သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 6 March 2014

မဟာအဝီစိကိုမျက်စောင်းထိုးနေတဲ့ ကြိုးပြတ်လဒ (သို့) မိုးသီးဇွန်




ရဲကျော်သူရ

အော်…မိုးသီးဇွန်၊ မိုးသီးဇွန် အရေးအခင်းပြီးခါစက တောထဲရောက်တော့ ကျောင်းသားတွေကို မိန့်ခွန်းပြောနေပုံလေး အဲဒီတုန်းက တီဗီမှာ ကြည့်လိုက်ရတာ မှတ်မိသေး…။

"စစ်အာဏာရှင်အစိုးရကို ဖြုတ်ချဖို့ ကျွန်တော်တို့ ကျေးလက်ကိုအခြေခံ၊ မြို့ကိုဝိုင်း၊ ဥပမာ ဘောကလိ၊ ဘောကထ သိမ်းမယ်၊ ပြီးရင် သံတောင်ကိုသိမ်းမယ်၊ ပြီးရင် ညောင်လေးပင်၊ ပဲခူးကိုသိမ်းမယ်၊ ပြီးရင် ရန်ကုန်ကိုသိမ်းမယ်…" တဲ့လေ။ ထွက်ထွက်ရဲတဲ့ပါးစပ်၊ သူမို့မရှက်တတ်တယ်။

ခန်းမထဲမှာ တီဗီကြည့်နေကြတဲ့ ကျွန်တော်တို့စစ်သည်တွေကတော့ ပြုံးစိစိ။

လွယ်လှချည်လား မိုးသီးဇွန်ရယ်။ ဗမာပြည်ကွန်မြူနစ်ပါတီတောင် မခံနိုင်တော့လို့ ရှမ်းပြည်နယ်ဘက် ထွက်သွားရတာကို သူက ပါးစပ်နဲ့ တစ်မြို့ပြီး တစ်မြို့သိမ်းလိုက်တာ ငှက်ပျောသီးအခွံနွှာရတာကမှ ခက်နေသေး…။

အဲဒီကတည်းက သူ့ကို ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်မှတ်ချက်ချခဲ့တယ်၊ မိုးသီးဇွန်ဆိုတာ အာဘဲကြီးပဲလို့..။

၁၉၈၈ ခုနှစ်ကတည်းက ကွန်မြူနစ်လေနဲ့ သူပြောတဲ့စကားတွေက ဆီသည်မလက်သုတ်ဖတ်ဖြစ်နေပြီ တကယ့် Out of date ၊ ဒါကို မြှောက်ပေးတဲ့သူရှိတာနဲ့ အဟုတ်မှတ်ပြီးကနေတာ၊ လူကြားထဲရောက်တော့ ဖိုးသင်းမျောက် ဖြစ် ကရော။

ABSDF တောင်ပိုင်းမှာ မိုးသီးဇွန်တို့ နိုင်အောင်တို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရှိသေးတယ်။ အချိန်မတန်သေးလို့ပါ။ ပြည်သူကို ညာလို့ရကောင်းရပေမဲ့ ကိုယ့်ကိုယ်ကိုယ်ညာလို့မရပါဘူး။

အမေရိကန်မှာ သွားနေဖူးတာနဲ့ပဲ လူတွေလည်း ဘယ်လိုဖြစ်ကုန်ကြမှန်းမသိတော့ဘူး။ အခံမကောင်းလို့ ဖြစ်မှာပါ။ ဗမာတွေကိုလည်းစော်ကားတယ်၊ ရခိုင်တွေကိုလည်းစော်ကားတယ်၊ အော် သတိရလို့ သူက သမ္မတအကြံပေး တောင် လုပ်ချင်လိုက်သေးသတဲ့။ အော်ဟော်ဟော်…မတန်ရာကံကြမ္မာညှိး ဟိုးဟိုး လွမ်းရချက်ပွေလီ ဖြေမဆည် လို့သာ အော်လိုက်ချင်ရဲ့။

အောင်ဝေးလည်း သိပ်မထူးပါဘူး။ မောင်ချောနွယ် ခေတ်ကောင်းနေချိန်မှာ Jealousy တွေများကြီး မောင် ချောနွယ်က မဆိုးပါဘူး၊ အဲ ဒါပေမဲ့ ဆယ်တန်းမအောင်ရှာဘူး…တဲ့လေ။ နောက်ပြီး ကုမ္ပဏီဖွင့်ပွဲတွေမှာ သူ့ကို အယ်ဒီတာအဖြစ်ဖိတ်ရင် စီးပွားရေးသမားတွေကြားမှာ မဆီမဆိုင် ကဗျာ ထထရွတ်တတ်လွန်းလို့ ကျွန်တော်တို့မှာ စိတ်ပျက်လိုက်ရတာ။

ကဗျာဆရာနာမည်ခံပြီး ကဗျာကို အထင်သေးခံရအောင်လုပ်တဲ့ပုဂ္ဂိုလ်။ သူ့သမ္ဘာနဲ့ ဆရာ ဒဂုန်တာရာလေသံဖမ်းပြီး စာရေးလေ့ရှိသူ။

အနှီလို နာမည်ကြီးချင်သော လူတွင်ကျယ်လုပ်ချင်သော ပုဂ္ဂိုလ်များက မြန်မာပြည်ကို ပြောင်းလဲမလို့ တဲ့လား။

အို...ခွေးကိုက်ခံရပြီး ကျဆုံးခဲ့သော ကျောင်းသားအပေါင်းတို့ မင်းတို့နဲ့ ငါ ဝါဒမတူပေမဲ့ ရိုးသားတဲ့သူဆိုရင် လေးစား တယ်။ မင်းတို့ကို ကိုက်ခဲ့တဲ့ခွေးတွေ မြန်မာပြည်မှာ လာအူနေကြပြီ ရဲဘော်တို့…..။

ထောက်လှမ်းရေးတံဆပ်ကပ်ပြီး ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ပြီး အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဝိဉာဉ်တွေ ထောက်လှမ်းရေးတံဆိပ်ကပ်ပြီး တစ်ဖွဲ့လုံးဗလက္ကာယ ဝိုင်းလုပ်ကြလို့ ကနေ့အချိန်အထိ ABSDF ဆိုတဲ့ အသံကြားရင် တဆတ်ဆတ်တုန်နေတဲ့ ကျောင်းသူတွေ အများကြီး၊အများကြီး၊ အများကြီး............................................................................................................................
မင်းတို့လုပ်ခဲ့တာ ဘယ်သူမှ မသိဘူးမထင်နဲ့၊ လောကမှာ အရိုးတွန်တယ်ဆိုတာ တကယ်ရှိတယ်…။

ရဲကျော်သူရ
OE....

1 comment:

  1. မိုးသီးဇွန်ဆိုတဲ့ နာမည်ရဲ့ အဓိပါယ် ဖွင့် ဆိုချက်= ခွေးစကားပြောတဲ့ လူ

    ReplyDelete

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်