သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Monday 31 December 2012
နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ
 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ လူဝင်မှု ကြီးကြပ်ရေးရုံး (ဓာတ်ပုံ – The Epoch Times)
အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ဖမ်းဆီး လိုက်သော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား တချို့  ပါဝင်ကြောင်း သတင်းရရှိသည်။
မြန်မာ၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့မှ နိုင်ငံခြားသား ၂၁ ဦးကို တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း တောင်ကိုရီယား အခြေစိုက် Chosun သတင်းတပုဒ်အရ သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် ၂၀၁၄ မှာ သမ္မတ ဖြစ်မယ်”လို့ စံဇာဏီဘိုဟောကိန်းထုတ်သည်
နက္ခတ္တဗေဒ ဆရာ စံဇာဏီဘို (ဓာတ်ပုံ- ဧရာဝတီ)
 နက္ခတ္တဗေဒ ဆရာ စံဇာဏီဘို (ဓာတ်ပုံ- ဧရာဝတီ)
နှစ်သစ်ကူးဖို့ နီးကပ်လာပါပြီ။ ကူးပြောင်းတော့မယ့် ၂၀၁၃ ခုနှစ်အတွက် ကြိုတင်ဟောကိန်းတွေ သိနိုင်ဖို့ နာမည်ကျော် မြန်မာ နက္ခတ္တဗေဒ ပညာရှင်တဦးဖြစ်သူ ဆရာ စံဇာဏီဘိုကို ဧရာဝတီက တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။ မြန်မာ့ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အရှိန်နှေးကွေးနေမှာ ဖြစ်ကြောင်း လာမည့်နှစ် ဂြိုလ်ခွင်တွေအရ ခန့်မှန်း ဟောကိန်း ထုတ် လိုက်ပါတယ်။ သို့ပေမယ့် ၂၀၁၄ ခုနှစ်ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာခြင်းနဲ့အတူ အဓိက အပြောင်းအလဲ မြင်တွေ့ရဖွယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။
Sunday 30 December 2012
ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင်
 ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင်
နာရေးရှင် ခံစားနေရသော ပူဆွေးသောက ဝေဒနာတို့ကို ဖေးမကူညီရန် မြန်မာနိုင်ငံကိုယ်စားပြု (Miss Interational 2012) နန်းခင်ဇေယျာသည် မြောက်ဒဂုံမြို့နယ်၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက်သို့ နာရေးကိစ္စများအားကူညီရန် ဒုတိယအကြိမ် ရောက်ရှိလာခဲ့သည်။ ရင်ဖုန်းအင်္ကျီအဖြူနှင့် လုံချည်အနက်အား ဝတ်ဆင်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဧည့်အသင်းသူ/
Saturday 29 December 2012
မိမိအမည်ကိုတောင်မပြောနိုင်တဲ့ စိတ်ရောဂါရှင်ပါ။
(12-10-2012)နေ့ ကသတင်းဟောင်းလေးတစ်ခုပါ....ခုတော့ ရရှိမရှိမသိဘူးခင်ဗျာ..
စိတ်ထဲမကောင်းလို ပြန်လည်တင်ပြလိုက်ထာပါ..
မြင်းခြံမြို့၊မြောက်ဈေး၊ လမ်းဘေးမှာ မိုးကာတဲလေးနဲ့ မလုံမခြုံနေရရှာတဲ့ မိမိအမည်ကိုတောင်မပြောနိုင်တဲ့ စိတ်ရောဂါရှင်ပါ။ ကလေးလေးမွေးဖွားပြီးးတာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ 
Friday 28 December 2012
အလှုအတွက်၎င်းမသာအိမ်ဆွမ်းသွတ်အတွက်၎င်းမိသားစုဝါးတီးပေးရန်အတွက်၎င်းမှုန့် ဟင်းခါးချက်နည်း
လွန်ခဲ့ သောတစ်ပါတ်က ကျနော့် ထံ မေးလ်တွေအဆက်မပြတ်ရောက်လာရာ ဖြေသင့် တာဖြေ မဖြေချင်တာလည်း ဒလိလုပ်ယင်းးး
အဲဒီအထဲမှာ ဆက်တိုက်ကြီး ခနခနလာမေးနေတဲ့ အီးမေးလ်တစ်စောင်ဟာ...
ကိုဂေါ်လီ မှုန့် ဟင်းခါးချက်နည်း ရေးတင်ပါတဲ့ .....
တိန်...ဘုန်းကြီးနဲ့ ဘီး -မယ်တီလှချင်နဲ့ မိတ်ကတ်-သတင်းစာတင်တဲ့  ဘလောက်ဂါနဲ့ မြောင်းတူးကုလားဖြစ်နေပြီ....မသိပါဘူးဆိုနေမှ
နောက်ပြီးဘာငါးနဲ့ ချက်လို့  ရသလည်းတဲ့ ....ကျုပ်လည်းစိတ်ပေါက်ပေါက်နဲ့  ဒီလိုပြန်ပြောလိုက်တယ်
ဝေလငါးမကလို့ ၊လူသား၊ခွေးသား၊ကြောင်သား။ငပူဒို။ငါးရှဉ်။မြွေ။ဖား။လိပ့် နဲ့  ပဲချက်ချက်၊နည်းစနစ်မှန်ယင်
အကုန်ဆွဲလို့ ကောင်းတယ်...
ဒီတော့ ကျုပ်ကလည်း ချက်တပ်ဘို့ နေသာသာ ။ထ္မင်းတောင် ခနခနဆိုင်ဝယ်စားနေတဲ့ လူဆိုတော့...
အကုန်ကူးချပြီးရေးတင်လိုက်ပါတယ်
  အောက်မှာဖတ်ပေတော့ ဗျာ....
  ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)
Thursday 27 December 2012
CDMA ဖုန်းတွေကို Internet Setting ချိန်နည်း
Thursday, 27 December 2012
လေယာဉ်ပျံတစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box
Written by ကိုအောင်ချမ်းမြေ့
black-box ဆိုတာ ဘာလဲ?
လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့…
Wednesday 26 December 2012
ဖေ့စ်ဘုတ်ပေါ်မှဟာသကာတွန်းတစ်ခု
နောက်နေ့ မှသတင်းဆက်တင်မယ်နော်...သယ်ရင်းတို့ 
Monday 24 December 2012
အံ့မခန်း ဖြစ်လာသော မြန်မာပြည်
ကမ္ဘာမှာ အိုင်တီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မြန်မာပြည်ကလည်း နောက်ကချန်မနေဘဲ အမီလိုက်နေတာကို တွေ့နေရပါတယ်။
အရင်ကဆို မြန်မာတွေဟာ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ ဘတ်စ်ကားပေါ်နဲ့ ငါးစိမ်းတန်းလို နေရာတွေမှာပဲ အော်ဟစ်ဆဲဆို ရန်ဖြစ်ကြပေမယ့် အခုဆိုရင် အဆင့်မြင့်မြင့် အင်တာနက်ပေါ်ကနေ ဆဲကြ၊ ရန်ဖြစ်ကြတာကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နေရပါပြီ။
လက်ထပ်ပွဲဆင်နွှဲနိုင်ရန် အရပ် ၁၄ လက်မ ပိုရှည်အောင် ခွဲစိတ် ကုသခဲ့သည့် လူပု သတို့သမီး
အမေရိကန်ပြည်ထောင်စု မန်ဆာ ချူးဆက်ပြည်နယ်မှ ခြေထောက်နှင့် လက်သာ မန်ထက် ပိုတိုနေသော အမျိုး သမီး တစ်ဦးသည် အရပ်ပိုမို ရှည်ထွက် လာစေရန် ခွဲစိတ် မှုနှစ်ကြိမ်ပြု လုပ်ခဲ့ပြီး နောက် အရပ် ၁၄ လက်မ ပိုရှည် ထွက် လာကာ သူမ၏ ချစ်သူနှင့် လက်ထပ်ပွဲ ဆင်နွှဲနိုင်ခဲ့ကြောင်း သိရသည်။
သူမသည် ခြေလက် အင်္ဂါများကို ခွဲစိတ်သည့် ပထမဆုံး သူဖြစ်ကြောင်း သူမအား ခွဲစိတ်ပေးသည့် ဆရာ ဝန် များ က ပြောကြား ခဲ့သည်။ သူမသည် အသက် ၈ နှစ်အရွယ်က ခြေထောက်များ ရှည်ထွက် လာစေရန် အတွက် ခြေသလုံး ရိုးအား ချိုးပြီး အရိုးများ ရှည် ထွက်စေရေး အနာခံ ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ ၎င်း၏ အရိုး သည် ပထမအကြိမ် ခွဲစိတ်စဉ် ၁ဝ စင်တီမီတာ ရှည်ထွက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် တွင် ဒုတိယ အကြိမ် ထပ်မံခွဲစိတ်၍ အရိုးများကို ဆန့်ထုတ်ခဲ့ရာ ၂၅ စင်တီမီတာ ရှည်ထွက်လာခဲ့သည်။
နှစ်ကြိမ် ခွဲစိတ်ပြီး အရပ်ရှည်ထွက်စေရန် ဆောင်ရွက်ခဲ့ရာတွင် အပြင်း အထန် နာကျင်မှု၊ အခန့်မသင့်လျှင် မသန် မစွမ်း ဘဝသို့ ရောက်ရှိနိုင် သည်ကိုမမှုဘဲ လုပ်ဆောင်ခဲ့သည်။ ယခုအခါ အသက် ၃၂ နှစ် အရွယ် ရှိပြီဖြစ် သည့် တစ်ဖနီ ဒီဒိုနာ တိုသည် ဆန်းသစ်သော သူမ၏ ခွဲစိတ်ကုသမှု အကြောင်းကို Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။
သူမသည် အရပ်အနည်းငယ် ပိုရှည်ခဲ့ သော်လည်း သူမအတွက် ထိုအရာမှာ မလွယ်ကူကြောင်း၊ အိပ်ရာ ထတိုင်း နာကျင်မှုကို ဆိုးရွားစွာ ခံစားရလေ့ရှိ ကြောင်း တစ်ဖနီက ပြောကြားခဲ့သည်။ သူမ သည် ၎င်း၏ ချစ်သူ မရိန်း တပ် သားနှင့် လက်ထပ်ပြီး သားတစ်ယောက် ရရှိနေပြီဖြစ်သည်။
သူမ၏ ပြင်းပြသော ဆန္ဒဖြင့် အရပ်ရှည်ထွက်အောင် ခွဲစိတ်ကုသမှု ပြုလုပ်ရာတွင် ဖြစ်လာနိုင်သည့် အန္တရာ ယ် များကို သူမ၏ စိတ်ဓာတ်ဖြင့် အခက်အခဲကို ကျော်လွှားနိုင် ခဲ့သည်မှာ အံ့သြ ဖွယ် ရာပင်ဖြစ်သည်။
မြ၀တီ
အလှကြောင့် အလှပျက်ခဲ့သူ....
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiwceSKGY7fIzZU3bBYE5v2itGZNgCO9x4-AE4LrWcZshAp-Dczt4J1w38HFBUZnZe0qRUlsPcxqbwx3vAbGmc2WIiV49wlhohYoS56QlF9WatayRHFAAYya9-Vgv9bUMfuoTIkUh1bnc/s320/16771_258899777572860_1174571562_n.jpg 
Sunday 23 December 2012
၂၀၁၃ ခုနှစ်အတွင်း ကားတင်သွင်းရာတွင် လျှောက်ထားရမည့် ကား CIF ဈေးနှုန်းသစ်များထုတ်ပြန် ယဉ်ကြောဆိုးရွားစွာ ကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် လမ်းတိုးချဲ့မှု အဆင်သင့်မဖြစ်မီ ကာလအတွင်း လမ်းဧရိယာနှင့် ကိုက်ညီသည့် ကားအစီးရေကိုသာ နှစ်စဉ်တင်သွင်းခွင့်ပြုရန် စတင်စီစဉ်
23
 ရန်ကုန်မြို့ရှိ ဦးထောင်ဘိုအ၀ိုင်းတွင် ယာဉ်ကြောကြပ်နေမှုကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကတွေ့ရစဉ်
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ကားတင်သွင်းသူများ လိုင်စင်လျှောက်ထားရာတွင် အသုံးပြုရမည့် မော်တော်ယာဉ် CIF ဈေးနှုန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
Saturday 22 December 2012
ကြွေးမြီနှောင်ဖွဲ့ ခိုင်းစေခံရသူများ၏သံသရာ
Written by ၀င်းနိုင်ထွန်း 
thn-12-12-4
ကမ္ဘာနှင့်အ၀န်း လူသုံးကုန် အများအပြားသည် အလုပ်သမားများအပေါ် ကျွန်ပြုခိုင်းစေခြင်းဖြင့် ထုတ်လုပ်ကြသည့် စက်ရုံအလုပ်ရုံများ၏ ထွက်ကုန်များဖြစ်ကြသည်။ယေဘုယျအားဖြင့် အလုပ်သမားများ၏ အခြေအနေကို စောင့်ကြည့် နိုင်ခြင်းမရှိသည့် အနေအထားဖြစ်သော ကုန်ထုတ်လုပ်မှုအတွက် ဖြည့်ဆည်းပေးရသည့် အနိမ့်ဆုံး အောက်ခြေအဆင့်မျိုးများတွင် အလုပ်သမားများအပေါ် အလွဲသုံးစားပြုမူမှုမျိုးများ ရှိကြသည်။ မဲခေါင်ဒေသနိုင်ငံများတွင် အလုပ်သမားများကို ကျွန်ပြု ထုတ်လုပ်သည့် လူသုံးကုန်လုပ်ငန်းများမှာ လျှပ်စစ်ပစ္စည်းများ၊ ပင်လယ်အစားအစာ ထုပ်ပိုးသည့်လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်း၊ ချောကလက် လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊အထည်ချုပ်လုပ်ငန်းနှင့်
Heavy metals and health သတ္တုလေး (heavy metals) တွေရဲ့ အဆိပ်သင့်မှု
Written by ဒေါက်တာခင်မောင်ညို   
thn-16-12-1 
''ဆရာ ကိုဘသစ်ခင်ဗျား၊ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ် ပြန်သွားတာရှိတယ်။အဲဒါကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အက်ဆစ်ထိမိပြီး ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိတဲ့ ကလေးငယ်လေးဦးကို ရန်ကုန်ကလေးဆေးရုံက စုံစမ်းစစ်ဆေးတယ်လို့ ဆိုတယ်။အဲဒီ ကလေးထဲက သုံးဦးကတော့ သူငယ်နာအကြောနဲ့ ကြွက်သား အားနည်းရောဂါ (Cerebral Palsy) ဖြစ်ပြီး တစ်ဦးကတော့ ဦးနှောက်အကျိတ် (braintumour) ဖြစ်တယ်လို့ဆိုတယ်။ ဒီလို စစ်ဆေးလိုက်တော့
စိန်ခေါ်မှုများ၊ အလားအလာများနှင့် တရုတ်နိုင်ငံ၏ မြန်မာ့မူဝါဒ
Written by ဒေါက်တာ ရန်မျိုးသိမ်း
ha-17-12-3
 ကျောက်ဖြူမြို့နယ် မဒေးကျွန်းရေနက်ဆိပ်ကမ်း ဆိပ်ကမ်းသစ် တိုးချဲ့ရန် ပိုင်တိုင်များကို
 နိုဝင်ဘာလအတွင်းက တွေ့ရစဉ်
မြန်မာ့အပြောင်းအလဲများ လမ်းကြောင်းမှန်ရေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းတွင် သေနတ်သံများ ဆိတ်သုဉ်းရေး၊ ယုံကြည်ချက် အကျဉ်းသားတစ်ဦးမျ မရှိရေးတို့သည် အရေးကြီးသည့်အလျောက် အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန်လည်း အလွန်အရေးကြီးသည်။ နှစ်နိုင်ငံဆက်ဆံရေး၏ လတ်တလော စိန်ခေါ်မှုများကို နှစ်နိုင်ငံစလုံးက နည်းလမ်းတကျ ချဉ်းကပ် အဖြေရှာပြီး ရေရှည်အမြင်အပေါ် အခြေခံသည့် သူနိုင်ကိုယ်နိုင် မူဝါဒတစ်ရပ်ကို ချမှတ်နိုင်ရန် အထူးလိုအပ်လျက်ရှိသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အခြေခံအားဖြင့် မဟာဗျူဟာ အကျိုးစီးပွားသုံးရပ်ပေါ် အခြေခံလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံနေသည်။ အဆိုပါ မဟာဗျူဟာ အကျိုးစီးပွားသုံးရပ်မှာ စွမ်းအင်ဝယ်ယူရေးနှင့် စွမ်းအင်လုံခြုံရေး၊ အိန္ဒိယသမုဒ္ဒရာသို့ လမ်းပွင့်ရေးနှင့် နယ်ခြားဒေသလုံခြုံရေးနှင့် နယ်စပ်ကုန်သွယ်ရေးတို့ ဖြစ်သည်။
တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း
တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း
ပြိုးပြိုးပြက်ပြက် ရောင်စုံခြယ် မီးရောင်အောက် တွင် ဆယ်ကျော်သက် လူငယ်များ ပျော်ရွှင် ယစ်မူးစွာ ကခုန်နေကြသည်။ မြူးကြွကြွရက်ပ် သီချင်း အင်္ဂလိပ် စာသားကို ကခုန်ရင်း ပြိုင်တူဟစ် လိုက် သေးသည်။ စကပ်တိုတို၊ အင်္ကျီကျပ်ကျပ် ဆယ်ကျော်သက် မိန်းကလေးများမှာလည်း သီချင်း သံနှင့် အပြိုင် စည်းဝါးညီညီကနေကြသည်။
Wednesday 19 December 2012
2012မှာမြန်မာပြည်မှဖြစ်ရပ်အထူးဆန်း(၁ဝ)ခုတဲ့ ဗျာ
အဲဒီ (၁၀) ချက်က မြန်မာ နိုင်ငံမှာပဲ ရှိတာ ...
ဘာတွေလည်းဆိုတော့ ............???????????????????????????????????
Tuesday 18 December 2012
မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား?
မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်နိုင်ဖို့
တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း
မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...
၁) မနှိုင်းနဲ့
"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။
၂) လျှစ်လျှူမရှူနဲ့
မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက် လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်း အားငယ်တဲ့အခါ လက်ကို တင်းတင်း ဆုပ်ကိုင်ပြီး အကြင်နာ ငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက် နှုတ်ဆက်မယ်။ အဲဒီလို ကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေ အတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေ နိုင်ပါတယ်။
၃) မျက်နှာထား မပြနဲ့
မိန်းကလေး တစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျား လောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ် စိတ်ချလက်ချ အလုပ်လုပ် နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကား တစ်ချပ်လိုပါပဲ လူကို ကြည်နူး စေပါတယ်။
၎) ပြိုင်ကြတယ်
ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေ လောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်း ရှေ့မှာလည်း ကိုယ်ဟာ မိန်းမကို ဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။
၅) ကြည့်တတ်တယ်
မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တို နိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့ မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့ အကြည့်က လှတဲ့ ပစ္စည်းတစ်ခု၊ ပန်းချီကား တစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ
မပါပါဘူး။
၆) မရိုက်နဲ့
မိန်းကလေး တစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်း ကျတာ မရှိဘူး။ သူ့ကို တကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။
၇) နူးညံ့ပါ
မိန်းကလေး တစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင် ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်း လုံခြုံတယ်လို့ ထင်တတ် ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျား တစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက် ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျား တစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏုမြူပဲ ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ် ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေး တစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက် ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက် တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသား ဖြစ်နေလို့ပါပဲ။
၈) မိသားစုဟာ ပထမ
ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့ အတွက်၊ မိသားစု စားဝတ်နေရေး အတွက်ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏ ပေးပါ။
၉) ယောက္ခမ ဆိုတာလည်း မိဘပဲ
မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါ ကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမ တွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထား ကြပါလိမ့်မယ်။
လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့ တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေး တစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ ပျော်ရွှင် အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်း လာနိုင်တဲ့အတွက် ကြည့်မှန် တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ် ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ် ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစား ပါလိမ့်မယ်။
၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း
လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ် ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန် ပိုင်းခြား တတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှု ခံစားပေးပါ။ မိန်းကလေးဖက် ကနေ ဝင်ရောက်ခံစား တတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံး ဖြစ်တဲ့အတွက် သူ့ကို နားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။
@[452793661418174:274:Royal Hero Media] 
မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...
ကြံကြံဖန်ဖန်အဖေနဲ့ သမီးပြန်ယူပြီး ကိုယ်ဝန်ဆောင်
လွတ်လပ်သော လူ့အခွင့်အရေးပြည့်
ဝစွာရရှိတယ်ဆိုသော အတိုက်အခံ
တို့ အများအားကျ အတုယူ ပြောနေကြ
 သည့် အနောက်နိုင်ငံတွင် အဖေနဲ့သမီး
 ပြန်ယူ၍ လူ့အခွင့်အရေးကို အပြည့်အ၀ အသုံးချ နေကြသည်။
 အဖေကြောင့် ရသော ကိုယ်ဝန်ကို လူသိရှင်ကြား ကြေညာ၍ လူ့အခွင့်အရေးဆိုတာ ဘာလဲကို ပြနေကြသည်။ ထိုကဲ့သို့ အရှက်မရှိ သတင်းကိုလည်း မီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြ၍ မီဒီယာလွတ်လပ်ခွင့်ဆိုတာ ဘယ်လိုပါဟု ဖော်ပြနေကြသည်။
Monday 17 December 2012
တောင်ငူမြို့မှဆရာတော်တစ်ပါး ရဟန္တာဖြစ်နေဟုသိရ
Popa Taungkalat Temple, Myanmar
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင် ကျေးရွာအုပ်စု၊ ကြိမ်တောမြောင် ကျေးရွာရှိ သိမ်ကျောင်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တ အာဒိစ္စ၀ံသ၊ သက်တော် (၉၅) နှစ်၊ ၀ါတော် ၇၅ ၀ါသည် ပျံလွန်တော်မူသွားသည်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက် ရှိလာသော်လည်း ရုပ်ကလာပ်မှာ ပုပ်ပွပျက်စီးခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွား သကဲ့သို့ ရုပ်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ဆရာတော်ဘုရာကြီးသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၁ ရက် သီတင်းကျွတ် လပြည့်ကျော် ၁ ရက် နေ့ညနေ ၆ နာရီ ၅၀ မိနစ်တွင် တောင်ငူမြို့
ကေတုအထူးကုဆေးခန်းတွင် ပျံလွန်တော်မူသွားခဲ့ပြီး ရုပ်ကလာပ်အား သီတင်းသုံးတော်မူရာ သိမ်ကျောင်းတိုက်တွင် ထားရှိပါ သည်။
Saturday 15 December 2012
အာရာဖတ် ရုပ်အလောင်းကို ပြန်လည်တူးဖော်စစ်ဆေး
Photo: အာရာဖတ် ရုပ်အလောင်းကို ပြန်လည်တူးဖော်စစ်ဆေး 
==================================
ရာမာလာ - ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်၏ ရုပ်အလောင်းကို နိုဝင်ဘာလ
၂၇ ရက်နေ့က ပြန်လည် ဖော်ယူခဲ့ပြီး အဆိပ်မိခဲ့ခြင်းရှိ မရှိ စမ်းသပ်ရန် ကျွမ်းကျင်သူများက နမူနာ များစတင်ရယူနေပြီဟု ပါလက်စတိုင်း သတင်းရင်းမြစ်များက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
အမည်မဖော်လိုသည့် သတင်းရင်း မြစ်များက ပြောကြားရာတွင် ဒေသ စံတော်ချိန် နံနက် ၅
နာရီကစတင်ပြီး ပြင်သစ်၊ ဆွစ်ဇာလန်နှင့် ရုရှား ကျွမ်းကျင် သူများရှေ့မှောက်၌ ရုပ်အလောင်း
မှနမူနာ များကို ရယူခဲ့ကြောင်း သိရှိရသည်။
နမူနာရယူသည့်ကိစ္စကို ဆောင်ရွက် နေဆဲဟုတ်မဟုတ်ဆိုသည်ကို တရားဝင် အတည်ပြုထား
ခြင်းမရှိဘဲ ရုပ်အလောင်း ပြန်ဖော်သည့် မြင်ကွင်းကိုလည်း အများ ပြည်သူများကို ကြည့်ရှုခွင့်
မပေးခဲ့ပေ။
အာရာဖတ်နေထိုင်ခဲ့ရာ မူကာတာ ခြံဝင်းအတွင်း၌ရှိသော အာရာဖတ် အုတ်ဂူရှိရာ ဗိမာန်ကို
ရက်သတ္တပတ် များကြာအောင် အပြာရောင်တာပေါ် လင်စများနှင့်ပိတ်ကာထားပြီး သတင်း
မီဒီယာသမားများကိုလည်း အနားသို့ လာရောက်ခွင့်မပြုပေ။
၂၀၀၄ ခုနှစ်က ပြင်သစ်ဆေးရုံ၌ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ပြီး ရှစ်နှစ်အကြာတွင်
အာရာဖတ်မှာ အဆိပ်မိ၍ သေဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှု အသစ်တစ်ရပ်အနေ
ဖြင့် ပိုလိုနီယမ် (Polonium) ရေဒီယို သတ္တိကြွပစ္စည်းတစ်မျိုးကို ရှာဖွေရန် အာရာဖတ်၏
ရုပ်အလောင်းမှ နမူနာ ရယူခြင်းဖြစ်သည်။
အာရာဖတ်၏ဇနီး ဆူဟာက အာရာဖတ်၏ အသုံး အဆောင်ပစ္စည်းများကို ဆွစ်ဇာလန်
ဓာတ်ခွဲခန်းတစ်ခုသို့ပို့ပြီး စစ်ဆေးခိုင်း သည်ကို အယ်လ်ဂျာဇီး ယားသတင်းဌာန က
ထုတ်လွှင့်ခဲ့ပြီးနောက် ထိုသို့ စုံစမ်း စစ်ဆေးမှု ပေါ်ပေါက်လာခဲ့သည်။
အဆိပ်ဖြစ်စေသော ရေဒီယိုသတ္တိကြွ ပစ္စည်းတစ်မျိုးဖြစ်သည့် ပိုလိုနီယမ်ကို အာရာဖတ်၏
အသုံးအဆောင်များတွင် တွေ့ရှိသည်ဟု ဆွစ်ဇာလန်ဓာတ်ခွဲခန်းက ပြောကြားခဲ့ပြီးနောက်
ထပ်မံပြီး စစ်ဆေး ရန်အတွက် အာရဖတ်၏ ရုပ်လောင်းကို ပြန်လည်တူးဖော်ခဲ့ခြင်းဖြစ်
သည်။
စုံစမ်းစစ်ဆေးမှုကို တာဝန်ယူဆောင် ရွက်နေသည့် ပြင်သစ် တရားသူကြီးများ က ရုပ်
အလောင်းတူးဖော်မှုကို ကြည့်ရှုရန် နိုဝင်ဘာလ ၂၅ ရက်က ရာမာလာမြို့သို့ ရောက်ရှိခဲ့ကြ
သည်။
(အေအက်ဖ်ပီ)
from -မြန်မာ့တိုင်းမ်
ရာမာလာ - ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်၏ ရုပ်အလောင်းကို နိုဝင်ဘာလ
၂၇ ရက်နေ့က ပြန်လည် ဖော်ယူခဲ့ပြီး အဆိပ်မိခဲ့ခြင်းရှိ မရှိ စမ်းသပ်ရန် ကျွမ်းကျင်သူများက န
မူနာ များစတင်ရယူနေပြီဟု ပါလက်စတိုင်း သတင်းရင်းမြစ်များက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
ယောင်္ကျားလျာနဲ့ မိန်းမလျာ လင်မယား ဘယ်လို စခန်းသွားလဲ
လောကကြီးမှာ အထူးအဆန်းတွေတော်တော် များလာတယ် ပြောရမလားပါဘဲ။ ဘန်ကောက်ပို့စ်မှာ ဖော်ပြ ထားတဲ့ သတင်းဗီဒီယို မှတ်တမ်း တခုကိုကြည့်လိုက်တော့ အံ့သြခဲ့ရပေမယ့် ဘ၀ဟာ တခါ တရံ ပြောင်း
ပြန်တွေက အတည့်ဖြစ်တာလည်း ရှိတယ်လို့ ယူဆမိလိုက်ပါတယ်။
Friday 14 December 2012
မြန်မာပြည်မှ ကမ္ဘာ့အရှားပါးဆုံးကျောက်
ပုံမှာမြင်တွေ့နေရတဲ့ ကျောက်ဟာ Painite လို့အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက်ရတနာ ၁၀မျိုး စာရင်းထဲမှာ အဆင့် ၅ ဝင်တဲ့ ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှ လူသေပြုစုပွဲ
အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ (Ma' Nene festival) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။
ခင်းဗျားတို့ ကျွန်တော်တို့ လူဆိုတာဒါပဲ မှတ်ထားကြပါ
ဆရာဝန် ဖြစ်ချင်သူများ နှင့် တရားကိုလက်ဆိုင်ဆုပ်ထားသူများဖတ်ကြပါ
ဆက်ဖတ်ရန်..
ကလေးနှစ်ဦးသေဆုံးပြီး၊ လူကြီး(၁၃)ဦး ဆေးရုံတင်လိုက်ရတဲ့ ဖရဲသီးနှင့်လျှက်ဆား
“ အပင်စိုက်ပျိုးစဉ်ကာလတုန်းက အလွန်အကျွံသုံးစွဲထားတဲ့ ဓာတုဆေးဝါးတွေကြောင့် ဘေးထွက်ဆိုးကြိုး တစ်ရပ်အဖြစ် ရရှိတဲ့ရောဂါတွေဖြစ်ပါတယ်။ ဖရဲသီးနဲ့ လျှက်ဆားတွဲဘက်၍ စားသင့်မစားသင့်ဆိုတာကိုတော့ စီစစ်ဆဲဖြစ်ပါတယ်”ဟု မုံရွာမြို့ပေါ်ရှိ ကျန်းမာရေးကွန်ယက်မှ ဆရာဝန်တစ်ဦးက ခန့်မှန်းပြောဆိုသည်။
စိတ်ဝင်စားစရာကောင်းလို့ ဗဟုသုအနေနဲ့တင်လိုက်တာပါ...
သူလမ်းရောင်နေစဉ် ရုတ်တရက်ဘဲ မျက်စိမှာ ကျိန်းစပ်သလိုခံစားလိုက်ရတယ်....
Thursday 13 December 2012
တရုတ် နိုင်ငံ မှ ကျောထောက် နောက်ခံ ပြုထား သည့် ၀ ပြည်လွတ်လပ် ရေး တပ် မတော် ၊
Photo: FNG EXCLUSIVE 
တရုတ် နိုင်ငံ မှ ကျောထောက် နောက်ခံ ပြုထား သည့် ၀ ပြည်လွတ်လပ်
ရေး တပ် မတော် ၊ ၀ ပြည် ခေါင်း ဆောင် များ ၏ ဆွေ မျိုးသားချင်း များ
ကို မြန်မာ အစိုးရ ၏ လူဝင် မှုကြီး ကြ ပ် ရေး ဌာန က သိန်းပေါင်း ထောင်
ချီ လာဘ်သပ် ပကာ ရယူက နိုင်ငံ သံ သက်သေခံ ကဒ် ပြား ထုတ် ပေးခဲ့ 
သည်။ ဘိန်းစိုက် ပျိုး မှု ကြောင့် အမေရိကန် အစိုး ရ နှင့် ဥရောပ သမဂ္ဂ
က ပိတ် ဆို့ ထား သည့် UWSA ၏ ဆွေ မျိုးသားချင်း များ နှင့် မိသားစု
များ သည် ၀ နယ်မြေ တွင်း (တောင် နှင့် မြောက်) ဒေသ များ တွင် နေ ထိုင်
သူ ဆို လျှင် အမေရိကန် နှင့် အခြား နိုင်ငံ အချို့  ၏ ဗီဇာ မရရှိ ခြင်း ကြောင့်
မန္တလေး ၊ ရန်ကုန် စသည့် နေရာများ တွင် အိမ်ခြံ မြေ များ ၀ယ်ယူ ပြီး
အဆို ပါ လိပ် စာများ နှင့် မှတ် ပုံ တင် ပြု လုပ်ကြ ခြင်း ဖြစ်သည်။ 
အမေရိကန် နိုင်ငံ ရောက် ၀ တိုင်းရင်းသူ တစ်ဦး က မိုင်းယန်း မှာ နေတဲ့
လိပ်စာ ကို ဖျောက် ပြီး လုပ်ရ တယ်လေ ၊ ရန်ကုန် က လ၀က ရုံး ကို ဦးစီး
မှုး နဲ့  လုပ်ပေး တဲ့ ၀န်ထမ်း နှစ် ဦး ကို သိန်း ၁၀၀ စီပေး ရတယ် ဟု 
FNG ကို ပြောသည်။ ပုံ တွင် ၀ ပြည်လွတ်မြောက်ရေး တပ်မတော် မှဝယ်
ယူထား သည့် တရုတ် နိုင်ငံ လုပ် စစ်ကား များ ကို တွေ့ ရ စဉ်
FNG EXCLUSIVE
တရုတ် နိုင်ငံ မှ ကျောထောက် နောက်ခံ ပြုထား သည့် ၀ ပြည်လွတ်လပ်
ရေး တပ် မတော် ၊ ၀ ပြည် ခေါင်း ဆောင် များ ၏ ဆွေ မျိုးသားချင်း များ
ကို မြန်မာ အစိုးရ ၏ လူဝင် မှုကြီး ကြ ပ် ရေး ဌာန က သိန်းပေါင်း ထောင်
ချီ လာဘ်သပ် ပကာ ရယူက နိုင်ငံ သ
ံ သက်သေခံ ကဒ် ပြား ထုတ် ပေးခဲ့
သည်။ 
Gangnam Style အကကို အပြင်းအထန် ကခုန်ရင်း ဗြိတိန်သားတစ်ဦး သေဆုံး
Photo: Gangnam Style အကကို အပြင်းအထန် ကခုန်ရင်း ဗြိတိန်သားတစ်ဦး သေဆုံး
Posted on Dec 13 12 - 03:51 AM
နာမည်ကျော် Gangnam Styleအကကို ခရစ္စမတ် ပါတီတွင် အပြင်းအထန် ကခုန်ရင်း ဗြိတိန်၌ လူတစ်ဦး နှလုံးရောဂါဖောက်ကာ သေဆုံးသွားကြောင်း သိရှိရသည်။ တောင်ကိုရီးယား Rapဂီတ ကြယ်ပွင့် PSY၏ ကမ္ဘာကျော် သီချင်းမှ အကအတိုင်း လိုက်ကရင်း ကလေး(၃)ဦး၏ ဖခင်ဖြစ်သူ အာမွန်း ကီလ်ဘရိုက် သေဆုံးသွားခြင်း ဖြစ်သည်။ လန်ကက်ရှိုင်းယားရှိ ဘလက်ဘန်း အရပ်တွင် နေထိုင်သော ကီလ်ဘရိုက်သည် အသက်(၄၆)နှစ် ရှိနေပြီဖြစ်ပြီး ယခင်ကတည်းက နှလုံးရောဂါ အခံရှိနှင့်သူဟု ဆိုသည်။ ၎င်းသည် Gangnam Style ကဟန်အတိုင်း မြင်းစီးနေပုံ ခုန်ပေါက် ကခုန်နေရင်း ရုတ်တရက် နှလုံးဖောက်ပြန်မှုနှင့် ကြုံသွားခြင်းဟု The Sun သတင်းစာက ဖော်ပြခဲ့သည်။
ITမန်နေဂျာ တစ်ဦးဖြစ်သော ကီလ်ဘရိုက်သည် ဇနီးဖြစ်သူ ဂျူလီယာနှင့်အတူ ခရစ္စမတ် ပါတီပွဲ တစ်ခုအား ဒါဝမ်ရှိ ဝှိုဟောလ်ကလပ်တွင် ကျင်းပနေသည်။ ယင်းကြေကွဲစရာ အဖြစ်မျိုး ပေါ်ပေါက်ခဲ့သည့် စနေနေ့သည် ဂျူလီယာ၏ မွေးနေ့လည်း ဖြစ်သည်။ ကီလ်ဘရိုက် အနေဖြင့် ရင်ဘတ် နာကျင်လာကြောင်း ပြောဆိုပြီးနောက် လဲကျသွားရာ ဂျူလီယာက ရှေးဦးသူနာပြုနည်းနှင့် ပြုစုခဲ့သေးသည်။ (၅)မိနစ်အတွင်း ကယ်ဆယ်ရေး ဝန်ထမ်းများ ရောက်ရှိလာကာ တော်ဝင်ဘလက်ဘန်း ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ကီလ်ဘရိုက်၏ အသက်ကို မမီတော့ချေ။
(၂၃)နှစ်ကြာ ပေါင်းသင်းခဲ့သည့် ခင်ပွန်းနှင့် ပတ်သက်ပြီး ဂျူလီယာက "သူဟာ ခင်ပွန်းကောင်း တစ်ယောက် ဖြစ်တဲ့အပြင် ဘဝမှာ အကောင်းဆုံး မိတ်ဆွေ တစ်ယောက်ပါ။ ကျွန်မတို့နှစ်ယောက်ဟာ ခက်ခဲတဲ့ အချိန်တွေမှာတောင် ကောင်းမွန်တဲ့ မိသားစု ဘဝကို တည်ထောင်နိုင်ခဲ့တယ်။ သူက ကရတာကို သဘောကျတယ်။ ခရစ္စမတ် ပါတီမှာ Gangnam Styleအကကို သူကပြနေတဲ့ထိ ကျွန်မတို့ နှစ်ယောက်ရဲ့ အချိန်တွေဟာ ပျော်ဖို့ ကောင်းခဲ့ပါတယ်။ သူက စင်ပေါ်မှာ တက်ကရင်း လူတိုင်းကို ဖျော်ဖြေနေတာပါ။ ပြီးတော့ ရင်ဘတ်နာတယ်ဆိုပြီး လဲသွားပါတယ်"ဟု ကြေကြေကွဲကွဲ ပြောကြားခဲ့သည်။
သူမက "ဆေးရုံကား ရောက်လာတဲ့ထိ သူအသက်ရှင်ဖို့ ကျွန်မ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့ ဆေးရုံရောက်တော့ သူထွက်သွားပြီဆိုတာ သိခဲ့ရပါတယ်။ ကျွန်မရဲ့ အမျိုးသားက ဉာဏ်ရည် ထက်မြက်ပြီး ကလေးတွေကို ချစ်တတ်သူပါ။ သူတို့ကို ပညာတတ်လေးတွေ ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့တယ်။ သူကွယ်လွန်တဲ့ထိ ကျွန်မတို့ရဲ့ ကမ္ဘာလေးကို တွေးနေမယ်ဆိုတာ ကျွန်မ သေချာသိနေတယ်"ဟုလည်း ဆိုသည်။ ကီလ်ဘရိုက်တွင် အသက်(၂၂)နှစ်၊ (၂၁)နှစ်နှင့် အသက်(၁၈)နှစ်ရှိ ကလေး(၃)ဦး ကျန်ခဲ့ပြီး အားလုံး တက္ကသိုလ် တက်နေကြောင်း သိရှိရသည်။
Source: TheSun
အေးချမ်းမွန်မှ  Planet Myanmar Network  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Planet Myanmar Network အကြိုက်လွန်သွားပြီ... Disco ခေတ်ဦးလို ဖြစ်နေပြီပေါ့ ဒစ်စကိုကလည်း ကလို့အလွန်ကောင်းကို ဒီGangnam Styleက ကလို့ကောင်းတာကို အဲ့တော့ ဖြစ်ရပြီးပေါ့ .......Gangnam Style အကကို အပြင်းအထန် ကခုန်ရင်း ဗြိတိန်သားတစ်ဦး သေဆုံး
တရုတ်အပေါ် ပြည်သူတွေ ဘာ့ကြောင့် အမြင်မကြည်ရတာလဲ ?
မြင်သာ  ~
တရုတ်နဲ့ မြန်မာဆက်ဆံရေး သမိုင်းအကျဉ်းကို ပြန်ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံဟာ လူဦးရေ သန်း ၁ ထောင် ကျော် ရှိတဲ့အတွက်ကြောင့် ၁၉၅၀ လောက်မှာ တရုတ်နိုင်ငံမှာ စားစရာမရှိလောက်အောင် အငတ်ဘေးကြီး ၂ ခါကြုံခဲ့ရစဉ်ကာလက တရုတ်ပြည်မက တရုတ်နွယ်ဖွားများ နဲ့ မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူနန်တရုတ်တွေဟာ မြန်မာပြည်ထဲကိုအစုလိုက်အပြုံလိုက် ၀င်ရောက် နေထိုင် ခဲ့ကြရာ မှ မြန်မာပြည်တရုတ်နွယ်ဖွားတွေ တိုးပွားလာခဲ့ရပါတယ်။ 
Wednesday 12 December 2012
တစ်ကိုယ်ရေ ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင်း (Nike+ FuelBand)
ယခုနှစ် ဧပြီလက စတင်လို့ ကမ္ဘာတစ်လွှားကို ဖြန့်ချိခဲ့တဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ထိန်း ပစ္စည်း -သရေကွင်း- Nike+ FuelBand ဖြစ်ပါ တယ်။ မြန်မာပြည် မှာ ခေတ်မစားပေမယ့် ကမ္ဘာတစ်လွှားမှာတော့ အရောင်းသွက်တဲ့ ပစ္စည်း ဖြစ်ပါတယ်။
ဟင်းလျှာအဖြစ်ချက်စား ဆေးဖက်ဝင်သလားမမေးနဲ့  ရုံးပတီသီး
 ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း
ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။
ဂဏန်းနီကျွန်း
အမည်ကတော့ ခရစ်စမတ်ကျွန်းဖြစ်ပါတယ်။ သို့ပေမယ့် လူအရေအတွက် ထက် ဂဏန်းအရေအတွက် ပိုများနေတဲ့အတွက် ဂဏန်းနီ ကျွန်း (red crab island) လို့တောင် တင်စား ခေါ်ဝေါ်ပါတယ်။
ကွမ်းခြံတစ်ခုအတွင်းရှိ ကိုယ်ဝန် ၇ လ ဆောင်ထားသူ အသက် ၂၄ နှုစ်အရွယ် အမျိုးသမီးတစ်ဦးအလောင်း တွေ့ ရှိ
မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာရှိ အမည်မသိကွမ်းခြံတစ်ခုအတွင်းရှိ ရေတွင်းပျက်ထဲ၌(၄-၁၂-၂၀၁၂)တွင် လူသေအလောင်းတစ်လောင်းအားတွေ့ ရှိကြောင်း သတင်းအရ သထုံမြို့နယ်
တွဲဘက်တရားသူကြီး ဒေါ်ခင်နွယ်၊သထုံဆေးရုံမှာ ဒေါက်တာ ပြည့်ဖြိုးမောင်၊ သထုံရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ သထုံရဲစခန်းမှူး ရဲအုပ်ညွှန့်ဝင်းနှင့်အဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာအမျိုးသမီးဖြစ်ပြီး ၄င်းနှင့်အတူ မွေးကင်းစ ကလေးငယ် အလောင်းပါတွေ့ရှိသဖြင့်
မြောက်ကိုရီးယား ဒုံကျည်လွှတ်တင်မှု နိုင်ငံတကာကို အံသြစေေ လာက်အောင် အောင်မြင်ခဲ့
A soldier stands guard in front of the Unha-3 (Milky Way 3) rocket (Photo:REUTERS/Bobby Yip)
၁၂-၁၂-၂၀၁၂ နေ့တွင် မြောက်ကိုရီးယားက နှောင့်နှေးမည်ဟု ယူဆခဲ့ကြသော တာဝေးပစ်ရော့ကတ်ကို လွှတ်တင်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အံ့အားသင့်စေခဲ့သည်။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်ကျော်ပြီး ပစ်လွှတ်ခဲ့သော ရော့ကတ် လွှတ်တင်မှု အောင်မြင်ခဲ့ပြီး ဂြိုဟ်တုတစ်လုံးကို အာကာသအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား ဘက်က ကြေညာခဲ့သည်။ တာဝေးပစ်ရော့ကတ်လွှတ်တင်မှုသည် တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ စမ်းသပ်မှုကို တဖက်လှည့်ဖြင့် ပြုလုပ်ခြင်းဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းက ယူဆထားပြီး ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ တောင်ကိုရီးယား အစိုးရမှ အရေးပေါ်အစည်းအဝေး ကျင်းပလျက်ရှိကြောင်း သိရသည်။
Tuesday 11 December 2012
ကျမ္မာရေးဆေးဖက်ဝင်တန်ဘိုးသက်သာဟင်းလျှာဂေါ်ရခါးသီးပါ
ဂေါ်ရခါး သီးနှင့် ကျန်းမာရေး
ဂေါ်ရခါးသီး ကိုမြန်မာနိုင်ငံမှာ ဈေးသက်သက် သာသာနဲ့ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ပါတယ်။ ရှမ်းပြည်မှာ ဆိုရင် ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်။ ရှမ်းပြည်မှာတော့ (sugar ) ဆူကာသီးလို့ ခေါ်ပါတယ်။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်။ စားချင်တဲ့ အချိန်မှ သွားခူးစားကြမျိုးပါ။
Monday 10 December 2012
ရှာလကာရည်ဖြင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးသည့် နည်းလမ်းသစ် ရှာဖွေတွေ့ရှိ
အိန္ဒိယနိုင်ငံရှိ ဆရာဝန်များက ရှာလကာရည်ကို အသုံးပြုထားသော သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားမှု အခြေအနေ ရှိ မရှိ စမ်းသပ်ရန် နည်းလမ်းသစ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ပုံမှန်အားဖြင့် သားအိမ်ခေါင်း ကင်ဆာကို ဖြစ်ပွားစေနိုင်သည့် ပုံမှန်မဟုတ်သော ဆဲလ်များကို သားအိမ်အတွင်းမှ ခြစ်ယူ၍ စမ်းသပ်ရခြင်းဖြစ်ရာ ထိုစစ်ဆေး စမ်းသပ်မှုမှာ ငွေကုန်ကြေးကျမ
ျားပြားပြီး အထူးပြုလုပ်ထားသော ကိရိယာများလည်း လိုအပ်သည်။ ထို့ကြောင့် အိန္ဒိယ ဆရာဝန်များ၏ ယခုတွေ့ရှိသော ရှာလကာရည် အသုံးပြု နည်းလမ်းသစ်မှာ အထောက်အကူ ပြုလာနိုင်ဖွယ် ရှိသည်။
ရှားပါးသောမြန်မာ့ ယာဉ်ကျေးမှု့ များ(၁)
 ဗမာ့ မင်သေ့ (ခ) ဆေးမင်ကြောင်
ရှေ့ သို့ ဆက်လက်ဖတ်ရန်ပါအုန်း
ရန်ကုန်မြို့မြေပုံ ၁၉၁၂ ခုနှစ်
ပုံကြီးကြည့် ရန်အတွက်ပုံကိုမောက်ဖြင့်  ကလစ်လိုက်ပြီး ကီးဘုတ်မှ ctrlကိုဖိ၍ + သို့ _သင်္ကေတကို
နိပ်ပြီး မိမိအဆင်ပြေသလိုကြည့် နိုင်သည် သဘောကတော့ Zoon ပေါ့..
Sunday 9 December 2012
ကမ္ဘာပေါ်မှာထူးဆန်းတဲ့တွင်းကြီး ၁၀ ခု
ကမ္ဘာပေါ်မှာထူးဆန်းတဲ့တွင်းကြီးတွေရှိပါတယ်..။လူတွေပြုလုပ်
လို့ဖြစ်ပေါ်လာရတာရှိသလို သဘာဝအလျောက်ဖြစ်ပေါ်တာလဲ
ရှိပါတယ်။အထူးဆန်းဆုံးတွင်းကြီးဆယ်တွင်းကို ကမ္ဘာအံ့ဖွယ်များ
မှတ်တမ်းပြုစုရေးအသင်းကနေ မှတ်တမ်းတင်ထားတာရှိပါတယ်။
800Px-Chuquicamata Copper Mine Chile-1 ၁၀။ချုကွီကာမာတာ-ချီလီနိုင်ငံ
---------------------------------
ချီလီနိုင်ငံက ကြေးနီတွင်းပါ။အမိုးပွင်းကန်တော့ပုံတွင်းကြီးဖြစ်တယ်။
အနက်က ၈၅၀မီတာမျှနက်ပါတယ်..။
ယောက်ျားများကြောက်သော မိန်းမ
ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီး ၀င်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။
ဘယ်လို မိန်းကလေးမျိုးကို ယောက်ျားများ ကြောက်ကြပါသလဲ။ မိန်းကလေး  တိုင်း (၁၀)မျိုးထဲတွင် တစ်မျိုးမက နှစ်မျိုးပါဝင်နေမည်မှာ ဧကန်မလွဲပင်။ သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသလား။
Saturday 8 December 2012
ဆင်ခံ ၊မြင်းခံဘုရား ပြဿနာ
ဘာသာရေးနှင့်ပတ်သက်သော အပြုအမူဆောင်ရွက်ချက်များကို ထေရဝါဒဗုဒ္ဓအလိုကျ ဟုတ်/မဟုတ် တိုက်ဆိုင်ကြည့်သော မှတ်ကျောက်တစ်ခုရှိ၏ ။ ထိုမှတ်ကျောက်ကား-
Friday 7 December 2012
အမေရိကန်ရှိ ဦးသန့်ကျွန်း (U Thant Island)
Photo: အမေရိကန်ရှိ ဦးသန့်ကျွန်း (U Thant Island)
ပုံမှာ မြင်တွေ့နေရတဲ့ ကျွန်းကို ဦးသန့်ကျွန်းလို့ အမည်ပေးထားကြပါတယ်။ နယူးယောက်စီတီး Manhattan မှာ ရှိတဲ့ ကျွန်းဖြစ်ပါတယ်။
ကုလသမဂ္ဂရုံးချုပ်အနီးမှာ တည်ရှိပြီး အတိအကျပြောရမယ်ဆိုရင် UN Headquarter နဲ့ Gantry Plaza State ပန်းခြံ တို့ရဲ့ ကြားမှာ ရှိတဲ့ East River က ကျွန်းငယ်လေး ဖြစ်ပါတယ်။ အမှန်တော့ ယင်းကျွန်းဟာ သဘာဝကျွန်းမဟုတ်ပဲ လူလုပ်ကျွန်းဖြစ်ပါတယ်။ ၁၉၈၀
နောင်းပိုင်းက ဂျာမနီလူမျိုး အမေရိကန်ရောက် စီးပွားရေး လုပ်ငန်းရှင်က ဝီလီယျံ စတိန်းဝေးမှ ပြုလုပ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အမှန်တော့ မြစ်တစ်ဖက်ကမ်းနဲ့ တစ်ဖက်ကမ်း ရေအောက်ဖြတ် ရထားလိုဏ်ဂူဆောက်ဖို့ ဖြစ်ပါတယ်။
ယင်းအစီအစဉ်ကြောင့် ကျွန်းငယ်လေးကိုပါလုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ယင်းကျွန်းဆီကို ရေပေါ်ကော လိုဏ်ဂူကပါ အရောက်သွားနိုင်အောင် ပြုလုပ်ထားပါတယ်။
ယင်းကုန်းမြေလေးကို ၁၉၇၇ ခုနှစ်ရောက်မှ ကျွန်းတစ်ခုအဖြစ် ကုလသမဂ္ဂဝန်ထမ်းများရဲ့အားထားလေးစားတဲ့ ဒဿန ပညာရှင်၊ ဂုရု Sir Chinmoy က ဦးဆောင်ပြီး အတည်ပြုပေးလိုက်ပါတယ်။
Sir Chinmoy ဟာ ဦးသန့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် Chinmoy ကိုယ်တိုင် ယင်းကျွန်းကို U Thant Island လို့ အမည်ပေးလိုက်ပါတယ်။ ယခင်အမည်ကတော့ Belmont ကျွန်း ဖြစ်ပါတယ်။
အရွယ်အစားအားဖြင့် ပေ ၁၀၀x၂၀၀ ပတ်လည်သာ ရှိတဲ့ ယင်းကျွန်းကို ကမ္ဘာ့အထူးဆန်းဆုံး ကျွန်း ၁၀ ခုစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှ အသေးငယ်ဆုံး ကျွန်းလည်း ဖြစ်ပါတယ်။
နယူးယောက်တိုင်းမ် မဂ္ဂဇင်းမှ ၁၉၉၉ ခုနှစ်က ၃၀ ရာစုမှာ ပျောက်ကွယ်သွားမယ့် ကျွန်းလို့ ဖော်ပြခဲ့ပါတယ်။ ကုန်းပေါ်မှာ ငှက်များ၊ ရေအောက်မှာ ရေမော်ညှိများတွယ်ပြီး လှပနေတဲ့ ဦးသန့်ကျွန်းလေးဟာ ကမ္ဘာသိ ထူးဆန်း ကျွန်းငယ်လေး တစ်ခု ဖြစ်ပါတယ်။
INM
ပုံမှာ မြင်တွေ့နေရတဲ့ ကျွန်းကို ဦးသန့်ကျွန်းလို့ အမည်ပေးထားကြပါတယ်။
 နယူးယောက်စီတီး Manhattan မှာ ရှိတဲ့ ကျွန်းဖြစ်ပါတယ်။
Thursday 6 December 2012
ဘာ့ ကြောင့် ရခိုင်အရေးခင်းဖြစ်ရတာလည်းဘာ့ ကြောင့် ကြေးနီတောင်သပိတ်ဖြစ်ရတာလည်းဖြစ်နိုင်ချေခန့် မှန်းရခက်သောသတင်းတစ်ခု
လေ့ လာချက်ပေါ်မှုတည်ပြီး ဒီသတင်းဟုတ်တယ်မဟုတ်ဘူဆိုတာ ကိုယ်တိုင်လေ့လာသုံးသပ်ဝေဖန်ပေး
ပါလို့  ပန်ကြားအပ်ပါတယ်..ကျွန်ုပ်လုပ်ကြံပြီးရေးသားတာမဟုတ်သလို...
ထိုသတင်းကိုလည်းဖေ့စ်ဘုတ်တစ်ခုကနေရလာပြီးတင်ပြပေးထားတာပါ...
ပုံများကိုလည်း သတင်းနှင့် အနီးစပ်ဆုံး လိုက်ဖက်အောင်ရှာဖွေတင်ပြပေးတာပါ...
 Photo taken on Feb. 27, 2012 shows the Made Island project site in Rakhine state's
Kyaukphyu, Myanmar. Myanmar Vice President U Tin Aung Myint Oo on Monday spoke highly
of a Sino-Myanmar oil and natural gas pipelines project on Made Island, Rakhine state's
Kyaukphyu. The project is being implemented by the China National Petroleum Corporation
(CNPC) and related companies. The Myanmar vice president also said that he appreciated
the Chinese company's support for Myanmar's charity undertakings. (Xinhua/Jin Fei)
ဖေ့စ်ဘုတ်ပေါ်မှရရှိလာသောသတင်းကိုဖတ်ရန်အတွက်...
Tuesday 4 December 2012
ကြေးနီတောင်သပိတ်မှရဟန်းတစ်ပါး၏ရင်ထဲကလာတဲ့စကား
 ပြည်သူတွေ ငိုရင် ချော့ကာသိပ်လို့ 
ယုံတမ်းစာကားနဲ့  ပုံပြောပြီး ကမ္ဘာကို စံနမူနာတင်ကာ
သွေးနီတောင်မှာ သက်သေပြခဲ့တာ ဒီဦးဇင်း။
စင်္ကာပူမှJurong Shipyard သတင်းတို
စင်ကာပူမှာရှိတဲ့ သူငယ်ချင်းတို့ရေ.........
ကိုယ့်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေထဲ Jurong Shipyard မှာအလုပ်လုပ်နေသူတွေရှိရင် ဖုန်းဆက်ပြီး သတင်းလေး မေးကြည့်ကြပါအုံး!!
Monday 3 December 2012
ဟစ်တလာဂန်းနားစတိုင်(Gangnam Style Hitler Ver.1 [Best Remix Version] )MP4ဗွီဒီယိုကြည့် ရအောင်
ယနေ့ အင်တာနက်လိုင်းပေါ်တွင် နာမည်ကြီးရေပန်းစားနေသော အိုပါပါ ဂန်းနမ်းစတိုင် သီချင်း
လားဂဏန်းစတိုင်လားတော့ မသိပါဘူး....စတိုင်တွေကတော့ အများကြီးပါ အဲဒီအထဲက ကျနော်ဂေါ်လီဟာ
ဟစ်တလာဂန်းနမ်းစတိုင်...Mp4 ဟာသလေးသဘောကျလို့ ...ရှာဖွေကူးယူတင်ပြလိုက်ပါတယ်
ကြည့် လိုက်ကြဆို့ ...(ကိုဂေါ်လီဂဏန်းစတိုင်)
Sunday 2 December 2012
အမေရိကန် နိုင်ငံတွင် နှစ် အတန်ကြာ နေထိုင်လျက် ရှိသည့် အဆိုတော် မာမာအေးသည် မြန်မာ နိုင်ငံသို့ ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲတွင် SilkAir လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အဆိုတော် မာမာအေး၏ သမီးဖြစ်သူ ဒေါ်မေချိုကပြောသည်။
Saturday 1 December 2012
မှားတဲ့ ဘက်မှာ...နာမည်ကြီးအဆိုတော်များMP4သီချင်းပါ
ဒီသီချင်းကို-တော်တော်များများနားထောင်ဘူးကြမှာပါ...
သီချင်းခေါင်းစဉ်ကတော့ 
........မှားတဲ့ ဘက်မှာ....
အဆိုတော်- ထူးအိမ်သင်၊ ဇော်ဝင်းထွဋ်၊ လေးဖြူ၊ မာရဇ္ဇ၊ အငဲ၊ ထွဏ်းထွဏ်း၊ မေဆွိ၊ မေခလာ၊ ကော်နီ၊ ပိုးဒါလီသိန်းတန်
တို့ ပါဝင်ပါတယ်၊
Tuesday 27 November 2012
ဒေါ်အောင်ဆန်းစုကြည် အကြောင်း တစေ့တစောင်း
ယခုတလော တို့ မိးရှို့ မီးတွေအကြောင်း ကျနော်များများဖတ်ရပါတယ်ဒါကြောင့် သိသင့်သိထိုက်လိုက်လို့ မိတ်ဆွေများကိုထပ်ပြီးတင်ပေးလိုက်ပါတယ်။
မဆိုင်လျင်တော့ အသိပေးပါရစေ .။ ဘေးမှာဘဲနေပေးပါ။ ဆိုင်ရင်တော့ဝင်ရေးနိုင်ပါတယ်။
ဒေါ်စု ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲဆိုရင်
နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးရဲ့ သမီးအနေနဲ့ ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲဆိုရင် အဓိကအကြောင်းအရင်းက ပြည်ပမှာ ဘာ့ကြောင့် ရှိနေတဲ့အကြောင်းအရင်းကို အရင်ထုတ်ရှင်းရပါမယ်.။ အမေစု မိခင် ဒေါ်ခင်ကြည်ဟာ ၁၉၆၀ မှာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီတော့ အိန္ဒိယကို ပြောင်းရပါတယ်။ အဲဒီအချိန်မှာ အမေစု အသက်ဆယ့်ငါးနှစ်ရှိပါပြီ။ ဆယ်ခုနှစ်နှစ်အရွယ် ၁၉၆၂ ခုနှစ် ဒေလီတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာနဲ့ သင်ယူနေတုန်း မြန်မာပြည်မှာ ကျောင်းသားသမဂ္ဂ ဗုံးခွဲခံရပြီး အထဲကကျောင်းသားအားလုံး သေဆုံးကုန်ပါတယ်။။
Saturday 24 November 2012
သတင်းစာထဲက အမျိုးအမည်မသိ ဓာတ်လုံးကြီးဆိုသည်မှာ
နိုဝင်ဘာ(၂၅)
၂၄-၁၁-၂၀၁၂ မြန်မာ့အလင်းသတင်းစာတွင် ကောင်းကင်ထက်မှ အမျိုးအမည်မသိ အရာဝတ္တုများ သံဖြူ ဇရပ် မြို့နယ် အတွင်း ကျရောက် ဆိုသည့် သတင်းအား ဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်းအား မြ၀တီ ၀က်ဆိုဒ် တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။
သံဖြူဇရပ်တွင် ကျခဲ့သည့် ဓာတ်လုံး 
မြန်မာ့တပ်မတော်ထုတ် လက်နက်ငယ်များ ပုံစံသစ်ဖြင့်ထွက်ရှိလာ
အမ်အေ ၄ အမ်ကေ ၂ ချေမှူန်းရေးရိုင်ဖယ် ဗုံးပစ်လောင်ချာတွဲ(၅.၅၆ မီလီမီတာကျည်ဆံ +၄၀ မမ ဗုံးသီး)
နိုဝင်ဘာ(၂၄)
ယခင်က အစ္စရေးတပ်မတော်သုံး galil rifle များကို အတုယူပြီးထုတ်လုပ် သည်ဟု ပြော ဆိုနေသော မြန်မာ့တပ်မတော်(Myanmar Army-MA)စီးရီး လက်နက်များ အထဲမှ လက်နက်ငယ်များအား တရုတ်နိုင်ငံတပ်မတော်သုံး QBZ ဒီဇိုင်းများဖြင့် ထွက်ရှိလာပါတယ် ။ ၄င်းQBZ များသည် Bullpup(မောင်းခလုတ် နောက်တွင်ကျည်အိမ်နှင့်မောင်းပြန်စစ်စတမ်တပ်ဆင်ထားသော)
 သေနတ်အမျိုးအစားဖြစ်ပြီး သေနတ်အား ရင်ခွင်ထဲပိုက်ထားသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး သေနတ်ပြောင်းရမ်းခါမှူကို သက်သာစေမှာဖြစ်တဲ့အတွက် ထိရောက်မှူပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်လို့ လက်နက်ငယ်ဆိုင်ရာကျွမ်းကျင်သူ အရာရှိ တစ်ဦး မှ ပြောပါတယ် ။
Friday 23 November 2012
အနမ်းဇာတ်လမ်းအတွက် ကမ္ဘာ့အင်တာနက်စာမျက်နှာများမှ တုံ့ပြန်မှုများ
မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား လာရောက် စဉ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ဆုံ ချိန် အိုဘားမားမှ ဒေါ်အောင်ဆန်း စုကြည် အား ပွေ့ဖက်နမ်းရှုံ့ခဲ့ပါတယ်။ ဒီလိုလုပ်တာ ကို ဒေါ်အောင် ဆန်း စုကြည် က လည်း ကြေနပ်ပြုံးပျော်နေခဲ့တာကြောင့် မြန်မာ့ယဉ်ကျေးမှုနှင့် အပ်စပ်ခြင်းမရှိတဲ့အတွက် ရန်ကုန်၊ ပဲခူးနဲ့ ညောင်လေးပင် မြို့နယ်များရှိ ပါတီဝင်ဟောင်းများမှ မကျေနပ်သဖြင့် ဆန္ဒပြရန် စီစဉ်ေ နကြပါတယ်။ NLD ပါတီနာယက ဦး ၀င်းတင်မှ ၄င်းကိစ္စ အား ပြေလည်ေ အာင် ဖြေရှင်း ချက် ပေး မည် ဖြစ်ေ ကြာင်း၊ နိုဝင် ဘာလ ၂၈ ရက်နေ့တွင် ဆန္ဒပြမည့် ပါတီဝင်ဟောင်း များ နှင့် တွေ့ ဆုံပြီး ဖြေရှင်း ချက် ပေးမည် ဖြစ်ကြောင်း သိရပါတယ်။ (မြန်မာရွှေမြေ)
သံလွင်ဆီထိုးသွင်းပြီး ယောက်ျားပီသချင်ရာမှ ယောက်ျားဘ၀ ဆုံးရှုံးသွားတဲ့ ထိုင်းအမျိုးသား
ထိုင်းနိုင်ငံက အမျိုးသား တစ်ယောက်ဟာ ကြီးမား ရှည်လျားချင်တဲ့ စိတ်ကြောင့် သံလွင်ဆီ ထိုးသွင်းပြီး ကြိုးစား ခဲ့သော်လည်း နောက်ဆုံးမှာတော့ ယောက်ျားဘ၀ပါ ဆုံးရှုံးခဲ့ရပါ တယ် ဖြစ်စဉ် တစ်ခု ဖြစ်ပွား ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဆိုပါတယ်.
Wednesday 21 November 2012
အွန်လိုင်းအဆက်အသွယ်နဲ့ အသက် မပြည့်သူနဲ့ နေလို့ ထောင် ကျတဲ့ ၁၅ ဦးမြောက် စင်္ကာပူ PR
အသက် မပြည့်သေးတဲ့ ပြည့်တန်ဆာ အမျိုးသမီးနဲ့ ပျော်ပါး ခဲ့သူ စာရင်းကိုင် မန်နေဂျာ ဟောင်း စင်္ကာပူ PR တစ်ဦးဟာ ပြီးခဲ့တဲ့ အပတ် အင်္ဂါနေ့မှာ ထောင် ၁၁ ပတ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ ရပါတယ်။
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်