင်စင်မဲ့ကားများဖမ်းဆီး၍ အထက်သို့တင်ပြမှုမရှိခြင်း အစရှိသဖြင့် ပြစ်မှုများတွေ့ ရှိလာကြောင်း၊ ထို့ကြောင့် တာချီလိတ်ရှိမူးယစ်ရဲ ၅ ဦးကိုပါ ဖမ်းဆီး၍ အချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း၊ အဆိုပါရဲ ၅ ဦးအနက် သျှမ်းလူမျိုး မူးယစ်ရဲတဦးလည်း ပါဝင်ကြောင်း၊ နေပြည်တော်မှ တပ်မတော်စစ်ဆေးရေးမှူး/ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးသောင်းအေး ကိုယ်တိုင် လာရောက်စစ်ဆေးနေကြောင်း တပ်အရာရှိများနှင့် ဝင်ဆန့်သည့် ဒေသခံအမျိုးသားတဦးက ဆက်လက်ပြောပြသည်။
အဆိုပါ ယာဘ အစည်းပေါင်း ၇၀၀ မှာ မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး အသတ်ခံရမှုကြောင့် ဖမ်းဆီးစွပ်စွဲကာ တရုတ် ပြည် ကူမင်းမြို့၌ဆေးထိုးသတ်ခံရသော စိုင်းနော်ခမ်း၏ ပစ္စည်းများဖြစ်သည်ဟုလည်း ဒေသတွင်း၌ သတင်းများထွက်နေ ကြောင်း ဒေသခံတချို့ကပြောပါသည်။
===============
(သျှမ်း)
ဖေဖော်ဝါရီလကုန်က တာချီလိတ်မြို့၌ တပ်တွင်း အချင်းချင်းပစ်သတ်မှုမှာ ဖမ်းမိယာဘများခွဲဝေမှု မမျှတသောကြောင့် ဖြစ်ရပြီး ပတ်သက်ဆက်နွှယ်နေသူများအား ယနေ့တိုင်ဆက်လက်ဖမ်းဆီးစစ်ဆေးနေကြောင်းတပ်တွင်းနှင့်နီးစပ်သည့် သတင်း ရပ်ကွက်ကဆိုပါသည်။
“ဖေဖော်ဝါရီလထဲမှာ ခမရ ၃၃၁ ပူးပေါင်းပါဝင်တဲ့အဖွဲ့တဖွဲ့ ဆမ်ပူးဘက်မှာ ယာဘတွေအများကြီး ဖမ်းမိတယ်။ အဲတာကို အဝေမတည့်လို့ စကားများပြီး သေနတ်နဲ့ချိန်ကြတယ်။ သေနတ်လုရင်းနဲ့ ပစ်ခတ်မိကြတာ။ သူတို့ ကတော် တွေရဲ့ ပယောက လဲမကင်းဘူးလို့ ပြောလို့လဲရတယ်။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ချပါလား ရိုက်ပါလားလို့ ကတော်တွေက ဘေးကနေဆွပေးကြလို့ သေတဲ့အထိဖြစ်ရတာ။ အခု နေပြည်တော်ကလာတဲ့ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးကြတာ မပြီးသေးဘူး။ ဖမ်းကြဆီးကြတုန်းဘဲ” ဟု တပ်တွင်းနှင့်နီးစပ်သည့် ဒေသခံတဦးကပြောပါသည်။
ဒုက္ခသည် စခန်း ကို မီးလောင်စေတဲ့ ပစ္စည်း တွေ ရဟတ်ယာဉ် နဲ့  ကြဲချ
485272
မယ်ဟောင်ဆန် ခရိုင် မှာ ရှိ တဲ့ ကရင်နီ ဒုက္ခသည် စခန်း မီးလောင် မှု ဟာ
ရဟတ် ယာဉ် တွေ က မီးလောင် စေတဲ့ ပစ္စည်း တွေ ကို ကြဲ
ချ ခဲ့တာ ကြောင့် ဖြစ်တယ် လို့  မျက်မြင်တွေ့ ရှိတဲ့ ဒုက္ခသည် တွေ ရဲ့  ပြော
ကြား ချက် ကို ကိုး ကား ပြီး ဒီနေ့  ထုတ် ဘန်ကောက် ပို စ် သတင်း စာမှာ
ဖော်ပြထား ပါတယ်။
မတ်လ ၂၈ ရက်နေ့ နတ္တလင်းမြို့မြင်ကွင်းများ
ရှေ့ သို့ ဆက်ကြည့် ပါခင်ဗျာ
နတ္တလင်းမြို့နယ်တွင် မတ်လ ၂၆ ရက်နေ့ညနှင့် ၂၇ ရက်နေ့ နံနက်ပိုင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိမ်ခြေ ၂၅ လုံး ပျက်စီးခဲ့ပြီး ဗလီတစ်လုံး၊ ကားဂိတ်တစ်ဂိတ် ပျက်စီး
ပုတီးကုန်းမတ်လ ၂၈ ရက်နေ့ ပုတီးကုန်းမြို့မြင်ကွင်းများ
ပဲခူးတိုင်းဒေသကြီး နတ်တ္တလင်းမြို့နယ်တွင် မတ်လ ၂၆ ရက်နေ့ညနှင့် ၂၇ ရက်နေ့ နံနက်ပိုင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိမ်ခြေ ၂၅ လုံး ပျက်စီးခဲ့ပြီး ဗလီတစ်လုံး၊ ကားဂိတ်တစ်ဂိတ် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ပုတီးကုန်းမတ်လ ၂၈ ရက်နေ့ ပုတီးကုန်းမြို့မြင်ကွင်းများ
နတ်တလင်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက“ဒီဖြစ်စဉ်တွေ ဖြစ်ပွားနေတဲ့ အချိန်မှာ ကာယကံရှင်တွေအနေနဲ့ ရရှိတဲ့ သတင်းတွေအရ ကြိုတင်ရှောင်ရှား နေခဲ့ကြတဲ့အတွက် လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ မရှိပါဘူး။ ပဋိပက္ခ စတင်ဖြစ်ပွားတဲ့ အချိန်မှာ လူ ၂၀၀ လောက်ပဲ ရှိပေမယ့် နောက်ပိုင်း ၅၀၀၊ ၆၀၀ လောက်အထိ ဖြစ်သွားတယ်။ လူအများစု ပါဝင်နေတဲ့အတွက် ဘယ်သူတွေ ပါဝင်ခဲ့တယ်ဆိုတာ အတိအကျတော့ ပြောလို့မရဘူး။ ရဲတပ်ဖွဲ့ကနေ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူ ၂ ဦးကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်” ဟု ပြောကြားခဲ့သည်။
Wednesday 27 March 2013
အလင်းရောင်ကြယ်များ
မင်္ဂလာပါ-နုတ်ဆက်ပါရစေ..
                                   ကျနော် ဘလောက်ဂါသတင်းလေးတဲ့  မျှဝေနေတဲ့ ကိုဂေါ်လီ၏ မိတ်ဆွေ ညီတော် ။အလင်းရောင်ကြယ်များ။နာမည်ဖြင့် ။အကိုဂေါ်လီအနားယူသွားသော ဘလောက်ကို သံယောဇဉ်ထပ်တူမျှရှိ၍ ။ကျနော်အလင်းရောင်ကြယ်များ နာမည်ဖြင့် ဆက်လက်ရေးသားတင်ပြပါ့ မယ်
လိုက်လုပ်၍ ...မြန်မာနှင့် အစ္စလမ်ရန်တိုက်ပေးခြင်း  ။ညစ်ငြမ်းသော ပုံများဖြန့် ဝေခြင်း ဆဲဆိုခံနေရခြင်း..ဖြစ်ပြီး နေ့ စဉ်ကြုံတွေ့ နေရပြီး။ထိုဘလောက်ပါ လာရောက်ထိခိုက်ခြင်း ခံနေရပြီး
စိတ်ဆင်းရဲ စွာကြုံရင်ဆိုင်နေရပါတယ်...ကျနော့် တို့ သည် မည်သည့်  အဖွဲ့ စည်း။လက်အောက်မှပါဝင်ခြင်းမရှိသလို ဝါသနာအရမိမိ ဖတ်တဲ့ သတင်းဝေမျှခြင်း ဘယ်လင့် ခ်ကနေကူးယူတယ်ဆိုတာလည်း ။ခရက်တစ်အတပ်နိုင်ဆုံးမှန်ကန်စွာရေးပါတယ်..
                                                      ကျနော်တို့  ရင်ထဲမှာ မြန်မာဆန်စားပြီး မြန်မာပြည်ကို
ဆန့် ကျင်နေသူမဟုတ်သလို တပ်နိုင်တဲ့ ဘက်ကနေ  အုပ်တစ်ချပ်သဲတစ်ပွင်စိတ်ထား။့ လူမျိုးကွဲအောင် နိုင်ငံရေး ဘာသာရေးလှုံ့ ဆော်တိုက်ခိုက်နေသူမဟုတ်ပါ...
          ကောင်းပြီလေတစ်ချို့ သော လူကမေးလာတပ်ပါမှာ  မင်းတင်ထားတာတွေကနိုင်ငံရေးတွေ
     မဟုတ်လို့ ဘာတွေလည်းကွမေးလာပါတယ်....
    ကျနော်က ဒီလို ပြန်ဖြေထားပါတယ် ။ သူတို့ တွေဘာလုပ်နေလည်းဆိုတာ စာဖတ်သူတို့ 
   အား ပြန်လည်ပြောပြခြင်းပါသည်။
   သတင်းဆိုတာမျိုးဟာ တစ်ကယ်တော့  ဖွနေသလိုလို ။အတင်းပြောတာနဲ့  အတူတူပါပဲ..
တစ်ကယ်တော့ ...
   စာဖတ်တို့ လေးနက်စွာစဉ်းစားကြည့် ယင် မျက်စေ့ဖွင့်ပေးတဲ့  အလင်းရောင်ကြယ်များတစ်ခုပါ..
ဘယ်လို အတိတ်နမိတ်နဲ့   နာမည်ကလေးပေးခဲ့ တယ်ဆိုတာလည်း နောက်ထပ်ပို့ စ်တွေမှာ
ဆက်လက်ရေးသားတင်ပြသွားပါ့ မယ်..
မေးလ်လိပ်စာ ko.net2net@gmail.com သို့ ပေးပို့ နိုင်ပါတယ်..
   စာရေးသူ အလင်းရောင်ကြယ်။
Tuesday 26 March 2013
မြန်မာနိုင်ငံတွင်ရှိသော အမေရိကန် နိုင်ငံသားများအတွက် အရေးပေါ်သတိပေးချက်တစ်ခုကို အမေရိကန်အစိုးရမှ ထုတ်ပြန်
မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် လတ်တလောဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများအတွက် အရေးပေါ် သတိပေးချက် တစ်ရပ်ကိုအမေရိကန်အစိုးရမှ မတ်လ ၂၅ ရက်နေ့တွင် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီး ၀န်းကျင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် လူအုပ်စု နှစ်ဘက်စလုံးတွေ ပြင်းထန်သော စိတ်ခံစားချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ လတ်တလောတွင် အမေရိကန် နိုင်ငံသားများကို ရည်ရွယ်သည့် ခြိမ်းခြောက်မှုများ မရှိသေးသော်လည်း ရန်ကုန်မြို့ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ ၀န်းကျင်များကို ရှောင်ရှားကြရန် အကြံပေးအပ်ကြောင်း အစရှိသဖြင့် ဖော်ပြခဲ့ပါသည်။
ထို့အပြင် အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ သွားရောက်ရာတွင် ပတ်ဝန်းကျင် အခြေအနေများကို အမြဲသတိထားရန်နှင့် မည်သည့် လူစုလူဝေး လှုပ်ရှားမှုတွင်မှ ပါဝင်ပတ်သက်ခြင်း မပြုရန်၊ မင်္သကာစရာ အခြေအနေ တစ်စုံတစ်ခု ရှိလာပါက တာဝန်ရှိသူများထံသို့ သတိပေးရန်နှင့် အဆိုပါ နေရာကို စွန့်ခွာရန် အကြံပေးထားသည့် အပြင် အမေရိကန် နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံတွင်း အရေးပေါ် ကိစ္စရပ်များ ရှိပါက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ အရေးပေါ် ဖုန်းနံပါတ် (95)-(9)-5124330 သို့ ဆက်သွယ်ပြီး တာဝန်ကျ အရာရှိနှင့် ဆက်သွယ် ပြောဆို နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
 http://news-eleven.com
ထိုင်းအကျဉ်းသားများအား နည်းပညာသုံး လက်ကောက်ဝတ်ကရိယာ တပ်ဆင်မည်
Photo: ထိုင်းအကျဉ်းသားများအား နည်းပညာသုံး လက်ကောက်ဝတ်ကရိယာ တပ်ဆင်မည်
Tuesday, March 26, 2013
မိုက်ခရိုချစ်ပ်များ မြှုပ်နှံပါဝင်သည့် အဆိုပါ လက်ကောက်ဝတ်ကရိယာ
မှတစ်ဆင့် အကျဉ်းသားများ၏ လှုပ်ရှားမှုကို အကျဉ်းထောင်အာဏာ
ပိုင်များက ၂၄ နာရီ စောင့်ကြည့်နေနိုင်မည်ဖြစ်သည်။ 
ထိုင်းနိုင်ငံအကျဉ်းထောင်းများမှ အကျဉ်းသားများကို အီလက်ထရောနစ် လက်ကောက်ဝတ် ကရိယာများ တပ်ဆင်ပေးမည့် အစီအစဉ်အား မကြာမီ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ 
အဆိုပါ အီလက်ထရောနစ် လက်ကောက်ဝတ် ကရိယာများဖြင့် အကျဉ်းသား
တစ်ဦးချင်းစီ၏ အချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် ဖတ်ရှုသိရှိနိုင်ပြီး ၎င်းတို့၏ လှုပ်ရှားမှုကိုလည်း စောင်ကြည့်နိုင်မည်ဖြစ်သည်။ 
မိုက်ခရိုချစ်ပ်များ မြှုပ်နှံပါဝင်သည့် အဆိုပါ လက်ကောက်ဝတ်ကရိယာမှတစ်
ဆင့် အကျဉ်းသားများ၏ လှုပ်ရှားမှုကို အကျဉ်းထောင်အာဏာပိုင်များက ၂၄ နာရီ စောင့်ကြည့်နေနိုင်မည်ဖြစ်သည်။
လက်ကောက်ဝတ် ကရိယာများကို လွတ်မြောက်ရက် နီးနေပြီဖြစ်သည့် အကျဉ်းသားများ၊ နာတာရှည်နှင့် ကူးစက်ရောဂါ ခံစားနေရသော အကျဉ်း
သားများကို အဓိက တပ်ဆင်ပေးထားရန် ရည်ရွယ်ကြောင်း ထိုင်းနိုင်ငံ၏ Corrections Departement မှ လက်ထောက်ညွှန်ကြားရေးမှူး Kobkiat Kasiwiwat က ပြောကြားသည်။ 
ထို့အပြင် ယခုအစီအစဉ်မှာ ထိုင်းအကျဉ်းထောင်များတွင် အကျဉ်းသားများ စုပြုံနေသည့် ပြဿနာအား ကူညီဖြေရှင်းနိုင်မည်ဟုလည်း မျှော်လင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မတ်လ ၁ ရက်နေ့ စာရင်းများအရ ထိုင်းနိုင်ငံရှိ အကျဉ်းထောင် ၁၄၃ ခုတွင် အကျဉ်းသား ၂၆၂,၀၇၇ ဦးကို ထိန်းသိမ်း အကျဉ်းချထားကြောင်း သိရသည်။ ထိုင်းအကျဉ်းထောင် အများစုရှိ အကျဉ်းသားဦးရေမှာ အကျဉ်းထောင်၏ အကျဉ်းသား ဝင်ဆံ့သော ပမာဏသတ်မှတ်ချက်ထက် ၂ ဆ သို့မဟုတ် ၃ ဆခန့် ကျော်လွန်များပြားနေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ထိုင်းနိုင်ငံ Corrections Department က နည်းပညာသုံး အီလက်ထရောနစ် လက်ကောက်ဝတ် ကရိယာများ ပေးသွင်းနိုင်မည့် ပုဂ္ဂလိကကုမ္ပဏီများ ကို
ဈေးပြိုင်စစနစ်ဖြင့် အဆိုပြုလွှာများ ခေါ်ယူသွားမည်ဖြစ်သည်။
Source: BangkokPost 
Planet Myanmar Network
မိုက်ခရိုချစ်ပ်များ မြှုပ်နှံပါဝင်သည့် အဆိုပါ လက်ကောက်ဝတ်ကရိယာ
မှတစ်ဆင့် အကျဉ်းသားများ၏ လှုပ်ရှားမှုကို အကျဉ်းထောင်အာဏာ ပိုင်များက ၂၄ နာရီ စောင့်ကြည့်နေနို
င်မည်ဖြစ်သည်။ ထိုင်းနိုင်ငံအကျဉ်းထောင်းများမှ အကျဉ်းသားများကို အီလက် ထရောနစ် လက်ကောက်ဝတ်ကရိယာများ တပ်ဆင်ပေးမည့် အစီအစဉ်အား မကြာမီ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
အဆိုပါ အီလက်ထရောနစ် လက်ကောက်ဝတ် ကရိယာများဖြင့် အကျဉ်းသားတစ်ဦးချင်းစီ၏ အချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် ဖတ်ရှုသိရှိနိုင်ပြီး ၎င်းတို့၏ လှုပ်ရှားမှုကိုလည်း စောင်ကြည့်နိုင်မည်ဖြစ်သည်။
ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှုးကြီး ရာထူး နဲ့  စတင်တာဝန်ထမ်းဆောင်
22552-Min Aung Hlaing
ဗိုလ်ချုပ်ကြီး အဖြစ် ကနေ နှစ်နှစ်လောက် အတွင်း မှာပဲ ဗိုလ်ချုပ်မှုးကြီး အဖြစ်
နဲ့  ရာထူးတာဝန် တွေ ကိုကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ ဒု- ဗိုလ်ချုပ်ကြီး 
မင်းအောင်လှိုင် က စတင် ထမ်းဆောင် တော့ မယ်လို့  စစ်ရုံးချုပ် နဲ့  နီးစပ်
သူ တွေ က တစ်ဆင့် FNG က သတင်း ရရှိ ပါတယ်။ 
ဆူပူမှုများ ဖြစ်စေရန် သွေးထိုးပေးနေသာ Freedom News Group မည်သူ ဆိုသည်ကို ဖော်ထုတ်လိုက်ပြီ
အိုင်တီပညာရှင်များ ပါဝင်သော အထူးအဖွဲ့မှ မြန်မာနိုင်ငံတွင် ဆူပူ အကြမ်းဖက်မှုများ လှုံ့ဆော်ဆောင်ရွက်နေသော Freedom News Group အမည်ရှိ facebook page တစ်ခုအား လိုက်လံထောက်လှမ်းရှာဖွေလျက် ရှိရာ ယနေ့ အတိအကျ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်.....
ဂိတ်ဝေး တွင် စိစစ်ချက်အရ FNG ဟူသော ဆူပူအကြမ်းဖက်မှုများ လှုံ့ဆော် လျက်ရှိသည့် အကောင့်မှာ အမေ၇ိကန်အခြေစိုက် သတင်းထောက်တစ်ဦး ပုံစံ ဟန်ဆောင်ထားသော Page တစ်ခု ဖြစ်သော်လည်း ၄င်းမှာ ပြည်တွင်းမှ M3Wi ပိုင်ရှင် မေဇင်အေး-ခွန်ဒီးယမ်-ဒီမိုဖက်တီးဖြစ်ကြောင်း သိရှိရသည်....
ကုန်ကျငွေသိန်း၅ဝဝဝ လောက် ခန့်မှန်းထားတဲ့ ဖိုးချစ်ရဲ့ သဘင်ခြံ
ဖိုးချစ်ကသဘင်သမားတွေ နား နေဖို့နဲ့ နေထိုင်ဖို့အတွက် မင်္ဂလာဒုံ မြို့နယ်အတွင်း ၃ဧက ကျယ်ဝန်းတဲ့ မြေနေ ရာမှာသဘင်ခြံကြီးကိုေ ဆာက်လုပ်နေပါတယ်။ သဘင်ခြံကို ဆောက်လုပ်နေတာ တစ်နှစ်ပတ်ဝန်း ကျင်လောက်ကြာမြင့်ခဲ့ ပြီဖြစ်ပြီး၊ နယ်မှာ ဇာတ်ကနေတဲ့ အချိန်တွေမှာ တော့ သဘင်ခြံဆောက် လုပ်နေ မှုကို ခေတ္တရပ်နား ထားကာ ရန်ကုန်ပြန် ရောက်တာနဲ့ခြံနဲ့ ပတ်သက်တာတွေ အမြန် ပြီးစီးအောင်ဖိုးချစ်က အကောင် အထည်ဖော်လျက်ရှိပါတယ်။
Monday 25 March 2013
ကောလာဟလများကို မယုံရန် တာဝန်ရှိသူများ ပြောကြား
မိတ္ထီလာမြို့ပေါ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများမှာ ယခုအခါ တည်ငြိမ်သွားပြီဖြစ်သော်လည်း ရန်ကုန် အပါအ၀င် အချို့မြို့ကြီးများ၌ ဆူပူမှုကို ဖြစ်ပေါ်စေရန် ကောလာဟလများ ဖြစ်ပေါ်နေမှုအပေါ် မ ယုံကြည်ကြ ရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ၀ိုင်းဝန်းဆောင် ရွက်နေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပြောသည်။
အစ္စရေးတပ် ပါလက်စတိုင်းသပိတ်စခန်းကို ဝင်ရောက် စီးနင်း
                 ဂျေရုဆလင်၊ မတ်၂၄။
အစ္စရေးတပ်သား တစ်ရာကျော်ခန့်သည် ဂျေရုဆလင်မြို့ပြင်ရှိ ပါလက်စတိုင်းသပိတ်စခန်းကို ညဘက်ဝင်ရောက်စီးနင်းကြောင်း တက်ကြွလှုပ် ရှားသူများနှင့် ရဲများက ယနေ့
ပြောကြားလိုက်သည်။
ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူများသည် အနောက်ဘက်ကမ်းခြေအနီးရှိ အစ္စရေးတို့နေသော မားလီအဒူမင်ဟုခေါ်သောနေရာတွင် အဆောက် အအုံများဆောက်လုပ်ရန် စီစဉ်ခဲ့ကြ
သောကြောင့်နေမင်း၏ ဂိတ်ပေါက်ဟုခေါ်သော သပိတ်စခန်း
တစ်ခုကို ဖွင့်လှစ်ခဲ့သည်။
အကြမ်းဖက်သူအရေးယူဖို့ မစ္စတာနမ်ဘီးယား တိုက်တွန်း
အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့က ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို မစ္စတာ နမ်ဘီယား တက်ရောက် စကားပြောနေစဉ်။ (မတ်လ ၂၄ ရက်၊ ၂၀၁၃)။
အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့က ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို မစ္စတာ နမ်ဘီယား တက်ရောက် စကားပြောနေစဉ်။ (မတ်လ ၂၄ ရက်၊ ၂၀၁၃)။
ကိုကျော်ကျော်သိန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ ဒီကနေ့ မိတ္ထီလာမြို့မှာ လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ အကြမ်းဖက်မှုကျူးလွန်သူတွေကို ဖမ်းဆီးအပြစ်ပေးနိုင်ဖို့ အရေးကြီးတယ်လို့ မစ္စတာနမ်ဘီးယားက ပြောခဲ့သလို ဘေးဒဏ် သင့်သူတွေဟာ ကြောက်ရွံ့စိုးရိမ်နေကြပေမဲ့ သူတို့အတွက် အခြေခံလိုအပ်ချက်တွေကို ရနေတယ်လို့ဆိုပါတယ်။ တဘက်မှာလည်း မြို့ခံတွေဟာ လုံခြုံမှုကို ခံစားလာရပြီလို့ ပြောကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
Sunday 24 March 2013
မိတ္ထီလာမြို့သတင်းများ၊ ကောလဟာလများနှင့်ပတ်သတ်၍ ရှင်းလင်းချက်။
မိတ္ထီလာသတင်းနှင့်ပတ်သတ်၍ သိလိုသည်များကို ကျွန်တော့် message box ၊
တယ်လီဖုန်းများနှင့်ဆက်သွယ်မေးမြန်းလာသည့် ကောလဟာလများနှင့်
သတင်းများကို အမှား၊အမှန်အတည်ပြုဖော်ပြလိုက်ပါတယ်။ကျွန်တော် သိလျှင်သိသည့်
အတိုင်း၊မသိလျှင် မသိသည့်အတိုင်းရိုးရိုးသားသားဖော်ပြလိုက်ပါတယ်။
မုံရွာ - ခင်ဦး လူစီးရတား လမ်းချော်၍ တွဲများတိမ်းစောင်း
သတင်း+ ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း)
မုံရွာ၊ မတ် ၂၁
မုံရွာ - ခင်ဦး နေ့စဉ်ပြေးဆွဲလျက်ရှိသော ခရီးသည်တင် လူစီးရထား အမှတ်(၆၀) အစုန်ရထားကြီး သည် ယနေ့ မနက် ၁၀ နာရီအချိန်ခန့်က မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပဇ္ဇောတာရုံကျောင်းတိုက်အနီး မိုင်တိုင်အမှတ် ၄၅၈/ ၂၁ - ၂၂ အကြားတွင် လမ်းချော်၍ တွဲများတိမ်းစောင်းခဲ့ကြောင်း သိရသည်။
သတင်းတွေဖတ်ရတာ ပျင်းလာယင် သီချင်းလေးနားထောင်ကြစို့ 
မြန်မာ့ အားကစားကမ္ဘာကိုလျှမ်းလျှမ်းတောက်စေရမည် ကာတွန်း
ဖေ့စ်ဘုတ်မှ
(မလေးရှားရောက် (ယာမကာ)ချစ်သော ရွှေညီအစ်များ အထူးသတိထားပါ)
င်္FB ပေါ်မှာစိတ်မချမ်းသာစရာတွေနဲ့ ပြည်နှက်နေတဲ့ အချိန်ဒီသတင်းတွေကိုကျွန်တော်တင်လိုစိတ်မရှိပါဘူး၊အလားတူသတင်းမျိုးကိုဦးကျော်သူ
အပါအဝင်ကပုန်းနာရေးကူညီမူ့ အသင်းမှညီလေးဇော်ကြီးတို့ လည်းတင်ထားပြီးဖြစ်ပါတယ်
ကျွန်တော်တို့ မှီခိုလုပ်ကိုင်းစားသောက်နေကြရတဲ့ 
မလေးရှားနိုင်ငံမှာပြီးခဲ့ တဲ့ ဖေဖေါ်ဝါရီလကစလို့ မြန်မာနိုင်ငံသားအချို့ အရက်သောက်ပြီးသေဆုံးနေကြပါယ်၊သေဆုံးပုံတွေကလည်း၃ယောက်တဖွဲ့ ၊၂ယောက်တဖွဲ့ ၊တယောက်ချင်း.
.နေရာဒေသကွဲပြားပြီးသေဆုံးနေကြပါတယ်၊ဒီန့ သောက်နောက်နေ့ သေ၊ဒီညသောက်ဒီညသေတွေဖြစ်နေပါတယ်၊အရက်ထဲမှာလူသေစေလောက်တဲ့ 
Saturday 23 March 2013
မြန်မာပြည်ကို ကျေးဇူးမပြုရင်နေပါ။ ဖင်လှန်မပြပါနဲ့ ကိုမိုးသီး
ခုလိုမျိုး လူအများဆဲချင်စရာလေးတွေမှ မလုပ်လိုက်ရရင် ကိုမိုးသီးတို့ ရိုးရာအစဉ်အလာတွေ ပျက်ကုန်မှာပေါ့။ ခုလည်း အဆဲမခံရတာကြာတော့ ပျင်းတယ်နဲ့တူတယ်။ လုပ်ပြန်ပြီ။ ဒီတစ်ခါ လုပ်တာတော့ တော်တော်ဆိုးတယ်။
ဗုဒ္ဓဘာသာ၉၆၉ အထိမ်းအမှတ်ကို နာဇီတံဆိပ်နဲ့ နှိုင်းယှဉ်ပြီး စော်ကားထားပါတယ်။ အဲဒါထက်ပိုဆိုးတာက ကိုမိုးသီးလို အမေရိကန်က အစိုးရအဖွဲ့ဝင်တွေ၊လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးသမားတွေနဲ့ အဆက် အသွယ်ရှိသူက သူ့ facebookမှာ ခုလို ဗုဒ္ဓဘာသာတွေကို အကြမ်းဖက်သမားမကောင်းဆိုးဝါးလို့ 
မိတ္ထီလာမြို့ ၂၄၊၃၊၂၀၁၃ နံနက် (၈း၀၀နာရီ)အခြေအနေ
မိတ္ထီလာမြို့ ၂၄၊၃၊၂၀၁၃ နံနက် (၈း၀၀နာရီ)အခြေအနေ။ အခြေအနေအားလုံးတည်ငြိမ်နေပါတယ်။
ကယ်ဆယ်ရေးစခန်းများကလဲ စည်းကမ်းတကျ ဆောင်ရွက်နေသောကြောင့်စခန်းအပြင်ထွက် လက်ဘက် ရည်ဆိုင် ထိုင် ဟေလားဝါးလားလုပ်နေသော မြင်ကွင်းမျိုးကို မတွေ့ရပါဘူး။
မြို့ထဲရှိအပျက်အစီးများအမှိုက်များကိုလည်း တပ်တော်သားများမှစတင်ရှင်းလင်းပေးနေပါတယ်။ လည်ပင်း တွင် အနီပ တ်စည်းထားပြီး ထိုအနီပတ်ပေါ်တွင်(၇၀၈) ဆိုသောတံဆိပ်နှင့်ကြယ်ပွင့်ပါပါတယ်။
ဦးတေဇသားများနှင့် ဖိုးလပြည့်အကြောင်း
သူတို့ အဖွဲ့ ပြောနေတဲ့စကားတွေက ဘယ်တော့မှ ဒေါ်လာ ငါးသန်းအောက်မရှိဘူး။ 
သူတို့ ရဲ့ ကားတွေကလည်း ဒေါ်လာ လေးငါးသန်းတန်ကားတွေဖြစ်တဲ့ဖရာရီ (Ferrari) ကားတွေဆိုတော့ 
အင်ဂျင်ပါဝါအရမ်းကောင်းပါတယ်။ သူတို့ ဘေးမှာကလည်း စကတ်တိုတို 
နဲ့ အရမ်းကိုလှတဲ့ကောင်မလေးသုံးလေးယောက်ကလည်း မှုးယစ်ရီဝေနေတဲ့မျက်လုံးတွေနဲ့ ။ 
အားလုံးလိုလိုက အနောက်တိုင်းစတိုင် မြူးကြွတဲ့တေးသီးချင်းတွေနဲ့  ပျော်ရွှင်နေကြတဲ့အချိန်။ အချိန်က
 ညသန်းခေါ်ယံ။ နေရာက မင်္ဂလာဒုံလေယျာဉ်ကွင်း။ ဒီအချိန်မှာ သူတို့ က 
ဘာလို့ လေယျာဉ်ကွင်းကိုလာတာလဲလို့ မေးစရာရှိတယ်။
မြန်မာပြည်မိထ္တီလာတွင်ဖြစ်ပွားခဲ့ သော အပျက်အဆီးပုံများ(၂))
နောက်ထပ်ကျန်ရှိပါသေးတယ်ရှေ့ သို့ ဆက်ဖတ်လိုက်ပါအုန်း
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်