သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday, 3 April 2013

KIA တပ်ဖွဲ့များအုပ်စုလိုက် အစိုးရတပ်နှင့် ပူးပေါင်းခဲ့ကြောင်း ဦးဇောင်းဟရား ၀န်ခံပြောဆို


အစိုးရနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားစဉ်အချိန်အတွင်း KIA တပ်ဖွဲ့အ၀င်များအနေဖြင့် အစိုးရတပ်သို့ အုပ်စု လိုက် ပူးပေါင်း ခဲ့ကြောင်း KIO/KIC ဥက္ကဌ ဦးဇောင်းဟရားက မတ်လ ၂၇ ရက်နေ့က ဗဟိုဌာနချုပ်ရှိ ရာ လိုင် ဇာမြို့ရှိ ဝေကြိုင်အထက် တန်းကျောင်းတွင် ပြု လုပ်သော ကျေးဇူး ဆပ်ဂုဏ်ပြု ပွဲနှင့် အောက်မေ့ သတိရ ပွဲ တွင် ၀န်ခံပြောဆိုသွားကြောင်း သိရှိရပါ သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူအခြေစိုက် ICRC ဒေသဆိုင်ရာကိုယ်စားလှယ်ရုံးမှ Mr.Bart Vermeiren ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ


 မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူအခြေစိုက် ICRC ဒေသဆိုင်ရာကိုယ်စားလှယ်ရုံးမှ Mr.Bart Vermeiren ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းအား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူအခြေစိုက် ICRC ဒေသဆိုင်ရာကိုယ်စားလှယ်ရုံးမှ Mr.Bart Vermeiren ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

Tuesday, 2 April 2013

ဘလောက်ခေါင်းစီးအတွက်ပုံကလေးနှင့်ဖေ့စ်ဘုတ်နောက်ခံလေးရယ့်ကဗျာလေးရယ်ဝေမျှလိုက်ပါတယ်

၂၀၁၃- မြန်မာ့သင်္ကြန် လက်ဆောင်ပိုတိုရှော့ တ်ကလေးပါ ဘလောက်ဂါသမားများအတွက် အသင့် ချိန်ပြီး
 လုပ်ပေးထားပါတယ် တန်းထည့် ယုံပါပဲ...ကူးယူပါ
    ဒီပုံဆိုဒ်ကလေးကတော့  ဖေ့စ်ဘုတ်မှာ နောက်ခံ Time Line မှာတန်းထည့် ယုံပါပဲကူးယူပါ။
    ----မနှစ်ကဆို D.J သီချင်းတွေပို့ ပေးတယ် ဒီနှစ်တော့  ဆော့ ဖ်ဝဲလ်လည်းမရှိတော့ ဘူး
       စိတ်ထဲလည်းသိတ်မရွှင်လို့  ပုံလေးနဲ့ ကဗျာလေးပဲ လက်ဆောင်ဝေမျှပေးမယ်

    မိတ်ဆွေတို့ လည်း ပုံလေးတွေကဗျာလေးတွေကိုယ်စီခံစားချက်ရသများ တင်ပြရေးသားလိုလျှင်
    ထုံးစံအတိုင်း ko.net2net@gmail.com ထဲပို့ လိုက်နော်...
       ကိုင်းကဗျာလေးဖတ်ရအောင်.....သဘောကျယင်ကူးသွားကြ ဖေ့စ်ဘုတ်လည်းတင်ကြပေါ့ ။

                           ရွက်ကြွေနွေဦး   တာတန်ခူးဝယ်...
                             ကေသာဆံထက်    ပိတောက်ခက်တင်...
                                ပျော်ရွှင်မြူးတူး      နှစ်သစ်ကူး............ 
         

                                           
                                                   
  *******   အလင်းရောင်ကြယ်များ*********

          

မိတ္ထီလာ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက် တစ်ကျွန်းပြစ်ဒဏ်များချမှတ်မည်


မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှု များပြု လုပ်တော့ မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

“နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။ လူသေအောင်လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို တစ်သက်တစ်ကျွန်း။ အနာတ ရဖြစ်အောင် ရိုက်နှက်တဲ့သူတွေကိုလည်း တစ်သက်တစ်ကျွန်းပေးမယ်။ အဲ့ဒီ တော့ ထိထိရောက်ရောက် အရေး ယူနိုင်အောင် ပြည်သူတွေဘက်ကလည်းပူးပေါင်းဖို့လိုအပ်ပါတယ်။” ဟု မန္တလေးတိုင်းဒေသကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် များကို ထောက်ပံ့ ပစ္စည်း များပေးအပ်စဉ်ပြောကြားသည်။

Monday, 1 April 2013

ကနောင်မင်းသားကြီး၏သွေးစွန်းသောနေ့

Photo: ကနောင်မင်းသားကြီး၏သွေးစွန်းသောနေ့
******************************
(ရေးသူ မည်သူမှန်းမသိတော့၍ Credit မပေးမိပါ...)

ဒါလေးက ရင်ကွဲစွာ အဖြစ်အပျက်တခုဖြစ်ပေမယ့်။ သိထားသင့်တဲ့အတွက် တင်ပြပါ့မယ်( မသိသေးတဲ့သူတွေအတွက်ပါ) ကနောင်မင်းသားကြီးကို အားလုံးသိပါတယ်။ ကနောင်မင်းသားကြီးလုပ်ကြံခံရပုံကို တင်ပြပါရစေ။
အိမ်ရှေ့ကိုယ်တော်ကြီးကို လုပ်ကြံခံရမည့်မနက်မှာ အိမ်တော်မှ အထွက် ဆင်တော်သို့ တက်ရာ ဗောင်းတော်ကျွတ်ကျလေသည်။ ထိုအခါ မိဖုရား လိုင်ထိပ်ထားက ကောက်ပေးရာ အရိပ်ထဲတွင် အိမ်ရှေ့ကိုယ်တော်၏ ဦးခေါင်း ရိပ်ကိုမမြင်သဖြင့် နိမိတ်မကောင်းပါ၊ လွှတ်တော်မတက်ရန် လျှောက်ထားပါတယ်။ သို့သော် ကနောင်မင်းသားက “ ငါ့ကို ရန်ပြုနိုင်သူ မမွေးသေး” ဆိုပြီး ဆင်စီးပြီး လွှတ်တော်သွားတက် ပါတယ်။ ထိုအချိန်တွင် နန်းတော်အတွင်း မင်းသားတွေနဲ့ ပတ်သက်ပြီး ကောလဟလ ထွက်ရာ တူတော်မြင်းကွန်းတို့၏ လူပ်ရှားမူကား ပုံမှန် မဟုတ်သဖြင့် ကနောင်မင်းသားက လွှတ်တော်သို့ မတင်မီ ကိုယ်ရံတော်တပ် တို့ကို လွှတ်တော်အပြီး တွင် မြင်းကွန်းတို့ကို ဖမ်းလာရန် အမိန့်ပေးထားခဲ့သည်။ သို့သော် မြင်းကွန်းတို့က ငါတို့ကား မင်းသားဖြစ်သည်၊ ဘုရင်မှတပါး ငါ့တို့ကို မဖမ်းနိုင်ဆိုပြီး လာဖမ်းသည်ကို အာဏာဖီဆန်လေသည်။ မင်းတုန်းမင်းက လွှတ်တော်ကို ကိန်းခန်းအရ မြို့အပြင်တွင် ထွက်ပြီး လွှတ်တော်စည်းဝေးကျင်းပရသည်။ ကနောင်မင်းသားလည်း လွှတ်တော်(ယာယီ)တွင် စည်းဝေးနေစဉ် မြင်းကွန်းညီနောင်မှာ ရန်ဖြစ်သလို ဓားချင်းခုတ်ပြီး လွှတ်တော်ဝန်းအတွင်း ပြေးဝင်လာသည်။ (ဥပဒေအရ လွှတ်တော်အစည်းအဝေး အတွင်း မည်သူမျှ လက်နက်ကိုင်လို့မရပါ။ ထိုချိန် ကနောင်မင်းသားတွင် ဓားပါခြင်းမရှိပါ။ ) မင်းသားနှစ်ပါး ရန်ဖြစ်သလို လုပ်နေသဖြင့် မည်သူမျှ မတားနိုင်ခဲ့ပါ။ ထိုအချိန် သူရဲဝန်ဦးရွှေလုံးက မူမမှန် သည်ကို ရိပ်စားမိသဖြင့် ” ရန်သူတော်ဖြစ်ပါသည် ဘုရား ရှောင်တော်မူပါ” ဟု သတိပေးကာ လွှတ်တော်စောင့်နေသော ကိုယ်ရံတော်တပ်တွေကို “ ဟဲ့.. ကိုယ်ရံတော်များ သေနတ် ခဲယမ်းထိုးကြ” ဟု အမိန့်ပေးပြီး လွှတ်တော် လှေကားမှ ဆင်းလာကြ၏။ ထိုချိန် မြင်းကွန်း၏ အသင့်ပုန်းနေ သော ငယ်ကျွန်တို့က လက်နက်ကိုယ်စီဖြင့် လွှတ်တော်စောင့် များကို သတ်ပြီး လွှတ်တော်ဝန်းအတွင်း စီနင်းလာနေ၏။ ထိုချိန် မြင်းကွန်းက သေနတ်ဝန်ကို ဓားဖြင့် အမိအရ ခုတ်မိလေသည်။ ကနောင်ကိုယ်တော်ကိုလည်း လိုက်လံခုတ်ရာ ကနောင်ကိုယ်တော်မှ မရှောင်နိုင်ခဲံ့ပဲ ဦးခေါင်းတော်ကို ခုတ်မိရာ ပြတ်တော်မူလေသည်။ ထိုချိန် လွှတ်တော်ရောက်လာသော မင်းသားသုံးပါး( မလွန်၊ပြင်စည်နှင့် စကု) တို့ကိုလည်း ထိုနေရာတွင် သတ်ပစ်လေသည်။ ထိုခဏ မြို့ပြင်က လွှတ်တော်ကို မြင်းကွန်းတို့ အပိုင်စီးပြီးသားဖြစ်လေသည်။ ထိုအချိန်တွင် ယာယီစံနန်းတွင် လွှတ်တော်လာမတက်သေးသော မင်းတုန်းမင်းမှာ ထို သတင်းကို ကြားသဖြင့် မက္ခရာမင်းသားကိုယ်တိုင် ခမည်းတော်ကို ကျောပိုး
ပြီး ထပြေး လေသည်။ လမ်းမှာ စကုမင်းသား၏ မြင်းထိန်း မြင်းစီးလာသည်ကို
တွေ့သဖြင့် မြင်းစီးပြီး မြို့တော်တွင်းသို့ အလျင်အမြန်ဝင်နိုင်လေသည်။ ထိုအချိန် နန်းတော်အတွင်းရှိ လွှတ်တော်ကိုလည်း သူပုန်မြင်းကွန်း၏ တပ် သိမ်းပြီးလေပြီ။ ရှင်ဘုရင်မှာ မြေနန်းတော်အတွင်းမှ စစ်သည်တော် ၇၀ ကျော်ကျော် ဖြင့် ခုခံနေလေ၏။ မြင်းကွန်းလည်း မြေနန်းတော်ကို ထိုးဖောက် ဖို့ကြိုးစားပေးမယ့် မထိုးဖောက်နိုင်ပါ။ မက္ခရာမင်းသားနှင့် မှူးမတ် တွေရဲ့ ကြိုးစားခုခံမူကြောင့် တံခါးနီကို မဖောက်နိုင်ပဲရှိနေလေ၏။ ထိုချိန်တွင် အိမ်ရှေ့ကိုယ်တော်၏ စစ်တဲတွင် ကျန်ခဲ့သော ကိုယ်ရံတော် တပ်သားများက လက်နက်သံစုံ ကြား၍ မြို့ပြင်လွှတ်တော်(ယာယီ)သို့ လိုက်ရာ အကြောင်းစုံကို မြင်သဖြင့် နန်းတော်တို့ အမှီလာကြကုန်၏။ ထိုအခါ ကိုယ်ရံတော်တပ်တို့ကလည်း အနောက်ကနေ အသေတိုက်သဖြင့် မြင်းကွန်းဘက်တော်သားတို့ ဆုတ်ရလေသည်။ မြင်းကွန်းတို့လည်း အရေးနိမ့်သဖြင့် အသင့်ပြင်ထားသော မီးသင်္ဘောဖြင့် အင်္ဂလိပ်တို့အုပ်ချုပ်ရာ အောက်မြန်မာပြည်သို့
ပြေးလေသည်။

ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
(ရေးသူ မည်သူမှန်းမသိတော့၍ Credit မပေးမိပါ...)

ဒါလေးက ရင်ကွဲစွာ အဖြစ်အပျက်တခုဖြစ်ပေမယ့်။ သိထားသင့်တဲ့အတွက် တင်ပြပါ့မယ်( မသိသေးတဲ့သူတွေအတွက်ပါ) ကနောင်မင်းသားကြီးကို အားလုံးသိပါတယ်။ ကနောင်မင်းသားကြီးလုပ်ကြံခံရပုံကို တင်ပြပါရစေ။
အိမ်ရှေ့ကိုယ်တော်ကြီးကို လုပ်ကြံခံရမည့်မနက်မှာ အိမ်တော်မှ အထွက် ဆင်တော်သို့ တက်ရာ ဗောင်းတော်ကျွတ်ကျလေသည်။ ထိုအခါ မိဖုရား လိုင်ထိပ်ထားက ကောက်ပေးရာ အရိပ်ထဲတွင် အိမ်ရှေ့ကိုယ်တော်၏ ဦးခေါင်း ရိပ်ကိုမမြင်သဖြင့် နိမိတ်မကောင်းပါ၊ 


ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး အငြိမ်းစားပေးခံရ

သာလွန်ဇောင်းထက်| April 1, 2013 | 
Photo: ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး အငြိမ်းစားပေးခံရ

သာလွန်ဇောင်းထက်| April 1, 2013 | 

သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ညွှန်ကြား ရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦးကို မယူမနေရ အငြိမ်းစားပေးလိုက်ပြီး အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။

ယင်းသို့ အငြိမ်းစားပေးခြင်းနှင့် ဌာနပြောင်း အရေးယူမှုများကို ပြုလုပ်ခံရသော အစိုးရအရာရှိများသည် လာဘ်ပေး လာဘ်ယူမှုဖြင့် အတိုင်ကြားခံရခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲ နောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းကြောင့် ထိုသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သော သတင်းရပ်ကွက် ထံမှ သိရှိရသည်။

အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။

“ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ တက္ကသိုလ် ပါမောက္ခချုပ်ရာထူး တာဝန်က ညွှန်ကြားရေးမှူးချုပ်နဲ့ အဆင့်တူညီတယ်။ အခု အငြိမ်းစား ပေးခံလိုက်ရတဲ့ ညွှန်ကြားရေးမှူးချုပ်တွေမှာ ဦးစံသောင်း၊ ဦးမြတ်မော်၊ ဦးကျော်ထူးနဲ့ ဦးအောင်မင်းတို့က အရင် တပ်က လာတဲ့ အငြိမ်းစား ဗိုလ်မှူးကြီးတွေ။ သူတို့ကို အဓိက အရေးယူတာကတော့ တိုင်စာတွေကို စိစစ်ရာက တကယ် လာဘ်ပေးလာဘ်ယူမှု တွေရှိတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း ကလည်း တိုင်စာ ကြောင့်ပဲလို့ သိရပါတယ်။ ခြုံငုံပြောရရင်တော့ တိုင်စာတွေ စိစစ်တဲ့အခါမှာ တကယ်ကျူးလွန် ကြောင်းတွေ့ရတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ နောက်ကြောင်း ပြန်လှည့်ချင်တာ” ဟု သမ္မတရုံးနှင့် နီးစပ်သူ တဦးက အတည်ပြုပြောသည်။

အစိုးရထိပ်တန်း အရာရှိကြီး ၆ ဦး ကို မတ်လ ၂၉ ရက်နေ့တွင် မယူမနေရ အငြိမ်းစား ပေးလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ အပါအ၀င် အစိုးရအရာရှိများ ၄၀ ကိုလည်း ဌာနပြောင်း အရေးယူမှုများ ပြုလုပ်ကြောင်း သိရှိရသည်။

ပြည်ထဲရေး ၀န်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမြင့်ကို ယဉ်ကျေးမှု ၀န်ကြီးဌာန၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် အဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကို ကို ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် လည်းကောင်း၊ ညွှန်ကြားရေးမှူးအဆင့် အရာရှိ အများအပြား ကိုလည်း ဌာနပြောင်းရွှေ့ခြင်း များလုပ်ဆောင် ကြောင်း သိရှိရသည်။

“စီးပွားကူးသန်း ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ခြောက်ဦးဆိုရင် သမ၀ါယမ ၀န်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာန၊ အလုပ်သမား နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန တွေကို ပို့ပစ်တယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ညွှန်ကြားရေးမှူးတွေလည်း ဌာနပြောင်းခံရတယ်။ တော်တော် များတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမ တွေလည်းပါတယ်။ အားလုံးပေါင်း ၄၀ ရှိတယ်” ဟု နိုင်ငံတော်သမ္မတရုံး အရာရှိတဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီမှ အဖွဲ့ဝင်တဦးကမူ “ကျနော် သိထား သလောက်တော့ သမ္မတက Reform Process ရဲ့ အစိတ်အပိုင်းတခုအဖြစ် ဒါကို လုပ်တယ်။ နောက်ပြီး သမ္မတရုံး ၂ ကလည်း ပြည်သူတွေဆီကလာတဲ့ တိုင်စာတွေအပေါ်မှာ စိစစ်အရေးယူမှု တွေလုပ်တယ်။ ဒီအရေးယူမှုက သမ္မတ လက်ထက်မှာ ကြီးမားတဲ့အရေးယူမှုတခုပါပဲ” ဟု သုံးသပ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အစိုးရအနေဖြင့် အစိုးရအရာရှိကြီးများကို ဖယ်ရှား ရှင်းလင်း ရာတွင် ပွင့်လင်းမြင်သာမှု အလွန်အရေးကြီး ကြောင်း ဆိုသည်။

“ဆက်သွယ်ရေးအရာရှိတွေ ဖမ်းတယ်၊ စစ်ဆေးတယ်။ ပြန်လွှတ်တယ်။ ၀န်ကြီးကို ဖြုတ်ပစ်တယ်။ ဘာကြောင့် ဘယ်လို အရေးယူမလဲ ဘာမှ သေသေချာချာ ရေရေရာရာ မရှိဘူး။ အခုလည်း ညွှန်ချုပ်တွေ ဖြုတ်တယ်၊ အငြိမ်းစား ပေးခံရတယ် ဆိုတာ သတင်းသမား တွေက လိုက်စုံစမ်းလို့သာ သိရတာ။ တကယ်တမ်းက အစိုးရက ဒါမျိုးတွေ ထုတ်ပြန်ပေးရမှာ။ ဒါမှ နောက်ဖြစ် လာမယ့် အစိုးရအရာရှိတွေ မလုပ်ရဲဖြစ်မှာ။ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းကလည်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအပါအ၀င် ဆက်သွယ်ရေး အရာရှိအချို့ကို လာဘ်ပေးလာဘ်ယူဖြင့် ရာထူးမှ ဖယ်ရှားခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်၊ ၀န်ကြီးများနှင့် ဌာနဆိုင်ရာ အရာရှိကြီးများကို တွေ့ရစဉ် (ဓာတ်ပုံ – သမ္မတရုံး)


ဧရာဝတီ 
 
သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ညွှန်ကြား ရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦးကို မယူမနေရ အငြိမ်းစားပေးလိုက်ပြီး အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။

ယင်းသို့ အငြိမ်းစားပေးခြင်းနှင့် ဌာနပြောင်း အရေးယူမှုများကို ပြုလုပ်ခံရသော အစိုးရအရာရှိများသည် လာဘ်ပေး လာဘ်ယူမှုဖြင့် အတိုင်ကြားခံရခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲ နောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းကြောင့် ထိုသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သော သတင်းရပ်ကွက် ထံမှ သိရှိရသည်။

အမေရိကန်တွင် မော်တော်ယာဉ် ၇၅ စင်းပါဝင်သည့် ယာဉ်တိုက်မှုဖြစ်ပွား


အမေရိကန်နိုင်ငံတွင် အစုလိုက်အပြုံလိုက် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားရာ လူ(၃)ဦး သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တနင်္ဂနွေနေ့က ဗာဂျီးနီယား ပြည်နယ်တွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှု၌ မော်တော်ကား (၇၅)စင်း ပါဝင်ထိခိုက် ပျက်စီးခဲ့သည်။ ဗာဂျီးနီးယား သယ်ယူပို့ဆောင်ရေး ဌာနက ကာရိုးလ်ဒေသတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုသည် ကြီးကြီးမားမား ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ယာဉ်တိုက်မှုသည် ဖန်စီဂပ် ဧရိယာအနီး မြောက်ကာရိုလိုင်းနားနှင့် နယ်စပ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဟု သိရသည်။

ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားဟု မြောက်ကိုရီးယား ခြိမ်းခြောက်

north korea 
 (မြောက်ကိုရီးယားခေါင်းဆောာင် ကင်မ်ဂျုံအန်းနှင့် ၎င်း၏ စစ်ဖက်ဆိုင်အရာရှိကြီးများ)
မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်း ဖော်ပြထားသည်။
 အမေရိကန် စစ်အခြေစိုက် စခန်းများ တည်ရှိနေသည့် ဂျပန်မြို့ (၃)ခုကိုပါ ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဖြစ်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်သည်။ မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်း ဖော်ပြထားသည်။ "ယိုကိုဆူကာ၊ မီဆာဝါနဲ့ အိုကီနာဝါတို့ဟာ ကျွန်ုပ်တို့ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ အကွာအဝေး အတွင်းမှာပဲ တည်ရှိတယ်။ ဂူအမ်နိုင်ငံလည်း တူတူပဲ"ဟု ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဂူအမ်ရော၊ ယင်းဂျပန်မြို့များပါ အမေရိကန် စစ်အခြေစိုက် စခန်းများကို ဖွင့်လှစ်ခွင့် ပြုထားသည်။

အင်းလျားကန်ဘောင်အနီး ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကိုဖမ်းမိ၊ ကိုယ်တိုင်လာရောက် အဖမ်းခံဟုသိရ

4.1.10

ကျူးလွန်သူမောင်းနှင်ခဲ့သည့် ပြိုင်ကားအား မတ်လ ၁၉ ရက်နေ့ က တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းက အင်းလျားကန်ဘောင်အနီး ဖြစ်ပွားခဲ့သည့် ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုယ်တိုင်ပင် လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု ဧပြီ ၁ ရက် နံနက် ၁၁ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းမှ သိရသည်။
မတ် ၁၇ ရက် ည ၈ နာရီ ၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ ပြည်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည့် ယင်းလူသတ်မှု ဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသူမှာ နှစ်ပတ်ခန့် ထွက်ပြေး တိမ်းရှောင်နေရာမှ မတ် ၃၁ ရက် ည ၁၀ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းတွင် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့သည်ဟု သိရသည်။

သရဲပုံပြင်နှင့် သင်္ချိုင်းဘုရင်

Photo
 သုသာန်တာဝန်ခံအဖြစ် ၁၉ နှစ်ကြာတာဝန်ထမ်းဆောင်လာခဲ့သည့် သက်တမ်းတစ်လျှောက်တွင် ၀ိညာဉ်လောကနှင့်ပတ်သက်၍ ၀င်ရောက်ပူးကပ်ခြင်းဖြစ်ရပ်တစ်ခုကို သာ ရှေ့မှောက်မှာကြုံတွေ့ခဲ့ရသည်ဟု ဦးလှကြည်ကပြောပါသည်။
ယမကာသမားတစ်ဦး၏ အလောင်းကိုမြေချရန် လာရောက်ကြသည့် လူအုပ်စုအတွင်းမှ အမျိုးသမီးတစ်ဦးကို ထိုယမကာသမား၏ ၀ိညာဉ်က
ဝင်ရောက်ပူးကပ်ခြင်းဖြစ်ပြီး မျက်နှာအမူအရာနှင့်အသံပါ ပြောင်းလဲသွားကာ အရက်တိုက်ရန်တောင်းဆိုခြင်း ဖြစ်သည်ဟုဆိုသည်။
“အလောင်းတောင် ကားပေါ်ကမချရသေးဘူး။ ၀င်ပူးတာ။

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks