သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 27 January 2013

ခင်ပွန်းဖြစ်သူအား ကြိုးချည်ထား၍ ဇနီးဖြစ်သူအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြ


အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ်ဖြစ်သည့် Odisha (ယခင်အခေါ် Orissa) တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညပိုင်းက အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား သူမ၏ ယောက်ျားရှေ့တွင် အမျိုးသား(၆)ဦးက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြကြောင်း သိရသည်။


အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသူများက ခင်ပွန်းအား သစ်ပင်တွင်ကြိုးချည်၍ ၎င်း၏ ရှေ့၌ပင် ဇနီးဖြစ်သူကို အဖွဲ့လိုက် အဓမ္မပြုကျင့်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။
ထိုဇနီးမောင်နှံဟာ Mayurbhanj က ဇနီးဖြစ်သူ၏ အစ်ကို မတော်မဆမှုဖြစ်၍ ဆေးရုံတက်ရခြင်းအား သွားရောက်ကြည့်ရှုပြီး အပြန်တွင် ယခုလိုအဖြစ်မျိုး ကြုံတွေ့ခဲ့ကြရတာဖြစ်ကြောင်း သိရသည်။
၎င်းတို့အပြန်၌ ဆေးရုံဝန်ထမ်းနှစ်ဦးက သူမအား စနောက်ခဲ့ပြီး နောက်ထပ် အခြား အမျိုးသားလေးဦးနှင့် ပူးပေါင်းကာ မြစ်ကမ်းပါးဘောင်အရောက်၌ သူမ၏ ခင်ပွန်းကို ရိုက်နှက်၍ သစ်ပင်တွင် ကြိုးချည်ထားကာ သူမအား အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီး ဇနီးမောင်နှံက ရဲကို တိုင်ကြားပြီးနောက် ရဲများက ပြစ်မှုကျူးလွန်သူ အမျိုးသား(၆)ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံရသော အမျိုးသားများမှာ အသက်(၁၉)နှစ်အရွယ် နှစ်ဦး ၊ အသက်(၂၀)အရွယ် နှစ်ဦး ၊ အသက်(၂၇)နှစ်အရွယ် တစ်ဦးနှင့် အသက်(၃၃)နှစ်အရွယ် တစ်ဦး အသီးသီးဖြစ်ကြကြောင်း သိရသည်။
Source : Gulf News
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်