သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 3 September 2012

ယူရိုငွေသန်းချီတန်သောမြန်မာ့ကျောက်စိမ်းပြသနာသတင်း



ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ပတ်သက်၍ မြန်မာ နှင့် တရုတ်ကျောက်စိမ်း ကုမ္ပဏီတို့ တရုတ်နိုင်ငံတွင် တရားရင်ဆိုင်နေ၊ မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့် ကျောက်စိမ်းများကို ဝရမ်းချိတ်ပိတ်ထား


 Sunday, 02 September 2012 10:07
7481
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ထွက်ရှိသော ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံး နှင့်ပတ်သက်၍ မြန်မာနှင့် တရုတ် ကျောက်စိမ်းကုမ္ပဏီတို့ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖူဆန်မြို့ ပြည်သူ့တရားရုံးတွင် တရားရင်ဆိုင်နေပြီး မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့် ကျောက်စိမ်းတုံးများကို ချိပ်ပိတ်ထားကြောင်း သီတာ မြနန်းကုမ္ပဏီ၏ ထုတ်ဖော်ပြောကြားချက်အရ သိရပါသည်။
မြန်မာလုပ်ငန်းဖြစ်သော သီတာမြနန်း ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီနှင့် တရုတ် လုပ်ငန်းဖြစ်သော နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့ အကြား တရားရင်ဆိုင်နေခြင်း ဖြစ်ပါသည်။ ယခု နှစ် နိုဝင်ဘာလတွင် ခုံရုံးဖွဲ့ကာ တတိယအကြိမ် အမှုစစ်ဆေးမည်ဖြစ်ပြီး စီရင်ချက်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီးနောက် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ယင်းနှင့် ပတ်သက်သည့် တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန်ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင် ပြီးကြောင်း သက်သေခံ လက်မှတ်များကို သီတာမြနန်း ကုမ္ပဏီသို့ ယခုအချိန်ထိ ပြန်လည်ပေးအပ်ခြင်း မရှိသည့် အတွက်  .  .  .

ဖြစ်စဉ်မှာ သီတာမြနန်း ကုမ္ပဏီပိုင် ဖားကန့်ကျောက်စိမ်းလုပ်ကွက်မှ ၂၀၀၆ ခုနှစ် ဇူလိုင်လအတွင်း ၃၂တန်ရှိ ကျောက်စိမ်းအရိုင်းတုံး ကို တူးဖော်ရရှိခဲ့ပြီး လေးခြမ်းရအောင် ဖြတ်တောက်ခဲ့သည်။ ယင်း လေးခြမ်းမှ နှစ်ခြမ်းကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသည့် (၂၂)ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ချန်လုံကျောက်မျက်ကုမ္ပဏီမှ တစ်ဆင့် တင်ပြရောင်းချခဲ့သည်။ ထို့နောက် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖူစန်မြို့ နန် ဟိုင်ရပ်ကွက်မှတစ်ဆင့် တင်သွင်းပြီး အကောက်ခွန်ဆောင်ရန် သီတာမြနန်း ကုမ္ပဏီပိုင်ရှင် ဦးလှထွန်းက တဲ့တုဝမ်ကျောက်စိမ်းကုန်သွယ်ရေး ကုမ္ပဏီထံ အလုပ်အပ်နှံခဲ့ကြောင်း သိရပါသည်။
 7481a
နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း သီတာမြနန်း ကုမ္ပဏီပိုင် ကျောက်စိမ်းတုံးနှစ်တုံးကို တွေ့ရစဉ်

ထိုသို့ ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီး နောက် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ယင်းနှင့်ပတ်သက်သည့် တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန် ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင်ပြီးကြောင်း သက်သေခံ လက်မှတ်များကို သီတာမြနန်းကုမ္ပဏီသို့ ယခုအချိန်ထိ ပြန်လည်ပေးအပ် ခြင်းမရှိသည့်အတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း သီတာမြနန်းကုမ္ပဏီ ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားပါသည်။
“ပြဿနာစဖြစ်ကတည်းက ချန်လုံကုမ္ပဏီနဲ့ တဲ့တုဝမ်ကုမ္ပဏီပိုင်ရှင် ဦးရန်ကြားဆိုက်က သီတာမြနန်း တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းမှုလုံးဝ မလုပ်ခဲ့ပါဘူး။ အခု ချိန်မှာတော့ ဦးလှထွန်းနဲ့ ဦးရန်ကြားဆိုက်တို့ တရားခွင်မှာပဲ ဖြေရှင်းဖို့ ရှိတော့တယ်”ဟု ဦးကျော်ကျော်ဟိန်းက ဆိုပါသည်။
မြန်မာကျောက်စိမ်းကုမ္ပဏီ အသိုင်းအ၀ိုင်းတွင်ဦးရန်ကြားဆိုက် ပိုင်ချန်လုံကုမ္ပဏီမှာ ထင်ရှားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး Treasure Star Co., Ltd နှင့် တရုတ်နိုင်ငံ ကွမ်တုံ အခြေစိုက် နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့ကိုလည်း ဦးရန်ကြားဆိုက် နှင့် ဆက်နွှယ်မှုရှိကြောင်း သီတာမြနန်း ကုမ္ပဏီ တာဝန်ရှိသူက ပြောကြားပါသည်။
အခြားတစ်ဖက်တွင် နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီမှ တာဝန်ရှိသူလျန်စွတ်ဖိန်းက ဦးရန်ကြားဆိုက်နှင့် တဲ့တုဝမ်ကုမ္ပဏီတို့အကြား မည်သည့်ဆက်စပ်မှုမျှ မရှိကြောင်း တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်ဖူဆန် မြို့ပြည်သူ့တရားရုံးတွင် ထုချေထွက်ဆိုသွားခဲ့ကြောင်း သိရပါသည်။
အဆိုပါ ကျောက်စိမ်းတုံးနှစ်တုံးကို (၂၂)ကြိမ်မြောက် ကျောက်မျက်ပွဲအတွင်း Lot No.601 နှင့် Lot No.602 တို့ဖြင့် တင်သွင်းပြသခဲ့ ခြင်းဖြစ်ပြီး အလေးချိန် ၈၈၀၀ ကီလိုနှင့် ၈၉၀၀ ကီလိုတို့ရှိကြောင်း၊ တန် ဖိုးအားဖြင့် ယူရို ၉၀၀၀၀၀ နှင့် ၉၅၀၀၀၀ တန်ကြေးရှိကာ နှစ်တုံးပေါင်းယူရို ၁ ဒသမ ၈၅ သန်း တန်ကြေးရှိကြောင်း သိရသည်။
source-11 journal
စာဖတ်သူ အမြင်များမှ...
 Naymyo Nwae 2012-09-03 01:54
ကမ္ဘာမှာအကောင်းဆုံးကျွန်းသစ်ထွက်တာလည်းမြန်မာ၊ကမ္ဘာ့အ
ကောင်းဆုံးနီလာ အကောင်းဆုံးပတ္တမြား အကောင်းဆုံးကျောက်စိမ်း
စတဲ့ အကောင်းဆုံးသောသယံဇာတများထွက်ရှိရာ မြန်မာ။
ဒါပေမဲ့...၀မ်းနည်းစရာကောင်းတာက ဒီလောက်သယံဇာတတွေ
ပေါများနေတာတောင် ဈေးကွက်ကကျွန်တော်တို့လက်ထဲမှာမရှိဘူး။
မြန်မာ့ကျောက်မြတ်ရတနာဈေးကွက်ဆိုလည်း တခြားနိုင်ငံတွေကချုပ်ကိုင်ထားတယ်။ဒါကြောင့်လည်း ထွက်သလောက်မွဲနေကြတာ။အခုအချိန်ထိလူတွေက ကျောက်စိမ်းဆို
တရုတ်ကပဲအများဆုံးထွက်တယ်ထင်နေတုံး။
တရုတ်ဈေးကွက်ကကျောက်စိမ်းတွေအားလုံးနီးပါး မြန်မာကထွက်
တာ။ထွက်တာကမြန်မာ နာမည်ကတရုတ်ကျောက်စိမ်း။
ဒါတွေဟာလုံးဝမဖြစ်သင့်ဘူး။“နိုင်ငံတော်ဧ။်စီးပွားရေးတရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့ဧ။်လက်ဝယ်တွင်ရှိရေး”ဆိုပြီးအော်
နေတာပဲဘယ်လောက်ကြာနေပြီလဲ။ဘာဖြစ်လို့အခုအချိန်ထိမဖြစ်
သေးတာလဲ...?။ရှေ့လျှောက်ဆိုပိုဆိုးဦးတော့မယ်။နိုင်ငံခြားရင်း
နှီးမြှပ်နှံမှုတွေက၀င်လာတော့ ပြည်တွင်းလုပ်ငန်းရှင်တွေစားခွက်
ပျောက်တဲ့ကိန်းကြုံ၊ဈေးကွက်ပျောက်...။ လယ်တွေအသိမ်းခံရပါများတော့စိုက်ပျိုးရေးကကျဆင်းနဲ့...။
ဒီလိုမဖြစ်အောင် ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ......?
 minhtetpaizin 2012-09-02 15:28
ကြည့်စမ်း .. စစ်ဖြစ်နေတဲ့နေရာကထွက်နေတဲ့ ရတနာ နဲနဲမဟုတ်ဘူး ။ တန်နဲ့ချီပြီးကိုထွက်နေတာ ။ ကမ္ဘာမှာရေနံကြောင့်ဖြစ်တဲ့စစ်ပွဲတွေပဲကြားခဲ့ရတာ ။ ကချင်နဲ့ဖြစ်တဲ့စစ်ပွဲကျတော့ ရတနာမျိုးစုံကြောင့်လဲပါမယ်ထင်ပါရဲ့
 shwenaung 2012-09-02 15:24
ခုမှဘဲ ဒါမျိုး အဖိုးတန်ကျောက် ရှိမှန်း သိတော့တယ် ...ပေါက်ဖော်တွေ မြန်မာပြည်ကို ချစ်ပုံက တစ်စတစ်စ ပေါ်လာပြီ ... ပေါ်လာတာနဲ့အမျှ တရုတ်နိုင်ငံ မြန်မာပြည်နယ်လည်း ဖြစ်နေပြီ ...

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်