သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 31 October 2012

ရန်ကုန်မြို့ လမ်းမီးအောက်က ညမင်းသမီးတွေ ဘဝ


ရန်ကုန်မြို့  နေရာအနှံ့  တွင် သွားရင်းလာရင်းတနေ့  တခြားများပြားလာသောမြင်ကွင်းတွေထဲ မှ စိတ်မသက်သာဖွယ်မြင်ကွင်း တခုကတော့ ….ဘ၀ နှင့်  ခန္ဒာ ကိုယ်ကိုအရင်းအနှီး ပြု ကာငွေ ရှာနေကြသည့်  ..အမျိုးသမီးငယ်လေးများ.. များပြားလာခြင်းဖြစ်ပါသည်….။ ထို့အတူ.. လူမြင်ကွင်းမဟုတ် ပဲ အနှိပ် ခန်း များ. .KTV.ကာရာအိုကေ.. စင်တင်တေးဂီတ.. တို့  လို..တိုက်ခန်းများဆိုင်ခန်းများတွင် လဲ ဘ၀နှင့်  လဲ ကာငွေရှာနေရ သည့်  မိန်ခလေးငယ်များ၏ဘ၀များမှာ တကယ်တော့  နာကြည်း ဖွယ်ခံစားမှု့ တွေ အပြည့် ပါ .. ။


ပြည့်  တန်ဆာ လုပ်ငန်းဟူသည် မှာဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့ သောလုပ်ငန်း ဖြစ်သော် လည်း ဘယ်ခေတ်ဘယ်ကာလပဲ ဖြစ်ဖြစ်အမြင်မတင့်  တယ် ပါ….။ ပြည်တွင်းက ပြည်သူတို့ ၏လူနေမှု ဘ၀ကိုအဓိက ထားပြီးတင်ပြနေတဲ့ ရန်ကုန်သားတယောက် သူတို့  ဘ၀ကို လေ့လာကြည့် မိသလောက်တင် ပြလိုက် ရ ပါစေ… ။ သူတို့ ကျင်လည် ရာ လော က ထဲ မှာ လဲ အလွှာအသီးသီးရှိပါသည် ။ တခုခြင်းစီတင်ပြရသော်…………………..။
လမ်းဘေးပလက်ဖောင်းများပေါ် မိန်းခလေး…များ..။ထိုအလွှာတွင်အသက်(14-15) နှစ်မှ (35-40) ထိအရွယ်များစွာပါဝင်လှုပ်ရှားကြသည်။ကျက်စားရာလူခေါ်ရာနေရာများမှာ..ပန်းဆိုးတန်းလမ်းမ ​အလယ်ဘလောက်နှင့်  တံတားဝန်းကျင်၊အနော် ရထာလမ်းမပေါ်ရှိ ကားမှတ်တိုင်များ.. လမ်းလေးဆယ်..ဘားလမ်း..လမ်းသုံးဆယ်မှတ်တိုင်များ တွင်ပိုမိုတွေ့  ရသည်။ နောက်..သီရီမင်္ဂလာဈေးတ၀ိုက်.. တောင်ဥက္ကလာဝေဇန္တာလမ်းမပေါ်..
 စော်ဘွားကြီးကုန်းကားဝန်းဟောင်း.. တာမွေဈေးတ၀ိုက်..သိမ်ဖြူလမ်း (ဆရာဝန်များအသင်းတိုက်အနီးညမှောင်ချိန်များ) နေ့ လည်ခင်းများတွင်.. မြို့  ထဲ ရုပ်ရှင်ရုံများအောက်တွင်အများဆုံးမြင်တွေ့ နေရ ပါသည်..။ထိုမိန်ကလေးများမှာရန်ကုန်မြို့  တွင်းမှမဟုတ်ကြပါ..အများစုမှာ သံလျှင်.. ဒလ .. တောင်ဒဂုံ.. ဆိပ်ကြီးခနောင်တို ..ကြည်မြင်တိုင်တဖက်ကမ်းအေးရွာ ..လှိုင်သာယာစသော နေရာ များတွင်အနေများကြသည်။တချို့  နယ်ဝေးမှမိန်းကလေးများမှာတော့  အခန့်  သင့်  သလို (ဥပမာ-ဘူတာကြီးမှမီးရထားဝန်ထမ်းလိုင်းခန်းများမှ နောက်ဖေးတွင်အဖီလေးများချထားသော ကျောတနေရာ စာတွင် တညတာအိပ်စက်ရန်အတွက် ဘယ်လောက်ဟူရ်ျ ပေးနေခြင်မျိုးများ)ရှိပါသည်..။သူတို့  ၏အလုပ်ချိန်မနက်ခင်း (၁၁း၀၀) လောက်မှစတင် ကာမိမိကျက်စားရာနေရာ များသို့  ရောက် ရှိပါကြပါသည်။ထို အချိန်မှစတင် ည (၁၁း၀၀) နာရီလောက်ထိသူတို့  ၏ခန္ဒာကို ယ်အား..အခစားဖြင့်  ဌားရမ်း ကြပါသည်..။ စားသောက်ကြ သည်မှာတော့  ပလက်ဖောင်းဘေးမှအ၀စားထမင်းဆိုင်လေးများဖြစ်ကြပါသည်..။ ည(၁၁း၀၀)ကျော်လျှင်တော့  ကြုံ ရာ ကားများဖြင့်  တဆင့် ပြီးတဆင့်  အိပ်တန်းပြန်ကြပါသည်..။ ရှိလာသောငွေကြေးများကိုတော့  သူတို့  ၏ကိုယ်ကြိုးအတွက်သုံးကြသည့် အလွန်နည်းပါး ကြပါသည် ..။နာတာရှည် မိခင်… ဘုစုခရုလေးများတန်းစီပြီးမွေးကာအချိန်ပြည့်  နီးပါမူးနေသောဖခင်.. အမိမဲ့ အဖမဲ့ အရွယ်လွန်ဖိုးဖွားများနှင့်  သာကြီးပြင်းခဲ့ ရ သောသူများ… မိသားစုစားဝတ်နေရေးအတွက်မိမိဘ၀ကိုချရင်းခဲ့ ရ သူမိန်းကလေးများ…..ရိုးရိုးသားသားလုပ်ကိုင်စားချင် ပါသော်လည်းငယ်စဉ်ကကောင်းမွန်စွာပညာမသင်ကြားခဲ့ ရ မှု့  ကြောင့်  အလုပ်အကိုင်ရှားပါခြင်း၊ တမြို့  တရွာမှလာရ်ျ ရန်ကုန်မြို့  ရှိလူကုန်တန်အိမ် များတွင်အိမ်ဖော်လုပ်ရင်း အိမ်ရှင်ယောင်္ကျားများမှ လူမသိသူမသိအစော်ကားခံ ရကာ.. ဘ၀ကို မထူးဇါတ်ခင်းခဲ့ ကြသူ မိန်းကလေးများ.. စသည် ဖြင့်  ရင်နာဖွယ်ရာ ဘ၀ဇါတ်များစွာဖြင့်  ရောက်ရှိ လာခဲ့  ကြပါသည်။ လမ်းပေါ်တွင်လုပ်စားသည်ဆိုသော်လည်းအဖိုးအခကို အပြည့်  ရသည် မဟုတ် (ခေါင်း) လုပ်သူအတွက်အချိုးအဆနှင့်  ပေး ရပါသည် ..။ ထို(ခေါင်း) များမှာလည်းသက်ဆိုင်ရာ ရဲ.နယ်ထိန်းများကိုလည်း ငွေလိုလျှင်ငွေ.. လူလိုလျှင်..တဆင့်  ဒါနပြုကြမှ၎င်းတို့  လုပ်ငန်းအတွက် ဘေးကင်းပါမည် ဖြစ်သောကြောင့် ပေးကမ်းကြရပြန်ပါသည်… ။ ထိုအလွှာမှမိန်းကလေးများအဖို့  တော့  နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်နေရပါသည်..။
မင်းသားလေးမှ....
                                                                         

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်