သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Wednesday 30 January 2013
ကိုင်းးးးးမြန်မာနိုင်ငံသားအပေါင်းတို့ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် စစ်ဖြစ်ရင် ဘယ်သူနိုင်မလဲသေချာဖတ်ပါ
ယနေ့တွင်တော့ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ တပ်မတော်(ရေ)တို့၏ ရေတပ်အင်အား နှိုင်းယှဉ်မှု ဗီဒီယို ဖိုင်ကို ကြည့်မိသည်။ သူတို့နိုင်ငံမှ ပြုလုပ်သည့် ဗီဒီယိုဖိုင် ဖြစ်သောကြောင့် နှိုင်းယှဉ်ချက်များသည်လည်း ကွာခြား လွန်း လှသည်။ ထိုဗီဒီယိုကို ကြည့်ပြီး ကာကွယ်ရေး အသုံးစရိတ်လျော့ချဖို့ တောင်းဆိုသူများကိုလည်း ဒေါသထွက် ရပေသည်။
ဘင်္ဂလားဒေ့ရှ်သားတို့၏ အင်တာနက် ဖိုရမ်တစ်ခုတွင် မေးထားသော အမေးအဖြေ တစ်ခုကလည်း စိတ်ဝင် စား စရာ ကောင်းသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ကြည်း ၊ရေ၊ လေ အင်အားက ဘယ်သူသာသလဲ။ တိုက် ပွဲ ဖြစ်ရင် ဘယ်သူ အနိုင်ရမလဲတဲ့။ ထိုမေးခွန်းကို ကျွန်တော်တို့ မြန်မာများ ဘယ်လိုဖြေကြမလဲဆို တာတော့ စိတ်ဝင်စားစရာပင်။ ဘင်္ဂလားတို့ကတော့ ယခုကဲ့သို့ ဖြေကြသည်။
အဖြေ (၁) ဒါကတော့ ဘယ်သူက ဘယ်နေရာမှာ၊ ဘယ်အချိန်၊ ဘယ်လို၊ ဘာကြောင့် တိုက်တယ်ဆို တဲ့အပေါ် မူတည်တယ်။
အဖြေ (၂)  လေကြောင်းအင်အားမှာ MIG-29 လိုမျိုး တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပိုင်ဆိုင်တာချင်း တူရင်တောင် ဘင်္ဂလားဒေ့ရှ်က အမေရိကန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ် တို့နဲ့ တရားဝင် လေ့ကျင့်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ထားတဲ့ အတွက် သူတို့က သာပါတယ်တဲ့။
အဖြေ (၃) ၂၀၀၁ ခုနှစ်အတွင်း ဘင်္ဂလား-အိန္ဒိယ နယ်နိမိတ် အငြင်းပွားနေချိန် ဘင်္ဂလားဒေ့ရှ် ခြေလျင် တပ်ဖွဲ့ အင်အား ၆၀ ၀န်းကျင် ရှိတဲ့ နယ်စပ် စခန်းတစ်ခုကို အိန္ဒိယ စစ်သား ၁၀၀ ကျော်က လာရောက်တိုက်ခိုက် ခဲ့ချိန်မှာ တိုက်ပွဲအပြီး အိန္ဒိယ တပ်သား ၇၀ သေဆုံးပြီး ဘင်္ဂလားဒေ့ရှ်စစ်သား ၃ ယောက်ပဲ သေခဲ့တဲ့ သမိုင်း ရှိတာမို့ သူတို့ စစ်တပ်ဟာ ဘယ်ကိုမှ မကြောက်ပါဘူး။
အဖြေ (၄) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အင်အားပြည့်ဝတဲ့ တပ်မတော် ရှိတယ်၊ ဘင်္ဂလားဒေ့ရှ် တပ်သား များစွာ ဟာ ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ အာဖရိကနိုင်ငံတွေ ဖြစ်တဲ့ ဆူဒန်၊ကွန်ဂို လို အန္တရာယ်ကြီးမားတဲ့ ဒေသေ တွ မှာ တာဝန် ထမ်းဆောင်ကြတဲ့အတွက် အမြဲတမ်း အဆင်သင့်ဖြစ်ပြီး ဘယ်နိုင်ငံလာလာ တိုက်ခိုက်ဖို့ အသင့် ပါပဲ။
ဝီကီတွင် ဖော်ပြထားသော ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ပတ်သက်၍ တရုတ်နိုင်ငံမှ လက်နက်ငယ်များသာမက သေးငယ်မြန် ဆန်သော ဒုံးပစ်ရေယာဉ် Type 053H1 ကဲ့သို့ ကြီးမားသော တိုက်ရေယာဉ်များကို ၀ယ်ယူခဲ့ သည်။ အမေရိကန် ဦးဆောင်သော ၁၉၉၁ စစ်ပွဲများဖြစ်သည့် ကူဝိတ်၊ ကန္တာရမုန်တိုင်း စစ်ဆင်ရေး၊နှင့် အာဖ ဂန် စစ်မြေပြင်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စစ်ရေး အင်အား တောင့်တင်း မှုမှာ ကြည်းတပ် ၃ သိန်း၊ လေတပ် ၂သိန်း ၂သောင်း၊ ရေတပ် ၂ သောင်းနီးပါး ရှိသည်။ ယနေ့တွင် ဘင်္ဂလားေ ဒ့ရှ် တပ်မတော် ဆင်နွှဲနေသော စစ်ပွဲ မရှိဘဲ ၁၉၉၁ ကန္တာရမုန်တိုင်း စစ်ဆင်ရေးတွင် အင်အား ၂၃၀၀၊ UN Peacekeeping forces တွင် စစ်သား ၁၀၇၃၆ ပါဝင်ခဲ့ပြီး ကမ္ဘာပေါ်တွင် အရေအတွက် အများ ဆုံး ပူးပေါင်းပါဝင်သည့် နိုင်ငံ ဖြစ်သည်။ 
OppositeEyE မှုယင်းလင့် ခ်၊
စာရေးသူထင်မြင်ချက်....
၁=မြန်မာနှင့်စစ်ဖြစ်ပါက ။ကြည်းတိုက်ခိုက်ရေးဘက်တွင် ၊မြန်မာဘက်က အားသာမည်ဟုပြောနိုင်ပြီး
မြန်မာဘက်တွင် ရန်သူ့ ဘက်မှချဉ်းကပ်ဝင်ရောက်တိုက်ပါက ဗုံးကျဲဝင်ရောက် တိုက်ခိုက်ပါက
တောတောင်ရေမြေတောင်တန်းများထူထပ်နေသောကြောင့် ...မလွယ်ကူပါ၊
၂=ရေကြောင်းဖြင့် မြန်မာဘက်က ပိတ်ဆို့ တိုက်ခိုက်ပြီး ကုန်းတွင်းပိုင်း တွင်မြန်မာဘက်မှအတင်းဝင်ရောက်စီးနင်းတိုက်ခိုက်ပါက ပထဝီမြေပုံအရမြန်မာဘက်ကအားသာသည်၊
၃=လေကြောင်းအရ မြန်မာဘက်မှ သူနိုင်ကိုယ်နိုင်စိုးမိုးတိုက်ခိုက်ပါ။မြန်မာဘက်မှ မယှဉ်နိုင်ဘို့ များသည်
 မြန်မာ့ တိုက်လေယာဉ် MIG 29 ခေတ်မရှိတော့ ပါ...မြန်မာ့ လေယာဉ် ခနခနပျက်ကျနေသည်။
နည်းပညာ ထိမ်းချုပ်မှု့  လေတပ်စစ်သည်များ တပ်တွင်းစားဝတ်နေရေးကြောင့်  တိုးတက်မှု့ နှောင့် နှေးရသည်။
၎=မျက်နှာခြင်းဆိုင် ရင်ဆိုင်တိုက်ပါက မြန်မာမယှဉ်နိုင်ပါ။ ဘင်္ဂလားစစ် သည် UN Peacekeeping forces
 တွင်နိုင်ငံတစ်ကာမှ အတွေ့ ကြုံပြီးသားဖြစ်၍၊မြန်မာပြည်မှ စစ်သည်တော်များ တိုင်းရင်းသားလက်နက်ကိုင် ပြည်တွင်းစစ်အားနှစ်ရှည်လများ တိုက်ခိုက်နေရခြင်း အထက်ပိုင်းဆိုင်ရာ စစ်ကဲ အရာရှိများပိုင်းတွင် နိုင်ငံရေးနှင့် စီးပွားရေးဘက်တွင် စိတ်ဝင်စားမှု့  ခြစားများနေခြင်း အမှန်တစ်ကယ် စွမ်းအားတစ်မာန် တိုက်ခိုက်နေသာ အောက်ခြေစစ်သည် တော်များ မိသားစု စားဝတ်နေရေး အကြပ်တည်း များနေရခြင်း လမ်းတံတားဆောက်လုပ်ရေးတွင် သက်ဆိုင်ရာပြည်သူလုပ်ငန်းရှင်တို့ လွဲပြောင်းမလုပ်ဆောင်၍ စက်ကရိယာယန္တယားများ အသုံးမချပဲ
စစ်သည်တော်အားအင်ကို ဖြုန်းတီးနေခြင်း။မြန်မာစစ်သည်တော်များများ ပြည်တွင်းရန်ချေမှုန်းရာတွင်
ခေတ်မှီသော တိုက်ခိုက်ရေး လက်နက်များ အသုံးမချပဲ ရှေးရိုးကျ အိုမင်းစွမ်းနေသော စစ်ဝတ်တန်ဆာ
နည်းဗျုဟာ..
ရိက္ခာများ ကြောင့်  မဆုံးရှုံးသင့် ပဲ ခြေ လက် ကိုယ်အင်္ဂါ ဆုံးရှုံးများနေရခြင်း..
တပ်မတော်သားတိုင်း ကိုယ်စီ အမေရိကန်မရိန်းတပ်သားများကဲ့ သို့  ကွန်ပျုတာမှ အစ စစ်တပ်နှင့် ပါက်သက်သည့်  စွယ်စုံ အခြေခံအချက်လက်အားနည်းခြင်းတို့ ကြောင့် ...
တပ်မတော်ဆောင်ပုဒ်အရ အထက်မှပေးအပ်သော အမိန့် နှင့် တာဝန်ကို ကျေပွန်စွာ အသက်စတေး
အသေခံတိုက်ပါမည်ဟု ဆိုလျှင် နိုင်ပါမည် သို့ သော် ၊အထက်ပါလိုအပ်ချက်များကြောင့် ။မလိုအပ်ပဲ
တိုင်းပြည်မှ သားကောင်းရနာ မျိုးဆက်သစ် စစ်သည်တော်မြောက်များစွာ အသက်ပေး၍ စတေးရပါမည်..
...ဒါပေမဲ့ မြန်မာဘက်ကလုံးဝ စတင်မတိုက်ခိုက်ဘို့  များနေသည် ထားဝယ်ရေနက်စီမံကိန်း နှင့် ကမ်းလွန်
သဘာဝေ၇နံ ဓါတ်သထ္တု လုပ်ငန်းများထိခိုက်ဘွယ်ရာရှိသည်...
နောက်ဆုံး မြန်မာ့  အိုင်တီပညာဖြစ်သော ကွန်ပျုတာ ပိုင်းဆိုင်ရာ တွင် ။ဘဂ်လားဘက်မှ မြန်မာဆိုဒ်များကို အကြိမ်ကြိမ် အဟက်ခံရပြီး မြန်မာဘက်မှ ယနေ့ ချိန်ထိဘာတစ်ခုမှ
ပြန်လည် တိုက်ခိုက်ခြင်းသတင်း မကြားရသေးပါ။
အရှတွင် မြန်မာစစ်ရေးထက်မြက်ပြီး ပြည်သူပြည်သားများ တပ်မတော်ကို အချိန်ပြည့်  အားတက်သရော
အချိန်ပြည့် စိတ်ပါဝင်စားစွာတက်ကြွ ပါဝင်လိုပါက တပ်မတော်သည်ပြည်သူမှပေါက်ဖွားလာသော ပြည်သူ့ တပ်မတော် ငါတို့ နိုင်ငံတပ်မတော်ဖြစ်ပါသည်ဆိုတော့ အ မြင်ကိုထင်ဟပ်စေရန်
 မြန်မာ့ တပ်မတော်မှ သင့် တော်သောနည်းဗျုဟာ
အုပ်ချုပ်ရေး ။ဝန်ထမ်းအားလုံးမှမကျန် အောက်ခြေပြည်သူထိ ဆက်ဆံမှု့  အထူးလိုအပ်ပေသည်...
No comments:
Post a Comment
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်