သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 19 January 2013

ရန်သူ ရေငုပ်သင်္ဘော များကို ထောက်လှမ်းနိုင်သည့် စက်ရုပ်ရေယာဉ် အမေရိကန် ရေတပ် အသုံးပြုမည်


 
ရန်သူ၏ ရေငုပ်သင်္ဘော များကို ရှာဖွေ ထောက်လှမ်းနိုင်သည့် ''Star Wars" ဟု အမည် ပေးထားသော စက်ရုပ်ရေယာဉ် တစ်စင်းကို မကြာမီ နှစ်များ အတွင်း၌ အမေရိကန် စစ်တပ်က စတင် အသုံးပြုနိုင် တော့မည်ဟု သိရသည်။


မောင်းသူမဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးယာဉ် (ACTUV) ဟု မှည့်ခေါ် ထားသော အဆိုပါ ယာဉ်သည် လေဆာ၊ ရေဒါနှင့် ဆိုနာ ထောက်လှမ်းရေး ကိရိယာ များကို အသုံးပြု၍ ရန်သူ၏ ရေငုပ်သင်္ဘော များကို ထောက်လှမ်း သွားမည် ဖြစ်သည်။ ၎င်းယာဉ်သည် အမေရိကန် ရေတပ်မှ လေယာဉ်တင် သင်္ဘောများနှင့် အခြား စစ်ရေယာဉ် ကြီးများအား ရေအောက်မှ တိုက်ခိုက် ခံရမည့် ဘေးအန္တရာယ် များမှ ကာကွယ် ပေးနိုင်မည် ဖြစ်ပြီး ၎င်းယာဉ်သည် အနာဂတ် စစ်ပွဲများ၌ ရန်သူ၏ လှုပ်ရှားမှု များကို စောင့်ကြည့်နိုင်သော စောင့်ကြည့် လေ့လာရေး ယာဉ်တစ်စင်း ဖြစ်လာမည် ဖြစ်သည်။

ACTUV စက်ရုပ်ယာဉ်သည် ရေမျက်နှာ ပြင်တွင် အမြန်နှုန်းဖြင့် ရှပ်ပြေးနိုင်ရန် အတွက် ယာဉ်၏ ဘေးတစ်ဖက် တစ်ချက်ကို စင်ရော်တောင်ပံ ကဲ့သို့ ဖန်တီး ထားသည်။ ၎င်းစက်ရုပ် ရေယာဉ်သည် အနာဂတ်တွင် ရေတပ်ဖွဲ့ အတွက် မည်ကဲ့သို့ အကျိုးရှိစွာ အသုံး ချသွားမည် ဆိုခြင်းကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာက အမေရိကန် ရေတပ်က စမ်းသပ်ခဲ့ကြောင်း သိရသည်။

ACTUV စက်ရုပ်ယာဉ် ဆိပ်ကမ်းမှ ထွက်ခွာသည် အထိ လူသား တစ်ဦးက အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် မောင်းနှင် နိုင်သော်လည်း ယင်းစက်ရုပ် ယာဉ်၏ မှတ်ဉာဏ်သည် ကင်းလှည့်စဉ် အတွင်း ရေငုပ်သင်္ဘော များကို အလိုအလျောက် ထောက်လှမ်း ရှာဖွေနိုင်စွမ်း ရှိမည်ဖြစ်သည်။

အဆိုပါ ယာဉ်သည် ပင်လယ်ပြင် အတွင်း လူနှင့်အခြား စက်ပစ္စည်း အကူ အညီ မပါရှိဘဲ ရက် ၆ဝ မှ ရက် ၉ဝ အထိ ထောက်လှမ်းနိုင်မည် ဖြစ်ပြီး ပြင်းထန်သည့် လှိုင်းတံပိုးနှင့် လေထန် မှုများ ဖြစ်ပေါ်နေစဉ် တစ်နာရီလျှင် ၃၂ မိုင်မှ ၃၈ မိုင်အထိ ကင်းထောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ACTUV စက်ရုပ်ယာဉ်ကို တည်ဆောက်ရန်နှင့် စမ်းသပ်ရန် အတွက် အမေရိကန် ကာကွယ်ရေး အဆင့်မြင့် သုတေသန စီမံကိန်း အေဂျင်စီ (DARPA) မှ သိပံ္ပ အသုံးချ နိုင်ငံ တကာ အဖွဲ့အစည်း (SAIC) သို့ ၂ဝ၁၂ ခုနှစ် သြဂုတ်လက အမေရိကန် ဒေါ်လာ ၅၈ သန်း ထောက်ပံ့ခဲ့ပြီး DARPA က ၎င်းယာဉ်အား ၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်၍ ပင်လယ် အတွင်း စမ်းသပ် မောင်းနှင်နိုင်ရန် မျှော်လင့်ထားသည်။

မြဝတီ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်