သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 20 January 2013

ကျနော်တို့ မြန်မာပြည်ထဲမှာ ဂုဏ်ယူစရာ၊ အတုယူစရာ အများကြီးရှိပါတယ်။ ကျနော်တစ်ခု တင်ပြပါ့မယ်။ (တခြားဘာသာဝင်များလည်း ဗဟုသုတအနေဖြင့် ဖတ်ပေးပေါ့နော်။)


တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးပုံ

မင်းကွန်းဆရာတော်ဘုရားကို သိကြမှာပါ။
မင်းကွန်းဆရာတော်ဘုရားဟာ ဥာဏ်အလွန်ကောင်းပါတယ်။
ကမ္ဘာပေါ်မှာ အခက်ခဲဆုံး စာမေးပွဲဖြစ်တဲ့ တိပိဋကဓရရွေးချယ်ရေး စာမေးပွဲမှာ (ရေးဖြေ) -


 
သီလက္ခန္ခ၀ဂ် - ၉၃-မှတ်
မဟာဝဂ် - ၉၇-မှတ်
ပါတိက၀ဂ် - ၉၇-မှတ်
ပါရာဇိကဏ် - ၈၉-မှတ်
ပါစိတ်ပါဠိတော် - ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်
ပရိဝါပါဠိတော် - ၁၀၀-မှတ် ဖြင့် ဂုဏ်ထူးဖြင့် အောင်တော်မူပါတယ်။

စာမေးပွဲက ၇၅ ရမှ အောင်တာပါ ၈၅ က ဂုဏ်ထူးမှတ်ပါ။
ဘာလို့ခက်ခဲလဲလို့ဆိုရင် ပိဋကတ်သုံးပုံကို အလွတ်ဆိုရာတွင် မနက် ၈နာရီ ကနေ ၁၀ နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁ နာရီကနေ ၄ နာရီအထိ တစ်ကြိမ်။ တစ်နေ့မှာ နှစ်ကြိမ်သာ စာပြန်ရပါတယ်။ တစ်နေ့လုံး စာစစ်သူက ၅ ခါပဲ ထောက်ပေးရပါတယ်။ ၅ ခါ ကျော်ရင် စာမေးပွဲကျပါတယ်။

ဆရာတော်ကတော့ တစ်ခါမှ ထောက်ပေးစရာ မလိုခဲ့ပါဘူး။ ပိဋိကတ်သုံးပုံကို အထောက်ကင်းစွာဖြင့် အာဂုံပြန်ဆိုနိုင်သောကြောင့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘွဲ့တော်ကို ဆက်ကပ် ခြင်းခံရပါတယ်။

တရားဘဏ္ဍာစိုးလို့ အဓိပ္ပယ်ရပါတယ်။ ဥာဏ်အလွန်ကောင်းသည့်အတွက် ကမ္ဘာ Guinness Book Of World Records ၁၉၈၅ မှာ Human Memory အပိုင်းမှာ မှတ်ဥာဏ်အကောင်းဆုံးသူအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။
ဆရာတော်ဘုရားဟာ ၉-၂-၁၉၉၃ မှာ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော်ကို ရှိသေစွာရှိခိုးပါတယ်ဘုရား။

by သုတစွယ်စုံကျမ်း။


No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်